ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေအာင္ျမင္ေနတဲ့အဆိုေတာ္တစ္ေယာက္က သာမာန္ တဒဂၤ ေတြ႔ဆံုခဲ့တဲ့ အဘြားတစ္ေယာက္ရဲ႕ က်န္းမာေရးကို မေမ့မေလ်ာ့ပဲ အေလးထားျပီး ကူညီေပးခဲ့တယ္ဆိုတာ တကယ္ရွားပါတယ္ ။

ေအာင္ျမင္ေနတဲ့အႏုပညာရွင္မေျပာပါနဲ႔ သာမာန္ပိုက္ဆံရွိလူခ်မ္းသာတစ္ေယာက္ေတာင္ ဒီလိုၾကံဳလာရင္ ကိုယ့္အေၾကာင္းေတြနဲ႔ကိုယ္ အလုပ္ရႈပ္ျပီး ေမ့သြားၾကမွာပါ ..........

အတန္အသင့္ေအာင္ျမင္ေနျပီျဖစ္တဲ့ ကိုယုန္ေလး (ေခၚ) ေက်ာ္ဖုန္းေအာင္ကေတာ့ ဒီလိုအဟုတ္ခဲ့ပါဘူး ၊ အမွတ္တမဲ့ဆံုခဲ့တဲ့ အဘြားတစ္ေယာက္အတြက္ ေဆးရံုတက္ဖို႔အျပင္ ၊ မ်က္စိခြဲစိတ္ျပီး ေထာက္ပံ့ေပးဖို႔ေတာင္ သူမသြားႏိုင္လို႔ သြားေပးဖို႔ ကို ေတာင္းဆိုခဲ့တဲ့သူရယ္ပါ ၊

သူကူညီခဲ့ပံုကို Orginal Gangster Page က Admin ကေန အမွတ္တမဲ့ ရိုက္ထားမိတဲ့ Video ေလးနဲ႔ ကိုယုန္ေလးေမြးေန႕မွာ Suprise လုပ္ေပးခဲ့ျပီး ဒီလိုေရးသားထားပါတယ္ "တစ္​​​ေန႔ က်​ေနာ္​တို႔ခရီးသြားဖို႔ လက္​ဘက္​ရည္​ဆိုင္​မွာ လူစုရင္​း ထိုင္​​ေနတုန္​းဆိုပါ​ေတာ့။ ကိုယုန္​​ေလးလဲ ႐ွိ​ေနတယ္​။ အဲ့အခ်ိန္​မွာ အဘြားတစ္​​ေယာက္​ ​​ေရာက္​လာတယ္​။

ပထမ​ေတာ့ ကိုယုန္​ရယ္​ အဲ့အဘြားရယ္​ စကား​ေတြ​ေျပာ​ေနတာ​ေတြ႔တယ္​။ ကိုယ္လဲ ဘာမွန္​းမသိဘူးရယ္​။ ၾကားတစ္​ခ်က္​ မၾကားတစ္​ခ်က္​ပဲ။ အာရံုကတျခား​ေရာက္​​ေနတာကိုး။ 😁

​ေနာက္​​ေတာ့မွ မ်က္​စိခြဲ​​ေပးဖို႔ စီစဥ္​​ေပးမယ္​ ဘာညာနဲ႔ ကိုယုန္​႔အသံၾကား​ေတ့ာ စိတ္​ဝင္​စားသြားတယ္​။ အာ့နဲ႔ ​ေသခ်ာအာရံုစိုက္​နား​ေထာင္​ရင္​း လက္​ထဲမွာ အဆင္​သင္​့႐ွိ​ေနတဲ့ ကင္​မရာနဲ႔ မွတ္​တမ္​း​ေကာက္​တင္​လိုက္​မိတယ္​။ အဲ့ထိလဲ ကိုယ္​က အက်င္​့ပါ​ေနလို႔ ​ေတြ႕ရာသာလိုက္​႐ိုက္​တာ ဘာအစီစဥ္​မွမ႐ွိဘူး။

ခရီးသြားတဲ့လမ္​းမွာ ကိုယုန္​႔ကို ႐ိုက္​ထားတဲ့ မွတ္​တမ္​း video ေလးျပ​ေတာ့ ​"ဟ...မင္​းဟာက ျမန္​လိုက္​တာ ဘယ္​ခ်ိန္​ထ႐ိုက္​လိုက္​တာတုန္​း" တဲ့။ အက္မင္​လက္​ကလဲ ဒါမ်ိဳးဆို သိပ္​ျမန္​တာ :p

​ေနာက္​ခရီးကျပန္​​ေရာက္​​ေတာ့လဲ ​ေမ့​ေမ့​ေလ်ာ့​ေလ်ာ့ပဲ သိပ္​ၿပီးအာရံုမရ​ေသးဘူး။ ​ေနာက္​​ေတာ့ ကိုယုန္​က သူမအားလို႔ ကိုယ္​တိုင္​မသြားႏိုင္​လို႔ အဘြားကို ​ေဆးရံုပို႔ဖို႔​ေတြ မ်က္​လံုးခြဲပီးတဲ့​ေနာက္​ ​ေငြ​ေၾကး​ေထာက္​ပံ့​ေပးဖို႔ အဘြားအိမ္​ကို သြား​ေပးပါလို႔ ​ေျပာ​ေတာ့မွ ​ေအာ္​ သူတကယ္​ မ​ေမ့မ​ေလ်ာ့နဲ႔ လုပ္​​ေပးတာပဲလို႔ သိရတာ။

အက္​မင္​လဲ သြားရင္​း ဒါ​ေလး​ေတြကို သြားတိုင္​း မွတ္​တမ္​းတင္​ထားမိတယ္​။ ခုတိုက္​ဆိုင္​​ေတာ့ ကိုယုန္​႔ေမြး​ေန႔ကလဲ ႐ွိ​ေနတယ္​။ အက္​မင္​​ကလဲ ခရီးထြက္​​ေန​ေတာ့ ​ညက သူ႔ရဲ႕ေမြး​ေန႔ပြဲကို မသြားလိုက္​ႏိုင္​ဘူး။ အဲ့ဒါ​ေၾကာင္​့ မွတ္​မွတ္​ရရ မွတ္​တမ္​းတင္​ထားတာ​ေလး​ေတြကို ကိုယုန္​႔​ (အသားမဲၿပီး ႐ုပ္​ဆိုးသ​ေလာက္​ စြန္​းသ​ေဘာမ​ေနာ​ေကာင္​းၿပီး ​စိတ္​ထားျဖဴဆင္​တဲ့ ဘဲႀကီး :p ) အတြက္​ ​​ေသခ်ာ Edit ​လုပ္​​ၿပီး ​ေမြး​ေန႔လက္​​ေဆာင္​အျဖစ္​ ​ေပးလိုက္​ပါတယ္​။

အရင္​က အ​ေပါက္​ဆိုးလို႔ တစ္​ခုခုဆို ဝုန္​းဒိုင္​းထလုပ္​တတ္​လို႔ ကိုယုန္​႔အ​ေပၚမုန္​း​ေနၾကတဲ့ ပရိတ္​သတ္​​ေတြ႐ွိရင္​လဲ ဒီမွတ္​တမ္​းဗီဒီယို​ေလးကို ၾကည္​့ၿပီး သူ႔ရဲ႕အတြင္​းစိတ္​ကို ျမင္​ႏိုင္မွာမို႔ ​ေက်နပ္​ၾကလိမ္​့မယ္​လို႔ ထင္​ပါတယ္​။

Happy Birthday Ko Kyaw Phone Aung
ဒီ​ေမြး​ေန႔လက္​​ေဆာင္​​ေလးကို ႏွစ္​သက္​မယ္​လို႔ထင္​ပါတယ္​။ အမွားပါခဲ့ရင္​လဲ ခြင္​့လြတ္​ပါ။ 😁
​ေနာင္​ကို ယခုထပ္​ပိုၿပီး အမ်ား​ေကာင္​းက်ိဳးသယ္​ပိုးထမ္​းရြက္​ႏိုင္​ပါ​ေစ။ ၿပီး​ေတာ့ ​ယခုထပ္​ပုိၿပီး ​ေအာင္​ျမင္​တဲ့အႏုပညာ႐ွင္​​ေကာင္​း တစ္​​ေယာက္​ျဖစ္​ပါ​ေစလို႔ OG အက္​မင္​က ဆုမြန္​​ေ​ကာင္း​ ေတာင္​းလိုက္​ပါတယ္​" ဆိုျပီး ဗီဒီယို ေလးနဲ႔ တင္ထားေပးခဲ့တာပါ ။

ကိုယုန္ေလးကလည္း " တကယ္ မထင္ထားတဲ့ ပီတိ အျဖစ္ဆံုးေမြးေန႔ လက္ေဆာင္ပါ။
အရမ္းကိုေက်းဇူးတင္ပါတယ္။
ကြ်န္ေတာ္က ကိုယ္တိုင္မသြားနိုင္လို႔မွတ္တမ္းတင္ဖို႔ အစီစဥ္မရိွခဲ့ပါဘူး။
ဒီတိုင္းက သူအဆင္ေျပရင္ျပီးေရာေပါ့ အခုဒါေလးကို ဒီလိုေလူျပန္ေတြ႕ရေတာ့ ေတာ္ေတာ္ပီတ္ျဖစ္မိပါတယ္။
ေနာက္လည္း ႀကံဳသလို လုိအပ္တဲ့လူေတြကိုတတ္နိုင္သေလာက္ကူမွာပါ။" ဆိုျပီး သူ႕ရဲ႕ Facebook Page မွာ ေရးသားထားပါတယ္။

source - Kyaw Phone Aung (Facebook Page)

ဖိုးသူေတာ္ (www.phothutaw.com)

# Unicode Version #
အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်က သာမာန် တဒင်္ဂ တွေ့ဆုံခဲ့တဲ့ အဘွားတစ်ယောက်ရဲ့ ကျမ်းမာရေးကို မမေ့မလျော့ပဲ အလေးထားပြီး ကူညီပေးခဲ့တယ်ဆိုတာ တကယ်ရှားပါတယ် ။

အောင်မြင်နေတဲ့အနုပညာရှင်မပြောပါနဲ့ သာမာန်ပိုက်ဆံရှိလူချမ်းသာတစ်ယောက်တောင် ဒီလိုကြုံလာရင် ကိုယ့်အကြောင်းတွေနဲ့ကိုယ် အလုပ်ရှုပ်ပြီး မေ့သွားကြမှာပါ ..........

အတန်အသင့်အောင်မြင်နေပြီဖြစ်တဲ့ ကိုယုန်လေး (ခေါ်) ကျော်ဖုန်းအောင်ကတော့ ဒီလိုအဟုတ်ခဲ့ပါဘူး ၊ အမှတ်တမဲ့ဆုံခဲ့တဲ့ အဘွားတစ်ယောက်အတွက် ဆေးရုံတက်ဖို့အပြင် ၊ မျက်စိခွဲစိတ်ပြီး ထောက်ပံ့ပေးဖို့တောင် သူမသွားနိုင်လို့ သွားပေးဖို့ ကို တောင်းဆိုခဲ့တဲ့သူရယ်ပါ ၊

သူကူညီခဲ့ပုံကို Orginal Gangster Page က Admin ကနေ အမှတ်တမဲ့ ရိုက်ထားမိတဲ့ Video လေးနဲ့ ကိုယုန်လေးမွေးနေ့မှာ Suprise လုပ်ပေးခဲ့ပြီး ဒီလိုရေးသားထားပါတယ် "တစ်နေ့ ကျနော်တို့ခရီးသွားဖို့ လက်ဘက်ရည်ဆိုင်မှာ လူစုရင်း ထိုင်နေတုန်းဆိုပါတော့။ ကိုယုန်လေးလဲ ရှိနေတယ်။ အဲ့အချိန်မှာ အဘွားတစ်ယောက် ရောက်လာတယ်။

ပထမတော့ ကိုယုန်ရယ် အဲ့အဘွားရယ် စကားတွေပြောနေတာတွေ့တယ်။ ကိုယ်လဲ ဘာမှန်းမသိဘူးရယ်။ ကြားတစ်ချက် မကြားတစ်ချက်ပဲ။ အာရုံကတခြားရောက်နေတာကိုး။ 😁

နောက်တော့မှ မျက်စိခွဲပေးဖို့ စီစဉ်ပေးမယ် ဘာညာနဲ့ ကိုယုန့်အသံကြားတေ့ာ စိတ်ဝင်စားသွားတယ်။ အာ့နဲ့ သေချာအာရုံစိုက်နားထောင်ရင်း လက်ထဲမှာ အဆင်သင့်ရှိနေတဲ့ ကင်မရာနဲ့ မှတ်တမ်းကောက်တင်လိုက်မိတယ်။ အဲ့ထိလဲ ကိုယ်က အကျင့်ပါနေလို့ တွေ့ရာသာလိုက်ရိုက်တာ ဘာအစီစဉ်မှမရှိဘူး။

ခရီးသွားတဲ့လမ်းမှာ ကိုယုန့်ကို ရိုက်ထားတဲ့ မှတ်တမ်း video လေးပြတော့ "ဟ...မင်းဟာက မြန်လိုက်တာ ဘယ်ချိန်ထရိုက်လိုက်တာတုန်း" တဲ့။ အက်မင်လက်ကလဲ ဒါမျိုးဆို သိပ်မြန်တာ :p

နောက်ခရီးကပြန်ရောက်တော့လဲ မေ့မေ့လျော့လျော့ပဲ သိပ်ပြီးအာရုံမရသေးဘူး။ နောက်တော့ ကိုယုန်က သူမအားလို့ ကိုယ်တိုင်မသွားနိုင်လို့ အဘွားကို ဆေးရုံပို့ဖို့တွေ မျက်လုံးခွဲပီးတဲ့နောက် ငွေကြေးထောက်ပံ့ပေးဖို့ အဘွားအိမ်ကို သွားပေးပါလို့ ပြောတော့မှ အော် သူတကယ် မမေ့မလျော့နဲ့ လုပ်ပေးတာပဲလို့ သိရတာ။

အက်မင်လဲ သွားရင်း ဒါလေးတွေကို သွားတိုင်း မှတ်တမ်းတင်ထားမိတယ်။ ခုတိုက်ဆိုင်တော့ ကိုယုန့်မွေးနေ့ကလဲ ရှိနေတယ်။ အက်မင်ကလဲ ခရီးထွက်နေတော့ ညက သူ့ရဲ့မွေးနေ့ပွဲကို မသွားလိုက်နိုင်ဘူး။ အဲ့ဒါကြောင့် မှတ်မှတ်ရရ မှတ်တမ်းတင်ထားတာလေးတွေကို ကိုယုန့် (အသားမဲပြီး ရုပ်ဆိုးသလောက် စွန်းသဘောမနောကောင်းပြီး စိတ်ထားဖြူဆင်တဲ့ ဘဲကြီး :p ) အတွက် သေချာ Edit လုပ်ပြီး မွေးနေ့လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။

အရင်က အပေါက်ဆိုးလို့ တစ်ခုခုဆို ဝုန်းဒိုင်းထလုပ်တတ်လို့ ကိုယုန့်အပေါ်မုန်းနေကြတဲ့ ပရိတ်သတ်တွေရှိရင်လဲ ဒီမှတ်တမ်းဗီဒီယိုလေးကို ကြည့်ပြီး သူ့ရဲ့အတွင်းစိတ်ကို မြင်နိုင်မှာမို့ ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။

Happy Birthday Ko Kyaw Phone Aung
ဒီမွေးနေ့လက်ဆောင်လေးကို နှစ်သက်မယ်လို့ထင်ပါတယ်။ အမှားပါခဲ့ရင်လဲ ခွင့်လွတ်ပါ။ 😁
နောင်ကို ယခုထပ်ပိုပြီး အများကောင်းကျိုးသယ်ပိုးထမ်းရွက်နိုင်ပါစေ။ ပြီးတော့ ယခုထပ်ပိုပြီး အောင်မြင်တဲ့အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်ပါစေလို့ OG အက်မင်က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်" ဆိုပြီး ဗီဒီယို လေးနဲ့ တင်ထားပေးခဲ့တာပါ ။

ကိုယုန်လေးကလည်း " တကယ် မထင်ထားတဲ့ ပီတိ အဖြစ်ဆုံးမွေးနေ့ လက်ဆောင်ပါ။
အရမ်းကိုကျေးဇူးတင်ပါတယ်။
ကျွန်တော်က ကိုယ်တိုင်မသွားနိုင်လို့မှတ်တမ်းတင်ဖို့ အစီစဉ်မရှိခဲ့ပါဘူး။
ဒီတိုင်းက သူအဆင်ပြေရင်ပြီးရောပေါ့ အခုဒါလေးကို ဒီလိုလေူပြန်တွေ့ရတော့ တော်တော်ပီတ်ဖြစ်မိပါတယ်။
နောက်လည်း ကြုံသလို လိုအပ်တဲ့လူတွေကိုတတ်နိုင်သလောက်ကူမှာပါ။" ဆိုပြီး သူ့ရဲ့ Facebook Page မှာ ရေးသားထားပါတယ်။

source - Kyaw Phone Aung (Facebook Page)

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top