Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူေတာ္ေတာ္ မ်ားမ်ား ခါးနာ တတ္ၾက ပါတယ္။ ခါးကို အသံုးျပဳ မ်ားတာနဲ႔ အသက္အရြယ္ ႀကီးလာတာေၾကာင့္ပဲ ခါးနာတတ္တာ မဟုတ္ပါဘူး။ ေအာက္ပါ အေၾကာင္းအရာ တစ္ခုခု ေၾကာင့္လည္း ခါးနာ တတ္တယ္လို႔ သုေတသန အသစ္ေတြ အရ သိရပါတယ္။

၁။ဗီတာမင္ Dလံုလံု ေလာက္ေလာက္ မရရိွလို႔ပါ ဒဏ္ရာရလို႔ ဒါမွမဟုတ္ ေရာဂါေၾကာင့္ မဟုတ္ဘဲ နာတာရွည္ ခါးနာတတ္ သူေတြမွာ ဗီတာမင္ D လံုလံုေလာက္ေလာက္ မရရိွဘူးလို႔ နာက်င္မႈ ေဝဒနာ အထူးကု ဆရာဝန္ Stewart B Leavittက ေျပာပါတယ္။ ခႏၶာကိုယ္တြင္း ဗီတာမင္ D အဆင့္ နည္းတာဟာ ခါးေနာက္ ေက်ာ႐ိုး ေအာက္ပိုင္း အ႐ိုး က်န္းမာေရး အတြက္ အႏၲရာယ္မ်ားတာနဲ႔ ဆက္စပ္တတ္ပါတယ္။ ဗီတာမင္ D ကို ေန႔စဥ္ ၂၀၀ IU ရေအာင္ ပမာဏ မ်ားမ်ား ေသာက္ေပးပါ။ ခါးနာတာ သိသိသာသာ သက္သာ ဒါမွမဟုတ္ ေပ်ာက္ကင္းသြားမယ္လို႔ Leavitt ကဆိုပါတယ္။၂။သင္ဟာ ပံုမွန္ ဝမ္းမသြားလို႔ပါ အူမႀကီး ေအာက္ပိုင္းမွာ ပိတ္ဆို႔မႈ ရိွတာေၾကာင့္ ခါးအေနာက္ပိုင္းမွာ ဖိအား ေပးခံ ရပါတယ္။ ဝမ္းခ်ဳပ္ တာၾကာရင္ ခါးနာ တတ္ပါတယ္။ ဝမ္းမခ်ဳပ္ေအာင္ ေရမ်ားမ်ား ေသာက္ပါ။ အမွ်င္မ်ားတဲ့ အစာမ်ားမ်ား စားပါ။ ေလ့က်င့္ခန္း မွန္မွန္လုပ္ပါ။

၃။စိတ္ဖိစီးမႈ မ်ားေနလို႔ပါ ခႏၶာကိုယ္ရဲ႕ နာက်င္တာကို ခံႏိုင္ရည္ ရိွမႈဟာ မိမိရဲ႕ စိတ္အေျခအေန ေပၚမွာ အမ်ားႀကီး မူတည္ပါတယ္။ စိတ္ဖိစီးမႈ ခံရတာမ်ားရင္ ခါးကိုနာတတ္ပါတယ္။ စိတ္ဖိစီးမႈမရိွေအာင္နဲ႔ စိတ္ဓာတ္ က်ဆင္းမႈ မရိွေအာင္ စိတ္ေျဖ ေလွ်ာ့နည္း လမ္းေတြ အသံုးျပဳပါ။

၄။သင္ခါး႐ိုး ေကာက္ေနလို႔ပါ သင္အသက္ ႀကီးလာရင္ ခႏၶာကိုယ္ ခါးေနာက္ေက်ာ ႂကြက္သားေတြ အားနည္း လာတာနဲ႔ ကယ္လ္ဆီယမ္ ခ်ိဳ႕တဲ့တာေၾကာင့္ ခါး႐ိုးမႀကီး alignment မမွန္တာ ျဖစ္သြား တတ္ပါတယ္။ ဒါေၾကာင့္ ခါးနာ တာျဖစ္ရင္ ဆရာဝန္ေတြ အေနနဲ႔ ခါး႐ိုးေကာက္ ေနတာလား ( Scoliosis ) ဒါမွမဟုတ္ disk ျပႆနာလား၊ ဒါမွမဟုတ္ ခါးအသံုးမ်ားလို႔ ျဖစ္တာလား ဆိုတာ ခဲြျခား ရပါတယ္။ အသက္ႀကီးလာလို႔ ခါး႐ိုးေကာက္ သြားတာဟာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အမူအက်င့္ေတြနဲ႔ ကာကြယ္လို႔ ရပါတယ္။ မိမိအရပ္နဲ႔ ကိုက္ညီတဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းတာ၊ ခါး႐ိုးႂကြက္သား အားေကာင္းမယ့္ ေလ့က်င့္ခန္း လုပ္တာနဲ႔ ေဆးလိပ္ ျဖတ္တာေတြ လုပ္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမ၀တီ

#Unicode Version#
လူတော်တော် များများ ခါးနာ တတ်ကြ ပါတယ်။ ခါးကို အသုံးပြု များတာနဲ့ အသက်အရွယ် ကြီးလာတာကြောင့်ပဲ ခါးနာတတ်တာ မဟုတ်ပါဘူး။ အောက်ပါ အကြောင်းအရာ တစ်ခုခု ကြောင့်လည်း ခါးနာ တတ်တယ်လို့ သုတေသန အသစ်တွေ အရ သိရပါတယ်။

၁။ဗီတာမင် Dလုံလုံ လောက်လောက် မရရှိလို့ပါ ဒဏ်ရာရလို့ ဒါမှမဟုတ် ရောဂါကြောင့် မဟုတ်ဘဲ နာတာရှည် ခါးနာတတ် သူတွေမှာ ဗီတာမင် D လုံလုံလောက်လောက် မရရှိဘူးလို့ နာကျင်မှု ဝေဒနာ အထူးကု ဆရာဝန် Stewart B Leavittက ပြောပါတယ်။ ခန္ဓာကိုယ်တွင်း ဗီတာမင် D အဆင့် နည်းတာဟာ ခါးနောက် ကျောရိုး အောက်ပိုင်း အရိုး ကျန်းမာရေး အတွက် အန္တရာယ်များတာနဲ့ ဆက်စပ်တတ်ပါတယ်။ ဗီတာမင် D ကို နေ့စဉ် ၂၀၀ IU ရအောင် ပမာဏ များများ သောက်ပေးပါ။ ခါးနာတာ သိသိသာသာ သက်သာ ဒါမှမဟုတ် ပျောက်ကင်းသွားမယ်လို့ Leavitt ကဆိုပါတယ်။၂။သင်ဟာ ပုံမှန် ဝမ်းမသွားလို့ပါ အူမကြီး အောက်ပိုင်းမှာ ပိတ်ဆို့မှု ရှိတာကြောင့် ခါးအနောက်ပိုင်းမှာ ဖိအား ပေးခံ ရပါတယ်။ ဝမ်းချုပ် တာကြာရင် ခါးနာ တတ်ပါတယ်။ ဝမ်းမချုပ်အောင် ရေများများ သောက်ပါ။ အမျှင်များတဲ့ အစာများများ စားပါ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

၃။စိတ်ဖိစီးမှု များနေလို့ပါ ခန္ဓာကိုယ်ရဲ့ နာကျင်တာကို ခံနိုင်ရည် ရှိမှုဟာ မိမိရဲ့ စိတ်အခြေအနေ ပေါ်မှာ အများကြီး မူတည်ပါတယ်။ စိတ်ဖိစီးမှု ခံရတာများရင် ခါးကိုနာတတ်ပါတယ်။ စိတ်ဖိစီးမှုမရှိအောင်နဲ့ စိတ်ဓာတ် ကျဆင်းမှု မရှိအောင် စိတ်ဖြေ လျှော့နည်း လမ်းတွေ အသုံးပြုပါ။

၄။သင်ခါးရိုး ကောက်နေလို့ပါ သင်အသက် ကြီးလာရင် ခန္ဓာကိုယ် ခါးနောက်ကျော ကြွက်သားတွေ အားနည်း လာတာနဲ့ ကယ်လ်ဆီယမ် ချို့တဲ့တာကြောင့် ခါးရိုးမကြီး alignment မမှန်တာ ဖြစ်သွား တတ်ပါတယ်။ ဒါကြောင့် ခါးနာ တာဖြစ်ရင် ဆရာဝန်တွေ အနေနဲ့ ခါးရိုးကောက် နေတာလား ( Scoliosis ) ဒါမှမဟုတ် disk ပြဿနာလား၊ ဒါမှမဟုတ် ခါးအသုံးများလို့ ဖြစ်တာလား ဆိုတာ ခွဲခြား ရပါတယ်။ အသက်ကြီးလာလို့ ခါးရိုးကောက် သွားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေနဲ့ ကာကွယ်လို့ ရပါတယ်။ မိမိအရပ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကို ထိန်းတာ၊ ခါးရိုးကြွက်သား အားကောင်းမယ့် လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ် ဖြတ်တာတွေ လုပ်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: မြဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top