Golden City Promotion
×

လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္ခ်မွတ္ခံထားရသည့္ ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔ႏွစ္ဦးကို တရား႐ံုးသို႔ထုတ္လာစဥ္ (ဓာတ္ပံု − ေအအက္ဖ္ပီ)

လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္က်ခံေနေသာ ျမန္မာ လုပ္သားႏွစ္ဦး၏ အမႈအတြက္ ေနာက္ဆံုးတင္သြင္းသည့္အယူခံ ကို ထုိင္းႏိုင္ငံ အယူခံတရား႐ံုးက စက္တင္ဘာ ၁၈ ရက္တြင္ လက္ ခံခဲ့သည္။

ျမန္မာလုပ္သားႏွစ္ဦး အ တြက္ ေနာက္ဆံုးတင္သြင္းထား ေသာ အယူခံကို လက္ခံျခင္းရွိ၊ မရွိထုိင္းႏိုင္ငံ အမွတ္(၈) အယူခံတ ရား႐ံုးက တစ္လခန္႔ စစ္ေဆးၿပီး ေနာက္ ယခုကဲ့သို႔ လက္ခံျခင္းျဖစ္ ေၾကာင္း ထုိင္းႏိုင္ငံေရွ႕ေနမ်ား ေကာင္စီမွ ထုိင္းအမ်ိဳးသမီးေရွ႕ ေန ဖီအန္ဖြန္က ေျပာသည္။

‘‘တင္ထားတဲ့ အယူခံကို တရားလိုဘက္ကလည္း ကန္႔ ကြက္တဲ့ အယူခံတင္ဖို႔ရွိပါတယ္’’ ဟု ၎က ေျပာသည္။

ေသဒဏ္က်ခံေနေသာ ျမန္မာလုပ္သားႏွစ္ဦးအမႈအတြက္ ေနာက္ဆံုးတင္သြင္းရမည့္ အယူခံကို ျမန္မာလုပ္သားႏွစ္ဦး၏အ က်ိဳးေဆာင္ ထုိင္းႏိုင္ငံေရွ႕ေနမ်ား ေကာင္စီက ၾသဂုတ္ ၂၁ ရက္တြင္ ထုိင္းႏုိင္ငံ ေကာ့စမီြတရား႐ံုးသို႔ တင္သြင္းထားသည္။

ထုိင္းႏိုင္ငံဥပေဒသည္ အ ေျပာင္းအလဲရွိ၍ အေကာင္းဆံုး ေမွ်ာ္လင့္ထားေၾကာင္း ထုိင္းႏိုင္ငံ ေရွ႕ေနမ်ားေကာင္စီမွ ထုိင္းအမ်ိဳး သမီးေရွ႕ေန စုဖန္ဖာမရမ္က ေျပာသည္။

ျမန္မာလုပ္သားႏွစ္ဦး၏အ က်ိဳးေဆာင္ ေရွ႕ေနမ်ားျဖစ္ေသာ ထုိင္းႏိုင္ငံေရွ႕ေနမ်ားေကာင္စီမွ ေရွ႕ေနမ်ားသည္ စာမ်က္ႏွာ ၃၁၈ မ်က္ႏွာပါရွိေသာ အယူခံကို ငါး ႀကိမ္ေျမာက္ အယူခံတင္ရက္ တိုးေတာင္း၍ တင္သြင္းခဲ့သည္။

ေနာက္ဆံုး အယူခံတင္သြင္း မႈအမိန္႔ဆံုးျဖတ္ခ်က္ကို အနည္း ဆံုးတစ္ႏွစ္ၾကာ ေစာင့္ဆိုင္းရမည္ ျဖစ္ေၾကာင္း ေရွ႕ေန စုဖန္ဖာမရမ္ က ေျပာသည္။

ယခု ေနာက္ဆံုးအယူခံ႐ႈံး နိမ့္ပါက ျမန္မာလုပ္သားႏွစ္ဦး အေနျဖင့္ ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ရန္သာရွိေတာ့ သည္။ ေနာက္ဆံုးအယူခံတြင္ ျမန္မာအႀကံေပးအဖြဲ႕က ေပးပို႔ သည့္အခ်က္ႏွင့္ထုိင္းႏိုင္ငံေရွ႕ေန မ်ားေကာင္စီက ေရြးခ်ယ္ထား သည့္ အခ်က္မ်ားကို စုေပါင္းတင္ ျပထားသည္။

ျမန္မာလုပ္သား ႏွစ္ဦး၏ ေသဒဏ္အမိန္႔ႏွင့္ ပတ္သက္၍ ပထမဆံုးအယူခံတင္သြင္းမႈကို ထုိင္းႏိုင္ငံအယူခံေအာက္တရား ႐ံုးက ၂၀၁၇ ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ ပယ္ခ်ၿပီး ေသဒဏ္ကို ဆက္ လက္အတည္ျပဳခဲ့သည္။ ယခုအ ခါ အဆုိပါအမိန္႔အတြက္ ေနာက္ ဆံုးအယူခံတင္သြင္းမႈကို ထုိင္းအ ယူခံတရား႐ံုးက လက္ခံၾကားနာ မည္ျဖစ္သည္။

ထုိင္းႏိုင္ငံသို႔ လာေရာက္ လည္ပတ္ေသာ အသက္(၂၄)ႏွစ္ အရြယ္ ၿဗိတိန္ႏုိင္ငံသား ေဒးဗစ္ မီလာႏွင့္ (၂၃)ႏွစ္အရြယ္ ဟန္နာ ဝစ္သာရစ္ခ်္တို႔သည္ ၂၀၁၄ စက္ တင္ဘာ ၁၄ ရက္ ညဥ့္သန္းေခါင္ တြင္ ထိုင္းႏိုင္ငံေတာင္ပိုင္းဆူရတ္ ဌာနီခ႐ိုင္ခိုေတာင္ကြၽန္း(လိပ္ ကြၽန္း)၌ အသတ္ခံရၿပီး ျမန္မာလုပ္သား ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္း တို႔ကို လူသတ္မႈ၊ မုဒိမ္းမႈ၊ လုယက္မႈအပါအဝင္ ပုဒ္မခုနစ္ခုျဖင့္ ဖမ္း ဆီးခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့နှစ်ဦးကို တရားရုံးသို့ထုတ်လာစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေသော မြန်မာ လုပ်သားနှစ်ဦး၏ အမှုအတွက် နောက်ဆုံးတင်သွင်းသည့်အယူခံ ကို ထိုင်းနိုင်ငံ အယူခံတရားရုံးက စက်တင်ဘာ ၁၈ ရက်တွင် လက် ခံခဲ့သည်။

မြန်မာလုပ်သားနှစ်ဦး အ တွက် နောက်ဆုံးတင်သွင်းထား သော အယူခံကို လက်ခံခြင်းရှိ၊ မရှိထိုင်းနိုင်ငံ အမှတ်(၈) အယူခံတ ရားရုံးက တစ်လခန့် စစ်ဆေးပြီး နောက် ယခုကဲ့သို့ လက်ခံခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံရှေ့နေများ ကောင်စီမှ ထိုင်းအမျိုးသမီးရှေ့ နေ ဖီအန်ဖွန်က ပြောသည်။

‘‘တင်ထားတဲ့ အယူခံကို တရားလိုဘက်ကလည်း ကန့် ကွက်တဲ့ အယူခံတင်ဖို့ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။

သေဒဏ်ကျခံနေသော မြန်မာလုပ်သားနှစ်ဦးအမှုအတွက် နောက်ဆုံးတင်သွင်းရမည့် အယူခံကို မြန်မာလုပ်သားနှစ်ဦး၏အ ကျိုးဆောင် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက သြဂုတ် ၂၁ ရက်တွင် ထိုင်းနိုင်ငံ ကော့စမွီတရားရုံးသို့ တင်သွင်းထားသည်။

ထိုင်းနိုင်ငံဥပဒေသည် အ ပြောင်းအလဲရှိ၍ အကောင်းဆုံး မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ ထိုင်းအမျိုး သမီးရှေ့နေ စုဖန်ဖာမရမ်က ပြောသည်။

မြန်မာလုပ်သားနှစ်ဦး၏အ ကျိုးဆောင် ရှေ့နေများဖြစ်သော ထိုင်းနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေများသည် စာမျက်နှာ ၃၁၈ မျက်နှာပါရှိသော အယူခံကို ငါး ကြိမ်မြောက် အယူခံတင်ရက် တိုးတောင်း၍ တင်သွင်းခဲ့သည်။

နောက်ဆုံး အယူခံတင်သွင်း မှုအမိန့်ဆုံးဖြတ်ချက်ကို အနည်း ဆုံးတစ်နှစ်ကြာ စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ရှေ့နေ စုဖန်ဖာမရမ် က ပြောသည်။

ယခု နောက်ဆုံးအယူခံရှုံး နိမ့်ပါက မြန်မာလုပ်သားနှစ်ဦး အနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်သာရှိတော့ သည်။ နောက်ဆုံးအယူခံတွင် မြန်မာအကြံပေးအဖွဲ့က ပေးပို့ သည့်အချက်နှင့်ထိုင်းနိုင်ငံရှေ့နေ များကောင်စီက ရွေးချယ်ထား သည့် အချက်များကို စုပေါင်းတင် ပြထားသည်။

မြန်မာလုပ်သား နှစ်ဦး၏ သေဒဏ်အမိန့်နှင့် ပတ်သက်၍ ပထမဆုံးအယူခံတင်သွင်းမှုကို ထိုင်းနိုင်ငံအယူခံအောက်တရား ရုံးက ၂၀၁၇ ဖေဖော်ဝါရီ ၂၃ ရက်တွင် ပယ်ချပြီး သေဒဏ်ကို ဆက် လက်အတည်ပြုခဲ့သည်။ ယခုအ ခါ အဆိုပါအမိန့်အတွက် နောက် ဆုံးအယူခံတင်သွင်းမှုကို ထိုင်းအ ယူခံတရားရုံးက လက်ခံကြားနာ မည်ဖြစ်သည်။

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက်(၂၄)နှစ် အရွယ် ဗြိတိန်နိုင်ငံသား ဒေးဗစ် မီလာနှင့် (၂၃)နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ချ်တို့သည် ၂၀၁၄ စက် တင်ဘာ ၁၄ ရက် ညဉ့်သန်းခေါင် တွင် ထိုင်းနိုင်ငံတောင်ပိုင်းဆူရတ် ဌာနီခရိုင်ခိုတောင်ကျွန်း(လိပ် ကျွန်း)၌ အသတ်ခံရပြီး မြန်မာလုပ်သား ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုအပါအဝင် ပုဒ်မခုနစ်ခုဖြင့် ဖမ်း ဆီးခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top