Golden City Promotion
×

အရက္မူးၿပီးကားေမာင္းခဲ့ ေၾကာင္း၀န္ခံၿပီးေနာက္ အဂၤလန္ အသင္းေခါင္းေဆာင္ေဟာင္း ၀ိန္းရြန္းေနသည္ ကားေမာင္းခြင့္ ၂ ႏွစ္ပိတ္ပင္ခံရသည္။

ယခုလ ေစာေစာပိုင္းက မန္ ခ်က္စတာၿမိဳ႕ ျပင္ပ ၎၏ေနအိမ္အနီး ကားေမာင္းႏွင္စဥ္ အဲဗာတန္တိုက္စစ္မွဴး ရြန္းေနကုိ ရဲတပ္ဖဲြ႕ က ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

၀ိန္းရြန္းေန (၃၁)ႏွစ္က စေတာ့ေပါက္တရား႐ံုးတြင္ အ ျပစ္ရွိေၾကာင္း ၀န္ခံၿပီးေနာက္ တရား႐ံုးက ၎ကုိ ကားေမာင္းခြင့္ ၂ ႏွစ္ ပိတ္ပင္ခဲ့ကာ လူမႈေရး အလုပ္မ်ား နာရီ ၁၀၀ လုပ္ေဆာင္ရန္ ျပစ္ဒဏ္ခ်မွတ္ခဲ့သည္။ ဒဏ္ေငြေပါင္ ၁၇၀ ေပးေဆာင္ရန္လည္း တရား႐ံုးက အမိန္႔ခ်မွတ္သည္။

နံနက္ ၂ နာရီတြင္ ရဲတပ္ဖဲြ႕က ရြန္းေနကားကုိ စစ္ေဆးခ်ိန္၌ သတ္မွတ္မိုင္ႏႈန္းထက္ သံုးဆနီး ပါးပိုမ်ားေနသည္။

မိမိ၏ ျပစ္မႈအတြက္ လူသိ ရွင္ၾကားေတာင္းပန္ေၾကာင္းႏွင့္ မိမိ၏ မိသားစု၊ မန္ေနဂ်ာႏွင့္ ဥကၠ႒အပါအ၀င္ အဲဗာတန္မွ လူ တိုင္းကို ေတာင္းပန္ၿပီးျဖစ္ကာ ယခုအခါ ပရိသတ္ႏွင့္ မိိမိအား ေထာက္ခံသူအားလံုးကို ေတာင္းပန္ေၾကာင္း ရြန္းေနက ထုတ္ျပန္ေျပာၾကားသည္။    
-Ref:BBC
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
အရက်မူးပြီးကားမောင်းခဲ့ ကြောင်းဝန်ခံပြီးနောက် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနေသည် ကားမောင်းခွင့် ၂ နှစ်ပိတ်ပင်ခံရသည်။

ယခုလ စောစောပိုင်းက မန် ချက်စတာမြို့ ပြင်ပ ၎င်း၏နေအိမ်အနီး ကားမောင်းနှင်စဉ် အဲဗာတန်တိုက်စစ်မှူး ရွန်းနေကို ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဝိန်းရွန်းနေ (၃၁)နှစ်က စတော့ပေါက်တရားရုံးတွင် အ ပြစ်ရှိကြောင်း ဝန်ခံပြီးနောက် တရားရုံးက ၎င်းကို ကားမောင်းခွင့် ၂ နှစ် ပိတ်ပင်ခဲ့ကာ လူမှုရေး အလုပ်များ နာရီ ၁၀၀ လုပ်ဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဒဏ်ငွေပေါင် ၁၇၀ ပေးဆောင်ရန်လည်း တရားရုံးက အမိန့်ချမှတ်သည်။

နံနက် ၂ နာရီတွင် ရဲတပ်ဖွဲ့က ရွန်းနေကားကို စစ်ဆေးချိန်၌ သတ်မှတ်မိုင်နှုန်းထက် သုံးဆနီး ပါးပိုများနေသည်။

မိမိ၏ ပြစ်မှုအတွက် လူသိ ရှင်ကြားတောင်းပန်ကြောင်းနှင့် မိမိ၏ မိသားစု၊ မန်နေဂျာနှင့် ဥက္ကဋ္ဌအပါအဝင် အဲဗာတန်မှ လူ တိုင်းကို တောင်းပန်ပြီးဖြစ်ကာ ယခုအခါ ပရိသတ်နှင့် မိမိအား ထောက်ခံသူအားလုံးကို တောင်းပန်ကြောင်း ရွန်းနေက ထုတ်ပြန်ပြောကြားသည်။    

-Ref:BBC

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top