ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဘဝမွာ ထိခိုက္ဒဏ္ရာမျဖစ္ဖူးတဲ့သူဆိုတာ မရွိသေလာက္ ရွားပါတယ္  ။ အေၾကာင္းေၾကာင္းေၾကာင့္ မေတာ္တဆ ထိခိုက္ဒဏ္ရာျဖစ္သြားတဲ့အခါမ်ိဳးမွာ အိမ္မွာ ေဆးမရွိတဲ့အခ်ိန္နဲ႔ ၾကံဳေတြ႕ေကာင္း ၾကံဳေတြ႕လာနိုင္ပါတယ္ ။ဒီလို ၾကံဳတဲ့အခါ ကိုယ့္အိမ္က မီးဖိုေခ်ာင္ပစၥည္းေလးေတြနဲ႕ ကုသလို႔ရတဲ့ နည္းလမ္းေတြကိုလည္း သိရွိထားသင့္ပါတယ္ ။ ကိုယ္တုိင္ ဒဏ္ရာရလို႔ျဖစ္ေစ ၊ မိသားစု ၊ အေပါင္းအသင္း ဒဏ္ရာရလို႔ျဖစ္ေစ ဒီနည္းလမ္းေလးေတြနဲ႕ ကုသေပးနိုင္ပါတယ္ ။

၁။ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴမွာပါဝင္တဲ့ allicin ဓါတ္က ဘတ္တီးရီးယားေတြကို တိုက္ဖ်က္ျခင္း ၊ မိႈျဖစ္ပြါးျခင္းကို တိုက္ဖ်က္ေပးျခင္းနွင္ ့မည္သည့္ဒဏ္ရာအနာတရကိုမဆို ကုသနိုင္တဲ့ အစြမ္းသတိရွိပါတယ္ ။ ၾကက္သြန္ျဖဴ ၃ဥကို က်ိတ္ေျချပီး ဝိုင္တစ္ခြက္ျဖင့္ ေရာလိုက္ပါ ။ ထို႔ေနာက္ ၂နာရီ ၊ ၃နာရီခန္႔ၾကာေအာင္ ထားပါ။ ျပီးလွ်င္ အဝတ္သန္႔သန္႔ျဖင့္ အနာေပၚသို႔ သုတ္လိမ္းေပးပါ။ မိနစ္ ၂၀ခန္႔ၾကာလွ်င္ ေရေအးျဖင့္ ေဆးေၾကာေပးပါ ။ တစ္ေန႔လွ်င္ ၂ၾကိမ္ မွ ၃ၾကိမ္အထိ လိမ္းေပးပါ။

မွတ္ခ်က္ ။ ၾကက္သြန္ျဖဴက အေရျပားေပၚၾကာၾကာထားလွ်င္ ထိခိုက္နိုင္လို႔ မိနစ္၂၀ထက္ပိုျပီး မထားဖို႔ေတာ့ လိုပါတယ္။

၂။နႏြင္း

နႏြင္းမႈန္႔ဟာလည္း ပိုးမႊားမ်ား ကူးစက္ဝင္ေရာက္ျခင္းကို တားဆီးေပးျပီး ဘတ္တီးရီးယားေတြကို ေသေစနိုင္စြမ္း ရွိပါတယ္ ။ နႏြင္းမႈန္႔ လက္ဖက္ရည္ ၂ဇြန္းခန္႔ကို  နွမ္းၾကတ္ဆီ အနည္းငယ္ေရာျပီး ခပ္ပ်စ္ပ်စ္ေလး ေရာေမႊေပးပါ ။ ျပီးေနာက္ ဒဏ္ရာေပၚသို႔ သုတ္လိမ္းေပးျခင္းျဖင့္ အနာကို ပိုးဝင္ျခင္းမွ ကာကြယ္ေပးျပီး နာၾကင္မႈကိုလည္း သက္သာေစပါတယ္ ။ တစ္ေန႔လွ်င္ ၂ၾကိမ္ မွ ၃ၾကိမ္အထိ ကုသေပးပါ ။ အခ်ိဳ႕က နႏြင္းမႈန္႔ သီးသန္႔သံုးသလို ၊ အခ်ိဳ႕က သံလြင္ဆီ ၊ ဗီတာမင္အီးအဆီ စသည္တို႔နွင္ ့ ေရာစပ္သံုးၾကပါတယ္ ။

၃။ရွားေစာင္းလက္ပက္

ရွားေစာင္းလက္ပက္ကို ဒဏ္ရာအနာတရမ်ား ကုသရာမွာလည္း အသံုးျပဳလုိ႔ ရပါေသးတယ္ ။ ရွားေစာင္းလက္ပက္ရြက္ကို ခူးျပီး အထဲမွ အနွစ္ကိုယူကာ ဒဏ္ရာေပၚသို႔ သုတ္လိမ္းေပးရမွာပါ ။ ၂ နာရီခန္႔ၾကာေအာင္ထားျပီးလွ်င္ ေရေဆးပါ ။ တစ္ေန႔လွ်င္ ၂ၾကိမ္ခန္႔ ျပဳလုပ္ေပးပါ။

မွတ္ခ်က္ ။ ရွားေစာင္းလက္ပက္နည္းလမ္းကို ေသးတဲ့ ဒဏ္ရာအတြက္သာ အသံုးျပဳသင့္ျပီး ၾကီးမားတဲ့ ဒဏ္ရာအတြက္သံုးလွ်င္ေတာ့ ကုသခ်ိန္ ၾကာရွည္နိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode Version#

ဘဝမှာ ထိခိုက်ဒဏ်ရာမဖြစ်ဖူးတဲ့သူဆိုတာ မရှိသလောက် ရှားပါတယ်  ။ အကြောင်းကြောင်းကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာဖြစ်သွားတဲ့အခါမျိုးမှာ အိမ်မှာ ဆေးမရှိတဲ့အချိန်နဲ့ ကြုံတွေ့ကောင်း ကြုံတွေ့လာနိုင်ပါတယ် ။ဒီလို ကြုံတဲ့အခါ ကိုယ့်အိမ်က မီးဖိုချောင်ပစ္စည်းလေးတွေနဲ့ ကုသလို့ရတဲ့ နည်းလမ်းတွေကိုလည်း သိရှိထားသင့်ပါတယ် ။ ကိုယ်တိုင် ဒဏ်ရာရလို့ဖြစ်စေ ၊ မိသားစု ၊ အပေါင်းအသင်း ဒဏ်ရာရလို့ဖြစ်စေ ဒီနည်းလမ်းလေးတွေနဲ့ ကုသပေးနိုင်ပါတယ် ။

၁။ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin ဓါတ်က ဘတ်တီးရီးယားတွေကို တိုက်ဖျက်ခြင်း ၊ မှိုဖြစ်ပွါးခြင်းကို တိုက်ဖျက်ပေးခြင်းနှင့်မည်သည့်ဒဏ်ရာအနာတရကိုမဆို ကုသနိုင်တဲ့ အစွမ်းသတိရှိပါတယ် ။ ကြက်သွန်ဖြူ ၃ဥကို ကျိတ်ခြေပြီး ဝိုင်တစ်ခွက်ဖြင့် ရောလိုက်ပါ ။ ထို့နောက် ၂နာရီ ၊ ၃နာရီခန့်ကြာအောင် ထားပါ။ ပြီးလျှင် အဝတ်သန့်သန့်ဖြင့် အနာပေါ်သို့ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးပါ ။ တစ်နေ့လျှင် ၂ကြိမ် မှ ၃ကြိမ်အထိ လိမ်းပေးပါ။

မှတ်ချက် ။ ကြက်သွန်ဖြူက အရေပြားပေါ်ကြာကြာထားလျှင် ထိခိုက်နိုင်လို့ မိနစ်၂၀ထက်ပိုပြီး မထားဖို့တော့ လိုပါတယ်။

၂။နနွင်း

နနွင်းမှုန့်ဟာလည်း ပိုးမွှားများ ကူးစက်ဝင်ရောက်ခြင်းကို တားဆီးပေးပြီး ဘတ်တီးရီးယားတွေကို သေစေနိုင်စွမ်း ရှိပါတယ် ။ နနွင်းမှုန့် လက်ဖက်ရည် ၂ဇွန်းခန့်ကို  နှမ်းကြတ်ဆီ အနည်းငယ်ရောပြီး ခပ်ပျစ်ပျစ်လေး ရောမွှေပေးပါ ။ ပြီးနောက် ဒဏ်ရာပေါ်သို့ သုတ်လိမ်းပေးခြင်းဖြင့် အနာကို ပိုးဝင်ခြင်းမှ ကာကွယ်ပေးပြီး နာကြင်မှုကိုလည်း သက်သာစေပါတယ် ။ တစ်နေ့လျှင် ၂ကြိမ် မှ ၃ကြိမ်အထိ ကုသပေးပါ ။ အချို့က နနွင်းမှုန့် သီးသန့်သုံးသလို ၊ အချို့က သံလွင်ဆီ ၊ ဗီတာမင်အီးအဆီ စသည်တို့နှင့် ရောစပ်သုံးကြပါတယ် ။

၃။ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကို ဒဏ်ရာအနာတရများ ကုသရာမှာလည်း အသုံးပြုလို့ ရပါသေးတယ် ။ ရှားစောင်းလက်ပက်ရွက်ကို ခူးပြီး အထဲမှ အနှစ်ကိုယူကာ ဒဏ်ရာပေါ်သို့ သုတ်လိမ်းပေးရမှာပါ ။ ၂ နာရီခန့်ကြာအောင်ထားပြီးလျှင် ရေဆေးပါ ။ တစ်နေ့လျှင် ၂ကြိမ်ခန့် ပြုလုပ်ပေးပါ။

မှတ်ချက် ။ ရှားစောင်းလက်ပက်နည်းလမ်းကို သေးတဲ့ ဒဏ်ရာအတွက်သာ အသုံးပြုသင့်ပြီး ကြီးမားတဲ့ ဒဏ်ရာအတွက်သုံးလျှင်တော့ ကုသချိန် ကြာရှည်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top