ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

" ေန႔စဥ္ ၁၅ မိနစ္ မၽွေလာက္ေသာ အခ်ိန္ေပး၍ သင္ ၏ ဆိုးေနတဲ့ ကံ ကို ျပဳျပင္နည္း "
******************************************************************
ေသခ်င္ေလာက္ေအာင္ထိ ဆိုးေနတဲ့ ကံ ကို ကုသုိလ္ ၅-မ်ုိဳးနဲ႔ ျပဳျပင္ ယူလို႔ ရပါတယ္။ တိုက္တြန္း စကား အေန နဲ႔ ေျပာရရင္ေတာ့ ေသခ်င္ေလာက္ေအာင္ ဆိုးေနတဲ့ ကံ ကို ကုသုိလ္ ၅ မ်ဳိးနဲ႔ ေန႔စဥ္ျပဳျပင္ ပစ္လိုက္ စမ္းပါ။ ဆိုးေနတဲ့ ကံ ” နင္ေန ငါသြား ” ျဖစ္သြား ပါလိမ့္မယ္။

အဲဒီ ကုသိုလ္ ၅ မ်ဳိး ကေတာ့...
၁။ ဒါန
၂။ သီလ
၃။ ဂုဏ္ေတာ္
၄။ ေမတၱာ
၅။ ၀ိပႆ          နာ    .........  တို႔ ျဖစ္ပါတယ္။
အဲဒီ ကုသိုလ္ ၅ မ်ဳိး ကို ေန႔စဥ္ ျဖစ္ေစရမယ္ လို႔ အဓိ႒ာန္ျပီး ေန႔စဥ္ ျပဳလုပ္ သြားဖို႔ပါပဲ။


၉။ ငါး မ်ဳိး ကုသိုလ္ ဘယ္လိုျပဳရမယ္။


၉-၁။ ဒါန
-------------
ပထမဆံုး ကုသိုလ္ က ဒါန ပါ။ ဒါန ဆိုတဲ့ေနရာမွာ ရွင္၁ေသာင္းျပဳေပးႏိုင္ မွ။ ေက်ာင္းၾကီးေတြ ေဆာက္ လုပ္ လွဴဒါန္းႏိုင္မွ ဒါန မဟုတ္ပါဘူး။ အိမ္မွာ ရိွတဲ့ ဘုရား ကို ေရခ်မ္း ကပ္လိုက္မယ္ ဆိုလည္း ဒါန ျဖစ္သြား တာပါ ပဲ။

 ေနာက္ ကိုယ္ ထမင္းခ်က္မယ့္ ဆန္ ထဲက လက္တစ္ဆုတ္ စာေလာက္ႏႈိက္ျပီး အိမ္ေရွ႕က စာကေလးေတြ ခို ကေလးေတြ ကို ပစ္ေကၽြးလိုက္မယ္ ဆိုရင္လည္း ဒါနျဖစ္သြားတာပါပဲ။

ဆန္ လက္တစ္ဆုတ္ ေလာက္နဲ႔ေတာ့ မိသားစု ထမင္း၀ိုင္း ကို သိပ္ျပီးလည္း မထိခိုက္ေစပါဘူး။ ေန႔စဥ္ လက္တစ္ဆုတ္ စာေလာက္ စာကေလးေတြ ကို ေကၽြးေနမယ္ ဆိုရင္လည္း ကိုယ့္၀န္ ကိုယ့္အား နဲ႔ မွ်တဲ့ ဒါန ျဖစ္ေနတာပါ။


၉-၂။ သီလ
------------------
ဒုတိယ က သီလ ပါ။ သီလ မွာလည္း ေလာကီ ထဲမွာေနတဲ့ လူ တစ္ေယာက္ အတြက္ ငါးပါး သီလေလာက္ လံုျခံဳေအာင္ ေစာင့္ထိန္း လိုက္ႏိုင္တယ္ ဆိုရင္ပဲ ေတာ္ေတာ္ လံုေလာက္ေနပါျပီ။


တစ္ဆင့္တက္ျပီး ဥပုသ္ေန႔ေတြ မွာ ၈ ပါး သီလ၊ ၉ပါး သီလကို ေစာင့္ထိန္း ႏိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့။ သီလ ကို ေစာင့္ေရွာက္တဲ့ အတြက္ သီလ ကလည္း ကိုယ့္ကို သူ႔ သတၱိ အားေလ်ာ္စြာ ျပန္ေစာင့္ေရွာက္ ပါလိမ့္မယ္။


၉-၃။ ဂုဏ္ေတာ္
---------------
တတိယ က ဂုဏ္ေတာ္ပါ။ ဂုဏ္ေတာ္ ၉-ပါး ထဲက ကို္ယ္ႏွစ္သက္ရာ တစ္ခုခု ကို ပြားလို႔ရပါတယ္။
အရဟံ ဂုဏ္ေတာ္ကိုပဲ …
အရဟံ = ပူေဇာ္အထူး ကို ခံယူထိုက္ေသာ ျမတ္စြာဘုရား၊
အရဟံ = ကိေလသာ ကင္းစင္ေတာ္ မူေသာ ျမတ္စြာဘုရား၊
အရဟံ = ဆိတ္ကြယ္ရာ အရပ္၌ပင္ မေကာင္းမႈကို ျပဳေတာ္ မမူေသာ ျမတ္စြာဘုရား၊
လို႔ ပြားမ်ားရပါတယ္။

အရဟံ ဆိုတဲ့ ပါဠိေလးရယ္။ အရဟံ ရဲ႕ ေနာက္က အနက္ သံုးမ်ဳိးရယ္ က ပြားလို႔ ဆင္ျခင္လို႔ သိပ္ေကာင္းတဲ့ ပါဠိ နဲ႔ အနက္ေလးေတြပါ။

ဂုဏ္ေတာ္ ပြားတဲ့ အတြက္ ဂုဏ္ေတာ္ က သူ႔ သတိၱအားေလ်ာ္စြာ ျပန္ေစာင့္ေရွာက္ေန ပါလိမ့္မယ္။


၉-၄။ ေမတၱာ
-------------------
စတုတၳ က ေမတၱာပါ။ ေမတၱာ ပြားတဲ့ေနရာမွာ ပြားနည္းေတြ ကေတာ့ သီသန္႔ အက်ယ္ ကို ရိွပါတယ္။ စာေရးသူ ရဲ႕ ေမတၱာ အေတြးမ်ား စာအုပ္ မွာလည္း ပြားပံု ျပည့္ျပည့္ စံုစံု ေရးျပထားပါတယ္။

 ေမတၱာပြားတဲ့ ေနရာ မွာ အဓိက အၾကံေပးခ်င္ တာေတာ့ ပထမ ကိုယ့္ အေပၚ ေက်းဇူး ရိွတဲ့ ေက်းဇူးမ်ားတဲ့ လူပုဂၢိဳလ္ အားလံုးကို တစ္ေယာက္ခ်င္း ကုန္ေအာင္ ပြားပါ။ ျပီးရင္ နတ္ေကာင္း နတ္ျမတ္ေတြ၊ ကိုယ္ေစာင့္ နတ္-အိမ္ေစာင့္နတ္ ကစျပီး၊ လမ္းျမိဳ႕နယ္၊ ျမိဳ႕၊ ႏိုင္ငံ ကို ေစာင့္ေရွာက္ေနၾကေသာ နတ္ေကာင္း နတ္ျမတ္ေတြ အားလံုး ကိုယ္ဆင္းရဲ စိတ္ဆင္းရဲ ကင္းပါေစ၊ အစစအရာရာ အဆင္ေျပ ပါေစ… စသည္ျဖင့္ ေပါ့ေလ။


၉-၅။ ၀ိပႆ           နာ
------------------
ေနာက္ဆံုးက ၀ိပႆ         နာ  ပါ။ ၀ိပႆ        နာ ကေတာ့ ကိုယ္ အားထုတ္ဖူးရာ-ကိုယ္သန္ရာ သန္ရာ ကိုယ့္ အာစရိယ ၀ါဒ အတုိုင္း မွတ္ယူလို႔ ရပါတယ္။
(မည္သည့္ တရားစခန္း မည္သည့္ အာစရိယ ၀ါဒမွ် သင္ၾကားထားျခင္း မရိွသူမ်ား အဖို႔ အစပိုင္းတြင္ တင္ပလႅင္ေခြ (ထက္၀ယ္ ဖြဲ႔ေခြ) ထိုင္၊ ဘယ္လက္ေပၚ ညာလက္ထပ္တင္၊ ခါး-လည္ပင္း-ဦးေခါင္းကို မတ္မတ္ထား၊ အသက္ကို ပံုမွန္ ရွဴလွ်က္ ၀င္ေလ ၀င္လာလွ်င္ ၀င္ လာ သည္ဟု သိေပး၊ ထြက္ေလ ထြက္သြားရင္ ထြက္သြား သည္ဟု သိေပးျခင္းျဖင့္ မိမိ စိတ္ကို ထိုထိုႏွာသီး၀ သို႔သာ စူးစိုက္ေရာက္ရိွေစရန္ ပဏာမ ေလ့က်င့္ၾကလွ်က္ ၇ ရက္ စခန္း-၁၀ ရက္ စခန္း စသည္တို႔ကို ၀င္ေရာက္ႏိုင္ရန္ တိုး၍ ၾကိဳးစား ၾကသင့္ေပသည္။ )



၁၀။ ကုသိုလ္-၅မ်ဳိး တစ္ေန႔တာ
ကဲ … စာဖတ္သူ၊ စိတ္ကူး နဲ႔ပဲ ကုသိုလ္ ၅ မ်ဳိး ကို စမ္းၾကည့္ရေအာင္ပါ။


၁၀-၁။ အိပ္ရာထ
----------------------
မနက္ အိပ္ရာက ထတာ နဲ႔ ကိုယ္လက္ သန္႔စင္ျပီး မိသားစု ကိစၥေတြ ကို ဘာမွ မလုပ္နဲ႔ဦး။ ဘုရားခန္း ကို အရင္သြားပါ။

ဘုရားေသာက္ေတာ္ေရ ကို အရင္ကပ္ပါ။ (ဒါန)
ကပ္ျပီး ရင္ ၅ပါး သီလ ခံယူပါ။ (သီလ)
အဲဒါျပီးရင္ ဂုဏ္ေတာ္ ကို ၅-မိနစ္ ( ဂုဏ္ေတာ္ )
ေမတၱာ ကို ၅-မိနစ္ ပြားပါ။ ( ေမတၱာ )
ျပီးရင္ ၀ိပႆ         နာ ၅-မိနစ္ ပြားမ်ားပါ။ ( ၀ိပႆ         နာ )


အင္မတန္ နည္းပါး တဲ့ ၁၅ မိနစ္ အခ်ိန္ေလာက္ေတာ့ လူတိုင္း လုပ္ႏိုင္ေလာက္မယ္ ထင္ပါတယ္။ ( ၅မိနစ္စီ ဆိုသည္မွာ အနည္းဆံုး ျပဳရန္ အခ်ိန္ကို ဆိုလိုျခင္းျဖစ္ျပီး မိမိ တို႔၏ ခြန္အား အလိုက္ သဒၶါ တရား အလိုက္ ၁၀မိနစ္စီ၊ နာရီ ၀က္စီ၊ တစ္နာရီစီ စသည္ျဖင့္ အဓိ႒ာန္ျပဳ ေန႔တစ္ေန႔တာရဲ႕ အစ ကို ကုသိုလ္ ၅မ်ဳိးနဲ႔ စလိုက္တာ ဘယ္ေလာက္ က်က္သေရ ရိွသြားလဲ ။

အိပ္ရာ ထျပီး နာရီ၀က္ ၁ နာရီ အတြင္းမွာပဲ ကုသုိလ္ ၅ မ်ဳိး ရေနပါျပီ။ အဲဒီ ကုသိုလ္ ၅  မ်ဳိးျပဳျပီး မွ မိသားစု ကိစၥ၊ ကိုယ့္ ကိစၥ ေ၀ယ်ာ၀စၥေတြ ကို ျပဳလုပ္ပါ။


၁၀-၂။ ေန႔လည္
---------------
အဲဒီလို နဲ႔ မနက္စာ စားျပီးတဲ့ အခါ ဆန္ လက္တစ္ဆုတ္ စာယူျပီး ျခံေရွ႕မွာ ငွက္ ကေလးေတြ အတြက္ ပက္ေကၽြးလိုက္ပါဦး။

 ေကၽြးျပီးသြားရင္ အဆစ္ အေနနဲ႔ ” ဒီေန႔ မနက္ ျပဳျဖစ္ ခဲ့တဲ့ ကုသိုလ္ ၅ မ်ဳိး ကိုလည္း အမွ် ေပးေ၀ပါတယ္။ အမွ် အမွ် အမွ် ယူေတာ္မူၾကပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုျပီး နတ္ေကာင္း နတ္ျမတ္မ်ားနဲ႔ တကြ ေ၀ေနယ် အေပါင္းကို အမွ်ေပးေ၀လိုက္ပါဦး။


၁၀-၃။ ညပိုင္း
-----------------
တတ္ႏိုင္တယ္။ အခ်ိန္ရတယ္။ သဒၶါ တရားလဲ ထက္သန္ လာတယ္ ဆိုရင္ ညပိုင္း ကိုးရီးယား ကားေလး မလာခင္၊ ဒါမွ မဟုတ္ ကိုးရီးယား ကားေလး ျပီးသြားတဲ့ အခါ ကုသိုလ္ ငါးမ်ဳိး ကို မနက္က အတိုင္း တစ္ၾကိမ္ ထပ္လုပ္လိုက္ပါဦး။



၁၁။ ေန႔စဥ္ျပဳအပ္သည္
------------------------
ဒီ အတိုင္းသာ ေန႔စဥ္ျပဳသြားစမ္းပါ။ ဆိုးေနတဲ့ ကံဟာ ေတာင္းပန္ျပီး ထြက္သြား ဦးမွာပါ။
ဒါေပမယ့္ ဒီေန႔ လုပ္-နက္ျဖန္ျဖစ္ ဆိုတဲ့ ပံုစံမ်ဳိးေတာ့ ဘယ္ျဖစ္ႏိုင္မွာလဲ။ တစ္လ တန္သည္ တစ္ႏွစ္ တန္ သည္ေတာ့ စြဲလုပ္ရပါမယ္။

ရက္ မပ်က္ေအာင္ အဓိ႒ာန္ျပဳ၍ လုပ္ရပါမယ္။ အကုသိုလ္ ဆိုတဲ့ အင္းအား က ၾကီးလြန္းေနရင္ေတာ့ ခ်က္ျခင္းၾကီး ရႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကုသိုလ္ အင္အား ေကာင္းလာတာနဲ႔ အမွ် ကုသုိလ္ အင္အား ကို ၾကည့္ျပီး လန္႔ေျပးသြားမွာပါ။


ဒါက ကံဆိုး ေနတဲ့သူေတြ ကို ေျပာတာပါ။
-------------------------------------------------



ကံေကာင္း ေနတဲ့သူေတြ အတြက္လည္း အျမဲတမ္း ကံေကာင္းေနေအာင္ ကုသိုလ္ ၅ မ်ဳိး နဲ႔ အျမဲျပဳ စု ေစာင့္ေရွာက္ေနသင့္ ပါတယ္။


ဒီ ကုသုိလ္ ၅  မ်ဳိးနဲ႔ ကံေကာင္းေအာင္ လုပ္ေနတဲ့ အတြက္ ဒုတိယ ဘ၀၊ တတိယ ဘ၀ စသည္ေတြမွာ လည္း ဆက္ျပီး ကံေကာင္းေနဦးမွာပါ။



၁၂။ ဒုကၡၾကံရင္ သစၥာဆို။
-----------------------------
ဒီ ကုသိုလ္ ၅  မ်ဳိး ကို ကံေကာင္းျခင္း၊ ကံဆိုးျခင္းေၾကာင့္ မဟုတ္ဘဲ ေန႔စဥ္ ၀တ္တစ္ခု အေနနဲ႔ ျပဳရပါမယ္။ အဲဒီလို ျပဳေနစဥ္ အတြင္းမွာပဲ ဘ၀ အခက္အခဲ တစ္ခု ၾကံဳလာမယ္၊ ဒါဆို ကိုယ္ျပဳတဲ့ ကုသိုလ္ ၅ မ်ဳိးကို ေန႔စဥ္ အမွ်ေပးေ၀ေနတဲ့ နတ္ေကာင္းန တ္ျမတ္ေတြကို တိုင္တည္ျပီး သစၥာ ဆိုလို႔လည္း ရပါတယ္။

” ကၽြႏ္ႈပ္ သည္ ကုသိုလ္ ၅ မ်ဳိးကို ေန႔စဥ္ျပဳျပီး၊ နတ္ေကာင္းန တ္ျမတ္ မ်ားကိုလည္း ေန႔စဥ္ အမွ်ေပးေ၀ခဲ့ ပါ တယ္။ ဤ သစၥာစကား မွန္ကန္ပါက ယခုေတြ႕ၾကံဳေနရေသာ အခက္အခဲ မ်ား ေျပေပ်ာက္ ပါေစသတည္း။ နတ္ေကာင္း နတ္ျမတ္တို႔ က ကူညီမစေတာ္မူပါ ” စသည္ျဖင့္ေပါ့ေလ…..



၁၃။ သံသရာ ကပင္ ကၽြတ္ႏိုင္ရဲ႕
-------------------------------------
ကုသိုလ္ ၅-မ်ဳိး ထဲမွာ ၀ိပႆ         နာလည္း ပါေနေတာ့ တရား မွတ္ရင္ ပါရမီ ပါခဲ့ရင္ တစ္မဂ္ တစ္ဖိုလ္ မွ သည္ ေလးမဂ္၊ ေလးဖိုလ္ အထိ တရားထူး တရားျမတ္ေတြ ရသြားျပီး သံသရာ၀ဋ္ က ကၽြတ္သြားႏိုင္ပါေသး တယ္။

ကုသိုလ္ ၅  မ်ဳိးကို ဘယ္ အဆင့္အထိ ျပဳရမလဲ … ဆိုရင္ ညအိပ္ရာ၀င္ လို႔မွ ဒီေန႔ တစ္ေန႔တာ အတြက္ ကုသိုလ္ ၅  မ်ဳိး မျပဳရေသးရင္ အိပ္လို႔ လံုး၀ မေပ်ာ္တဲ့ အဆင့္ ခ်က္ျခင္း ထလုပ္လိုက္မွ အိပ္ေပ်ာ္တယ္ အိပ္လို႔ ရတယ္ ဆိုတဲ့ အဆင့္ထိ ျပဳလုပ္ၾကရပါတယ္ …


ကဲ …. စာဖတ္သူ … ၊ ကံ နဲ႔ ပတ္သက္လို႔ ေသခ်င္ေလာက္ေအာင္ ဆိုးေနပါေစ။ ကုသိုလ္ ၅ မ်ဳိး နဲ႔သာ ေန႔စဥ္ ျပဳျပင္ လိုက္စမ္းပါ။ မၾကာခင္ ကံေကာင္းလာပါလိမ့္မယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: နွင္းဆီဖူးေလးမ်ား

# Unicode Version #
" နေ့စဉ် ၁၅ မိနစ် မျှလောက်သော အချိန်ပေး၍ သင် ၏ ဆိုးနေတဲ့ ကံ ကို ပြုပြင်နည်း "
******************************************************************
သေချင်လောက်အောင်ထိ ဆိုးနေတဲ့ ကံ ကို ကုသိုလ် ၅-မျိုးနဲ့ ပြုပြင် ယူလို့ ရပါတယ်။ တိုက်တွန်း စကား အနေ နဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ ကံ ကို ကုသိုလ် ၅ မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက် စမ်းပါ။ ဆိုးနေတဲ့ ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။

အဲဒီ ကုသိုလ် ၅ မျိုး ကတော့...
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၄။ မေတ္တာ
၅။ ဝိပဿ          နာ    .........  တို့ ဖြစ်ပါတယ်။
အဲဒီ ကုသိုလ် ၅ မျိုး ကို နေ့စဉ် ဖြစ်စေရမယ် လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။


၉။ ငါး မျိုး ကုသိုလ် ဘယ်လိုပြုရမယ်။


၉-၁။ ဒါန
-------------
ပထမဆုံး ကုသိုလ် က ဒါန ပါ။ ဒါန ဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင် မှ။ ကျောင်းကြီးတွေ ဆောက် လုပ် လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာ ရှိတဲ့ ဘုရား ကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွား တာပါ ပဲ။

 နောက် ကိုယ် ထမင်းချက်မယ့် ဆန် ထဲက လက်တစ်ဆုတ် စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခို ကလေးတွေ ကို ပစ်ကျွေးလိုက်မယ် ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။

ဆန် လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်း ကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေ ကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အား နဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။


၉-၂။ သီလ
------------------
ဒုတိယ က သီလ ပါ။ သီလ မှာလည်း လောကီ ထဲမှာနေတဲ့ လူ တစ်ယောက် အတွက် ငါးပါး သီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။


တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေ မှာ ၈ ပါး သီလ၊ ၉ပါး သီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလ ကို စောင့်ရှောက်တဲ့ အတွက် သီလ ကလည်း ကိုယ့်ကို သူ့ သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။


၉-၃။ ဂုဏ်တော်
---------------
တတိယ က ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါး ထဲက ကိုယ်နှစ်သက်ရာ တစ်ခုခု ကို ပွားလို့ရပါတယ်။
အရဟံ ဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူး ကို ခံယူထိုက်သော မြတ်စွာဘုရား၊
အရဟံ = ကိလေသာ ကင်းစင်တော် မူသော မြတ်စွာဘုရား၊
အရဟံ = ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော် မမူသော မြတ်စွာဘုရား၊
လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံ ရဲ့ နောက်က အနက် သုံးမျိုးရယ် က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိ နဲ့ အနက်လေးတွေပါ။

ဂုဏ်တော် ပွားတဲ့ အတွက် ဂုဏ်တော် က သူ့ သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။


၉-၄။ မေတ္တာ
-------------------
စတုတ္ထ က မေတ္တာပါ။ မေတ္တာ ပွားတဲ့နေရာမှာ ပွားနည်းတွေ ကတော့ သီသန့် အကျယ် ကို ရှိပါတယ်။ စာရေးသူ ရဲ့ မေတ္တာ အတွေးများ စာအုပ် မှာလည်း ပွားပုံ ပြည့်ပြည့် စုံစုံ ရေးပြထားပါတယ်။

 မေတ္တာပွားတဲ့ နေရာ မှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့် အပေါ် ကျေးဇူး ရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ် အားလုံးကို တစ်ယောက်ချင်း ကုန်အောင် ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့် နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံ ကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။


၉-၅။ ဝိပဿ           နာ
------------------
နောက်ဆုံးက ဝိပဿ         နာ  ပါ။ ဝိပဿ        နာ ကတော့ ကိုယ် အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ဝါဒ အတိုင်း မှတ်ယူလို့ ရပါတယ်။
(မည်သည့် တရားစခန်း မည်သည့် အာစရိယ ဝါဒမျှ သင်ကြားထားခြင်း မရှိသူများ အဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ (ထက်ဝယ် ဖွဲ့ခွေ) ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန် ရှူလျှက် ဝင်လေ ဝင်လာလျှင် ဝင် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွား သည်ဟု သိပေးခြင်းဖြင့် မိမိ စိတ်ကို ထိုထိုနှာသီး၀ သို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ ရက် စခန်း-၁၀ ရက် စခန်း စသည်တို့ကို ဝင်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )



၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ
ကဲ … စာဖတ်သူ၊ စိတ်ကူး နဲ့ပဲ ကုသိုလ် ၅ မျိုး ကို စမ်းကြည့်ရအောင်ပါ။


၁၀-၁။ အိပ်ရာထ
----------------------
မနက် အိပ်ရာက ထတာ နဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေ ကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်း ကို အရင်သွားပါ။

ဘုရားသောက်တော်ရေ ကို အရင်ကပ်ပါ။ (ဒါန)
ကပ်ပြီး ရင် ၅ပါး သီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော် ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာ ကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ဝိပဿ         နာ ၅-မိနစ် ပွားများပါ။ ( ဝိပဿ         နာ )


အင်မတန် နည်းပါး တဲ့ ၁၅ မိနစ် အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန် အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိ တို့၏ ခွန်အား အလိုက် သဒ္ဓါ တရား အလိုက် ၁၀မိနစ်စီ၊ နာရီ ဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု နေ့တစ်နေ့တာရဲ့ အစ ကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။

အိပ်ရာ ထပြီး နာရီဝက် ၁ နာရီ အတွင်းမှာပဲ ကုသိုလ် ၅ မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅  မျိုးပြုပြီး မှ မိသားစု ကိစ္စ၊ ကိုယ့် ကိစ္စ ဝေယျာဝစ္စတွေ ကို ပြုလုပ်ပါ။


၁၀-၂။ နေ့လည်
---------------
အဲဒီလို နဲ့ မနက်စာ စားပြီးတဲ့ အခါ ဆန် လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက် ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

 ကျွေးပြီးသွားရင် အဆစ် အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ် ခဲ့တဲ့ ကုသိုလ် ၅ မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့ တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။


၁၀-၃။ ညပိုင်း
-----------------
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါ တရားလဲ ထက်သန် လာတယ် ဆိုရင် ညပိုင်း ကိုးရီးယား ကားလေး မလာခင်၊ ဒါမှ မဟုတ် ကိုးရီးယား ကားလေး ပြီးသွားတဲ့ အခါ ကုသိုလ် ငါးမျိုး ကို မနက်က အတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။



၁၁။ နေ့စဉ်ပြုအပ်သည်
------------------------
ဒီ အတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ ကံဟာ တောင်းပန်ပြီး ထွက်သွား ဦးမှာပါ။
ဒါပေမယ့် ဒီနေ့ လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လ တန်သည် တစ်နှစ် တန် သည်တော့ စွဲလုပ်ရပါမယ်။

ရက် မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ် ဆိုတဲ့ အင်းအား က ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ် အင်အား ကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။


ဒါက ကံဆိုး နေတဲ့သူတွေ ကို ပြောတာပါ။
-------------------------------------------------



ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ် ၅ မျိုး နဲ့ အမြဲပြု စု စောင့်ရှောက်နေသင့် ပါတယ်။


ဒီ ကုသိုလ် ၅  မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့ အတွက် ဒုတိယ ဘဝ၊ တတိယ ဘ၀ စသည်တွေမှာ လည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။



၁၂။ ဒုက္ခကြံရင် သစ္စာဆို။
-----------------------------
ဒီ ကုသိုလ် ၅  မျိုး ကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ် ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ ကုသိုလ် ၅ မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

” ကျွန်ှုပ် သည် ကုသိုလ် ၅ မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ ပါ တယ်။ ဤ သစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲ များ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့ က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..



၁၃။ သံသရာ ကပင် ကျွတ်နိုင်ရဲ့
-------------------------------------
ကုသိုလ် ၅-မျိုး ထဲမှာ ဝိပဿ         နာလည်း ပါနေတော့ တရား မှတ်ရင် ပါရမီ ပါခဲ့ရင် တစ်မဂ် တစ်ဖိုလ် မှ သည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူး တရားမြတ်တွေ ရသွားပြီး သံသရာဝဋ် က ကျွတ်သွားနိုင်ပါသေး တယ်။

ကုသိုလ် ၅  မျိုးကို ဘယ် အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင် လို့မှ ဒီနေ့ တစ်နေ့တာ အတွက် ကုသိုလ် ၅  မျိုး မပြုရသေးရင် အိပ်လို့ လုံး၀ မပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …


ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅ မျိုး နဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: နှင်းဆီဖူးလေးများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top