မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×







#Unicode Version#
၂၈.၉.၂၀၁၇ ရက်နေ့ ၁၁၄၅ မိနစ်မှာ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲနယ်မြေရဲစခန်းက အထွေထွေတာဝန် ရဲတပ်သား နေလင်းအောင် ဆွဲကြိုးချသေဆုံးမှု ဖြစ်ခဲ့တယ်.

ရဲတပ်သား နေလင်းအောင်ဟာ အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေး ပဋိပက္ခဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ခုပါ။ အသက်အားဖြင့် ၂၂ နှစ်အရွယ်ရှိပြီး ရဲမှုထမ်းသက် ၃ နှစ်ကျော်ပါပြီ။

တပ်ဖွဲ့ဝင်အချင်းချင်းတွေကြား ပျော်ရွှင်စွာနေတက်ပြီး တာဝန်အားဖြင့် ပျက်ကွက်မှု မရှိသူဟုလဲသိရတယ်။ အုန်းနှဲနယ်မြေစခန်းအားဖြင့် အချုပ်ခန်းရှိသော်လည်း အချုပ်တရားခံရှိလာပါက မြို့မရဲစခန်းမှာ ချုပ်နှောင်တယ်လို့ သိရတယ်။

ရဲစခန်းက နှစ်ထပ် သစ်သားအဆောက်အဦ ဖြစ်ပြီး အချုပ်ကတော့ အပေါ်ထပ်မှာပါ။ လူပျိုတပ်ဖွဲ့ဝင်တွေ လိုင်းခန်းအခက်အခဲကြောင့် စခန်းအပေါ်ထပ် အချုပ်ခန်းဝန်းကျင်မှာ အဆင်ပြေသလို နေကြတယ်။

အထုံလို့သာပြောရမလား၊ အဖို့လို့သာပြောရမလား စခန်းအပေါ်ထပ် အချုပ်ခန်း ဘေးက ထုတ်တန်းမှာ (၃)မူးအရွယ် (အပြာရောင်)လွန်ကြိုးနဲ့ ကြိုးဆွဲချ သေဆုံးခဲ့ပါတယ် ….


ဖိုးသူတော် (www.phothutaw.com)
Credit: ရဲတပ်ဖွဲ့ဝင်တို့၏ပုံရိပ်များ


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top