Golden City Promotion
×

အလွျပင္ဆိုင္သြားၿပီး မ်က္ႏွာသန္႔ရွင္းေရးလုပ္၊ ေခၽြးေပါက္သန္႔ရွင္းေရးလုပ္တာေတြ ခဏခဏ သြားလုပ္စရာမလုိပါဘူး။ ဆား၀က္ၿခံေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ၾကည္လင္ေစမယ့္ နည္းလမ္းေကာင္းေလးေတြကို မွ်ေ၀ေပးပါမယ္။

ပါ၀င္ပစၥည္း

ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ဂ်ဲလ္လတင္းမႈန္႔ (Gelatin Powder) စားပြဲတင္ဇြန္း ၂ ဇြန္း

နာနတ္သီးရည္ ခြက္ ၁/၄ ပံု

ျပင္ဆင္ျခင္း

ခြက္တစ္လံုးထဲကို ပ်ားရည္နဲ႔ နာနတ္သီးအရည္ထည့္ပါ။ ၿပီးရင္ ဒယ္အိုးအေသးထဲထည့္ၿပီး အပူနည္းနည္းေပးပါ။ အဲဒီေနာက္ ပူလာရင္ မီးကိုပိတ္လိုက္ၿပီး ဂ်ဲလ္လတင္းမႈန္႔ (Gelatin Powder) ကိုထည့္လိုက္ပါ။ အဲဒီ ဂ်ဲလ္လတင္းမႈန္႔ (Gelatin Powder) အရည္ေပ်ာ္သြားတဲ့ထိ ေမႊေပးေနပါ။

ျပဳလုပ္နည္း

အမာရြတ္ေတြနဲ႔ဆား၀က္ၿခံေတြကို ဖယ္ရွားေပးၿပီး အသားအေရ ၾကည္လင္ေစမယ့္ သဘာ၀ေပါင္းတင္နည္း

အရည္ေပ်ာ္သြားရင္ မ်က္ႏွာေပၚလိမ္းေပးၿပီး ၁၀ မိနစ္ေလာက္ထားပါ။ မ်က္ႏွာေပၚမွာလိမ္းထားတာက တျဖည္းျဖည္း တင္းလာမွာျဖစ္ပါတယ္။ ၿပီးရင္ အလႊာကို ခြာခ်လိုက္ၿပီး ေရေအးေအးနဲ႔ ေဆးခ်ပါ။ တစ္ပတ္ကို ၂ ႀကိမ္လုပ္ေပးပါ။

အမာရြတ္ေတြ ၀က္ၿခံေၾကာင့္ျဖစ္တဲ့ အနာရြတ္ေတြနဲ႔ ဆား၀က္ၿခံေတြ သက္သာေပ်ာက္ကင္းၿပီး အသားအေရ ၾကည္လင္လွပလာေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
အလှပြင်ဆိုင်သွားပြီး မျက်နှာသန့်ရှင်းရေးလုပ်၊ ချွေးပေါက်သန့်ရှင်းရေးလုပ်တာတွေ ခဏခဏ သွားလုပ်စရာမလိုပါဘူး။ ဆားဝက်ခြံတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါမယ်။

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဂျဲလ်လတင်းမှုန့် (Gelatin Powder) စားပွဲတင်ဇွန်း ၂ ဇွန်း

နာနတ်သီးရည် ခွက် ၁/၄ ပုံ

ပြင်ဆင်ခြင်း

ခွက်တစ်လုံးထဲကို ပျားရည်နဲ့ နာနတ်သီးအရည်ထည့်ပါ။ ပြီးရင် ဒယ်အိုးအသေးထဲထည့်ပြီး အပူနည်းနည်းပေးပါ။ အဲဒီနောက် ပူလာရင် မီးကိုပိတ်လိုက်ပြီး ဂျဲလ်လတင်းမှုန့် (Gelatin Powder) ကိုထည့်လိုက်ပါ။ အဲဒီ ဂျဲလ်လတင်းမှုန့် (Gelatin Powder) အရည်ပျော်သွားတဲ့ထိ မွှေပေးနေပါ။

ပြုလုပ်နည်း

အမာရွတ်တွေနဲ့ဆားဝက်ခြံတွေကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်စေမယ့် သဘာဝပေါင်းတင်နည်း

အရည်ပျော်သွားရင် မျက်နှာပေါ်လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ မျက်နှာပေါ်မှာလိမ်းထားတာက တဖြည်းဖြည်း တင်းလာမှာဖြစ်ပါတယ်။ ပြီးရင် အလွှာကို ခွာချလိုက်ပြီး ရေအေးအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။

အမာရွတ်တွေ ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေနဲ့ ဆားဝက်ခြံတွေ သက်သာပျောက်ကင်းပြီး အသားအရေ ကြည်လင်လှပလာစေမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top