မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
Credit: 7daydaily
#Unicode Version#
Bella အလှကုန်၏ ကမ်းလှမ်းမှုကြောင့် အမျိုးသားခေါင်း လျှော်ရည် ကြော်ငြာရိုက်ကူးရန် လက်ခံထားကြောင်း သရုပ် ဆောင်ကျော်သူက ပြောသည်။
‘‘စကမ်းလှမ်းခံရတုန်းက အံ့ အားသင့်သွားတယ်။ ငါ့ပုံကြီးနဲ့ မိတ်ကပ်ကြော်ငြာမလို့လားပေါ့။ နောက်တော့မှ ဒီဆံပင်ကြီးနဲ့ မုတ် ဆိတ်ကြီးကိုကြိုက်လို့ ခေါင်းလျှော် ရည်ကြော်ငြာရိုက်ချင်တယ်တဲ့။ ယောကျ်ားသုံးခေါင်းလျှော်ရည် Brand အသစ်ကို ကြော်ငြာချင် တယ်ဆိုတော့ ကောင်းပြီ၊  ရိုက် ပေးမယ်ဆိုပြီး စကားပြောထားပါ တယ်’’ဟု ၎င်းက ပြောသည်။
ကြော်ငြာရိုက်ကူးချင်သည့် အိုင်ဒီယာကအစ ကိုယ်တိုင်စဉ်း စားကာ ရိုက်ကူးမည့် ဒါရိုက်တာ နှင့် တိုင်ပင်နေကြောင်း ကျော်သူက ဆိုသည်။
‘‘ခေါင်းလျှော်ရည်ကြော်ငြာ ဆိုတော့ စက်စက်ယိုရွာမှာရိုက် ချင်တယ်။ အဲဒီရွာမှာ ရေတူးပြီး တော့ ရေအောင်တဲ့အချိန်မှာ ကလေးတွေက ကျွန်တော့်ကို တရော်ကင်ပွန်းနဲ့ ခေါင်းလျှော် ပေးတာကို ကျွန်တော့်ခေါင်းထဲ မှတ်မိသွားတယ်။ ခေါင်းလျှော် ရည်ကြော်ငြာကို ဆံရစ်ဝိုင်းက လေးတွေက Bella ခေါင်းလျှော် ရည်နဲ့ လျှော်ပေးတယ်ဆိုရင်လှ မယ်။ ဆိုင်ကယ်တွေနဲ့လည်း သရုပ်ဆောင်ဖို့ ဒါရိုက်တာနဲ့ ပြော ထားပါတယ်’’ဟု ကျော်သူက ပြောသည်။
မိုးပြည့်ပြည့်မောင်၏ ရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူးမည့် ‘မြစ်တစ်စင်းရဲ့ ကျေးကျွန်များ’ ဇာတ်ကား၌ ဧရာဝတီမြစ်ကမ်းနံ ဘေးက ရွာလေးတွင် ငယ်ငယ်က တည်းက ကြီးပြင်းလာသည့် လူ ကြီးတစ်ယောက်၊ ဧရာဝတီမြစ် ကြီးကိုချစ်ပြီး သဘာဝတရားကို မြတ်နိုးသော၊ လူငယ်မျိုးဆက် သစ်များကို ထူထောင်ပညာသင် ကြားပေးသည့် ကျောင်းဆရာ ဟောင်းကြီးအဖြစ် သရုပ်ဆောင် မည်ဟု ဆိုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top