ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ပဒူေကာင္အကိုက္ခံရတာက အလြန္အမင္း နာက်င္တဲ့ ေဝဒနာကို ျဖစ္ေပၚေစတဲ့အျပင္ ေနာက္ပိုင္းကာလ မွာနာတာရွည္ ထိခိုက္မႈကို ျဖစ္ေစနိုင္တယ္လို႔ လူအမ်ားစုကစိုးရိမ္ပူပန္တတ္ၾကပါတယ္။ အမ်ားအားျဖင့္ ပဒူေကာင္အကိုက္ခံရတာက စိုးရိမ္စရာ မဟုတ္ေပမယ့္ တခ်ဳိ႕ေသာ အေျခအေနေတြမွာေတာ့ အႏၱရာယ္
ျဖစ္ေစနိုင္ပါတယ္။ အခုေဆာင္းပါးဟာ ပဒူေကာင္အကိုက္ခံရရင္ သင္လိုက္နာရမယ့္ ကုထံုးေတြအေၾကာင္း
ျဖစ္သလိုေနာက္ဆက္တဲြ မလိုလားအပ္တဲ့ နာက်င္မႈေတြကို ေရွာင္လဲႊနိုင္ဖို႔လည္း ျဖစ္ပါတယ္။


ပဒူေကာင္အေၾကာင္း

ပဒူေကာင္ဆိုတာ နက်ယ္ေကာင္အမ်ဳိးအစား အင္းဆက္ျဖစ္ျပီး ပ်ားေတြ၊ ပုရြက္ဆိတ္ေတြလိုပဲ အစုအဖဲြ႔နဲ႔ ရိွတတ္ၾကပါတယ္။ ပ်ားလိုပဲ ပဒူေကာင္ေတြကလည္း ပဒူအသိုက္အျမံဳကို တည္ေဆာက္ေလ့ရိွကာ မ်ဳိးမပြား နိုင္တဲ့ပဒူေကာင္အမေတြက ပဒူဘုရင္မတစ္ေကာင္ဥေတြဥနိုင္ဖို႔ရာအတြက္ အသိုက္အျမံဳကိုတည္ေဆာက္
ေပးၾကရပါတယ္။ အမ်ားအားျဖင့္ ပဒူေကာင္အကိုက္ခံရတယ္ဆိုတာလူေတြက သူတို႔ပဒူအသိုက္အျမံဳကို လာေရာက္ေနွာက္ယွက္ဖို႔ ၾကိဳးစားတာေၾကာင့္ျဖစ္တတ္ပါတယ္။

ပဒူေကာင္ေတြက ကမၻာတစ္ဝန္းမွာေနထိုင္က်က္စားေလ့ရိွေပမယ့္ အဓိကအားျဖင့္ ဥေရာပ ပဒူေကာင္ (European) နဲ႔ ဥေရာပ မဟုတ္တဲ့ ပဒူေကာင္ (Non-European)ဆိုျပီး နွစ္မ်ဳိးခဲြျခားေလ့ရိွပါတယ္။ ပဒူ
ေကာင္အကိုက္ခံရတဲ့အခါ အဆိပ္ရိွပါတယ္။ ဒါေပမဲ့ အမ်ားအားျဖင့္ ပဒူေကာင္တစ္ေကာင္တည္း ကိုက္တာ ကေတာ့ လူေတြအတြက္ အႏၱရာယ္မျဖစ္ေစနိုင္ပါဘူး။ ပဒူေကာင္ အေကာင္ ၁ဝဝဝ အကိုက္ခံရရင္ အရြယ္
ေရာက္တဲ့လူၾကီးတစ္ဦးကို ေသေစနိုင္ျပီး ပဒူေကာင္ အေကာင္ ၅ဝဝ အကိုက္ခံရရင္ေတာ့ ကေလးတစ္ဦး ကိုေသေစနိုင္ပါတယ္။ ပဒူေကာင္တစ္ေကာင္တည္း အကိုက္ခံရတာေၾကာင့္လူအမ်ားစုအတြက္ (ပဒူေကာင္ အဆိပ္နဲ႔ ဓာတ္မတည့္မႈ မရိွဘူးဆိုရင္) ျပင္းထန္တဲ့ အႏၱရာယ္မျဖစ္နိုင္ပါဘူး။ ပဒူေကာင္အကိုက္ခံရတာက တျခားနက်ယ္ေကာင္ အမ်ားစုအကိုက္ခံရတာထက္ပိုျပီး ျပင္းထန္တဲ့ နာက်င္မႈကိုျဖစ္ေစနိုင္ပါတယ္။

အေၾကာင္းကေတာ့ပဒူေကာင္တစ္ေကာင္ရဲ့ အဆိပ္မွာ အဆီတိုင္းကိုလင္း (Acetyl-choline) ငါးရာခိုင္နႈန္း ပါဝင္ေနလို႔ပဲ ျဖစ္ပါတယ္။ အဆီတိုင္းကိုလင္းဟာ ႏ်ဴရိုထရန္စ္မစ္တာျဖစ္ျပီး ဦးေနွာက္ဆီကို နာက်င္မႈ အခ်က္ျပသေကၤတကို ပို႔လႊတ္ရာမွာ ပါဝင္ကူညီေနပါတယ္။

ပဒူေကာင္အကိုက္ခံရတာက ပ်ားအတုပ္ခံရတာထက္ ပိုျပီး အနၲရာယ္ရိွပါတယ္။ ဒါေပမဲ့ လူတစ္ေယာက္က ပဒူေကာင္တစ္ေကာင္ဆီမွ အၾကိမ္ေပါင္းမ်ားစြာ အကိုက္ခံရနိုင္ပါတယ္။ ပဒူေကာင္ေတြက သားေကာင္
ေတြကို ကိုက္ျပီးခိ်န္မွာလည္း ေသဆံုးမသြားပါဘူး။ (ပဒူေကာင္ေတြက အစြယ္မရိွေတာ့လည္းဘဲတုပ္နိုင္၊ ကိုက္နိုင္တဲ့ အင္းဆက္ေတြ ျဖစ္ပါတယ္။) တစ္ခိ်န္တည္းမွာ သားေကာင္ေတြကို ကိုက္လိုက္၊ တုပ္လိုက္ လုပ္နိုင္ေပမယ့္ ေနာက္ပိုင္းမွာ အဆိပ္ေတြကိုထုတ္လႊတ္နိုင္စြမ္း မရိွေတာ့ပါဘူး။

ပဒူေကာင္ အကိုက္ခံရလွ်င္

♦ ပဒူေကာင္တစ္ေကာင္ အကိုက္ခံရျပီဆိုတာနဲ႔ အရင္ဆံုးလုပ္သင့္တာကသင့္အနီးအနားမွာ တျခား ပဒူ
ေကာင္ေတြ ဝိုင္းမလာေစဖို႔ ဆန္းစစ္ရပါမယ္။ ရိွေနတဲ့ ပဒူေကာင္တစ္ေကာင္တည္းကေန တစ္ၾကိမ္ထက္ ပိုျပီး အကိုက္ခံရနိုင္တာကိုလည္း သတိျပဳေရွာင္ရွားရပါမယ္။

♦ ပဒူေကာင္အစြယ္က သင့္ဆီမွာက်န္ခဲ့သလားဆိုတာကို ဆန္းစစ္ပါ။ ပဒူေကာင္အစြယ္က ေသးငယ္ေပ မယ့္ ျမင္ရပါတယ္။ ပဒူေကာင္ အကိုက္ခံရျပီး အစြယ္တစ္ခု ေတြ႔ျပီဆိုရင္ ဖယ္ရွားနိုင္ဖို႔ စူးရွတဲ့အစြန္း တစ္ ခုခုကို သံုးပါ။ ဇာဂနာကို မသံုးပါနဲ႔။ ပဒူေကာင္အကိုက္ခံရျပီးေနာက္ ဇာဂနာနဲ႔ ပဒူအစြယ္ကို ဖယ္ရွားမယ္ ဆိုရင္ ပဒူေကာင္အဆိပ္ေတြက ကိုယ္ထဲကို မေတာ္တဆပိုျပီး ဝင္ေရာက္သြားနိုင္ပါတယ္။ ခရက္ဒစ္ကတ္
ျပား အစြန္းဒါမွမဟုတ္ ဓားခြ်န္ခြ်န္ပါးပါးနဲ႔ ပဒူေကာင္ အစြယ္ရိွေနတဲ့ အေရျပားကိုဆန္႔က်င္ထိုးသြင္းျပီး ပဒူ
ေကာင္ အစြယ္ကို ဖယ္ထုတ္ရမွာ ျဖစ္ပါတယ္။

♦ ပဒူေကာင္အစြယ္ကို ဖယ္ထုတ္ျပီးျပီဆိုရင္ အဲဒီအေရျပားေနရာကို ေရခဲအုပ္ေပးရမွာ ျဖစ္ပါတယ္။ ဒီနည္း ဟာ ပဒူေကာင္အကိုက္ခံရတဲ့အတြက္ ျဖစ္တဲ့ နာက်င္မႈနဲ႔ ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစနိုင္ပါတယ္။ ျပီး ရင္ နာက်င္မႈ ေလ်ာ့က်ေစဖို႔ ဟစၥတာမင္းတား လိမ္းေဆး (Topical Antihistamine) ကို လိမ္းေပးပါ။ ပဒူေကာင္အကိုက္ခံထားရတဲ့ အေရျပားေနရာက နီျပီး ေရာင္ရမ္းေနနိုင္ပါတယ္။

♦ ေရခဲအုပ္တာက နာက်င္ကိုက္ခဲမႈကိုေလ်ာ့က်ေစေပမယ့္ အထိေရာက္ဆံုးနည္းကTDS-40 ဖ်န္းေဆးကို သံုးတာပဲျဖစ္ပါတယ္။ မိနစ္အနည္းငယ္အတြင္းနာက်င္ကိုက္ခဲမႈကို သက္သာေစပါတယ္။

♦ ပဒူေကာင္အကိုက္ခံရတာေၾကာင့္ျပင္းျပင္းထန္ထန္နာက်င္ေနရင္ အကိုက္အခဲေပ်ာက္ေဆး (Ibuprofen လို ေဆးဝါး)ေသာက္ပါ၊ ဒါမွမဟုတ္ Topical Anesthetic လိမ္းေဆး လိမ္းပါ။ ပဒူေကာင္ အကိုက္ခံရျပီး နာက်င္မႈ ျဖစ္ေပၚတဲ့ေနရာကို ကူးစက္ပိုးဝင္မႈ မျဖစ္ေအာင္ပံုမွန္ ေဆးေၾကာသန္႔စင္ေပးရပါမယ္။

အေရးၾကီးသည့္အခ်က္ - သင္က ပဒူအစြယ္အဆိပ္နဲ႔ ဓာတ္မတည့္မႈ ျဖစ္ရင္ေဆးရံု၊ ေဆးခန္းကို အျမန္ဆံုး သြားေရာက္သင့္ပါတယ္။

ပဒူေကာင္ အကိုက္ခံရျခင္းမွေရွာင္လဲႊနိုင္ရန္

ပဒူေကာင္ အသိုက္အျမံဳနဲ႔ နီးကပ္လြန္းတဲ့ ေနရာတစ္ဝိုက္ကို ေရွာင္ရွားပါ။ ပဒူေကာင္အကိုက္ခံရတယ္လို႔ သတင္းၾကားတဲ့ေနရာေတြကို သတိလက္လြတ္ သြားလာတာမ်ဳိးကို ေရွာင္ပါ။ သင့္အိမ္အနီး ဒါမွမဟုတ္ အလုပ္အနီးတစ္ဝိုက္မွာ ပဒူေကာင္ေတြက အသိုက္ဖဲြ႔ေနထိုင္တယ္ဆိုရင္ အဲဒီအသိုက္ကို ခ်က္ခ်င္းဖယ္ ရွားနိုင္ဖို႔ ေဘးအနၲရာယ္ကင္းတဲ့ နည္းလမ္းေတြကို ရွာေဖြအေကာင္အထည္ေဖာ္ရပါမယ္။

လူတိုင္း ပဒူေကာင္အကိုက္ခံရျခင္းအနၲရာယ္ ကင္းေဝးၾကပါေစ။



 ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဇြန္ခိုင္ဦး (ေဆးဝါးတကၠသိုလ္)

#Unicode Version#
ပဒူကောင်အကိုက်ခံရတာက အလွန်အမင်း နာကျင်တဲ့ ဝေဒနာကို ဖြစ်ပေါ်စေတဲ့အပြင် နောက်ပိုင်းကာလ မှာနာတာရှည် ထိခိုက်မှုကို ဖြစ်စေနိုင်တယ်လို့ လူအများစုကစိုးရိမ်ပူပန်တတ်ကြပါတယ်။ အများအားဖြင့် ပဒူကောင်အကိုက်ခံရတာက စိုးရိမ်စရာ မဟုတ်ပေမယ့် တချို့သော အခြေအနေတွေမှာတော့ အန္တရာယ်

ဖြစ်စေနိုင်ပါတယ်။ အခုဆောင်းပါးဟာ ပဒူကောင်အကိုက်ခံရရင် သင်လိုက်နာရမယ့် ကုထုံးတွေအကြောင်း

ဖြစ်သလိုနောက်ဆက်တွဲ မလိုလားအပ်တဲ့ နာကျင်မှုတွေကို ရှောင်လွဲှနိုင်ဖို့လည်း ဖြစ်ပါတယ်။



ပဒူကောင်အကြောင်း


ပဒူကောင်ဆိုတာ နကျယ်ကောင်အမျိုးအစား အင်းဆက်ဖြစ်ပြီး ပျားတွေ၊ ပုရွက်ဆိတ်တွေလိုပဲ အစုအဖွဲ့နဲ့ ရှိတတ်ကြပါတယ်။ ပျားလိုပဲ ပဒူကောင်တွေကလည်း ပဒူအသိုက်အမြုံကို တည်ဆောက်လေ့ရှိကာ မျိုးမပွား နိုင်တဲ့ပဒူကောင်အမတွေက ပဒူဘုရင်မတစ်ကောင်ဥတွေဥနိုင်ဖို့ရာအတွက် အသိုက်အမြုံကိုတည်ဆောက်

ပေးကြရပါတယ်။ အများအားဖြင့် ပဒူကောင်အကိုက်ခံရတယ်ဆိုတာလူတွေက သူတို့ပဒူအသိုက်အမြုံကို လာရောက်နှောက်ယှက်ဖို့ ကြိုးစားတာကြောင့်ဖြစ်တတ်ပါတယ်။


ပဒူကောင်တွေက ကမ္ဘာတစ်ဝန်းမှာနေထိုင်ကျက်စားလေ့ရှိပေမယ့် အဓိကအားဖြင့် ဥရောပ ပဒူကောင် (European) နဲ့ ဥရောပ မဟုတ်တဲ့ ပဒူကောင် (Non-European)ဆိုပြီး နှစ်မျိုးခွဲခြားလေ့ရှိပါတယ်။ ပဒူ

ကောင်အကိုက်ခံရတဲ့အခါ အဆိပ်ရှိပါတယ်။ ဒါပေမဲ့ အများအားဖြင့် ပဒူကောင်တစ်ကောင်တည်း ကိုက်တာ ကတော့ လူတွေအတွက် အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ ပဒူကောင် အကောင် ၁ဝဝဝ အကိုက်ခံရရင် အရွယ်

ရောက်တဲ့လူကြီးတစ်ဦးကို သေစေနိုင်ပြီး ပဒူကောင် အကောင် ၅ဝဝ အကိုက်ခံရရင်တော့ ကလေးတစ်ဦး ကိုသေစေနိုင်ပါတယ်။ ပဒူကောင်တစ်ကောင်တည်း အကိုက်ခံရတာကြောင့်လူအများစုအတွက် (ပဒူကောင် အဆိပ်နဲ့ ဓာတ်မတည့်မှု မရှိဘူးဆိုရင်) ပြင်းထန်တဲ့ အန္တရာယ်မဖြစ်နိုင်ပါဘူး။ ပဒူကောင်အကိုက်ခံရတာက တခြားနကျယ်ကောင် အများစုအကိုက်ခံရတာထက်ပိုပြီး ပြင်းထန်တဲ့ နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။


အကြောင်းကတော့ပဒူကောင်တစ်ကောင်ရဲ့ အဆိပ်မှာ အဆီတိုင်းကိုလင်း (Acetyl-choline) ငါးရာခိုင်နှုန်း ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ အဆီတိုင်းကိုလင်းဟာ နျူရိုထရန်စ်မစ်တာဖြစ်ပြီး ဦးနှောက်ဆီကို နာကျင်မှု အချက်ပြသင်္ကေတကို ပို့လွှတ်ရာမှာ ပါဝင်ကူညီနေပါတယ်။


ပဒူကောင်အကိုက်ခံရတာက ပျားအတုပ်ခံရတာထက် ပိုပြီး အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်က ပဒူကောင်တစ်ကောင်ဆီမှ အကြိမ်ပေါင်းများစွာ အကိုက်ခံရနိုင်ပါတယ်။ ပဒူကောင်တွေက သားကောင်

တွေကို ကိုက်ပြီးချိန်မှာလည်း သေဆုံးမသွားပါဘူး။ (ပဒူကောင်တွေက အစွယ်မရှိတော့လည်းဘဲတုပ်နိုင်၊ ကိုက်နိုင်တဲ့ အင်းဆက်တွေ ဖြစ်ပါတယ်။) တစ်ချိန်တည်းမှာ သားကောင်တွေကို ကိုက်လိုက်၊ တုပ်လိုက် လုပ်နိုင်ပေမယ့် နောက်ပိုင်းမှာ အဆိပ်တွေကိုထုတ်လွှတ်နိုင်စွမ်း မရှိတော့ပါဘူး။


ပဒူကောင် အကိုက်ခံရလျှင်


♦ ပဒူကောင်တစ်ကောင် အကိုက်ခံရပြီဆိုတာနဲ့ အရင်ဆုံးလုပ်သင့်တာကသင့်အနီးအနားမှာ တခြား ပဒူ

ကောင်တွေ ဝိုင်းမလာစေဖို့ ဆန်းစစ်ရပါမယ်။ ရှိနေတဲ့ ပဒူကောင်တစ်ကောင်တည်းကနေ တစ်ကြိမ်ထက် ပိုပြီး အကိုက်ခံရနိုင်တာကိုလည်း သတိပြုရှောင်ရှားရပါမယ်။


♦ ပဒူကောင်အစွယ်က သင့်ဆီမှာကျန်ခဲ့သလားဆိုတာကို ဆန်းစစ်ပါ။ ပဒူကောင်အစွယ်က သေးငယ်ပေ မယ့် မြင်ရပါတယ်။ ပဒူကောင် အကိုက်ခံရပြီး အစွယ်တစ်ခု တွေ့ပြီဆိုရင် ဖယ်ရှားနိုင်ဖို့ စူးရှတဲ့အစွန်း တစ် ခုခုကို သုံးပါ။ ဇာဂနာကို မသုံးပါနဲ့။ ပဒူကောင်အကိုက်ခံရပြီးနောက် ဇာဂနာနဲ့ ပဒူအစွယ်ကို ဖယ်ရှားမယ် ဆိုရင် ပဒူကောင်အဆိပ်တွေက ကိုယ်ထဲကို မတော်တဆပိုပြီး ဝင်ရောက်သွားနိုင်ပါတယ်။ ခရက်ဒစ်ကတ်

ပြား အစွန်းဒါမှမဟုတ် ဓားချွန်ချွန်ပါးပါးနဲ့ ပဒူကောင် အစွယ်ရှိနေတဲ့ အရေပြားကိုဆန့်ကျင်ထိုးသွင်းပြီး ပဒူ

ကောင် အစွယ်ကို ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။


♦ ပဒူကောင်အစွယ်ကို ဖယ်ထုတ်ပြီးပြီဆိုရင် အဲဒီအရေပြားနေရာကို ရေခဲအုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ ပဒူကောင်အကိုက်ခံရတဲ့အတွက် ဖြစ်တဲ့ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ပြီး ရင် နာကျင်မှု လျော့ကျစေဖို့ ဟစ္စတာမင်းတား လိမ်းဆေး (Topical Antihistamine) ကို လိမ်းပေးပါ။ ပဒူကောင်အကိုက်ခံထားရတဲ့ အရေပြားနေရာက နီပြီး ရောင်ရမ်းနေနိုင်ပါတယ်။


♦ ရေခဲအုပ်တာက နာကျင်ကိုက်ခဲမှုကိုလျော့ကျစေပေမယ့် အထိရောက်ဆုံးနည်းကTDS-40 ဖျန်းဆေးကို သုံးတာပဲဖြစ်ပါတယ်။ မိနစ်အနည်းငယ်အတွင်းနာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။


♦ ပဒူကောင်အကိုက်ခံရတာကြောင့်ပြင်းပြင်းထန်ထန်နာကျင်နေရင် အကိုက်အခဲပျောက်ဆေး (Ibuprofen လို ဆေးဝါး)သောက်ပါ၊ ဒါမှမဟုတ် Topical Anesthetic လိမ်းဆေး လိမ်းပါ။ ပဒူကောင် အကိုက်ခံရပြီး နာကျင်မှု ဖြစ်ပေါ်တဲ့နေရာကို ကူးစက်ပိုးဝင်မှု မဖြစ်အောင်ပုံမှန် ဆေးကြောသန့်စင်ပေးရပါမယ်။


အရေးကြီးသည့်အချက် - သင်က ပဒူအစွယ်အဆိပ်နဲ့ ဓာတ်မတည့်မှု ဖြစ်ရင်ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။


ပဒူကောင် အကိုက်ခံရခြင်းမှရှောင်လွဲှနိုင်ရန်


ပဒူကောင် အသိုက်အမြုံနဲ့ နီးကပ်လွန်းတဲ့ နေရာတစ်ဝိုက်ကို ရှောင်ရှားပါ။ ပဒူကောင်အကိုက်ခံရတယ်လို့ သတင်းကြားတဲ့နေရာတွေကို သတိလက်လွတ် သွားလာတာမျိုးကို ရှောင်ပါ။ သင့်အိမ်အနီး ဒါမှမဟုတ် အလုပ်အနီးတစ်ဝိုက်မှာ ပဒူကောင်တွေက အသိုက်ဖွဲ့နေထိုင်တယ်ဆိုရင် အဲဒီအသိုက်ကို ချက်ချင်းဖယ် ရှားနိုင်ဖို့ ဘေးအန္တရာယ်ကင်းတဲ့ နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်ရပါမယ်။


လူတိုင်း ပဒူကောင်အကိုက်ခံရခြင်းအန္တရာယ် ကင်းဝေးကြပါစေ။



 ဖိုးသူတော် (www.phothutaw.com)
Credit: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top