Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိႏၵိယႏုိင္ငံရဲ႕ ပထမဆုံး ျမန္ႏႈန္းျမင့္ က်ည္ဆန္ရထား စီမံကိန္းလုပ္ငန္း စတင္မႈအခမ္းအနားကုိ ယေန႕ (စက္တင္ဘာ ၁၄ ရက္) ျပဳလုပ္မွာျဖစ္ၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္မုိဒီနဲ႕ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ႐ွင္ဇုိအေဘးတုိ႕ တက္ေရာက္ၾကမယ္လုိ႕ သိရပါတယ္။ အိႏၵိယရဲ႕ ပထမဆုံး က်ည္ဆန္ရထားစီမံကိန္းကုိ ဝန္ႀကီးခ်ဳပ္မုိဒီရဲ႕ ဇာတိေျမ ဂူဂ်ာရတ္ျပည္နယ္မွာ ေဆာင္႐ြက္သြားမွာလည္း ျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံမွ ေခ်းေငြ အေမရိကန္ေဒၚလာ ၁၇ ဘီလီယံျဖင့္ အကုန္အက်ခံ အေကာင္အထည္ေဖာ္သြားမယ့္ က်ည္ဆန္ရထားကုိ အမီဒါဘက္ၿမဳိ႕နဲ႕ မြမ္ဘုိင္းၿမဳိ႕အၾကား ေျပးဆြဲသြားမွာ ျဖစ္ပါတယ္။ အဆုိပါၿမဳိ႕ႏွစ္ၿမဳိ႕ၾကား မုိင္ ၃၁၀ အကြာအေဝးကုိ က်ည္ဆန္ရထားျဖင့္သြားပါက အခ်ိန္ ၃ နာရီ ေလ်ာ့နည္းသြားေစမယ္လို႕ ဆုိပါတယ္။

လက္႐ွိမွာ အမီဒါဘက္နဲ႕ မြမ္ဘုိင္းကုိ ပုံမွန္ရထားျဖင့္သြားပါက ၈ နာရီ ၾကာျမင့္ေၾကာင္း သိရပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္အေဘးက အိႏၵိယႏုိင္ငံကုိ ၂ ရက္ၾကာ ခရီးစဥ္အျဖစ္ လာေရာက္ျခင္းျဖစ္ပါတယ္။

အိႏၵိယႏုိင္ငံရဲ႕ ရထားဝန္ေဆာင္မႈကုိ ေန႕စဥ္ အသုံးျပဳေနသူ ၂၂ သန္းေက်ာ္ ႐ွိေနၿပီး ရထားလမ္းပုိင္းဆုိင္ရာမွာ ေခတ္မီနည္းပညာမ႐ွိမႈနဲ႕ ပစၥည္းကိရိယာမ်ား ေဟာင္းႏြမ္းယုိယြင္းေနမႈတုိ႕ေၾကာင့္ မေတာ္တဆမႈမ်ားနဲ႕ ခရီးစဥ္ အခ်ိန္မမွန္မႈ၊ ေႏွာင့္ေႏွးမႈမ်ား မၾကာခဏ ျဖစ္ေလ့႐ွိပါတယ္။

အိႏၵိယရဲ႕ ပထမဆုံး က်ည္ဆန္ရထားဟာ ခရီးသည္ ၇၅၀ လုိက္ပါစီးနင္းႏုိင္ၿပီး ၂၀၂၂ ခုႏွစ္ ၾသဂုတ္လမွာ စတင္ေျပးဆြဲႏုိင္ရန္ စီစဥ္ထားေၾကာင္း သိရပါတယ္။

အိႏၵိယအတြက္ က်ည္ဆန္ရထားစီမံကိန္းကုိ ကူညီေထာက္ပံ့ေပးတဲ့ ဂ်ပန္ႏုိင္ငံဟာ ျမန္ႏႈန္းျမင့္ရထားမ်ား တည္ေဆာက္ရာမွာ ဦးေဆာင္ႏုိင္ငံတစ္ႏုိင္ငံျဖစ္ၿပီး ၎ရဲ႕ က်ည္ဆန္ရထားေတြဟာ ကမာၻ႕အျမန္ဆုံးအျဖစ္ အဆင့္သတ္မွတ္ခံထားရပါတယ္။

အိႏၵိယႏုိင္ငံရဲ႕ ပထမဆုံး က်ည္ဆန္ရထား

    အမီဒါဘက္ၿမဳိ႕နဲ႕ မြမ္ဘုိင္းၿမဳိ႕အၾကား မုိင္ ၃၁၀ ခရီးကုိ ေျပးဆြဲမွာျဖစ္ၿပီး လက္႐ွိၾကာျမင့္ခ်ိန္ ၈ နာရီကေန ၃ နာရီ ေလ်ာ့နည္းသက္သာေစပါမယ္။
    က်ည္ဆန္ရထားလမ္းတစ္ေလွ်ာက္ ဘူတာ႐ုံ ၁၂ ခု ထား႐ွိမွာ ျဖစ္ပါတယ္။
    ရထားလမ္းပုိင္း ၄ မုိင္ခန္႕ဟာ ေရေအာက္ဥမင္လႈိဏ္ေခါင္းျဖင့္ ေဖာက္လုပ္သြားမွာ ျဖစ္ပါတယ္။
    အိႏၵိယရဲ႕ ပထမဆုံး က်ည္ဆန္ရထားဟာ အျမန္ႏႈန္း တစ္နာရီလွ်င္ ၂၁၇ မုိင္ျဖင့္ ခုတ္ေမာင္းႏုိင္ၿပီး လက္႐ွိ အိႏၵိယမွာေျပးဆြဲေနတဲ့ အျမန္ဆုံးရထားရဲ႕ အျမန္ႏႈန္းထက္ ၂ ဆေက်ာ္ ပုိျမန္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version #
အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး မြန်နှုန်းမြင့် ကျည်ဆန်ရထား စီမံကိန်းလုပ်ငန်း စတင်မှုအခမ်းအနားကို ယနေ့ (စက်တင်ဘာ ၁၄ ရက်) ပြုလုပ်မှာဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးတို့ တက်ရောက်ကြမယ်လို့ သိရပါတယ်။ အိန္ဒိယရဲ့ ပထမဆုံး ကျည်ဆန်ရထားစီမံကိန်းကို ဝန်ကြီးချုပ်မိုဒီရဲ့ ဇာတိမြေ ဂူဂျာရတ်ပြည်နယ်မှာ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံဖြင့် အကုန်အကျခံ အကောင်အထည်ဖော်သွားမယ့် ကျည်ဆန်ရထားကို အမီဒါဘက်မြို့နဲ့ မွမ်ဘိုင်းမြို့အကြား ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ အဆိုပါမြို့နှစ်မြို့ကြား မိုင် ၃၁၀ အကွာအဝေးကို ကျည်ဆန်ရထားဖြင့်သွားပါက အချိန် ၃ နာရီ လျော့နည်းသွားစေမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အမီဒါဘက်နဲ့ မွမ်ဘိုင်းကို ပုံမှန်ရထားဖြင့်သွားပါက ၈ နာရီ ကြာမြင့်ကြောင်း သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ်အဘေးက အိန္ဒိယနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရထားဝန်ဆောင်မှုကို နေ့စဉ် အသုံးပြုနေသူ ၂၂ သန်းကျော် ရှိနေပြီး ရထားလမ်းပိုင်းဆိုင်ရာမှာ ခေတ်မီနည်းပညာမရှိမှုနဲ့ ပစ္စည်းကိရိယာများ ဟောင်းနွမ်းယိုယွင်းနေမှုတို့ကြောင့် မတော်တဆမှုများနဲ့ ခရီးစဉ် အချိန်မမှန်မှု၊ နှောင့်နှေးမှုများ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

အိန္ဒိယရဲ့ ပထမဆုံး ကျည်ဆန်ရထားဟာ ခရီးသည် ၇၅၀ လိုက်ပါစီးနင်းနိုင်ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လမှာ စတင်ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

အိန္ဒိယအတွက် ကျည်ဆန်ရထားစီမံကိန်းကို ကူညီထောက်ပံ့ပေးတဲ့ ဂျပန်နိုင်ငံဟာ မြန်နှုန်းမြင့်ရထားများ တည်ဆောက်ရာမှာ ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်းရဲ့ ကျည်ဆန်ရထားတွေဟာ ကမ္ဘာ့အမြန်ဆုံးအဖြစ် အဆင့်သတ်မှတ်ခံထားရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ကျည်ဆန်ရထား

    အမီဒါဘက်မြို့နဲ့ မွမ်ဘိုင်းမြို့အကြား မိုင် ၃၁၀ ခရီးကို ပြေးဆွဲမှာဖြစ်ပြီး လက်ရှိကြာမြင့်ချိန် ၈ နာရီကနေ ၃ နာရီ လျော့နည်းသက်သာစေပါမယ်။
    ကျည်ဆန်ရထားလမ်းတစ်လျှောက် ဘူတာရုံ ၁၂ ခု ထားရှိမှာ ဖြစ်ပါတယ်။
    ရထားလမ်းပိုင်း ၄ မိုင်ခန့်ဟာ ရေအောက်ဥမင်လှိုဏ်ခေါင်းဖြင့် ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်။
    အိန္ဒိယရဲ့ ပထမဆုံး ကျည်ဆန်ရထားဟာ အမြန်နှုန်း တစ်နာရီလျှင် ၂၁၇ မိုင်ဖြင့် ခုတ်မောင်းနိုင်ပြီး လက်ရှိ အိန္ဒိယမှာပြေးဆွဲနေတဲ့ အမြန်ဆုံးရထားရဲ့ အမြန်နှုန်းထက် ၂ ဆကျော် ပိုမြန်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top