ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အသက္၅ ႏွစ္အရြယ္ သမီးျဖစ္သူကုိ ဖေအတူမေအကြဲ အသက္ ၁၄ ႏွစ္အရြယ္ အစ္ကိုျဖစ္သူက မတရားျပဳက်င့္ေစာ္ကားမႈအတြက္ တရားရံုးေတာ္ ၾကားနာစစ္ေဆးမႈအခ်ိန္မွာ မိခင္ျဖစ္သူအတြက္ တကယ့္ကုိပဲ ေၾကကြဲဝမ္းနည္းဖြယ္ေကာင္းခဲ့ပါတယ္။ လူမမည္ မသိတတ္ေသးတဲ့ အရြယ္ ကေလး ငယ္ေလးက သူမကုိ အစ္ကုိျဖစ္သူက အဓမၼျပဳက်င့္တယ္ဆုိတာမသိပဲ မိခင္ျဖစ္သူကုိ အငိုတိတ္ ေအာင္ေခ်ာ့ေမာ့ရင္း တရားရံုးေတာ္မွာ ၾကားနာမႈခံယူေနပါတယ္။

အသက္မျပည့္ေသးတဲ့ ကေလးငယ္အရြယ္ကုိ အဓမၼျပဳက်င့္ခဲ့တဲ့ တရားခံကေလးငယ္က ျပဳက်င့္မႈ က်ဴးလြန္ခဲ့ခ်ိန္မွာ အသက္ ၁၂ ႏွစ္အရြယ္ျဖစ္ၿပီးေတာ့ ယခုတရားရံုးေတာ္အမႈစစ္ခ်ိန္ဆုိ အသက္ ၁၄ ႏွစ္အရြယ္ရွိေနခဲ့ပါတယ္။ ညီမျဖစ္သူနဲ႔အတူ တူတူပုန္းတမ္း ကစားရင္းနဲ႔ ျပစ္မႈက်ဴးလြန္ခ့ဲတယ္လုိ႔ ထြက္ဆုိခ့ဲကာ ေနာက္လမွာေတာ့ ဒီျပစ္မႈအတြက္ ေထာင္ဒဏ္က်ခံရေတာ့မွာျဖစ္ပါတယ္။

ဘရစ္တန္လူငယ္တရားရံုးေတာ္မွာ မိခင္ျဖစ္သူရဲ႕ ရင္ဖြင့္စကားသံက “ ကၽြန္မ သမီးျဖစ္သူျဖစ္ပ်က္ခဲ့ တဲ့အရာေတြကုိ ကၽြန္မအေနနဲ႔အရိပ္တစ္ခုသာသာပဲ ေဖာ္ျပလုိ႔ရပါတယ္။ အဲ့ဒီအရိပ္က သူ႔နာမည္ကုိ တစ္ခ်ိန္လံုးျပေနတာ။ ကိုးညတိတိ ညတုိင္းပဲ အိပ္မက္ဆိုးကေန လန္႔လန္႔ႏုိးေနတာပါ။ သူမညတုိင္းပဲ ငုိေနရတာကုိ ကၽြန္မသိတယ္။ သူမတကယ္ပဲ ထိတ္လန္႔ေၾကာက္ရြ႕ံေနခဲ့မွာပါ” လုိ႔ ဆုိပါတယ္။

တရားရံုးေတာ္ကေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီနဲ႔ ၾသဂုတ္လ အခ်ိန္ေတြတုန္းက ဒီအမႈအတြက္ စစ္ေဆးၾကား နာမႈေတြျပဳလုပ္ခဲ့ၿပီးေတာ့ နစ္နာသူ ကေလးငယ္နဲ႔ တရားခံျဖစ္သူတုိ႔ရဲ႕ အျဖစ္အပ်က္အေျခအေနေတြ ကုိ စစ္ေဆးၿပီး ဘယ္လုိဥပေဒ၊ တရားစြဲဆုိျခင္း၊ အမိန္႔ခ်မွတ္ျခင္းေတြ လုပ္ေဆာင္ရမလဲဆုိတာကုိ စီစစ္ေနခဲ့ၾကတယ္လုိ႔ သိရပါတယ္။

အဓမၼျပဳက်င့္ခံရသူ ကေလးငယ္ရဲ႕ မိခင္ျဖစ္သူနဲ႔ ကေလးငယ္၊ ဖေအတူမေအကြဲ အစ္ကုိ ျဖစ္သူ ကေလးငယ္တုိ႔ရဲ႕ ဆက္ဆံေရးဟာ ေကာင္းမြန္တဲ့ဆက္ဆံေရးေတြမွာ ရွိေနၾကၿပီးေတာ့ သတင္းတစ္ ပတ္တုိင္းဆီမွာ သူတုိ႔အိမ္ကုိ လာေရာက္ေဆာ့ကစားခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#

အသက်၅ နှစ်အရွယ် သမီးဖြစ်သူကို ဖအေတူမအေကွဲ အသက် ၁၄ နှစ်အရွယ် အစ်ကိုဖြစ်သူက မတရားပြုကျင့်စော်ကားမှုအတွက် တရားရုံးတော် ကြားနာစစ်ဆေးမှုအချိန်မှာ မိခင်ဖြစ်သူအတွက် တကယ့်ကိုပဲ ကြေကွဲဝမ်းနည်းဖွယ်ကောင်းခဲ့ပါတယ်။ လူမမည် မသိတတ်သေးတဲ့ အရွယ် ကလေး ငယ်လေးက သူမကို အစ်ကိုဖြစ်သူက အဓမ္မပြုကျင့်တယ်ဆိုတာမသိပဲ မိခင်ဖြစ်သူကို အငိုတိတ် အောင်ချော့မော့ရင်း တရားရုံးတော်မှာ ကြားနာမှုခံယူနေပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးငယ်အရွယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံကလေးငယ်က ပြုကျင့်မှု ကျူးလွန်ခဲ့ချိန်မှာ အသက် ၁၂ နှစ်အရွယ်ဖြစ်ပြီးတော့ ယခုတရားရုံးတော်အမှုစစ်ချိန်ဆို အသက် ၁၄ နှစ်အရွယ်ရှိနေခဲ့ပါတယ်။ ညီမဖြစ်သူနဲ့အတူ တူတူပုန်းတမ်း ကစားရင်းနဲ့ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကာ နောက်လမှာတော့ ဒီပြစ်မှုအတွက် ထောင်ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။

ဘရစ်တန်လူငယ်တရားရုံးတော်မှာ မိခင်ဖြစ်သူရဲ့ ရင်ဖွင့်စကားသံက “ ကျွန်မ သမီးဖြစ်သူဖြစ်ပျက်ခဲ့ တဲ့အရာတွေကို ကျွန်မအနေနဲ့အရိပ်တစ်ခုသာသာပဲ ဖော်ပြလို့ရပါတယ်။ အဲ့ဒီအရိပ်က သူ့နာမည်ကို တစ်ချိန်လုံးပြနေတာ။ ကိုးညတိတိ ညတိုင်းပဲ အိပ်မက်ဆိုးကနေ လန့်လန့်နိုးနေတာပါ။ သူမညတိုင်းပဲ ငိုနေရတာကို ကျွန်မသိတယ်။ သူမတကယ်ပဲ ထိတ်လန့်ကြောက်ရွံ့နေခဲ့မှာပါ” လို့ ဆိုပါတယ်။

တရားရုံးတော်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ သြဂုတ်လ အချိန်တွေတုန်းက ဒီအမှုအတွက် စစ်ဆေးကြား နာမှုတွေပြုလုပ်ခဲ့ပြီးတော့ နစ်နာသူ ကလေးငယ်နဲ့ တရားခံဖြစ်သူတို့ရဲ့ အဖြစ်အပျက်အခြေအနေတွေ ကို စစ်ဆေးပြီး ဘယ်လိုဥပဒေ၊ တရားစွဲဆိုခြင်း၊ အမိန့်ချမှတ်ခြင်းတွေ လုပ်ဆောင်ရမလဲဆိုတာကို စီစစ်နေခဲ့ကြတယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ခံရသူ ကလေးငယ်ရဲ့ မိခင်ဖြစ်သူနဲ့ ကလေးငယ်၊ ဖအေတူမအေကွဲ အစ်ကို ဖြစ်သူ ကလေးငယ်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေမှာ ရှိနေကြပြီးတော့ သတင်းတစ် ပတ်တိုင်းဆီမှာ သူတို့အိမ်ကို လာရောက်ဆော့ကစားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top