ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေယာင္းတို႔ေရ လိင္ဆြဲေဆာင္မႈဆိုတဲ့ စကားလံုးကို ေယာင္းတို႔ၾကားဖူးေနၾကမွာပါ။ ဒီလိင္ဆြဲေဆာင္မႈမွာ ဆန္႔က်င္ဘက္လိင္ေတြ ခ်စ္ႀကိဳက္ျခင္း (straight – hetero) နဲ႔ လိင္တူခ်စ္ႀကိဳက္ျခင္း (gay – homo) ဆိုတာေတြေတာ့ လူတိုင္းသိပါတယ္။ အက္ဒမင္ ေျပာျပခ်င္တာက လိင္ဆြဲေဆာင္မႈဆိုတာက အဲ့ဒီ straight နဲ႔ gay ႏွစ္မ်ိဳးတည္းမဟုတ္ပါဘူးလို႔။

လိင္ဆြဲေဆာင္မႈဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ ခံစားရတာျခင္းမတူတာေၾကာင့္ ရွိရွိသမွ်လူေတြအားလံုးကို straight နဲ႔ gay ႏွစ္မ်ိဳးထဲပဲ ဆြဲထည့္လို႔မရဘူးေလ။ အဲဒီလို ဆြဲေဆာင္မႈ အမ်ိဳးအစားေတြအမ်ားႀကီးရွိတာကို Alfred Kinsey ဆိုတဲ့ ပုဂၢိဳလ္ႀကီးက သူ႔အေပါင္းအပါေတြနဲ႔အတူ သုေတသနျပဳၿပီး လိင္ဆြဲေဆာင္မႈ အမ်ိဳးအစားေရာင္စဥ္စေကးတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ သူ႔စေကးရဲ႕ျပႆနာကေတာ့ အဲ့ဒီအထဲမွာ အခုေခတ္စိတ္ပညာအရ လက္ခံထားတဲ့ အမ်ိဳးအစား ေတာ္ေတာ္မ်ားမ်ားမပါဝင္တာပါ။

တစ္ခါသား အက္ဒမင္ LGBTQIA+ ဆိုတဲ့အေၾကာင္း ေျပာျပခဲ့ဖူးပါတယ္ အဲ့ဒီအေပါင္းလကၡဏာေလးအေၾကာင္းကို ထည့္ေျပာရရင္ ပိုက်ယ္ျပန္႔သြားပါတယ္။ ပိုက်ယ္ျပန္႔တဲ့ အေခၚအေဝၚက LGBTQQIAAP တဲ့။ အားလံုးသိၿပီးၾကတဲ့ Lesbian (ေယာက္်ားလ်ာ၊ မိန္းမအခ်င္းခ်င္း ႏွစ္သက္သူ), Gay (မိန္းမလ်ာ) တို႔အျပင္ Bisexual (လိင္တူေရာလိင္ကြဲပါႀကိဳက္သူမ်ား), Transgender/transsexual (ေမြးရာပါလိင္ႏွင့္ မတူေသာစိတ္ရွိသူ/ လိင္ေျပာင္းလဲခြဲစိတ္မႈ ခံယူထားသူမ်ား), Queer (ကိုယ့္ကိုယ္ကိုယ္ လိင္တူႀကိဳက္ပါတယ္ လိင္ကြဲႀကိဳက္ပါတယ္ စသည္ျဖင့္ မသတ္မွတ္ခ်င္သူမ်ား), Questioning (ကိုယ့္လိင္ဆြဲေဆာင္မႈကို ေသခ်ာမသိေသးဘဲ ရွာေဖြေနဆဲသူမ်ား), Intersex (လိင္အဂၤါႏွစ္မ်ိဳးပါသူမ်ား), Allies (ကိုယ္တိုင္က LGBTQQIAAP အဖြဲ႕ဝင္မဟုတ္ေပမယ့္ သူတို႔ကို နားလည္ၿပီးအားေပးၾကသူမ်ား), Asexual (လိင္ဆြဲေဆာင္မႈကို မခံစာရသူမ်ား) နဲ႔ Pansexual (လိင္တူ၊ လိင္ကြဲအျပင္ အျခားလိင္သတ္မွတ္ခ်က္ရွိသူမ်ားကိုပါ သေဘာက်သူမ်ား) ဆိုၿပီး ရွိလာပါတယ္။

Related article>>> လိင္တူခ်စ္ျခင္းနဲ႔ ဗီဇအၾကားဆက္ႏြယ္မႈ

ဒါေတာင္အကုန္မဟုတ္ေသးပါဘူး ေယာင္းေရ။ တျခားေသာ လိင္ဆြဲေဆာင္မႈ အမ်ိဳးအစားေတြ အမ်ားႀကီးက်န္ပါေသးတယ္။ လိင္ဆြဲေဆာင္မႈဆိုတာ အင္မတန္က်ယ္ျပန္႔တာမို႔ တစ္ေယာက္နဲ႔တစ္ေယာက္ တစ္ပံုစံတည္းတူဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒီလိုအမ်ိဳးအစားေတြရွိလို႔ ဒီေဘာင္ထဲကိုဝင္ရမယ္ဆိုတာလဲ မဟုတ္ပါဘူး။ ေဆးပညာအရဆိုရင္ေလ လူတိုင္းက နည္းနည္းေလးပဲျဖစ္ျဖစ္ လိင္တူစိတ္ဝင္စားတတ္တဲ့စိတ္ ပိစိကေလးရွိေနတတ္ၾကတယ္တဲ့ (ဟုတ္လားဟင္ ဟိ)။

လိင္ဆြဲေဆာင္မႈရဲ႕ ထူးဆန္းမႈကို ဥပမာေျပာရရင္ အက္ဒမင္ဆိုရင္ မိန္းကေလးေတြကို လံုးဝမႀကိဳက္တတ္ပါဘူး။ ေကေပါ့ႀကိဳက္တယ္ဆိုတဲ့ေနရာမွာ  ေကာင္မေလးအဖြဲ႕ေတြကိုေရွာင္ၿပီး ေကာင္ေလးအဖြဲ႕ေတြပဲ ႀကိဳက္တတ္တဲ့အျပင္၊ အပ်ိဳႀကီးမမပီပီ ေကာင္ေလးလွလွေလးေတြ ျမင္ရင္ သေဘာတက်နဲ႔လိုက္ငမ္းတတ္ပါေသးတယ္ (ဟဲဟဲ မရွက္ပါဘူး ကိုယ္လိုလူေတြအမ်ားႀကီး)။ ေဟာ..ဒါေပမဲ့ အခုခ်စ္သူရေတာ့ ေကာင္မေလးမွ မိန္းမပီပီသသလွတဲ့ ေကာင္မေလးျဖစ္ေနတယ္ေလ။

တခ်ိဳ႕ဆိုေျပာတယ္ “နင္က straight ဆိုၿပီး အခုက် ေကာင္မေလးနဲ႔ ႀကိဳက္ေနပါလားတဲ့”။ တကယ္က အက္ဒမင္ အခုထိ ေကာင္ေလးလွလွျမင္ရင္ သေဘာက်တုန္းေပမယ့္ straight မဟုတ္သလို၊ သူကလြဲလို႔ တျခားေကာင္မေလးေတြကိုလဲ စိတ္မဝင္စားတဲ့အတြက္ lesbian လဲလံုးဝမဟုတ္ပါဘူး။ သူနဲ႔မွာလဲ စကားေတြေဖာင္ဖြဲ႕ေျပာေနခ်င္တာကလြဲလို႔၊ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ေနခ်င္တာကလြဲလို႔၊ ရင္ထဲမွာခ်စ္ေနၾကရံုအျပင္ တျခားဘယ္လိုရင္ခုန္မႈမ်ိဳးမွ ရွိမေနပါဘူး။ သူလဲတူတူပဲ။ ဘာလို႔လဲဆိုေတာ့ ႏွစ္ေယာက္လံုးက လိင္ဆြဲေဆာင္မႈမခံစားရတဲ့ asexual ေတြမို႔ပါ။

Related article>>> လိင္တူခ်စ္ၾကတာဟာစိတ္ေရာဂါလား

အခ်စ္ဟာ ဆန္းၾကယ္ပါတယ္ ေယာင္းတို႔ရယ္။ အဲ့လိုပဲ လိင္ပိုင္းဆိုင္ရာဆြဲေဆာင္မႈ ဆိုတာကလဲ အင္မတန္က်ယ္ျပန္႔တဲ့ ကိစၥပါ။ Straight နဲ႔ Gay ဆိုတဲ့ လူပိန္းေျပာေျပာရရင္ အစိုနဲ႔အေျခာက္အျပင္ တျခား မစိုတစိုေတြ၊ မေျခာက္တစ္ေျခာက္ေတြ၊ စိုလဲမစိုေျခာက္လဲမေျခာက္တာေတြလဲ ရွိေနပါေသးတယ္လို႔ (ငိငိ ရႈပ္ေနတာပဲ)။ တခ်ိဳ႕ဆယ္ေက်ာ္သက္ေလးေတြဆို ဒီလိုမ်ိဳး လိင္ပိုင္းဆိုင္ရာဆြဲေဆာင္မႈ အမ်ိဳးမ်ိဳးရွိေနတယ္ဆိုတာမသိတာမို႔ ကိုယ္က ကိုယ့္သူငယ္ခ်င္းေတြနဲ႔ မတူေနရင္ ကိုယ္ကပဲ လူထူးလူဆန္းလိုလို၊ စိတ္ပဲမမွန္သလိုလိုနဲ႔ စိတ္ဓာတ္ေတြက်လာတတ္ပါတယ္။

ေယာင္းတို႔ထဲမွာလဲ အက္ဒမင္ေျပာခဲ့တဲ့ မတူညီတဲ့ဆြဲေဆာင္မႈေတြကို ခံစားရတဲ့ ေယာင္းေတြရွိေနမွာပါ။ ေယာင္းတို႔သူငယ္ခ်င္းေတြမွာလဲ ရွိေနႏိုင္ပါတယ္။ ဒါေၾကာင့္ ေယာင္းတို႔ကိုယ္တိုင္ဖတ္ၾကည့္ၿပီးရင္လည္း သူငယ္ခ်င္းေတြကိုပါ မွ်ေဝေပးပါ။ ကိုယ့္အေၾကာင္းကို ေသခ်ာသိရွိၿပီး ကိုယ္ဟာ လူထူးလူဆန္းမဟုတ္ဘဲ၊ ကိုယ့္လိုလူေတြ အမ်ားႀကီးရွိေသးတယ္ဆိုတဲ့ အေတြးက လံုၿခံဳမႈနဲ႔လြတ္လပ္မႈကို ေပးစြမ္းႏိုင္မွာပါ။ အက္ဒမင္ကိုယ္တိုင္လဲ ကိုယ္က asexual ဆိုတာကို သိလုိက္ရတဲ့အခ်ိန္မွာ ငါဟာ ထူးျခားေနတာမဟုတ္ဘူး ခ်စ္ႏိုင္တဲ့၊ အခ်စ္ခံႏိုင္တဲ့ သာမာန္လူပဲဆိုတာ သေဘာေပါက္ၿပီး အရမ္းပီတိျဖစ္ခဲ့ရဖူးပါတယ္။ ဒါေၾကာင္းေယာင္းတို႔ေရ ဖတ္ၿပီးတဲ့အခါက်ရင္ ဒီအသိေလးေတြကို အသံုးဝင္ႏိုင္မယ့္ သူငယ္ခ်င္းေတြဆီ ျပန္လည္မွ်ေဝၾကရေအာင္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Khine (For Her Myanmar)

# Unicode Version #
ယောင်းတို့ရေ လိင်ဆွဲဆောင်မှုဆိုတဲ့ စကားလုံးကို ယောင်းတို့ကြားဖူးနေကြမှာပါ။ ဒီလိင်ဆွဲဆောင်မှုမှာ ဆန့်ကျင်ဘက်လိင်တွေ ချစ်ကြိုက်ခြင်း (straight – hetero) နဲ့ လိင်တူချစ်ကြိုက်ခြင်း (gay – homo) ဆိုတာတွေတော့ လူတိုင်းသိပါတယ်။ အက်ဒမင် ပြောပြချင်တာက လိင်ဆွဲဆောင်မှုဆိုတာက အဲ့ဒီ straight နဲ့ gay နှစ်မျိုးတည်းမဟုတ်ပါဘူးလို့။

လိင်ဆွဲဆောင်မှုဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်းမတူတာကြောင့် ရှိရှိသမျှလူတွေအားလုံးကို straight နဲ့ gay နှစ်မျိုးထဲပဲ ဆွဲထည့်လို့မရဘူးလေ။ အဲဒီလို ဆွဲဆောင်မှု အမျိုးအစားတွေအများကြီးရှိတာကို Alfred Kinsey ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက သူ့အပေါင်းအပါတွေနဲ့အတူ သုတေသနပြုပြီး လိင်ဆွဲဆောင်မှု အမျိုးအစားရောင်စဉ်စကေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူ့စကေးရဲ့ပြဿနာကတော့ အဲ့ဒီအထဲမှာ အခုခေတ်စိတ်ပညာအရ လက်ခံထားတဲ့ အမျိုးအစား တော်တော်များများမပါဝင်တာပါ။

တစ်ခါသား အက်ဒမင် LGBTQIA+ ဆိုတဲ့အကြောင်း ပြောပြခဲ့ဖူးပါတယ် အဲ့ဒီအပေါင်းလက္ခဏာလေးအကြောင်းကို ထည့်ပြောရရင် ပိုကျယ်ပြန့်သွားပါတယ်။ ပိုကျယ်ပြန့်တဲ့ အခေါ်အဝေါ်က LGBTQQIAAP တဲ့။ အားလုံးသိပြီးကြတဲ့ Lesbian (ယောက်ျားလျာ၊ မိန်းမအချင်းချင်း နှစ်သက်သူ), Gay (မိန်းမလျာ) တို့အပြင် Bisexual (လိင်တူရောလိင်ကွဲပါကြိုက်သူများ), Transgender/transsexual (မွေးရာပါလိင်နှင့် မတူသောစိတ်ရှိသူ/ လိင်ပြောင်းလဲခွဲစိတ်မှု ခံယူထားသူများ), Queer (ကိုယ့်ကိုယ်ကိုယ် လိင်တူကြိုက်ပါတယ် လိင်ကွဲကြိုက်ပါတယ် စသည်ဖြင့် မသတ်မှတ်ချင်သူများ), Questioning (ကိုယ့်လိင်ဆွဲဆောင်မှုကို သေချာမသိသေးဘဲ ရှာဖွေနေဆဲသူများ), Intersex (လိင်အင်္ဂါနှစ်မျိုးပါသူများ), Allies (ကိုယ်တိုင်က LGBTQQIAAP အဖွဲ့ဝင်မဟုတ်ပေမယ့် သူတို့ကို နားလည်ပြီးအားပေးကြသူများ), Asexual (လိင်ဆွဲဆောင်မှုကို မခံစာရသူများ) နဲ့ Pansexual (လိင်တူ၊ လိင်ကွဲအပြင် အခြားလိင်သတ်မှတ်ချက်ရှိသူများကိုပါ သဘောကျသူများ) ဆိုပြီး ရှိလာပါတယ်။

Related article>>> လိင်တူချစ်ခြင်းနဲ့ ဗီဇအကြားဆက်နွယ်မှု

ဒါတောင်အကုန်မဟုတ်သေးပါဘူး ယောင်းရေ။ တခြားသော လိင်ဆွဲဆောင်မှု အမျိုးအစားတွေ အများကြီးကျန်ပါသေးတယ်။ လိင်ဆွဲဆောင်မှုဆိုတာ အင်မတန်ကျယ်ပြန့်တာမို့ တစ်ယောက်နဲ့တစ်ယောက် တစ်ပုံစံတည်းတူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုအမျိုးအစားတွေရှိလို့ ဒီဘောင်ထဲကိုဝင်ရမယ်ဆိုတာလဲ မဟုတ်ပါဘူး။ ဆေးပညာအရဆိုရင်လေ လူတိုင်းက နည်းနည်းလေးပဲဖြစ်ဖြစ် လိင်တူစိတ်ဝင်စားတတ်တဲ့စိတ် ပိစိကလေးရှိနေတတ်ကြတယ်တဲ့ (ဟုတ်လားဟင် ဟိ)။

လိင်ဆွဲဆောင်မှုရဲ့ ထူးဆန်းမှုကို ဥပမာပြောရရင် အက်ဒမင်ဆိုရင် မိန်းကလေးတွေကို လုံးဝမကြိုက်တတ်ပါဘူး။ ကေပေါ့ကြိုက်တယ်ဆိုတဲ့နေရာမှာ  ကောင်မလေးအဖွဲ့တွေကိုရှောင်ပြီး ကောင်လေးအဖွဲ့တွေပဲ ကြိုက်တတ်တဲ့အပြင်၊ အပျိုကြီးမမပီပီ ကောင်လေးလှလှလေးတွေ မြင်ရင် သဘောတကျနဲ့လိုက်ငမ်းတတ်ပါသေးတယ် (ဟဲဟဲ မရှက်ပါဘူး ကိုယ်လိုလူတွေအများကြီး)။ ဟော..ဒါပေမဲ့ အခုချစ်သူရတော့ ကောင်မလေးမှ မိန်းမပီပီသသလှတဲ့ ကောင်မလေးဖြစ်နေတယ်လေ။

တချို့ဆိုပြောတယ် “နင်က straight ဆိုပြီး အခုကျ ကောင်မလေးနဲ့ ကြိုက်နေပါလားတဲ့”။ တကယ်က အက်ဒမင် အခုထိ ကောင်လေးလှလှမြင်ရင် သဘောကျတုန်းပေမယ့် straight မဟုတ်သလို၊ သူကလွဲလို့ တခြားကောင်မလေးတွေကိုလဲ စိတ်မဝင်စားတဲ့အတွက် lesbian လဲလုံးဝမဟုတ်ပါဘူး။ သူနဲ့မှာလဲ စကားတွေဖောင်ဖွဲ့ပြောနေချင်တာကလွဲလို့၊ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေချင်တာကလွဲလို့၊ ရင်ထဲမှာချစ်နေကြရုံအပြင် တခြားဘယ်လိုရင်ခုန်မှုမျိုးမှ ရှိမနေပါဘူး။ သူလဲတူတူပဲ။ ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက လိင်ဆွဲဆောင်မှုမခံစားရတဲ့ asexual တွေမို့ပါ။

Related article>>> လိင်တူချစ်ကြတာဟာစိတ်ရောဂါလား

အချစ်ဟာ ဆန်းကြယ်ပါတယ် ယောင်းတို့ရယ်။ အဲ့လိုပဲ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု ဆိုတာကလဲ အင်မတန်ကျယ်ပြန့်တဲ့ ကိစ္စပါ။ Straight နဲ့ Gay ဆိုတဲ့ လူပိန်းပြောပြောရရင် အစိုနဲ့အခြောက်အပြင် တခြား မစိုတစိုတွေ၊ မခြောက်တစ်ခြောက်တွေ၊ စိုလဲမစိုခြောက်လဲမခြောက်တာတွေလဲ ရှိနေပါသေးတယ်လို့ (ငိငိ ရှုပ်နေတာပဲ)။ တချို့ဆယ်ကျော်သက်လေးတွေဆို ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု အမျိုးမျိုးရှိနေတယ်ဆိုတာမသိတာမို့ ကိုယ်က ကိုယ့်သူငယ်ချင်းတွေနဲ့ မတူနေရင် ကိုယ်ကပဲ လူထူးလူဆန်းလိုလို၊ စိတ်ပဲမမှန်သလိုလိုနဲ့ စိတ်ဓာတ်တွေကျလာတတ်ပါတယ်။

ယောင်းတို့ထဲမှာလဲ အက်ဒမင်ပြောခဲ့တဲ့ မတူညီတဲ့ဆွဲဆောင်မှုတွေကို ခံစားရတဲ့ ယောင်းတွေရှိနေမှာပါ။ ယောင်းတို့သူငယ်ချင်းတွေမှာလဲ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ယောင်းတို့ကိုယ်တိုင်ဖတ်ကြည့်ပြီးရင်လည်း သူငယ်ချင်းတွေကိုပါ မျှဝေပေးပါ။ ကိုယ့်အကြောင်းကို သေချာသိရှိပြီး ကိုယ်ဟာ လူထူးလူဆန်းမဟုတ်ဘဲ၊ ကိုယ့်လိုလူတွေ အများကြီးရှိသေးတယ်ဆိုတဲ့ အတွေးက လုံခြုံမှုနဲ့လွတ်လပ်မှုကို ပေးစွမ်းနိုင်မှာပါ။ အက်ဒမင်ကိုယ်တိုင်လဲ ကိုယ်က asexual ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ငါဟာ ထူးခြားနေတာမဟုတ်ဘူး ချစ်နိုင်တဲ့၊ အချစ်ခံနိုင်တဲ့ သာမာန်လူပဲဆိုတာ သဘောပေါက်ပြီး အရမ်းပီတိဖြစ်ခဲ့ရဖူးပါတယ်။ ဒါကြောင်းယောင်းတို့ရေ ဖတ်ပြီးတဲ့အခါကျရင် ဒီအသိလေးတွေကို အသုံးဝင်နိုင်မယ့် သူငယ်ချင်းတွေဆီ ပြန်လည်မျှဝေကြရအောင်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Khine (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top