

(ရဲပြန်ကြား)
The Mirror Daily
Credit: thithtoolwin

#Unicode Version#
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပေါက်ပင်ကျေးရွာတွင် သြဂုတ် ၃ဝ ရက် ည ၁ဝ နာရီက လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ သရက်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ ပေါက်ပင်ကျေးရွာနေ ကုလား(ခ)သန်းထိုက်(၂၇)နှစ်သည် ပထွေး ဖြစ်သူ ကျော်မိုး(၃၆)နှစ်နှင့်အတူ ရွာ၏အနောက်ဘက်ရှိ တဲတိုက်၌ အရက် အတူသောက်နေစဉ် ခိုင်းနွားများကို ဂရုစိုက်ကျွေးမွေးရန်ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး ကျော်မိုးက အရိုးအသွား(၁ဝ)လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ကုလား (ခ)သန်းထိုက်အားထိုး၍လဲကျသွားစဉ် အရိုးအသွား(၃၁)လက်မ၊ ဗြက်နှစ်လက်မ ခန့်ရှိ ဓားမဖြင့် ထပ်ခံခုတ်သောကြောင့် ကုလား(ခ)သန်းထိုက်တွင် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ကျော်မိုးအား သရက်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top