ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒီအပတ္မွာေတာ့ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ခ်င္သူေတြ အတြက္ မွ်ေ၀မယ့္ နည္းလမ္းေလး တစ္ခုကေတာ့ tea တစ္ခုပါ။ ခါးပတ္လည္က အဆီေတြကို က်ေစၿပီး တစ္ပတ္အတြင္းမွာ ခႏၶာကိုယ္ ပံုသ႑န္ ေျပာင္း သြားေစႏိုင္မယ့္ နည္းပါ။ တစ္ခု သတိထားရမွာကေတာ့ ပါ၀င္ ပစၥည္းေတြနဲ႔ မတည့္တာေတြ ရွိတတ္တာေၾကာင့္ Diet Plan လုပ္ေတာ့မယ္ဆိုတိုင္း ကိုယ္ရဲ႕ အနီးနားက ဆရာ၀န္နဲ႔ တုိင္ပင္ပါ။

လုပ္ရမယ့္ နည္းနဲ႔ ပါ၀င္ပစၥည္းေတြကေတာ့ အရမ္း လြယ္ကူပါတယ္။ တစ္ေန႔ကို ၃ခြက္ ေသာက္ရပါမယ္။ အထိုင္မမ်ား ရပါဘူး။ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ေပးရပါမယ္။ အနည္းဆံုးေတာ့ လမ္း နာရီ၀က္ေလာက္ ေလွ်ာက္ေပးပါ။ တစ္မွတ္တိုင္စာေလာက္ ေလွ်ာက္ရင္ပဲ အဆင္ေျပလွပါၿပီ။ အိမ္သန္႔ရွင္းလုပ္တာ၊ ေလွကားတက္တာေတြကိုလည္း ျပဳလုပ္ေပးလို႔ ရပါတယ္။

ပါ၀င္ပစၥည္းေတြကေတာ့
– ေရ ၁ လီတာ
– သစ္ၾကပိုးေခါက္ အရြယ္ေတာ္ တစ္ေခ်ာင္း
– ကရေ၀းရြက္ ၅ရြက္

ျပဳလုပ္ပံု
ေလးညွင္းနဲ႔ ကရေ၀းရြက္ လက္ဖက္ရည္ဟာ လုပ္ရတာ အရမ္းကို လြယ္ကူတဲ့ တစ္မ်ိဳးပါ။ ေရ ၁လီတာကို ဆူေအာင္ တည္ၿပီး သစ္ၾကပိုးေခါက္နဲ႔ ကရေ၀းရြက္ေတြကို ထည့္ပါ။ ၁၅မိနစ္ေလာက္ၾကာတဲ့ အထိ တည္ထားပါ။ ၿပီးရင္ မီးဖိုက ခ်ၿပီး အေအးခံထားပါ။.

အသံုးျပဳပံု
– မနက္ အိမ္ယာထ တစ္ခြက္ ေသာက္ပါ။ ၿပီးမွ မ်က္ႏွာသစ္တာနဲ႔ အျခား လုပ္စရာေတြကို လုပ္ပါ။
– မနက္စာ စားၿပီးၿပီးခ်င္းမွာ ဒုတိယ တစ္ခြက္ကို ေသာက္ရပါမယ္။
– အိပ္ယာ မ၀င္ခင္ တစ္ခြက္ေသာက္ပါ။
တစ္ပတ္ေသာက္ၿပီးတဲ့ အခါ သင့္ခါးဟာ အနည္းဆံုး ၈စင္တီမီတာေလာက္ က်ေနပါၿပီ။

ဒီ လက္ဖက္ရည္ဟာ ခါးပတ္လည္က အဆီေတြကို က်ေစၿပီး အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။ သစ္ၾကပိုးေခါက္နဲ႔ မတည့္သူေတြ ေသြးအားနည္းသူေတြ မေသာက္သင့္ပါဘူး။

အထူးသတိျပဳရန္ – ကိုယ္၀န္ေဆာင္ေတြနဲ႔ ကေလး ႏုိ႔တုိက္ေနသူေတြ လံုး၀ မေသာက္သင့္ပါဘူး။ ကေလးေတြကို အ၀လြန္ေနတယ္ဆိုၿပီး မတိုုက္သင့္ပါဘူး။ ကိုလက္စထေရာနဲ႔ ပတ္သက္တဲ့ ေရာဂါ ရွိသူ၊ အသည္း ေရာဂါ ရွိသူေတြ လံုး၀ မေသာက္သင့္ပါဘူး။

အားလံုး အႏၱရာယ္ကင္းစြာ လွပႏုိင္ၾကပါေစ။

Source: keepyourbody
ဖိုးသူေတာ္ (www.phothutaw.com)
Credit: lyhealthy

#Unicode Version#
ဒီအပတ်မှာတော့ ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အတွက် မျှဝေမယ့် နည်းလမ်းလေး တစ်ခုကတော့ tea တစ်ခုပါ။ ခါးပတ်လည်က အဆီတွေကို ကျစေပြီး တစ်ပတ်အတွင်းမှာ ခန္ဓာကိုယ် ပုံသဏ္ဍန် ပြောင်း သွားစေနိုင်မယ့် နည်းပါ။ တစ်ခု သတိထားရမှာကတော့ ပါဝင် ပစ္စည်းတွေနဲ့ မတည့်တာတွေ ရှိတတ်တာကြောင့် Diet Plan လုပ်တော့မယ်ဆိုတိုင်း ကိုယ်ရဲ့ အနီးနားက ဆရာဝန်နဲ့ တိုင်ပင်ပါ။

လုပ်ရမယ့် နည်းနဲ့ ပါဝင်ပစ္စည်းတွေကတော့ အရမ်း လွယ်ကူပါတယ်။ တစ်နေ့ကို ၃ခွက် သောက်ရပါမယ်။ အထိုင်မများ ရပါဘူး။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးရပါမယ်။ အနည်းဆုံးတော့ လမ်း နာရီဝက်လောက် လျှောက်ပေးပါ။ တစ်မှတ်တိုင်စာလောက် လျှောက်ရင်ပဲ အဆင်ပြေလှပါပြီ။ အိမ်သန့်ရှင်းလုပ်တာ၊ လှေကားတက်တာတွေကိုလည်း ပြုလုပ်ပေးလို့ ရပါတယ်။

ပါဝင်ပစ္စည်းတွေကတော့
– ရေ ၁ လီတာ
– သစ်ကြပိုးခေါက် အရွယ်တော် တစ်ချောင်း
– ကရဝေးရွက် ၅ရွက်

ပြုလုပ်ပုံ
လေးညှင်းနဲ့ ကရဝေးရွက် လက်ဖက်ရည်ဟာ လုပ်ရတာ အရမ်းကို လွယ်ကူတဲ့ တစ်မျိုးပါ။ ရေ ၁လီတာကို ဆူအောင် တည်ပြီး သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက်တွေကို ထည့်ပါ။ ၁၅မိနစ်လောက်ကြာတဲ့ အထိ တည်ထားပါ။ ပြီးရင် မီးဖိုက ချပြီး အအေးခံထားပါ။.

အသုံးပြုပုံ
– မနက် အိမ်ယာထ တစ်ခွက် သောက်ပါ။ ပြီးမှ မျက်နှာသစ်တာနဲ့ အခြား လုပ်စရာတွေကို လုပ်ပါ။
– မနက်စာ စားပြီးပြီးချင်းမှာ ဒုတိယ တစ်ခွက်ကို သောက်ရပါမယ်။
– အိပ်ယာ မဝင်ခင် တစ်ခွက်သောက်ပါ။
တစ်ပတ်သောက်ပြီးတဲ့ အခါ သင့်ခါးဟာ အနည်းဆုံး ၈စင်တီမီတာလောက် ကျနေပါပြီ။

ဒီ လက်ဖက်ရည်ဟာ ခါးပတ်လည်က အဆီတွေကို ကျစေပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ သစ်ကြပိုးခေါက်နဲ့ မတည့်သူတွေ သွေးအားနည်းသူတွေ မသောက်သင့်ပါဘူး။

အထူးသတိပြုရန် – ကိုယ်ဝန်ဆောင်တွေနဲ့ ကလေး နို့တိုက်နေသူတွေ လုံး၀ မသောက်သင့်ပါဘူး။ ကလေးတွေကို အဝလွန်နေတယ်ဆိုပြီး မတိုုက်သင့်ပါဘူး။ ကိုလက်စထရောနဲ့ ပတ်သက်တဲ့ ရောဂါ ရှိသူ၊ အသည်း ရောဂါ ရှိသူတွေ လုံး၀ မသောက်သင့်ပါဘူး။

အားလုံး အန္တရာယ်ကင်းစွာ လှပနိုင်ကြပါစေ။

Source: keepyourbody

ဖိုးသူတော် (www.phothutaw.com)
Credit: lyhealthy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top