ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ၿဗိတိန္ေတာ္ဝင္ အိမ္ ေရွ႕စံ ေဝလမင္းသား ခ်ားစ္သည္ ျမန္မာႏုိင္ငံသို႔ လာေရာက္ရန္ ႏွစ္ ဖက္ညႇိႏိႈင္းေနေၾကာင္း ႏုိင္ငံျခား ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေက်ာ္ေဇယ်က ေျပာသည္။

ၿဗိတိန္အေျခစိုက္ Express သတင္းဌာနက ယခုႏွစ္ ေဆာင္းဦးကာလတြင္ ၿဗိတိန္ေတာ္ဝင္ အိမ္ေရွ႕စံ ေဝလမင္းသား ခ်ားစ္သည္ ျမန္မာႏုိင္ငံသို႔ လာေရာက္ လည္ပတ္မည္ဟု ေဖာ္ျပထားၿပီး ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာနက ႏွစ္ဖက္အျပန္အလွန္ညႇိႏိႈင္းေနေၾကာင္း အတည္ျပဳေျပာၾကားသည္။

‘‘ဒီလိုမ်ိဳးခရီးစဥ္ဆုိရင္ ကိုယ္စားလွယ္အဖြဲ႕ေတြ ႀကိဳတင္ေစ လႊတ္ေလ့ရွိပါတယ္။ ကိုယ္စား လွယ္အဖြဲ႕
လာေရာက္မွသာ ခရီး စဥ္ဘယ္ေတာ့ ဘာညာဆိုတာ အ ၾကမ္းဖ်င္းေျပာဆိုႏိုင္မယ္’’ဟု အ ၿမဲတမ္းအတြင္းဝန္ ဦးေက်ာ္ေဇယ် က ေျပာသည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ယခုႏွစ္ ေမလက လန္ဒန္ ၿမိဳ႕သို႔ ေရာက္ရွိစဥ္  ၿဗိတိန္ေတာ္ဝင္အိမ္ေရွ႕စံ    ေဝလမင္းသား ခ်ားစ္ႏွင့္ ၾကင္ရာေတာ္မင္းသမီး Duchess Cornewall တုိ႔ႏွင့္ Clarence House ၌ ေတြ႕ဆံုခဲ့ သည္။ ထုိ႔အတူ ယင္းခရီးစဥ္တြင္ ၿဗိတိန္ႏုိင္ငံ ဘုရင္မႀကီး အယ္လိဇ ဘတ္က ႏုိင္ငံေတာ္အတုိင္ပင္ခံ ပုဂၢိဳလ္အား ဘတ္ကင္ဟမ္နန္း ေတာ္၌ လက္ခံေတြ႕ဆံုခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဗြိတိန်တော်ဝင်အိမ်ရှေ့ စံ ဝေလမင်းသား ချားစ်သည် မြန်မာနိုင်ငံသို့ လာရောက်ရန် နှစ် ဖက်ညှိနှိုင်းနေကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။

ဗြိတိန်အခြေစိုက် Express သတင်းဌာနက ယခုနှစ် ဆောင်း ဦးကာလတွင် ဗြိတိန်တော်ဝင် အိမ်ရှေ့စံ ဝေလမင်းသား ချားစ် သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု ဖော်ပြထားပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က နှစ်ဖက်အပြန်အလှန်ညှိနှိုင်း နေကြောင်း အတည်ပြုပြောကြား သည်။

‘‘ဒီလိုမျိုးခရီးစဉ်ဆိုရင် ကိုယ်စားလှယ်အဖွဲ့တွေ ကြိုတင်စေ လွှတ်လေ့ရှိပါတယ်။ ကိုယ်စား လှယ်အဖွဲ့လာရောက်မှသာ ခရီး စဉ်ဘယ်တော့ ဘာညာဆိုတာ အ ကြမ်းဖျင်းပြောဆိုနိုင်မယ်’’ဟု အ မြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယခုနှစ် မေလက လန်ဒန် မြို့သို့ ရောက်ရှိစဉ်  ဗြိတိန်တော်ဝင်အိမ်ရှေ့စံ    ဝေလမင်းသား ချားစ်နှင့် ကြင်ရာတော်မင်းသမီး Duchess Cornewall တို့နှင့် Clarence House ၌ တွေ့ဆုံခဲ့ သည်။ ထို့အတူ ယင်းခရီးစဉ်တွင် ဗြိတိန်နိုင်ငံ ဘုရင်မကြီး အယ်လိဇ ဘတ်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဘတ်ကင်ဟမ်နန်း တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top