ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

စိတ္ပိုင္းဆိုင္ရာ ထိလြယ္ရွလြယ္တယ္။ အီမိုရွင္နယ္ဆန္တယ္ဆိုတာ လူေတြအျမင္မွာ မေကာင္းတဲ႔အရာတစ္ခုလို႔ အျမင္ခံရပါတယ္။ ေက်ာင္းတံုးက အတန္းထဲမွာ အီမိုရွင္နယ္ဆန္လြန္းတဲ႔ သူငယ္ခ်င္းတစ္ေယာက္ ပါရင္လည္း နားလည္ေပးရမယ္႔အစား ဝိုင္းၿပီး စေနာက္ၾကတာပဲမ်ားပါတယ္။ ဒါေပမယ္႔ ေကာင္းတဲ႔ဘက္က ရႈျမင္မယ္ဆိုရင္ေတာ႔ အီမိုရွင္နယ္ဆန္လြန္းတဲ႔လူေတြဆိုတာ တျခားသူေတြအေပၚ စာနာနားလည္အေပးႏိုင္သူေတြလည္း ျဖစ္ပါတယ္။
https://az616578.vo.msecnd.net/files/responsive/cover/main/desktop/2015/11/19/635835482097872680-656181637_zodiac-signs-illustrations.jpg
ေအာက္မွာေဖာ္ျပထားတာက နကၡတၱေဗဒပညာအရ အီမိုရွင္နယ္အဆန္ဆံုးလို႔ ယူဆခံထားရတဲ႔ ရာသီခြင္ေတြပါပဲ။ ကိုယ္႔သူငယ္ခ်င္းထဲမွာ အဲဒီရာသီခြင္ဖြားေတြ ပါေနမယ္ဆုိရင္ သူတို႔နဲ႔ ဆက္ဆံရာမွာ သူတို႔ရဲ႕ခံစားခ်က္ကို မထိခိုက္မိေစဖို႔ သတိထားရမွာျဖစ္ပါတယ္။
၁။ မိႆ (Aries

အဲဒီလိုျဖစ္မယ္လို႔ မထင္ရေပမယ္႔ တကယ္တမ္းက်ေတာ႔ မိႆရာသီဖြားေတြဟာ အီမိုရွင္နယ္ဆန္တဲ႔လူေတြပါပဲ။ သူတို႔ဟာ စြန္႕စားမႈေတြကို ဝါသနာထံုသလို ဘဝရဲ႕စစ္မွန္တဲ႔ ေပ်ာ္ရႊင္မႈေတြကို အျပည္႔အဝရရွိေအာင္ ဘာလုပ္ရမယ္ဆိုတာကုိလည္း သိပါတယ္။ သူတို႔ကိုၾကည္႔လိုက္ရင္ အျမဲတက္ၾကြလန္းဆန္းၿပီး ေပ်ာ္ရႊင္ေနတာကို ေတြ႕ရွိရမွာပါ။

ဒါေပမယ္႔ သူတို႔ဟာ ခံစားလြယ္သူေတြ ျဖစ္တဲ႔အတြက္ တစ္ခုခုဆိုရင္ ခံစားခ်က္နဲ႔ အရင္တံု႕ျပန္တတ္ၾကပါတယ္။ ေနာက္ၿပီး သူတို႔ရဲဲ႕ခံစားခ်က္ေတြကို သူမ်ားသိသြားမွာကိုလည္း မေၾကာက္ရြံ႕ပါဘူး။ သူတို႔ကို စိတ္ပိုင္းဆိုင္ရာ နာက်င္ေအာင္ ျပဳလုပ္သူေတြရွိလာရင္လည္း အရင္ဆံုး သူတို႔ဘက္က အျမင္ကို သြားရွင္းျပတတ္ပါတယ္။ တခါတေလမွာေတာ႔ ေဒါေတြေမာေတြ ပါခ်င္ပါမွာေပါ႔။
၂။ ေမထုန္ (Gemini)

ေမထုန္ရာသီဖြားေတြကေတာ႔ အရာရာတိုင္းမွာ အေသးစိတ္က်လြန္းသူေတြျဖစ္ပါတယ္။ သူတို႔ေမွ်ာ္လင္႔ထားသလို ျဖစ္မလာတဲ႔အခ်ိန္တိုင္းမွာ သူတို႔ဟာ အလြယ္တကူ စိတ္တို၊ စိတ္ရႈပ္၊ စိတ္ဓာတ္က် လြယ္ၾကပါတယ္။ ဝမ္းနည္းမႈကိုလည္း ေဖာ္ျပဖို႔ရာ ဝန္မေလးတတ္ၾကပါဘူး။ သူတို႔ခံစားခ်က္ေတြကို မ်က္ႏွာေပၚမွာ စာေရးထားသလို အျမဲေပၚလြင္ေနေစတဲ႔အတြက္ သူတို႔နဲ႔ ဆက္ဆံရတာ သိပ္အခက္ခဲႀကီးေတာ႔ မဟုတ္ပါဘူး။
၃။ ကရကဋ္ (Cancer)

ဟုတ္ပါတယ္။ ကရကဋ္ရာသီဖြားေတြဟာလည္း အီမိုရွင္နယ္ဆန္ၿပီး စိတ္ပိုင္းဆိုင္ရာ ထိလြယ္ရွလြယ္သူေတြလည္း ျဖစ္ၾကပါတယ္။ တစ္ခုရွိတာက ကရကဋ္ရာသီဖြားေတြဟာ သူ တို႔ရဲ႕စိတ္ခံစားမႈေတြကို ကိုင္တြယ္ရာမွာ ညံ႕ဖ်င္းပါတယ္။ ဒါေၾကာင္႔ သူတို႔စိတ္ထဲမွာ ဝမ္းနည္းသလိုခံစားလာရတိုင္း သူမ်ားေတြေရွ႕မွာ အျပံဳးတုေလးျပံဳးျပၿပီး သူတို႔ေပ်ာ္ေနသေယာင္ ထင္ရေအာင္ ဖန္တီးတတ္ပါတယ္။ ဒါေပမယ္႔ အဲဒီလို အျပံဳးတုေလးျပံဳးေနရင္း သူတို႔ရဲ႕ဝမ္းနည္းမႈေတြကို တျခားသူေတြက သတိျပဳမိေစဖို႔ တိတ္တိတ္ေလးက်ိတ္ၿပီး ေမွ်ာ္လင္႔ေနမိတတ္ပါတယ္။
လူတိုင္းမျဖစ္မေန လိုက္နာသင္႕တဲ႔ အစားအေသာက္ဆိုင္ရာ စည္းမ်ဥ္းမ်ား: မိမိစားသံုးတဲ႔ ေန႕စဥ္အစားအေသာက္ေပၚ မူတည္ၿပီး မိမိရဲ႕က်န္းမာေရးအေျခအေနဟာ ေျပာင္းလဲေနမွာျဖစ္ပါတယ္။
လူတိုင္းမျဖစ္မေန လိုက္နာသင္႕တဲ႔ အစားအေသာက္ဆိုင္ရာ စည္းမ်ဥ္းမ်ား
မိမိစားသံုးတဲ႔ ေန႕စဥ္အစားအေသာက္ေပၚ မူတည္ၿပီး မိမိရဲ႕က်န္းမာေရးအေျခအေနဟာ ေျပာင္းလဲေနမွာျဖစ္ပါတယ္။
၄။ ၿဗိစာၦ (Scorpio)

ၿဗိစာၦရာသီဖြားေတြကေတာ႔ ဒဲ႔တိုးဆန္ၿပီး ဘာႀကီးပဲျဖစ္ေနပါေစ။ သူတို႔ရဲ႕စိတ္ခံစားခ်က္ေတြကို ဒဲ႔ေဖာ္ျပဖို႔ရာ ဝန္မေလးပါဘူး။ ေသခ်ာတာတစ္ခုကေတာ႔ သူတို႔ဟာ သင္႔ကို ေနာက္ေက်ာက ဓားနဲ႔ထိုးမယ္႔ လူစားမ်ိဳးေတြမဟုတ္ပါဘူး။ သင္႔မွာသူတို႔မႀကိဳက္တဲ႔အခ်က္ေတြ ရွိေနရင္ေတာင္ သူတို႔က ဒဲ႔တိုးပဲလာေျပာမွာျဖစ္ပါတယ္။ မ်ားေသာအားျဖင္႔ သူတို႔စိတ္ထဲမွာ ဝမ္းနည္းသလိုခံစားလာရတိုင္း အျပဳအမူေတြကတဆင္႔ပဲ ေဖာ္ျပတတ္ၾကပါတယ္။ သူတို႔ဟာ ေဒါသလည္း ထြက္လြယ္ၾကပါတယ္။
၅။ မိန္ (Pisces)

မိန္ရာသီဖြားေတြကေတာ႔ အီမိုရွင္နယ္အဆန္ဆံုး ရာသီဖြားေတြပါ။ သူတို႔အတြက္ေတာ႔ သူမ်ားေတြက သူတို႔ရဲ႕ စိတ္ခံစားခ်က္ေတြကို အေလးမထားရင္ေတာင္မွ သူတို႔ကေတာ႔ သူမ်ားေတြရဲ႕ စိတ္ခံစားခ်က္ေတြကို အျမဲအေလးထားပါတယ္။ သူတို႕အေပၚ သူမ်ားေတြက ဆိုးဆိုးဝါးဝါးဆက္ဆံလာတိုင္းလည္း အျမဲရင္ဘတ္္ႀကီးနဲ႔ ခံစားေလ႔ရွိၾကပါတယ္။

ဘာလို႔လဲဆိုေတာ႔ သူတို႔က အရမ္း စိတ္ခံစားလြယ္တတ္ၾကလို႔ပါပဲ။ သူမ်ားေတြရဲ႕စကားေတြ၊ ဟန္ပန္အမူအရာေတြကိုလည္း အရမ္းအေလးထားပါတယ္။ သူတို႔အေပၚေလးစားမႈကိုလည္း ေမွ်ာ္လင္႔တတ္ၾကပါတယ္။

Source: Youngisthan

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#

စိတ်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ်တယ်။ အီမိုရှင်နယ်ဆန်တယ်ဆိုတာ လူတွေအမြင်မှာ မကောင်းတဲ့အရာတစ်ခုလို့ အမြင်ခံရပါတယ်။ ကျောင်းတုံးက အတန်းထဲမှာ အီမိုရှင်နယ်ဆန်လွန်းတဲ့ သူငယ်ချင်းတစ်ယောက် ပါရင်လည်း နားလည်ပေးရမယ့်အစား ဝိုင်းပြီး စနောက်ကြတာပဲများပါတယ်။ ဒါပေမယ့် ကောင်းတဲ့ဘက်က ရှုမြင်မယ်ဆိုရင်တော့ အီမိုရှင်နယ်ဆန်လွန်းတဲ့လူတွေဆိုတာ တခြားသူတွေအပေါ် စာနာနားလည်အပေးနိုင်သူတွေလည်း ဖြစ်ပါတယ်။

အောက်မှာဖော်ပြထားတာက နက္ခတ္တဗေဒပညာအရ အီမိုရှင်နယ်အဆန်ဆုံးလို့ ယူဆခံထားရတဲ့ ရာသီခွင်တွေပါပဲ။ ကိုယ့်သူငယ်ချင်းထဲမှာ အဲဒီရာသီခွင်ဖွားတွေ ပါနေမယ်ဆိုရင် သူတို့နဲ့ ဆက်ဆံရာမှာ သူတို့ရဲ့ခံစားချက်ကို မထိခိုက်မိစေဖို့ သတိထားရမှာဖြစ်ပါတယ်။
၁။ မိဿ (Aries

အဲဒီလိုဖြစ်မယ်လို့ မထင်ရပေမယ့် တကယ်တမ်းကျတော့ မိဿရာသီဖွားတွေဟာ အီမိုရှင်နယ်ဆန်တဲ့လူတွေပါပဲ။ သူတို့ဟာ စွန့်စားမှုတွေကို ဝါသနာထုံသလို ဘဝရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုတွေကို အပြည့်အဝရရှိအောင် ဘာလုပ်ရမယ်ဆိုတာကိုလည်း သိပါတယ်။ သူတို့ကိုကြည့်လိုက်ရင် အမြဲတက်ကြွလန်းဆန်းပြီး ပျော်ရွှင်နေတာကို တွေ့ရှိရမှာပါ။

ဒါပေမယ့် သူတို့ဟာ ခံစားလွယ်သူတွေ ဖြစ်တဲ့အတွက် တစ်ခုခုဆိုရင် ခံစားချက်နဲ့ အရင်တုံ့ပြန်တတ်ကြပါတယ်။ နောက်ပြီး သူတို့ရဲ့ခံစားချက်တွေကို သူများသိသွားမှာကိုလည်း မကြောက်ရွံ့ပါဘူး။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ နာကျင်အောင် ပြုလုပ်သူတွေရှိလာရင်လည်း အရင်ဆုံး သူတို့ဘက်က အမြင်ကို သွားရှင်းပြတတ်ပါတယ်။ တခါတလေမှာတော့ ဒေါတွေမောတွေ ပါချင်ပါမှာပေါ့။
၂။ မေထုန် (Gemini)

မေထုန်ရာသီဖွားတွေကတော့ အရာရာတိုင်းမှာ အသေးစိတ်ကျလွန်းသူတွေဖြစ်ပါတယ်။ သူတို့မျှော်လင့်ထားသလို ဖြစ်မလာတဲ့အချိန်တိုင်းမှာ သူတို့ဟာ အလွယ်တကူ စိတ်တို၊ စိတ်ရှုပ်၊ စိတ်ဓာတ်ကျ လွယ်ကြပါတယ်။ ဝမ်းနည်းမှုကိုလည်း ဖော်ပြဖို့ရာ ဝန်မလေးတတ်ကြပါဘူး။ သူတို့ခံစားချက်တွေကို မျက်နှာပေါ်မှာ စာရေးထားသလို အမြဲပေါ်လွင်နေစေတဲ့အတွက် သူတို့နဲ့ ဆက်ဆံရတာ သိပ်အခက်ခဲကြီးတော့ မဟုတ်ပါဘူး။
၃။ ကရကဋ် (Cancer)

ဟုတ်ပါတယ်။ ကရကဋ်ရာသီဖွားတွေဟာလည်း အီမိုရှင်နယ်ဆန်ပြီး စိတ်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ်သူတွေလည်း ဖြစ်ကြပါတယ်။ တစ်ခုရှိတာက ကရကဋ်ရာသီဖွားတွေဟာ သူ တို့ရဲ့စိတ်ခံစားမှုတွေကို ကိုင်တွယ်ရာမှာ ညံ့ဖျင်းပါတယ်။ ဒါကြောင့် သူတို့စိတ်ထဲမှာ ဝမ်းနည်းသလိုခံစားလာရတိုင်း သူများတွေရှေ့မှာ အပြုံးတုလေးပြုံးပြပြီး သူတို့ပျော်နေသယောင် ထင်ရအောင် ဖန်တီးတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို အပြုံးတုလေးပြုံးနေရင်း သူတို့ရဲ့ဝမ်းနည်းမှုတွေကို တခြားသူတွေက သတိပြုမိစေဖို့ တိတ်တိတ်လေးကျိတ်ပြီး မျှော်လင့်နေမိတတ်ပါတယ်။
လူတိုင်းမဖြစ်မနေ လိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းများ: မိမိစားသုံးတဲ့ နေ့စဉ်အစားအသောက်ပေါ် မူတည်ပြီး မိမိရဲ့ကျန်းမာရေးအခြေအနေဟာ ပြောင်းလဲနေမှာဖြစ်ပါတယ်။
လူတိုင်းမဖြစ်မနေ လိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းများ
မိမိစားသုံးတဲ့ နေ့စဉ်အစားအသောက်ပေါ် မူတည်ပြီး မိမိရဲ့ကျန်းမာရေးအခြေအနေဟာ ပြောင်းလဲနေမှာဖြစ်ပါတယ်။
၄။ ဗြိစ္ဆာ (Scorpio)

ဗြိစ္ဆာရာသီဖွားတွေကတော့ ဒဲ့တိုးဆန်ပြီး ဘာကြီးပဲဖြစ်နေပါစေ။ သူတို့ရဲ့စိတ်ခံစားချက်တွေကို ဒဲ့ဖော်ပြဖို့ရာ ဝန်မလေးပါဘူး။ သေချာတာတစ်ခုကတော့ သူတို့ဟာ သင့်ကို နောက်ကျောက ဓားနဲ့ထိုးမယ့် လူစားမျိုးတွေမဟုတ်ပါဘူး။ သင့်မှာသူတို့မကြိုက်တဲ့အချက်တွေ ရှိနေရင်တောင် သူတို့က ဒဲ့တိုးပဲလာပြောမှာဖြစ်ပါတယ်။ များသောအားဖြင့် သူတို့စိတ်ထဲမှာ ဝမ်းနည်းသလိုခံစားလာရတိုင်း အပြုအမူတွေကတဆင့်ပဲ ဖော်ပြတတ်ကြပါတယ်။ သူတို့ဟာ ဒေါသလည်း ထွက်လွယ်ကြပါတယ်။
၅။ မိန် (Pisces)

မိန်ရာသီဖွားတွေကတော့ အီမိုရှင်နယ်အဆန်ဆုံး ရာသီဖွားတွေပါ။ သူတို့အတွက်တော့ သူများတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို အလေးမထားရင်တောင်မှ သူတို့ကတော့ သူများတွေရဲ့ စိတ်ခံစားချက်တွေကို အမြဲအလေးထားပါတယ်။ သူတို့အပေါ် သူများတွေက ဆိုးဆိုးဝါးဝါးဆက်ဆံလာတိုင်းလည်း အမြဲရင်ဘတ်ကြီးနဲ့ ခံစားလေ့ရှိကြပါတယ်။

ဘာလို့လဲဆိုတော့ သူတို့က အရမ်း စိတ်ခံစားလွယ်တတ်ကြလို့ပါပဲ။ သူများတွေရဲ့စကားတွေ၊ ဟန်ပန်အမူအရာတွေကိုလည်း အရမ်းအလေးထားပါတယ်။ သူတို့အပေါ်လေးစားမှုကိုလည်း မျှော်လင့်တတ်ကြပါတယ်။

Source: Youngisthan


ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top