ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကယ္လီဖိုးနီးယားက အမ်ိဳးသားတစ္ဦးရဲ႕ ေနအိမ္အတြင္းမွာ ေဖာက္ထြင္းဝင္ေရာက္တဲ့ အမ်ိဳးသမီး တစ္ဦး ကုိယ္လံုးတီးနဲ႔ အိပ္စက္ေနခဲ့လုိ႔ ရဲတပ္ဖြဲ႔သုိ႔ အေရးေပၚ အေၾကာင္းၾကားေခၚယူခဲ့ရတယ္လုိ႔ သိရပါတယ္။ အမည္မေဖာ္လုိသူ အိမ္ပုိင္ရွင္အမ်ိဳးသားက အလုပ္ကအျပန္ေနအိမ္ေရာက္ခုိက္မွာ သူ႔ ရဲ႕ အိပ္ယာေပၚ သိကၽြမ္းတဝင္မရွိတဲ့သူစိမ္းအမ်ိဳးသမီး တစ္ဦးအိပ္စက္ေနခဲ့တာကုိေတြ႕ ရွိခဲ့ရတာျဖစ္ ပါတယ္။

အန္ဒါစန္က သူ႔ရဲ႕ ေနအိမ္အတြင္း တံခါးပြင့္လွ်က္အေနအထားနဲ႔ အစားအေသာက္ေတြ စားေသာက္ လက္စနဲ႔ ဘီယာ၊ စီးကရက္ေတြ ေသာက္သံုးစားထားတဲ့ လက္ရာေတြကုိ ေတြ႕ရွိခဲ့ကာ အခန္းတြင္း မွာဆုိရင္လည္း အဝတ္အစားမပါ တဲ့ အမ်ိဳးသမီးတစ္ဦး အိပ္စက္ေနခဲ့ တာကုိ ေတြ႕ခဲ့ရတာေၾကာင့္ ထိတ္လန္႔ခဲ့ကာ ရဲစခန္းသုိ႔ ဖုန္းဆက္ေခၚခဲ့တာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္မုိ႔လုိ႔ အိမ္ပုိင္ရွင္အမ်ိဳးသားက သူနဲ႔ မသိကၽြမ္းဝင္တဲ့ သူစိမ္းအမ်ိဳးသမီး ေနအိမ္ေဖာက္ ထြင္းၿပီး ဝင္ေရာက္ခဲ့တာေၾကာင့္ ကူညီၿပီး ဖမ္းဆီးထိန္းသိမ္းႏုိင္ဖုိ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ ရဲအရာရွိတစ္ဦးရဲ႕ ေျပာၾကားခ်က္အရေတာ့ ေနအိမ္သုိ႔ ရဲတပ္ဖြဲ႕ေတြ ဝင္ေရာက္စစ္ ေဆးခုိက္မွာဆုိရင္ ခိုးဝင္ေရာက္တဲ့ ေဖာက္ထြင္းအမ်ိဳးသမီးထံမွာ ခိုးရာပါပစၥည္းအခ်ိဳ႕နဲ႔ ေငြေၾကး ေဒၚလာ ႏွစ္ေသာင္းခြဲခန္႔ကုိ ေတြ႕ရွိခဲ့ရတယ္လုိ႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေနအိမ္ေဖာက္ ထြင္းၿပီး ဝင္ေရာက္ကာ အိပ္ခန္းအတြင္းအိပ္ စက္ေနခဲ့တဲ့ ေဖာက္ထြင္းအမ်ိဳးသမီးကုိ ဖမ္းဆီးစစ္ ေဆးမႈေတြ ျပဳလုပ္ေနတယ္လုိ႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
ကယ်လီဖိုးနီးယားက အမျိုးသားတစ်ဦးရဲ့ နေအိမ်အတွင်းမှာ ဖောက်ထွင်းဝင်ရောက်တဲ့ အမျိုးသမီး တစ်ဦး ကိုယ်လုံးတီးနဲ့ အိပ်စက်နေခဲ့လို့ ရဲတပ်ဖွဲ့သို့ အရေးပေါ် အကြောင်းကြားခေါ်ယူခဲ့ရတယ်လို့ သိရပါတယ်။ အမည်မဖော်လိုသူ အိမ်ပိုင်ရှင်အမျိုးသားက အလုပ်ကအပြန်နေအိမ်ရောက်ခိုက်မှာ သူ့ ရဲ့ အိပ်ယာပေါ် သိကျွမ်းတဝင်မရှိတဲ့သူစိမ်းအမျိုးသမီး တစ်ဦးအိပ်စက်နေခဲ့တာကိုတွေ့ ရှိခဲ့ရတာဖြစ် ပါတယ်။

အန်ဒါစန်က သူ့ရဲ့ နေအိမ်အတွင်း တံခါးပွင့်လျှက်အနေအထားနဲ့ အစားအသောက်တွေ စားသောက် လက်စနဲ့ ဘီယာ၊ စီးကရက်တွေ သောက်သုံးစားထားတဲ့ လက်ရာတွေကို တွေ့ရှိခဲ့ကာ အခန်းတွင်း မှာဆိုရင်လည်း အဝတ်အစားမပါ တဲ့ အမျိုးသမီးတစ်ဦး အိပ်စက်နေခဲ့ တာကို တွေ့ခဲ့ရတာကြောင့် ထိတ်လန့်ခဲ့ကာ ရဲစခန်းသို့ ဖုန်းဆက်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ အိမ်ပိုင်ရှင်အမျိုးသားက သူနဲ့ မသိကျွမ်းဝင်တဲ့ သူစိမ်းအမျိုးသမီး နေအိမ်ဖောက် ထွင်းပြီး ဝင်ရောက်ခဲ့တာကြောင့် ကူညီပြီး ဖမ်းဆီးထိန်းသိမ်းနိုင်ဖို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ရဲအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရတော့ နေအိမ်သို့ ရဲတပ်ဖွဲ့တွေ ဝင်ရောက်စစ် ဆေးခိုက်မှာဆိုရင် ခိုးဝင်ရောက်တဲ့ ဖောက်ထွင်းအမျိုးသမီးထံမှာ ခိုးရာပါပစ္စည်းအချို့နဲ့ ငွေကြေး ဒေါ်လာ နှစ်သောင်းခွဲခန့်ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ နေအိမ်ဖောက် ထွင်းပြီး ဝင်ရောက်ကာ အိပ်ခန်းအတွင်းအိပ် စက်နေခဲ့တဲ့ ဖောက်ထွင်းအမျိုးသမီးကို ဖမ်းဆီးစစ် ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top