ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အလုပ္ခြင္ဆုိတာ ကိုယ္႔ရဲ႕အခ်ိန္ေတြ အမ်ားႀကီးကို ေပးရတဲ႔ေနရာတစ္ခုပါ။ ကိုယ္႔အတြက္ ဒုတိယအိမ္လို႔ေတာင္ ေခၚလို႔ရတဲ႔ေနရာပါ။ အိမ္မွာ အဆင္မေျပတာေတြ ရွိရင္ ေနထုိင္လို႔မေကာင္းသလို ဒုတိယအိမ္ျဖစ္တဲ႔ အလုပ္ခြင္မွာလည္း ထိုနည္း၎ပါပဲ။ အလုပ္ခြင္မွာ အဆင္မေျပျဖစ္ရင္ တျခားဘယ္ေနရာေတြမွာမွ အဆင္ေျပဖုိ႔ လမ္းမျမင္ေတာ႔႔ပါဘူး။ အလုပ္ခြင္မွာ အဆင္ေျပေနဖို႔က အလုပ္ခြင္ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနဖို႔ပါပဲ။ ဒီေတာ႔ ဝင္ဒီက ေယာင္းတုိ႔ အလုပ္ခြင္ပတ္ဝန္းက်င္မွာ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ဘယ္လိုေနသင့္သလဲဆိုတာနဲ႔ ပတ္သက္ၿပီး ရွာေဖြထားတာေလးေတြကို ေယာင္းတို႔နဲ႔ ေဝမွ်ေပးလိုက္ပါတယ္။

(၁) လုပ္ေဖာ္ကိုင္ဘက္ေတြနဲ႔ ရင္းရင္းႏွီးႏွီးေနမယ္။

အလုပ္ခြင္မွာ အေရးအႀကီးဆုံးက လုပ္ေဖာ္ကိုင္ဘက္ေတြနဲ႔ အဆင္ေျပေျပေနဖို႔ပါပဲ။ သူတို႔ေတြနဲ႔ ရင္းႏွီးမွ အလုပ္ကိစၥေတြလည္း အကူအညီေတာင္းလို႔ ရႏိုင္မွာျဖစ္သလို ပတ္ဝန္းက်င္ေကာင္းေကာင္းေလးနဲ႔ အလုပ္လုပ္ႏိုင္မွာပါ။ ဘယ္ေတာ႔မွ သီးျခားတစ္ေယာက္တည္းမေနပါနဲ႔။

(၂) အလုပ္ကို မခိုကပ္ဘူး။

အလုပ္ကုိ ခိုကပ္၊ တြက္ကပ္တတ္တဲ့သူအတြက္ေတာ႔ အလုပ္ခြင္ဟာ ဘယ္လိုမွ သာယာနာေပ်ာ္ဖြယ္ျဖစ္တဲ႔ ေနရာတစ္ေနရာ ျဖစ္လာမွာမဟုတ္ပါဘူး။ အလုပ္ကုိ ခိုကပ္ေနမယ္ဆုိရင္ သူေဌးရဲ႕မ်က္ႏွာသာေပးမႈကို ဘယ္ေတာ႔မွ ရမွာမဟုတ္သလို လုပ္ေဖာ္ကိုင္ဘက္အခ်င္းခ်င္းရဲ႕ ၿငိဳျငင္မႈကိုလည္း ခံရမွာပါ။

Related Article >>> အပိုဝင္ေငြရွာၾကသူမ်ား

(၃) ေနရာတကာဝင္မပါဘူး။

ေနရာတကာမွာ အလိုက္ကန္းဆုိး မသိ၊ ဟုိစပ္စပ္ ဒီစပ္စပ္ဝင္ပါတတ္တဲ႔ လူတစ္ေယာက္ကို ဘယ္သူကမွ သေဘာက်ႏွစ္ၿခိဳက္ေနမွာ မဟုတ္ပါဘူး။ အလုပ္ခြင္မွာဆုိလည္း ဒီလိုလူကို ဝိုင္းၾကဥ္တတ္ၾကပါတယ္။

(၄) အကူအညီေပးသင့္ရင္ ေပးရမယ္။

ကိုယ္ကလည္း အလုပ္ေတြ ပိမေနဘဲ အားလပ္ေနမယ္၊ ဒီအခ်ိန္မွာ ကိုယ္႔လုပ္ေဖာ္ကိုင္ဘက္ကလည္း သူ႔႔အလုပ္အတြက္ အကူအညီလာေတာင္းမယ္ဆုိရင္ေတာ႔ အကူအညီေပးလိုက္ပါ။ ေနာင္တစ္ခ်ိန္မွာ ကိုယ္႔အတြက္ အကူအညီျပန္ရႏုိင္သလို ဒီပတ္ဝန္းက်င္ထဲမွာလည္း မ်က္ႏွာသာရႏုိင္ပါတယ္။

Related Article >>> အလုပ္ႏွစ္ခုလုပ္သင့္တဲ့ အေၾကာင္းရင္း ၅ ခ်က္

(၅) မေခ်ပါနဲ႔။

ေခ်တယ္ဆုိတာ ကိုယ့္ရဲ႕ ကိုယ္ေရးကိုယ္တာ ကိစၥေတြမွာေလာက္ပဲ ေကာင္းတာပါ။ လူမ်ားနဲ႔ လုပ္ရတဲ႔ Team work ရွိဖို႔ လိုအပ္တဲ့ ေနရာမ်ဳိးက် ကိုယ္႔အတြက္ ေကာင္းက်ဳိးတစ္စိုးတစ္စိမွ မရွိႏိုင္ပါဘူး။ ေနရင္းထုိင္ရင္း လူအျမင္ကပ္ခံရတာပဲ အဖတ္တင္ပါတယ္။ ဒါေၾကာင့္ လုပ္ေဖာ္ကိုင္ဘက္ေတြအေပၚမွ ဘယ္ေတာ႔မွ မေခ်မိပါေစနဲ႔။

ဝင္ဒီ အခု ေျပာသြားတဲ႔ နည္းလမ္းေလးေတြက ေယာင္းတို႔အတြက္ အကုန္လံုးမဟုတ္ေတာင္ တစ္ေထာင့္တစ္ေနရာေလာက္ေတာ႔ အသံုးဝင္ႏိုင္လိမ္႔မယ္လို႔ ေမွ်ာ္လင့္မိပါတယ္ေန္ာ။ လိုက္ေလ်ာညီေထြစြာနဲ႔ ေကာင္းမြန္တဲ႔ အလုပ္ခြင္ဆက္ဆံေရးကို ပိုင္ဆုိင္ႏုိင္ၾကပါေစ ေယာင္းတို႔ေရ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Windy (For Her Myanmamr)

# Unicode Version #
http://mmupdatenews.com/archives/89အလုပ်ခွင်ဆိုတာ ကိုယ့်ရဲ့အချိန်တွေ အများကြီးကို ပေးရတဲ့နေရာတစ်ခုပါ။ ကိုယ့်အတွက် ဒုတိယအိမ်လို့တောင် ခေါ်လို့ရတဲ့နေရာပါ။ အိမ်မှာ အဆင်မပြေတာတွေ ရှိရင် နေထိုင်လို့မကောင်းသလို ဒုတိယအိမ်ဖြစ်တဲ့ အလုပ်ခွင်မှာလည်း ထိုနည်း၎င်းပါပဲ။ အလုပ်ခွင်မှာ အဆင်မပြေဖြစ်ရင် တခြားဘယ်နေရာတွေမှာမှ အဆင်ပြေဖို့ လမ်းမမြင်တော့ပါဘူး။ အလုပ်ခွင်မှာ အဆင်ပြေနေဖို့က အလုပ်ခွင်ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ပါပဲ။ ဒီတော့ ဝင်ဒီက ယောင်းတို့ အလုပ်ခွင်ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ရှာဖွေထားတာလေးတွေကို ယောင်းတို့နဲ့ ဝေမျှပေးလိုက်ပါတယ်။

၁) လုပ်ဖော်ကိုင်ဘက်တွေနဲ့ ရင်းရင်းနှီးနှီးနေမယ်။

အလုပ်ခွင်မှာ အရေးအကြီးဆုံးက လုပ်ဖော်ကိုင်ဘက်တွေနဲ့ အဆင်ပြေပြေနေဖို့ပါပဲ။ သူတို့တွေနဲ့ ရင်းနှီးမှ အလုပ်ကိစ္စတွေလည်း အကူအညီတောင်းလို့ ရနိုင်မှာဖြစ်သလို ပတ်ဝန်းကျင်ကောင်းကောင်းလေးနဲ့ အလုပ်လုပ်နိုင်မှာပါ။ ဘယ်တော့မှ သီးခြားတစ်ယောက်တည်းမနေပါနဲ့။

၂) အလုပ်ကို မခိုကပ်ဘူး။

အလုပ်ကို ခိုကပ်၊ တွက်ကပ်တတ်တဲ့သူအတွက်တော့ အလုပ်ခွင်ဟာ ဘယ်လိုမှ သာယာနာပျော်ဖွယ်ဖြစ်တဲ့ နေရာတစ်နေရာ ဖြစ်လာမှာမဟုတ်ပါဘူး။ အလုပ်ကို ခိုကပ်နေမယ်ဆိုရင် သူဌေးရဲ့မျက်နှာသာပေးမှုကို ဘယ်တော့မှ ရမှာမဟုတ်သလို လုပ်ဖော်ကိုင်ဘက်အချင်းချင်းရဲ့ ငြိုငြင်မှုကိုလည်း ခံရမှာပါ။

Related Article >>> အပိုဝင်ငွေရှာကြသူများ

၃) နေရာတကာဝင်မပါဘူး။

နေရာတကာမှာ အလိုက်ကန်းဆိုး မသိ၊ ဟိုစပ်စပ် ဒီစပ်စပ်ဝင်ပါတတ်တဲ့ လူတစ်ယောက်ကို ဘယ်သူကမှ သဘောကျနှစ်ခြိုက်နေမှာ မဟုတ်ပါဘူး။ အလုပ်ခွင်မှာဆိုလည်း ဒီလိုလူကို ဝိုင်းကြဉ်တတ်ကြပါတယ်။

၄) အကူအညီပေးသင့်ရင် ပေးရမယ်။

ကိုယ်ကလည်း အလုပ်တွေ ပိမနေဘဲ အားလပ်နေမယ်၊ ဒီအချိန်မှာ ကိုယ့်လုပ်ဖော်ကိုင်ဘက်ကလည်း သူ့အလုပ်အတွက် အကူအညီလာတောင်းမယ်ဆိုရင်တော့ အကူအညီပေးလိုက်ပါ။ နောင်တစ်ချိန်မှာ ကိုယ့်အတွက် အကူအညီပြန်ရနိုင်သလို ဒီပတ်ဝန်းကျင်ထဲမှာလည်း မျက်နှာသာရနိုင်ပါတယ်။

Related Article >>> အလုပ်နှစ်ခုလုပ်သင့်တဲ့ အကြောင်းရင်း ၅ ချက်

၅) မချေပါနဲ့။

ချေတယ်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာလောက်ပဲ ကောင်းတာပါ။ လူများနဲ့ လုပ်ရတဲ့ Team work ရှိဖို့ လိုအပ်တဲ့ နေရာမျိုးကျ ကိုယ့်အတွက် ကောင်းကျိုးတစ်စိုးတစ်စိမှ မရှိနိုင်ပါဘူး။ နေရင်းထိုင်ရင်း လူအမြင်ကပ်ခံရတာပဲ အဖတ်တင်ပါတယ်။ ဒါကြောင့် လုပ်ဖော်ကိုင်ဘက်တွေအပေါ်မှ ဘယ်တော့မှ မချေမိပါစေနဲ့။

ဝင်ဒီ အခု ပြောသွားတဲ့ နည်းလမ်းလေးတွေက ယောင်းတို့အတွက် အကုန်လုံးမဟုတ်တောင် တစ်ထောင့်တစ်နေရာလောက်တော့ အသုံးဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်နေ်ာ။ လိုက်လျောညီထွေစွာနဲ့ ကောင်းမွန်တဲ့ အလုပ်ခွင်ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်ကြပါစေ ယောင်းတို့ရေ…

ဖိုးသူတော် (www.phothutaw.com)
Credit: Windy (For Her Myanmamr)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top