Golden City Promotion
×

အိႏိၵယႏုိင္ငံ Madhya Pradesh ျပည္နယ္က အသက္ ၁၁ႏွစ္အရႊယ္ရွိ မိန္းကေလးတစ္ဦးဟာ လြန္ခဲ႔တဲ႔ ႏွစ္ပတ္ခန္႔ကစၿပီး ဝါဂြမ္းလုံးေလးေတြနဲ႔ အသြင္သ႑န္ဆင္တူေနတဲ႔ အျဖဴေရာင္မ်က္ရည္လုံးေပါင္း ေလးဆယ္ခန္႔ေလာက္ ထူးထူးျခားျခား ထြက္ရွိေနခဲ႔တယ္လုိ႔ သိရွိရပါတယ္။ ေျခာက္တန္းေက်ာင္းသူတစ္ေယာက္ျဖစ္တဲ႔ Manasi ေလးဟာ ၾသဂုတ္လ ၂၅ရက္ေန႔ကစတင္ၿပီး ဝါဂြမ္းပုံစံနဲ႔တူတဲ႔ အျဖဴေရာင္မ်က္ရည္ဥေတြ ထြက္ေပၚေနခဲ႔တာျဖစ္လုိ႔ ရြာသူရြာသားမ်ားက Manasi ေလးကုိ မေကာင္းဆုိးဝါးေတြ ဝင္ပူးေနတယ္လုိ႔ ထင္ျမင္ေနၾကေၾကာင္း Manasi ဖခင္က ေျပာဆုိထားခဲ႔ပါတယ္။ ထူးျခားအံၾသစရာေကာင္းတဲ႔ ဝါဂြမ္းမ်က္ရည္ေၾကာင့္ Manasi ေလးကုိ ရြာသားမ်ားက ထိတ္လန္႔ေၾကာက္ရြံေနၾကရၿပီး ဒီျဖစ္စဥ္ကုိ ၾကားသိခဲ႔လုိ႔ Manasi ကုိ လာေရာက္စစ္ေဆးခဲ႔ၾကတဲ႔ ေဒသတြင္းက ဆရာဝန္ႏွစ္ဦးကလည္း Manasi ေလးရဲ႕ ထူးျခားမႈကုိ အေျဖမရွာႏုိင္ခဲ႔ပါဘူး။

ဒါေပမယ့္ မ်က္စိအထူးကု ပညာရွင္တစ္ဦးျဖစ္သူ ေဒါက္တာ Navneet Saxena ကေတာ့ Manasi ေလးရဲ႕ျဖစ္ရပ္ဟာ လူေတြထင္ေနၾကသလုိ အေမွာင္ပေယာဂေၾကာင့္မဟုတ္ပဲ ဓါတ္မတည့္မႈျဖစ္စဥ္ ဒါမွမဟုတ္ ဗီတာမင္ဒီ ခ်ိဳတဲ႔မႈျဖစ္စဥ္ေတြသာ ျဖစ္ႏုိင္ေၾကာင္း သုံးသပ္ေျပာဆုိထားပါတယ္။ ဒါ့အျပင္ ေဒါက္တာက အာဟာရခ်ိဳ႕တဲ႔လြန္းတဲ႔ ကေလးငယ္ေတြမွာလည္း Manasi ေလးလုိမ်ိဳး ဝါဂြမ္းပြင့္ေလးေတြနဲ႔တူတဲ႔ အျဖဴေရာင္မ်က္ရည္ဥေတြ ထြက္ေပၚႏုိင္ေၾကာင္း ရွင္းလင္းေျပာဆုိခဲ႔ပါေသးတယ္။ လက္ရွိမွာေတာ့ Manasi ေလးဟာ သူရဲ႕ဝါဂြမ္းမ်က္ရည္က်မႈအတြက္ စစ္ေဆးကုသမႈ တစ္စုံတစ္ရာ မျပဳလုပ္ရေသးပါဘူးခင္ဗ်ာ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: knowledgethithtoolwin

#Unicode Version#
အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်က အသက် ၁၁နှစ်အရွှယ်ရှိ မိန်းကလေးတစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကစပြီး ဝါဂွမ်းလုံးလေးတွေနဲ့ အသွင်သဏ္ဍန်ဆင်တူနေတဲ့ အဖြူရောင်မျက်ရည်လုံးပေါင်း လေးဆယ်ခန့်လောက် ထူးထူးခြားခြား ထွက်ရှိနေခဲ့တယ်လို့ သိရှိရပါတယ်။ ခြောက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ Manasi လေးဟာ သြဂုတ်လ ၂၅ရက်နေ့ကစတင်ပြီး ဝါဂွမ်းပုံစံနဲ့တူတဲ့ အဖြူရောင်မျက်ရည်ဥတွေ ထွက်ပေါ်နေခဲ့တာဖြစ်လို့ ရွာသူရွာသားများက Manasi လေးကို မကောင်းဆိုးဝါးတွေ ဝင်ပူးနေတယ်လို့ ထင်မြင်နေကြကြောင်း Manasi ဖခင်က ပြောဆိုထားခဲ့ပါတယ်။ ထူးခြားအံသြစရာကောင်းတဲ့ ဝါဂွမ်းမျက်ရည်ကြောင့် Manasi လေးကို ရွာသားများက ထိတ်လန့်ကြောက်ရွံနေကြရပြီး ဒီဖြစ်စဉ်ကို ကြားသိခဲ့လို့ Manasi ကို လာရောက်စစ်ဆေးခဲ့ကြတဲ့ ဒေသတွင်းက ဆရာဝန်နှစ်ဦးကလည်း Manasi လေးရဲ့ ထူးခြားမှုကို အဖြေမရှာနိုင်ခဲ့ပါဘူး။

ဒါပေမယ့် မျက်စိအထူးကု ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ Navneet Saxena ကတော့ Manasi လေးရဲ့ဖြစ်ရပ်ဟာ လူတွေထင်နေကြသလို အမှောင်ပယောဂကြောင့်မဟုတ်ပဲ ဓါတ်မတည့်မှုဖြစ်စဉ် ဒါမှမဟုတ် ဗီတာမင်ဒီ ချိုတဲ့မှုဖြစ်စဉ်တွေသာ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားပါတယ်။ ဒါ့အပြင် ဒေါက်တာက အာဟာရချို့တဲ့လွန်းတဲ့ ကလေးငယ်တွေမှာလည်း Manasi လေးလိုမျိုး ဝါဂွမ်းပွင့်လေးတွေနဲ့တူတဲ့ အဖြူရောင်မျက်ရည်ဥတွေ ထွက်ပေါ်နိုင်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါသေးတယ်။ လက်ရှိမှာတော့ Manasi လေးဟာ သူရဲ့ဝါဂွမ်းမျက်ရည်ကျမှုအတွက် စစ်ဆေးကုသမှု တစ်စုံတစ်ရာ မပြုလုပ်ရသေးပါဘူးခင်ဗျာ။
ဖိုးသူတော် (www.phothutaw.com)
Credit: knowledgethithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top