မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×
ပါဝင်ပစ္စည်းများ
၎။ ရေနွေးအနည်းငယ်
အသုံးပြုပုံ
Credit: todaybago
#Unicode Version#
လှပတဲ့ အသားရေကို ပိုင်ဆိုင်ဖို့အတွက် အသားရေ ထိန်းသိမ်းနေရတာ တကယ့်ကို ခက်ပါတယ်။ အပျိုပေါ်ဝင်စ ဒါမှမဟုတ်အရွယ်ရောက်ပြီးသူတိုင်း အမြဲကြုံတွေ့နေရတဲ့ ဝက်ခြံပြဿနာဟာ ဘာမှမဟုတ်ပေမဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အရာတစ်ခုပါ။ ဝက်ခြံနဲ့ပတ်သက်လို့ ထုတ်ကုန်အမြောက်အများရှိပေမဲ့ ဈေးနှုန်းပြဿနာရယ် အသားအရေနဲ့မတည့်တာရယ်နဲ့ အမျိုးမျိုး အခက်တွေ့နေပါတယ်။ ဒါကြောင့်ကျွန်တော့ပရိတ်သက်ကြီးကို ဝက်ခြံနဲ့ပတ်သက်ပြီး လွယ်လွယ်ကူကူဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
၁။ အသုံးမပြုရသေးတဲ့ သွားတိုက်တံ တစ်ချောင်း
၂။ သွားတိုက်ဆေး – (ထမင်းစားဇွန်းတစ်ဇွန်းစာ)
၃။ မုန့်ဖုတ်ဆိုဒါ – (ထမင်းစားဇွန်းတစ်ဇွန်းစာ)
၄။ ရေနွေးအနည်းငယ်
အသုံးပြုပုံ
ပထမဦးဆုံး သင့်မျက်နှာကို စင်ကြယ်အောင် အရင်ဆေးပါ။ ပြီးလျှင် လက်ကိုင်ပဝါကို ရေနွေးနွေးလေးဖြင့် စိမ်ပြီး ထိုလက်ကိုင်ပါဝါဖြင့် ဝက်ခြံပေါက်နေတဲ့ အရေပြားနေရာကို အသာအယာပွတ်တိုက်ပေးပါ။ ထိုအခါ ဝက်ခြံပေါက်များ ဖွင့်လာပါလိမ့်မယ်။
သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါကို ရေနွေးအနည်းငယ်ထည့်ပြီး သမအောင်ရောမွှေပေးပါ။
သင့်ဝက်ခြံပေါက်တဲ့နေရာတစ်ဝိုက်ကို သုတ်လိမ်းပေးပါ။
ဝက်ခြံပေါက်ထဲသို့ သင်ဖျော်စပ်ထားတဲ့ဆေးဝင်ရန် သွားတိုက်တံဖြင့် အသာအယာပွက်ပေးပါ။ (မှတ်ချက် – ထိုသွားတိုက်တံ သန့်ရှင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။)
သုတ်လိမ်းပြီးတစ်မိနစ်ခန့် ကြာလျှင် နုညံ့တဲ့ လက်ကိုင်ပဝါတစ်ခုဖြင့် ဖျက်လိုက်ပါ။ (မှတ်ချက် – အသားရေဟာ နုညံ့တာကြောင့် အသုံးပြုတဲ့အခါ လက်ကိုင်ပဝါကြမ်းကို အသုံးမပြုသင့်ပါ။)
ပြီးလျှင် သင့်မျက်နှာကို ရေနွေးဖြင့် စင်ကြယ်စွာသန့်စင်ပေးပြီး ခရင်(မ်) တစ်ခုခုကို လိမ်းထားလိုက်ပါ။ ဒီဆေးနည်းလမ်းဟာ ပြုလုပ်ရလဲ လွယ်ကူသလို သင့်အသားအရေအတွက်လဲ အများကြီး ထိရောက်စေပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: todaybago
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top