ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တစ္ႏိုင္ငံလံုးရွိ ဝိဇၨာ၊ သိပၸံဘာသာရပ္သင္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ား တြင္ တတိယႏွစ္သင္တန္းေအာင္ ျမင္ၿပီး စတုတၳႏွစ္ (ေနာက္ဆံုးႏွစ္) သို႔ တက္ေရာက္သည့္အခါ ဘြဲ႕ ႀကိဳေပါင္းစပ္ဘာသာရပ္ ေျခာက္ ခုကို ေရြးခ်ယ္တက္ေရာက္ႏိုင္ သည္ဟု ၂၀၁၇ တကၠသိုလ္ဝင္ခြင့္ လမ္းၫႊန္၌ေၾကညာထားသည္။

ဝိဇၨာဘာသာရပ္ အထူးျပဳယူ သူမ်ားႏွင့္ သိပၸံဘာသာရပ္ အထူး ျပဳယူသူမ်ားသည္ စတုတၳႏွစ္ (ေနာက္ဆံုးႏွစ္) သင္တန္းသို႔ တက္ေရာက္သည့္အခါ မူလတက္ ေရာက္ေနသာ ဝိဇၨာဘြဲ႕ႏွင့္ သိပၸံ ဘဲြ႕မ်ားအျပင္ B.A (Southeast Asia and Pacific Studies), B.A (Myanmar Studies), B.A (English for Occupational Purposes), B.A (Behavioural Studies), B.Sc (Environmental Studies ႏွင့္ B.Sc (Biotechnology) စသည့္ ဘာသာရပ္ ေျခာက္ခုကို ဘြဲ႕ႀကိဳေပါင္းစပ္ဘာ သာရပ္မ်ားအျဖစ္ ထပ္မံေရြးခ်ယ္ တက္ေရာက္ႏိုင္သည္။

အဆိုပါေပါင္းစပ္ဘာသာ ရပ္မ်ားကို ယခင္ပညာသင္ႏွစ္ မ်ား ကတည္းက ေရြးခ်ယ္သင္ယူ ခြင့္ ေပးထားေသာ္လည္း ေက်ာင္း သား၊ ေက်ာင္းသူမ်ား သတင္းအ ခ်က္အလက္ရရွိမႈ အားနည္းျခင္း၊ အဆိုပါဘာသာရပ္မ်ား၏ အလုပ္ အကိုင္အခြင့္အလမ္း ရွားပါးျခင္း ေၾကာင့္ တကၠသိုလ္၊ ေကာလိပ္ တို႔တြင္ ေရြးခ်ယ္သင္ယူသူမရွိ ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာ န (ရန္ကုန္႐ံုးခြဲ)  ဒုတိယၫႊန္ၾကားေရးမွဴး ဦးေစာခိုင္က ေျပာသည္။

‘‘တတိယႏွစ္ေအာင္ရင္စယူ လို႔ရတယ္။ ဘြဲ႕ႀကိဳေပါင္းစပ္ဘာ သာရပ္တစ္ခုခုကို သူေရြးမယ္ဆို ရင္ေတာ့ ဘြဲ႕ရတဲ့အခါ ဘြဲ႕ႀကိဳ ေပါင္းစပ္ဘာသာရပ္နဲ႔ ဘြဲ႕ရမွာ ပါ။ ႏွစ္စဥ္ရွိပါတယ္။ ေက်ာင္း သားရဲ႕ ေရြးခ်ယ္မႈနဲ႔ ဆိုင္တယ္’’ ဟု ၎ဆိုသည္။

ပထမႏွစ္မွ တတိယႏွစ္အ ထိ တက္ေရာက္ခဲ့ေသာ ဝိဇၨာ၊ သိပၸံ ဘြဲ႕ႀကိဳဘာသာရပ္မ်ားအ ေပၚ မူတည္ကာ ဘဲြ႕ႀကိဳေပါင္း စပ္ဘာသာရပ္မ်ားကို ေရြးခ်ယ္ ခြင့္ျပဳမည္ျဖစ္ၿပီး ေနာက္ဆံုးႏွစ္ ဘဲြ႕ရသည့္အခါ ဘြဲ႕ႀကိဳေပါင္းစပ္ ဘာသာရပ္ျဖင့္သာ ဘြဲ႕ေပးအပ္ မည္ျဖစ္သည္။

‘‘ဒီအခ်က္က တကၠသိုလ္ဝင္ ခြင့္လမ္းၫႊန္မွာေတာ့ ပါၿပီးသား ပါ။ ေက်ာင္းသားက စတုတၳႏွစ္ တက္တဲ့အခါ ဒီဘာသာေတြထဲက သူႀကိဳက္တာ ေရြးခ်ယ္ခြင့္ရွိတယ္ ဆိုၿပီးေတာ့ သတ္မွတ္ထားတယ္။ ဆရာတို႔ တကၠသိုလ္မွာေတာ့ အခု ထိ ေက်ာင္းသားေတြက ဘြဲ႕ႀကိဳ ေပါင္းစပ္နဲ႔ ပတ္သက္ၿပီး ေရြးခ်ယ္ခ်င္တယ္ေျပာတာေတာ့ မရွိေသး ဘူး။ ကေလးေတြအေပၚ မူတည္ တယ္’’ ဟု ရန္ကုန္တကၠသိုလ္ သင္တန္းေရးရာဌာန တာဝန္ရွိသူတစ္ဦးက ဆိုသည္။

ဝိဇၨာသိပၸံတကၠသိုလ္၊ ဒီဂရီ ေကာလိပ္ႏွင့္ ေကာလိပ္မ်ား၏ ၂၀၁၆-၁၇ ပညာသင္ႏွစ္ ဒုတိယ ပညာသင္ကာလ စာေမးပြဲမ်ားကို စက္တင္ဘာ တတိယပတ္က က်င္းပခဲ့ၿပီး ႏိုဝင္ဘာတြင္ ေအာင္ စာရင္း ထုတ္ျပန္ေၾကညာကာ ဒီဇင္ဘာတြင္ ေနာက္ပညာသင္ႏွစ္ စတင္မည္ျဖစ္သည္။

တစ္ႏိုင္ငံလံုးတြင္ ဝိဇၨာသိပၸံ တကၠသိုလ္၊ ဒီဂရီေကာလိပ္ႏွင့္ ေကာလိပ္ ၄၈ခုရွိၿပီး အဆိုပါတကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားတြင္ ဝိဇၨာသိပၸံဘြဲ႕ႀကိဳဘာသာရပ္မ်ားကို ေလးႏွစ္၊ ဥပေဒဘာသာရပ္ကို ငါးႏွစ္သင္တန္းမ်ား ပို႔ခ်ေနသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်သင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ တွင် တတိယနှစ်သင်တန်းအောင် မြင်ပြီး စတုတ္ထနှစ် (နောက်ဆုံးနှစ်) သို့ တက်ရောက်သည့်အခါ ဘွဲ့ ကြိုပေါင်းစပ်ဘာသာရပ် ခြောက် ခုကို ရွေးချယ်တက်ရောက်နိုင် သည်ဟု ၂၀၁၇ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်၌ကြေညာထားသည်။

ဝိဇ္ဇာဘာသာရပ် အထူးပြုယူ သူများနှင့် သိပ္ပံဘာသာရပ် အထူး ပြုယူသူများသည် စတုတ္ထနှစ် (နောက်ဆုံးနှစ်) သင်တန်းသို့ တက်ရောက်သည့်အခါ မူလတက် ရောက်နေသာ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံ ဘွဲ့များအပြင် B.A (Southeast Asia and Pacific Studies), B.A (Myanmar Studies), B.A (English for Occupational Purposes), B.A (Behavioural Studies), B.Sc (Environmental Studies နှင့် B.Sc (Biotechnology) စသည့် ဘာသာရပ် ခြောက်ခုကို ဘွဲ့ကြိုပေါင်းစပ်ဘာ သာရပ်များအဖြစ် ထပ်မံရွေးချယ် တက်ရောက်နိုင်သည်။

အဆိုပါပေါင်းစပ်ဘာသာ ရပ်များကို ယခင်ပညာသင်နှစ် များ ကတည်းက ရွေးချယ်သင်ယူ ခွင့် ပေးထားသော်လည်း ကျောင်း သား၊ ကျောင်းသူများ သတင်းအ ချက်အလက်ရရှိမှု အားနည်းခြင်း၊ အဆိုပါဘာသာရပ်များ၏ အလုပ် အကိုင်အခွင့်အလမ်း ရှားပါးခြင်း ကြောင့် တက္ကသိုလ်၊ ကောလိပ် တို့တွင် ရွေးချယ်သင်ယူသူမရှိ ကြောင်း အဆင့်မြင့်ပညာဦးစီးဌာ န (ရန်ကုန်ရုံးခွဲ)  ဒုတိယညွှန်ကြားရေးမှူး ဦးစောခိုင်က ပြောသည်။

‘‘တတိယနှစ်အောင်ရင်စယူ လို့ရတယ်။ ဘွဲ့ကြိုပေါင်းစပ်ဘာ သာရပ်တစ်ခုခုကို သူရွေးမယ်ဆို ရင်တော့ ဘွဲ့ရတဲ့အခါ ဘွဲ့ကြို ပေါင်းစပ်ဘာသာရပ်နဲ့ ဘွဲ့ရမှာ ပါ။ နှစ်စဉ်ရှိပါတယ်။ ကျောင်း သားရဲ့ ရွေးချယ်မှုနဲ့ ဆိုင်တယ်’’ ဟု ၎င်းဆိုသည်။

ပထမနှစ်မှ တတိယနှစ်အ ထိ တက်ရောက်ခဲ့သော ဝိဇ္ဇာ၊ သိပ္ပံ ဘွဲ့ကြိုဘာသာရပ်များအ ပေါ် မူတည်ကာ ဘွဲ့ကြိုပေါင်း စပ်ဘာသာရပ်များကို ရွေးချယ် ခွင့်ပြုမည်ဖြစ်ပြီး နောက်ဆုံးနှစ် ဘွဲ့ရသည့်အခါ ဘွဲ့ကြိုပေါင်းစပ် ဘာသာရပ်ဖြင့်သာ ဘွဲ့ပေးအပ် မည်ဖြစ်သည်။

‘‘ဒီအချက်က တက္ကသိုလ်ဝင် ခွင့်လမ်းညွှန်မှာတော့ ပါပြီးသား ပါ။ ကျောင်းသားက စတုတ္ထနှစ် တက်တဲ့အခါ ဒီဘာသာတွေထဲက သူကြိုက်တာ ရွေးချယ်ခွင့်ရှိတယ် ဆိုပြီးတော့ သတ်မှတ်ထားတယ်။ ဆရာတို့ တက္ကသိုလ်မှာတော့ အခု ထိ ကျောင်းသားတွေက ဘွဲ့ကြို ပေါင်းစပ်နဲ့ ပတ်သက်ပြီး ရွေးချယ်ချင်တယ်ပြောတာတော့ မရှိသေး ဘူး။ ကလေးတွေအပေါ် မူတည် တယ်’’ ဟု ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်များ၏ ၂၀၁၆-၁၇ ပညာသင်နှစ် ဒုတိယ ပညာသင်ကာလ စာမေးပွဲများကို စက်တင်ဘာ တတိယပတ်က ကျင်းပခဲ့ပြီး နိုဝင်ဘာတွင် အောင် စာရင်း ထုတ်ပြန်ကြေညာကာ ဒီဇင်ဘာတွင် နောက်ပညာသင်နှစ် စတင်မည်ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၈ခုရှိပြီး အဆိုပါတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဝိဇ္ဇာသိပ္ပံဘွဲ့ကြိုဘာသာရပ်များကို လေးနှစ်၊ ဥပဒေဘာသာရပ်ကို ငါးနှစ်သင်တန်းများ ပို့ချနေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top