Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အုန္းသီးဟာ လူေတြ အတြက္ ေကာင္းမြန္ ထူးျခားတဲ႔ အစာ တစ္မ်ိဳး ျဖစ္ပါတယ္.

အထူး ျခားဆုံးက လူ႔အသက္ကိုေတာင္ ကယ္တင္ ႏိုင္စြမ္း ရွိတဲ့ အသီး ျဖစ္ပါတယ္.

အုန္းသီးဟာ ေသြးတြင္း သၾကားဓာတ္ကို တည္ျငိမ္ ေစႏိုင္စြမ္း ရွိျခင္း၊ ကိုလက္စေရာကို ေလ်ာ႔ခ် ေပးႏုိင္စြမ္း ရွိျခင္း၊

ေရဓာတ္ကို ထိန္းသိမ္း ေပးျခင္းနဲ႔ အေရးေပၚ ေသြးေရၾကည္ သြင္းဖို႔ လိုအပ္ေနသူမ်ားကို ေတာင္မွ အုန္းရည္ျဖင္႔ အစားသြင္း ကုသေပးႏိုင္ျခင္း

စတဲ႔ အုန္းသီးရဲ႔ အသံုး၀င္ အေရးပါပံုကို သိရွိသူမွာ လူအနည္းစု ေလာက္သာ ရွိပါတယ္.

ေခတ္ေပၚ ေဆးသုေတသန ျပဳသူမ်ား ကလည္း အုန္းသီးဟာ က်န္းမာေရး အတြက္ အလြန္ အက်ိဳးျပဳ ေစႏိုင္ေသာ အသီးျဖစ္ေၾကာင္း ေလ႔လာ ေတြ႔ရွိရပါတယ္..

========

အုန္းရည္


အုန္းသီးထဲမွ အုန္းရည္ဟာ လူ႕အသက္ကို ကယ္တင္ေပးႏိုင္စြမ္း ရွိပံုနဲ႔ပတ္သက္ျပီး အေကာင္းဆံုး သက္ေသတစ္ခုကို ေျပာျပရမယ္ဆိုရင္ ဒုတိယကမၻာစစ္အတြင္းက ပစိဖိတ္ေဒသစစ္ပြဲေတြမွာ စစ္သားေတြ အမ်ားအျပား ဒဏ္ရာရၾကတဲ႔အခါ အေရးေပၚ ေသြးသြင္းဖို႔ လိုအပ္ေနေပမဲ႔ စစ္ေျမျပင္ျဖစ္တာေၾကာင္႔ ေသြးရည္ၾကည္ပုလင္းေတြကို အခ်ိန္မွီ ရရွိဖို႔ အခက္အခဲ ျဖစ္ေနခ်ိန္မွာ ဆရာ၀န္ေတြဟာ အုန္းသီး ႏုႏုထဲက သန္႔စင္တဲ႕ အုန္းရည္ကို ေသြးရည္ၾကည္အစား ထိုးသြင္းကုသျပီး အသက္ကယ္ခဲ႕ရတဲ႔ ျဖစ္ရပ္ေတြ ရွိခဲ႕ပါတယ္.. အုန္းရည္ဟာ လူခႏၶာကိုယ္ရွိ ေသြးရည္ၾကည္နဲ႔ ထပ္တူနီးပါး တူညီျပီး ေသြးအမ်ိဳးအစား အားလံုးနဲ႔ သင္႔ေတာ္တယ္လို႔ သိရပါတယ္..

အုန္းရည္ဟာ ဓါတ္တိုးပစၥည္းပါ၀င္မႈ မ်ားျပားျပီး လူေတြကို အထူးအက်ိဳးျပဳေၾကာင္း ေလ႔လာေတြ႔ရွိရပါတယ္..

ကိုလက္စေရာကို က်ဆင္းေစျခင္း

အစာေျခႏိုင္စြမ္း ျမင္႔မားေစျခင္း

အေရျပားတြန္႔ျခင္းကို ကာကြယ္ေပးႏိုင္ျခင္း

ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးျခင္း

ဗိုင္းရပ္စ္ပိုးမ်ားကို ကာကြယ္တိုက္ဖ်က္ျခင္း

ဆဲလ္အသစ္မ်ားကို တိုးပြားေစျခင္း

ဟိုမုန္းကို ထိန္းခ်ဳပ္ေပးျခင္း

ကိုယ္အေလးခ်ိန္ကို ေလ်ာ႔ခ်ေပးႏိုင္ျခင္း

အဟာရဓာတ္ႏွင္႔ ေအာက္ဆီဂ်င္ကို ဆဲလ္မ်ားအတြင္း ပို႔ေဆာင္ေပးႏိုင္ျခင္း

ဇီ၀ရုပ္ျဖစ္ပ်က္ျခင္းကို တိုးတက္ေစျခင္း

ေရာဂါမ်ားကို ခုခံကာကြယ္ေပးျခင္း

မွတ္ဥာဏ္ခ်ဳိ႔ယြင္းမႈကို ကာကြယ္ေပးျခင္း

ဘက္တီးရီးယားမ်ားကို ေသေစႏိုင္ျခင္း


စတဲ႔ အက်ိဳးဆက္မ်ားစြာကို ေပးႏိုင္တဲ႕အတြက္ေၾကာင္႔ က်န္းမာေရးအတြက္ အဖိုးတန္တဲ႔ အုန္းသီးျဖစ္ပါတယ္..

အုန္းသီးအႏုတြင္ သန္႔စင္ေကာင္းမြန္ေသာ မျပည္႔၀ဆီမ်ား ပါ၀င္တဲ႔အတြက္ အုန္းသီးအရင္႔ထက္စာရင္ အဆီပါ၀င္မႈနႈန္း နည္းပါးပါတယ္..

ထို႔ေၾကာင္႔လည္း က်န္းမာေရးအတြက္ စဥ္းစားျပီး အုန္းသီးတစ္လံုးကို ၀ယ္ယူမယ္ဆိုရင္ အုန္းသီးအႏုကို ရွာေဖြ၀ယ္ယူသင္႔တယ္လို႕ သိရပါတယ္..

အုန္းသီး အႏုအရင္႔ ေရြးခ်ယ္ပံုမွာ အုန္းသီးအႏုသည္ ခပ္စိမ္းစိမ္းအေရာင္ရွိျပီး အုန္းသီးအရင္႔မွာ အစိမ္းေရာင္ နည္းပါးျပီး အညိဳခပ္ေဖ်ာ႕ေဖ်ာ႔အေရာင္ ရွိတတ္ပါတယ္..

အုန္းဆီ

အုန္းသီးကေန ရရွိတဲ႔ အုန္းဆီဟာလည္း အလြန္အက်ိဳးမ်ားတဲ႔ ေဆးကုသမႈဆိုင္ရာ ပစၥည္းအျဖစ္ သံုးစြဲႏိုင္ပါေသးတယ္..

အုန္းဆီဟာ အားလံုးသိၾကတဲ႕အတိုင္း ဆံပင္သန္စြမ္းနက္ေမွာင္ဖို႔ အလြန္ေကာင္းမြန္တဲ႔ သဘာ၀ အားျဖည္႔ေဆး ျဖစ္ပါတယ္..

အုန္းဆီျဖင္႔ ဦးေခါင္းကို မွန္မွန္ ႏွိပ္နယ္ေပးပါက ဦးေရျပားတြင္ျဖစ္တတ္ေသာ ေဘာက္ႏွင္႕ ဦးေရျပားေျခာက္ေသြ႔ျခင္းတို႔ကို ကာကြယ္ႏိုင္ပါတယ္။ ပ်က္စီးေနေသာ ဆံပင္မ်ားကို ျပဳျပင္ ထိန္းသိမ္းဖို႔ အတြက္လည္း အုန္းဆီမွာ အလြန္ေကာင္းမြန္ အဆင္ေျပပါသည္။

ထို႔ေၾကာင္႕လည္း အုန္းဆီကို ဆံပင္ျပဳျပင္ေရး ပစၥည္း၊ ေဗာက္မ်ား ကာကြယ္ေသာပစၥည္းအျဖစ္ နည္းမ်ိဳးစံုျဖင္႔ ထုတ္လုပ္ၾကပါတယ္..

ေနာက္ထပ္ အသံုး၀င္ေသာအခ်က္မွာ အုန္းဆီသည္ သြားပိုးစားျခင္း၊ သြားေရာဂါမ်ားျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႕ သိရပါတယ္..

အုန္းဆီအနည္းငယ္ကို သြားဖံုးႏွင္႕ သြားတို႔တြင္ အျမဲတမ္း ပြတ္တိုက္ေပးပါက သြားမ်ားကို ပိုမိုခိုင္မာေစႏိုင္ပါတယ္လို႔ ေဖာ္ျပထားပါတယ္.…

အုန္းဆီရဲ႕ အျခားအသံုး၀င္ပံုမွာ ေျခာက္ေသြ႕ေသာ အေရျပားမ်ားအတြက္ အေကာင္းဆံုး moisturizer ျဖစ္ပါတယ္..

အုန္းဆီကို အေရျပားေပၚလိမ္းျပီး ႏွိပ္နယ္ေပးပါက အသားပတ္ျခင္း၊ ေျခာက္ေသြ႕ျခင္း၊ အက္ကြဲျခင္းမ်ား မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္..

အေရျပားတြန္႔ျခင္းကိုလည္း ေႏွာင္႕ေႏွးေစတယ္လို႕ သိရပါတယ္. အုန္းဆီပါ၀င္တဲ႕ အေရျပားေစာင္႕ေရွာက္ပစၥည္းမ်ားျဖစ္တဲ႕ ဆပ္ျပာ၊ အသားလွလိမ္းေဆး၊ လူးေဆးခရမ္စသျဖင္႔ အမ်ားအျပားကို ထုတ္လုပ္ၾကပါတယ္..

ထိခိုက္ရွနာမ်ားအတြက္လည္း အုန္းဆီဟာ ေဆး၀ါးတစ္လက္အျဖစ္ အေထာက္အကူျပဳႏိုင္ပါေသးတယ္..

ဒဏ္ရာေပၚမွာ အုန္းဆီကို လိမ္းေပးျခင္းအားျဖင္႕ ျပင္ပမွ ဖုန္မ်ား ၊ ဘက္တီးရီးယားမ်ားနဲ႕ ဗိုင္းရပ္စ္မ်ား မ၀င္ေရာက္ႏိုင္ေအာင္ အလႊာပါးေလးအျဖစ္ ဖံုးအုပ္ထားေစပါတယ္..

အုန္းဆီဟာ ဒဏ္ရာေပၚမွ ပ်က္စီးသြားေသာ တစ္ရွဴးမ်ားကို အျမန္ဆံုး ျပန္လည္ ေကာင္းမြန္ေစႏိုင္စြမ္းရွိေၾကာင္း သိရပါတယ္..

အုန္းဆီဟာ ဘက္တီးရီးယားမ်ား၊ ဗိုင္းရပ္စ္မ်ား၊ အေရျပားေပၚ ျဖစ္တတ္ေသာမိႈမ်ား၊ စသည္တို႕ကို ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္စြမ္း ရွိပါတယ္..

အုန္းသီးထြက္ပစၥည္းမ်ား

အုန္းသီးကေန ထုတ္လုပ္တဲ႔ အုန္းႏို႔၊ အုန္းမႈန္႔၊ အုန္းသီးဖတ္ စသည္တို႔သည္လည္း အစားအေသာက္မ်ား၊ ဟင္းလ်ာမ်ား၊ မုန္႔မ်ား ခ်က္ျပဳတ္ရာတြင္ အသံုးျပဳၾကပါတယ္..

အခ်ိဳ႕ေသာႏိုင္ငံမ်ားတြင္ အုန္းႏို႔မွာ ဟင္းလ်ာအေတာ္မ်ားမ်ားတြင္ မပါမျပီး အသံုးျပဳၾကတဲ႔ အရာသာထူးကဲ ေကာင္းမြန္ေစေသာ ဟင္းခ်က္ဖြယ္ တစ္မ်ိဳး ျဖစ္ပါတယ္..

ျမန္မာႏိုင္ငံတြင္ေတာ႔ ဟင္းခ်က္ရာတြင္ အသံုးျပဳမႈ နည္းပါးေသာ္လည္း ျမန္မာမုန္႔ ေတာ္ေတာ္မ်ားမ်ားတြင္ အုန္းႏို႔ပါ၀င္တတ္ပါတယ္..

အုန္းရည္မွာ က်န္းမာေရးအတြက္ အေထာက္အကူမ်ားစြာ ျဖစ္ေစႏိုင္ေသာ္လည္း အုန္းႏုိ႔ႏွင္႔ျပဳလုပ္ေသာ အစားအေသာက္မ်ား အလြန္အကၽြံ စားသံုးပါက ေသြးတိုးေရာဂါသမားမ်ားအတြက္ အလြန္အႏၱရာယ္ၾကီးပါတယ္..



ဖိုးသူေတာ္ (www.phothutaw.com)
Credit: က်န္းမာေရး မွတ္စုမ်ား


#Unicode Version#
အုန်းသီးဟာ လူတွေ အတွက် ကောင်းမွန် ထူးခြားတဲ့ အစာ တစ်မျိုး ဖြစ်ပါတယ်.

အထူး ခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင် နိုင်စွမ်း ရှိတဲ့ အသီး ဖြစ်ပါတယ်.

အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေနိုင်စွမ်း ရှိခြင်း၊ ကိုလက်စရောကို လျော့ချ ပေးနိုင်စွမ်း ရှိခြင်း၊

ရေဓာတ်ကို ထိန်းသိမ်း ပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည် သွင်းဖို့ လိုအပ်နေသူများကို တောင်မှ အုန်းရည်ဖြင့် အစားသွင်း ကုသပေးနိုင်ခြင်း

စတဲ့ အုန်းသီးရဲ့ အသုံးဝင် အရေးပါပုံကို သိရှိသူမှာ လူအနည်းစု လောက်သာ ရှိပါတယ်.

ခေတ်ပေါ် ဆေးသုတေသန ပြုသူများ ကလည်း အုန်းသီးဟာ ကျန်းမာရေး အတွက် အလွန် အကျိုးပြု စေနိုင်သော အသီးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါတယ်..

========

အုန်းရည်

အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်..

အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..

ကိုလက်စရောကို ကျဆင်းစေခြင်း

အစာခြေနိုင်စွမ်း မြင့်မားစေခြင်း

အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း

ဆဲလ်အသစ်များကို တိုးပွားစေခြင်း

ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း

ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း

အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း

ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း

ရောဂါများကို ခုခံကာကွယ်ပေးခြင်း

မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း

ဘက်တီးရီးယားများကို သေစေနိုင်ခြင်း

စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်..

အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်..

ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို ဝယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေဝယ်ယူသင့်တယ်လို့ သိရပါတယ်..

အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..

အုန်းဆီ

အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်..

အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာ၀ အားဖြည့်ဆေး ဖြစ်ပါတယ်..

အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။

ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်..

နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်..

အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…

အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..

အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်..

အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက်ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်..

ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်..

ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မဝင်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်..

အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်..

အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..

အုန်းသီးထွက်ပစ္စည်းများ

အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်..

အချို့သောနိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်..

မြန်မာနိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်..

အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူများစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သော အစားအသောက်များ အလွန်အကျွံ စားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..



ဖိုးသူတော် (www.phothutaw.com)
Credit: ကျန်းမာရေး မှတ်စုများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top