Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိမ္ေထာင္သည္တို႔အား နွစ္ ၂ဝၾကာ ေလ့လာမႈအရ ျငင္းခံုရန္ျဖစ္ျခင္းမရိွသည့္ စံုတဲြမ်ားသည္ ပံုမွန္ ျငင္းခံု ရန္ျဖစ္သည့္စံုတဲြမ်ားထက္ ပိုမိုက်န္းမာသက္ရွည္ၾကေၾကာင္း သိရသည္။ ခင္ပြန္းနွင့္ ဇနီးတို႔အၾကား ေငြေရး

ေၾကးေရးကိစၥ၊ သူ႔ဘက္ကိုယ့္ဘက္ ေဆြမ်ဳိးမ်ား၊ ၾကည့္လိုသည့္ တီဗီအစီအစဥ္ အစရိွသည့္ ျငင္းခံုရန္ျဖစ္ေစ
ေသာ အေၾကာင္းရင္းမ်ားစြာ ရိွသည့္အနက္ ထိုသို႔ျငင္းခံုရန္ျဖစ္ရျခင္းေၾကာင့္ က်န္းမာေရးအေျခအေနကို ဆိုးရြားေစေၾကာင္း ဘရိုင္ဟမ္တကၠသိုလ္မွ ေလ့လာသူတို႔က ရွင္းျပသည္။

Image result for happy family
စံုတဲြ ၁၇ဝဝအား ႏွစ္ ၂ဝၾကာေလ့လာခဲ့ျပီး သူတို႔၏ က်န္းမာေရးအေျခအေနနွင့္ ျငင္းခံုရန္ျဖစ္ျခင္း၊ ေပ်ာ္ရႊင္
ျခင္းနွင့္ ဘဝေနထိုင္မႈ အရည္အေသြးတို႔ကိုတိုင္းတာခဲ့ၾကရာ ျငင္းခံုရန္ျဖစ္မႈမ်ားေလေလ၊ အေထြေထြက်န္း မာေရးအေျခအေန ပိုဆိုးေလေလျဖစ္ေၾကာင္း၊ေပ်ာ္ရႊင္ေသာ အိမ္ေထာင္ေရးသည္ သက္ရွည္က်န္းမာမႈ၏ အဓိက ေသာ့ခ်က္ျဖစ္ေၾကာင္း ေလ့လာေတြ႕ရိွခဲ့ရသည္။

ေပ်ာ္ရႊင္ေသာ စံုတဲြမ်ားသည္ အလုပ္တြင္ ေနာက္က်ျခင္းနွင့္ အဆင္သင့္အစာ စားျခင္းတို႔ထက္ အတူတကြ ဟင္းလ်ာခ်က္ျပဳတ္ျပီး က်န္းမာေရးနွင့္ ညီညြတ္သည့္ အစာမ်ားကို ပိုမိုစားျဖစ္ၾကေၾကာင္း၊ စိတ္ဖိစီးမႈ နည္း
ျခင္းေၾကာင့္ နွစ္ျခိဳက္စြာအိပ္ေပ်ာ္ေၾကာင္း၊ တစ္ဦးတြင္ရိွသည့္ေဆးလိပ္ေသာက္ျခင္းကဲ့သို႔ အက်င့္ကို ျပတ္
ေတာက္သြားေစရန္ အားေပးတတ္ေၾကာင္းနွင့္ အားကစားလႈပ္ရွားမႈကို အတူလုပ္ေဆာင္ျဖစ္ေၾကာင္း သိရ သည္။

ေပ်ာ္ရႊင္မႈကင္းမဲ့ေသာ အိမ္ ေထာင္ေရးသည္ စိတ္ဓာတ္က်ျခင္း၊ ပူပင္ေသာကမ်ားျခင္း၊ က်န္းမာေရး နွင့္ မညီေသာအစာမ်ားကို စားျခင္း၊ ေဆးလိပ္ေသာက္ျခင္းနွင့္ အိပ္ေရးမဝျခင္းတို႔နွင့္ ဆက္စပ္မႈ ရိွေနသျဖင့္ မၾကာခဏ ရန္ျဖစ္ျငင္းခံုေလ့ရိွေသာ စံုတဲြမ်ားသည္ က်န္းမာေရးေကာင္းမြန္လာေစရန္ ကြ်မ္းက်င္သူတို႔၏ အကူအညီကို လိုအပ္ေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ZKO

#Unicode Version#
အိမ်ထောင်သည်တို့အား နှစ် ၂ဝကြာ လေ့လာမှုအရ ငြင်းခုံရန်ဖြစ်ခြင်းမရှိသည့် စုံတွဲများသည် ပုံမှန် ငြင်းခုံ ရန်ဖြစ်သည့်စုံတွဲများထက် ပိုမိုကျန်းမာသက်ရှည်ကြကြောင်း သိရသည်။ ခင်ပွန်းနှင့် ဇနီးတို့အကြား ငွေရေး

ကြေးရေးကိစ္စ၊ သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးများ၊ ကြည့်လိုသည့် တီဗီအစီအစဉ် အစရှိသည့် ငြင်းခုံရန်ဖြစ်စေ
သော အကြောင်းရင်းများစွာ ရှိသည့်အနက် ထိုသို့ငြင်းခုံရန်ဖြစ်ရခြင်းကြောင့် ကျန်းမာရေးအခြေအနေကို ဆိုးရွားစေကြောင်း ဘရိုင်ဟမ်တက္ကသိုလ်မှ လေ့လာသူတို့က ရှင်းပြသည်။


စုံတွဲ ၁၇ဝဝအား နှစ် ၂ဝကြာလေ့လာခဲ့ပြီး သူတို့၏ ကျန်းမာရေးအခြေအနေနှင့် ငြင်းခုံရန်ဖြစ်ခြင်း၊ ပျော်ရွှင်
ခြင်းနှင့် ဘဝနေထိုင်မှု အရည်အသွေးတို့ကိုတိုင်းတာခဲ့ကြရာ ငြင်းခုံရန်ဖြစ်မှုများလေလေ၊ အထွေထွေကျန်း မာရေးအခြေအနေ ပိုဆိုးလေလေဖြစ်ကြောင်း၊ပျော်ရွှင်သော အိမ်ထောင်ရေးသည် သက်ရှည်ကျန်းမာမှု၏ အဓိက သော့ချက်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

ပျော်ရွှင်သော စုံတွဲများသည် အလုပ်တွင် နောက်ကျခြင်းနှင့် အဆင်သင့်အစာ စားခြင်းတို့ထက် အတူတကွ ဟင်းလျာချက်ပြုတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစာများကို ပိုမိုစားဖြစ်ကြကြောင်း၊ စိတ်ဖိစီးမှု နည်း
ခြင်းကြောင့် နှစ်ခြိုက်စွာအိပ်ပျော်ကြောင်း၊ တစ်ဦးတွင်ရှိသည့်ဆေးလိပ်သောက်ခြင်းကဲ့သို့ အကျင့်ကို ပြတ်
တောက်သွားစေရန် အားပေးတတ်ကြောင်းနှင့် အားကစားလှုပ်ရှားမှုကို အတူလုပ်ဆောင်ဖြစ်ကြောင်း သိရ သည်။

ပျော်ရွှင်မှုကင်းမဲ့သော အိမ် ထောင်ရေးသည် စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်း၊ ကျန်းမာရေး နှင့် မညီသောအစာများကို စားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အိပ်ရေးမဝခြင်းတို့နှင့် ဆက်စပ်မှု ရှိနေသဖြင့် မကြာခဏ ရန်ဖြစ်ငြင်းခုံလေ့ရှိသော စုံတွဲများသည် ကျန်းမာရေးကောင်းမွန်လာစေရန် ကျွမ်းကျင်သူတို့၏ အကူအညီကို လိုအပ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: ZKO
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top