တရုတ်နိုင်ငံ ဂွမ်ကျိုးရှိ ဆေးရုံ တွင် အမျိုးသား လူနာ တစ်ဦး၏ စအို ထဲမှ ဖန်ခွက် တစ်လုံးကို ဆရာဝန်များက အောင်မြင်စွာ ထုတ်ပေးခဲ့နိုင်သော်လည်း စအို ထဲသို့ ဖန်ခွက် ဝင်ခဲ့ရသည့်အကြောင်းကိုမူ ပြောဆိုရန် လူနာက ငြင်းပယ်ခဲ့သည်။





Credit: popolay

#Unicode Version#

တရုပ်နိုင်ငံ ဂွမ်ကျိုးရှိ ဆေးရုံ တွင် အမျိုးသား လူနာ တစ်ဦး၏ စအို ထဲမှ ဖန်ခွက် တစ်လုံးကို ဆရာဝန်များက အောင်မြင်စွာ ထုတ်ပေးခဲ့နိုင်သော်လည်း စအို ထဲသို့ ဖန်ခွက် ဝင်ခဲ့ရသည့်အကြောင်းကိုမူ ပြောဆိုရန် လူနာက ငြင်းပယ်ခဲ့သည်။

နာကျင်မှု ဝေဒနာ ကို နှစ်ရက်မျှ ခံစားပြီး ဖန်ခွက် ကိုပြန်ထုတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် ဝေဒနာ မခံစားနိုင်တော့သည့်အဆုံး နံနက်ဝေလီဝေလင်း ၂ နာရီအချိန်ခန့်တွင် အမျိုးသားက ဆေးရုံသို့ အော်ဟစ်ကာ ရောက်လာခဲ့ခြင်းဖြစ်သည်။

ဆရာဝန် များက ဓါတ်မန် ရိုက်ကြည့်ခဲ့ရာ စအိုထဲတွင် အရှည် ၈ စင်တီမီတာ၊ အချင်း ၇ စင်တီမီတာ ရှိသော ဖန်ခွက် တစ်လုံး တစ်ဆို့နေကြောင်း တွေ့ခဲ့ရသည်။ အမြန်မဖယ်ရှားနိုင်ပါက အသက်အန္တရာယ်ရှိသော အခြေအနေဖြစ်ခဲ့သည့်အတွက် အမြန်ဆုံး ပြန်ထုတ်နိုင်အောင် ကြိုးပမ်းခဲ့ကြရသည်။

လူနာ ကို အနာသက်သာစေရန် ဆေးများပေးပြီး စအို ထဲမှ ဖန်ခွက် ကို သွင်းခဲ့ရာ လမ်းကြောင်းအတိုင်း ခက်ခဲစွာပြန်လည် ထုတ်ယူနိုင်ခဲ့သည်။ ပြန်လည်ထုတ်ယူခဲ့ရာတွင် ဖန်ခွက် ကွဲသွားမည်ကို အထူးစိုးရိမ်ပြီး သတိကြီးကြီးထားကာ ထုတ်ယူခဲ့ရခြင်းဖြစ်သည်။

ပြန်လည်ဆွဲထုတ်နိုင်ခဲ့ပြီး လူနာမှာ ဆေးရုံ တွင် ရက်အနည်းငယ် ကုသခံခဲ့သော်လည်း ဖင်ထဲ သို့ ဖန်ခွက် မည်သို့ ဝင်ခဲ့ပုံအား ဖွင့်ဟပြောကြားခြင်းမရှိကြောင်း သိရှိရသည်။ အဆိုပါ အမျိုးသား မှာ အိမထောင်နှင့် သားသမီးများရှိသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top