Golden City Promotion
×

သာေကတၿမိဳ႕နယ္တြင္ မီးေသြးဖိုအနီး ဓာတ္ဆီထည့္ ထားသည့္ပံုး ေမွာက္က်ရာမွ မီး ေလာင္ခဲ့ရာ အိမ္သံုးလံုးဆံုး႐ံႈး ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ တပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

စက္တင္ဘာ ၁၉ ရက္ ေန႔လယ္ ၁၂ နာရီခန္႔တြင္ သာေကတၿမိဳ႕နယ္ (၆) အေရွ႕ရပ္ကြက္ ေအာင္သုခ ၂၄ လမ္းရွိ အိမ္တစ္အိမ္၌ မီးေလာင္မႈျဖစ္ပြားၿပီး အနီးရွိအိမ္ႏွစ္အိမ္ကို ကူးစက္ေလာင္ခဲ့ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္၌ ပါရွိသည္။

မီးေလာင္သည့္ေနရာသို႔ စုစုေပါင္းမီးသတ္ယာဥ္ ၁၀ စီး၊ ကြပ္ကဲမႈယာဥ္သံုးစီးျဖင့္ မိနစ္ႏွစ္ဆယ္ခန္႔ ၿငိႇမ္းသတ္ခဲ့ရသည္။

မီးေလာင္မႈေၾကာင့္ ေငြက်ပ္ ၁၁ သိန္းေက်ာ္ ဆံုး႐ံႈးၿပီး မီး စတင္ေလာင္သည့္ အိမ္ရွင္ကို သာေကတၿမိဳ႕နယ္ ရဲစခန္း၌ ပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူ ထားသည္။

စက္တင္ဘာ ၁၂ ရက္မွ ၁၉ ရက္အထိ ရန္ကုန္တိုင္းေဒသႀကီး ရွိ ၿမိဳ႕နယ္ရွစ္ခုတြင္ မီးေလာင္မႈ ကိုးႀကိမ္ျဖစ္ပြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

သာကေတမြို့နယ်တွင် မီးသွေးဖိုအနီး ဓာတ်ဆီထည့် ထားသည့်ပုံး မှောက်ကျရာမှ မီး လောင်ခဲ့ရာ အိမ်သုံးလုံးဆုံးရှုံး ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် သာကေတမြို့နယ် (၆) အရှေ့ရပ်ကွက် အောင်သုခ ၂၄ လမ်းရှိ အိမ်တစ်အိမ်၌ မီးလောင်မှုဖြစ်ပွားပြီး အနီးရှိအိမ်နှစ်အိမ်ကို ကူးစက်လောင်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ပါရှိသည်။

မီးလောင်သည့်နေရာသို့ စုစုပေါင်းမီးသတ်ယာဉ် ၁၀ စီး၊ ကွပ်ကဲမှုယာဉ်သုံးစီးဖြင့် မိနစ်နှစ်ဆယ်ခန့် ငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်မှုကြောင့် ငွေကျပ် ၁၁ သိန်းကျော် ဆုံးရှုံးပြီး မီး စတင်လောင်သည့် အိမ်ရှင်ကို သာကေတမြို့နယ် ရဲစခန်း၌ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားသည်။

စက်တင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရှိ မြို့နယ်ရှစ်ခုတွင် မီးလောင်မှု ကိုးကြိမ်ဖြစ်ပွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top