ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေနာက္တစ္ခါဆို သင္႔ရဲ႕ ၾကင္ဖက္က ခ်စ္တင္းေႏွာဖို႔ စိတ္မပါဘူးလို႔ ေျပာလာခဲ႔ရင္ “ဒါမင္းထင္သလိုမဟုတ္ဘူး၊ ဉာဏ္ပို႐ႊင္ေစတာ။” ဆိုၿပီး ဒီအေၾကာင္းေလးကို ႐ွင္းျပႏိုင္တာေပါ႔။

ပရိယာယ္မ်ားတယ္လို႔ ထင္ရေပမဲ႔၊ ခ်စ္တင္းေႏွာတာဟာ ပိုၿပီးဉာဏ္႐ႊင္ထက္ျမက္ လာေစတယ္လို႔ စိတ္ပညာ႐ွင္ေတြက ဆိုထားပါတယ္။

အရင္႔အရင္ သုေတသနရပ္ေတြအရလည္း ခ်စ္တင္းေႏွာရင္ စိတ္ဖိစီးမႈေလ်ာ႔႐ံုသာမက ကယ္လိုရီေတြကိုပါ ေလာင္ကြ်မ္းေစတယ္ဆိုတာကို သိႏွင္႔ၿပီးျဖစ္ၾကပါတယ္။

ခုေနာက္ဆံုးလုပ္ခဲ႔တဲ႔ သုေတသနရပ္မွာ ႂကြက္ေတြနဲ႔ စမ္းသပ္ခဲ႔ပါတယ္။ ေရ႐ွည္မွတ္ဉာဏ္ ဖြဲ႕စည္းမႈဆိုင္ရာ ဦးေႏွာက္ေနရာျဖစ္တဲ႔ hippocampus ထဲက ဦးေႏွာက္ဆဲလ္ေတြျဖစ္ထြန္းလာမႈဟာ ခ်စ္တင္းေႏွာတဲ႔အခါ ပြားမ်ားလာပါတယ္။

ခ်စ္တင္းေႏွာမႈကို ရပ္ဆိုင္းထားေပးတဲ႔ ႂကြက္ေတြမွာေတာ႔ ဉာဏ္ရည္က်ဆင္းလာတာကို ေတြ႕ရတယ္လို႔ ေမရီလန္းဒ္ တကၠသိုလ္က စိတ္ပညာ႐ွင္ေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ခ်စ္တင္းေႏွာတဲ႔ လႈပ္႐ွားမႈ တက္လာခဲ႔ရင္ ဦးေႏွာက္ဆဲလ္ေတြဆီ ေအာက္စီဂ်င္လႊမ္းသြားေစတာကိုလည္း သူတို႔က သတိျပဳမိပါတယ္။ ဦးေႏွာက္ဆဲလ္ (Neurons) ေတြဟာ အာ႐ံုေၾကာအဖြဲ႔အစည္း ျဖစ္လာဖို႔အတြက္ အေျခခံ တည္ေဆာက္ေရးအတံုးေလးေတြပါ။

  ေတာင္ကိုရီးယား၊ Konkuk တကၠသိုလ္ရဲ႕ ေလ႔လာမႈတစ္ရပ္ကလည္း အခုသုေတသန႐ွာေဖြေတြ႕႐ွိခ်က္ေတြကို ေထာက္ပံ႔ေပးထားပါတယ္။ ကိုရီးယား ေလ႔လာမႈအရ ခ်စ္တင္းေႏွာတာဟာ ဉာဏ္ရည္ပိုင္း လုပ္ေဆာင္ခ်က္ေတြကို တိုးျမင္႔ေစတယ္လို႔ သိရပါတယ္။

ဖုိးသူေတာ္ (www.phothutaw.com)
Credit  :original writer

#Unicode Version#
နောက်တစ်ခါဆို သင့်ရဲ့ ကြင်ဖက်က ချစ်တင်းနှောဖို့ စိတ်မပါဘူးလို့ ပြောလာခဲ့ရင် “ဒါမင်းထင်သလိုမဟုတ်ဘူး၊ ဉာဏ်ပိုရွှင်စေတာ။” ဆိုပြီး ဒီအကြောင်းလေးကို ရှင်းပြနိုင်တာပေါ့။

ပရိယာယ်များတယ်လို့ ထင်ရပေမဲ့၊ ချစ်တင်းနှောတာဟာ ပိုပြီးဉာဏ်ရွှင်ထက်မြက် လာစေတယ်လို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။

အရင့်အရင် သုတေသနရပ်တွေအရလည်း ချစ်တင်းနှောရင် စိတ်ဖိစီးမှုလျော့ရုံသာမက ကယ်လိုရီတွေကိုပါ လောင်ကျွမ်းစေတယ်ဆိုတာကို သိနှင့်ပြီးဖြစ်ကြပါတယ်။

ခုနောက်ဆုံးလုပ်ခဲ့တဲ့ သုတေသနရပ်မှာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ရေရှည်မှတ်ဉာဏ် ဖွဲ့စည်းမှုဆိုင်ရာ ဦးနှောက်နေရာဖြစ်တဲ့ hippocampus ထဲက ဦးနှောက်ဆဲလ်တွေဖြစ်ထွန်းလာမှုဟာ ချစ်တင်းနှောတဲ့အခါ ပွားများလာပါတယ်။

ချစ်တင်းနှောမှုကို ရပ်ဆိုင်းထားပေးတဲ့ ကြွက်တွေမှာတော့ ဉာဏ်ရည်ကျဆင်းလာတာကို တွေ့ရတယ်လို့ မေရီလန်းဒ် တက္ကသိုလ်က စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ချစ်တင်းနှောတဲ့ လှုပ်ရှားမှု တက်လာခဲ့ရင် ဦးနှောက်ဆဲလ်တွေဆီ အောက်စီဂျင်လွှမ်းသွားစေတာကိုလည်း သူတို့က သတိပြုမိပါတယ်။ ဦးနှောက်ဆဲလ် (Neurons) တွေဟာ အာရုံကြောအဖွဲ့အစည်း ဖြစ်လာဖို့အတွက် အခြေခံ တည်ဆောက်ရေးအတုံးလေးတွေပါ။

  တောင်ကိုရီးယား၊ Konkuk တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်ကလည်း အခုသုတေသနရှာဖွေတွေ့ရှိချက်တွေကို ထောက်ပံ့ပေးထားပါတယ်။ ကိုရီးယား လေ့လာမှုအရ ချစ်တင်းနှောတာဟာ ဉာဏ်ရည်ပိုင်း လုပ်ဆောင်ချက်တွေကို တိုးမြင့်စေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit  :original writer


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top