ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အေမး။ ။သက္သတ္လြတ္စားတဲ႔ အိမ္ရွင္မ တစ္ေယာက္က မိသားစုေတြအတြက္ အသားဟင္းခ်က္ေပးတာ သတ္သတ္လြတ္စားတဲ႔
ကုသိုလ္ ပ်က္သြားသလားဘုရား။ တပည့္ေတာ္သိတာက သတ္သတ္လြတ္စားတယ္ဆိုတာ သတၱ၀ါေတြကို ေဘးမဲ႔ေပးတယ္ဆိုတဲ႔
စိတ္နဲ႔ စားတယ္လို႔ သိထားပါတယ္ဘုရား။ တပည့္ေတာ္ အသိ မွန္မမွန္ကို ေျဖေပးေတာ္မူပါဘုရား။

အေျဖ။ ။ သက္သတ္လြတ္စားရံုနဲ႔ ကုသိုလ္ မရႏိူင္တဲ့အတြက္ ဘယ္ အသားဟင္းျဖစ္ျဖစ္ ခ်က္ေပးလို႔ရပါတယ္။ အကုသုိလ္ မျဖစ္ပါဘူး။ သက္သတ္လြတ္နဲ႔ ပတ္သက္ၿပီး သန္းေခါင္ယံ အေမးအေျဖ စာအုပ္မွာ ေဖၚျပထားပါတယ္။

ဘုရားရွင္က ကုသုိလ္ရခ်င္တယ္ဆိုရင္ ပုညႀကိယာ၀တၳဳ ဆယ္ပါးအနက္ ႀကိဳက္တာကို ေရြးခ်ယ္ၿပီး ျပဳလုပ္လို႔ရပါတယ္။ ဘုရားရွင္က ကုသုိလ္ရခ်င္တယ္ဆိုရင္ သက္သတ္လြတ္စားပါလို႔ မေဟာထားပါဘူး။ တကယ္ေတာ့ သက္သတ္လြတ္ စားတာဟာ ေရာဂါကင္းတဲ့ အက်ဳိးေတာ့ ရရွိပါတယ္။ တစ္ခါက ဆရာေလး တစ္ပါးေျပာဖူးတယ္။
သူဟာ ၀ါတြင္းမွာ သက္သတ္လြတ္စားပါတယ္။ အသားနဲ႔ စားတုန္းကထက္ အခုေရာဂါ ကင္းရွင္းေနတာကို ေတြ႕ရပါတယ္ဘုရား လို႔ ေျပာဖူးပါတယ္။
ၿပီးေတာ့ ဆရာေတာ္ႀကီး တစ္ပါးကလဲ သူတစ္ပါးက သက္သတ္လြတ္ စားတာဟာ ဘာအတြက္လဲလို႔ ေမးေလွ်ာက္ပါတယ္။ ဆရာေတာ္က “ သြားၾကားထိုးရတာ သက္သာေအာင္ သက္သတ္လြတ္ စားရတာျဖစ္တယ္”
လို႔ မိန္႔ေတာ္မူဖူးပါတယ္။

ဒါေၾကာင့္ ေရာဂါကင္းဖို႔ အတြက္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ စားတတ္ဖို႔လိုပါတယ္။
ဘာေၾကာင့္ဆိုရင္ ကိုယ္စားတဲ့ အသားဟာ ကိုယ့္ရည္ရြယ္ၿပီး သတ္တဲ့အသား မဟုတ္ရင္ သက္သတ္လြတ္ပါတယ္။ ေနာက္တစ္ခုက သက္သတ္လြတ္စားျခင္းျဖင့္ သတၱ၀ါေတြကို ေဘးမဲ့ေပးရာ ေရာက္ပါတယ္ ..ဆိုတာနဲ႔စပ္ၿပီးေျပာပါ့မယ္။
ဒီလို အသားမစားရံုနဲ႔ သတၱ၀ါေတြကို ေဘးမဲ့ေပးရာ မေရာက္ပါဘူး။
တကယ္တမ္း သတၱ၀ါေတြကို ေဘးမဲ့ေပးရာေရာက္ေအာင္ ျပဳလုပ္ခ်င္တယ္ဆိုရင္ ငါးပါးသီလထဲက ပါဏာတိပါတသိကၡာပုဒ္အရ သူတစ္ပါးအသက္ မသတ္ပဲ ေရွာင္ၾကဥ္လိုက္ရံုပါပဲ။
ဒါဆိုရင္ ေဘးမဲ့ေပးရံုမက သီလေစာင့္ထိန္းတဲ့အတြက္ ကုသိုလ္ေတာင္ ရပါေသးတယ္ဆိုတာ ေျဖၾကားေပးလိုက္ပါတယ္။

ဆရာေတာ္ ဦးေကာ၀ိဒ(ျမိတ္) ေရးသားေသာ
ဆိုဒ္မွာတစ္ဆင္႕

ျပန္လည္ကူးယူျပီး
စာဖတ္သူ ဓမၼမိတ္ေဆြမ်ားကို မွ်ေ၀လိုက္ျခင္း ျဖစ္ပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Than Than Khine

#Unicode Version#
အမေး။ ။သက်သတ်လွတ်စားတဲ့ အိမ်ရှင်မ တစ်ယောက်က မိသားစုတွေအတွက် အသားဟင်းချက်ပေးတာ သတ်သတ်လွတ်စားတဲ့
ကုသိုလ် ပျက်သွားသလားဘုရား။ တပည့်တော်သိတာက သတ်သတ်လွတ်စားတယ်ဆိုတာ သတ္တဝါတွေကို ဘေးမဲ့ပေးတယ်ဆိုတဲ့
စိတ်နဲ့ စားတယ်လို့ သိထားပါတယ်ဘုရား။ တပည့်တော် အသိ မှန်မမှန်ကို ဖြေပေးတော်မူပါဘုရား။

အဖြေ။ ။ သက်သတ်လွတ်စားရုံနဲ့ ကုသိုလ် မရနိူင်တဲ့အတွက် ဘယ် အသားဟင်းဖြစ်ဖြစ် ချက်ပေးလို့ရပါတယ်။ အကုသိုလ် မဖြစ်ပါဘူး။ သက်သတ်လွတ်နဲ့ ပတ်သက်ပြီး သန်းခေါင်ယံ အမေးအဖြေ စာအုပ်မှာ ဖေါ်ပြထားပါတယ်။

ဘုရားရှင်က ကုသိုလ်ရချင်တယ်ဆိုရင် ပုညကြိယာဝတ္ထု ဆယ်ပါးအနက် ကြိုက်တာကို ရွေးချယ်ပြီး ပြုလုပ်လို့ရပါတယ်။ ဘုရားရှင်က ကုသိုလ်ရချင်တယ်ဆိုရင် သက်သတ်လွတ်စားပါလို့ မဟောထားပါဘူး။ တကယ်တော့ သက်သတ်လွတ် စားတာဟာ ရောဂါကင်းတဲ့ အကျိုးတော့ ရရှိပါတယ်။ တစ်ခါက ဆရာလေး တစ်ပါးပြောဖူးတယ်။
သူဟာ ဝါတွင်းမှာ သက်သတ်လွတ်စားပါတယ်။ အသားနဲ့ စားတုန်းကထက် အခုရောဂါ ကင်းရှင်းနေတာကို တွေ့ရပါတယ်ဘုရား လို့ ပြောဖူးပါတယ်။
ပြီးတော့ ဆရာတော်ကြီး တစ်ပါးကလဲ သူတစ်ပါးက သက်သတ်လွတ် စားတာဟာ ဘာအတွက်လဲလို့ မေးလျှောက်ပါတယ်။ ဆရာတော်က “ သွားကြားထိုးရတာ သက်သာအောင် သက်သတ်လွတ် စားရတာဖြစ်တယ်”
လို့ မိန့်တော်မူဖူးပါတယ်။

ဒါကြောင့် ရောဂါကင်းဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားတတ်ဖို့လိုပါတယ်။
ဘာကြောင့်ဆိုရင် ကိုယ်စားတဲ့ အသားဟာ ကိုယ့်ရည်ရွယ်ပြီး သတ်တဲ့အသား မဟုတ်ရင် သက်သတ်လွတ်ပါတယ်။ နောက်တစ်ခုက သက်သတ်လွတ်စားခြင်းဖြင့် သတ္တဝါတွေကို ဘေးမဲ့ပေးရာ ရောက်ပါတယ် ..ဆိုတာနဲ့စပ်ပြီးပြောပါ့မယ်။
ဒီလို အသားမစားရုံနဲ့ သတ္တဝါတွေကို ဘေးမဲ့ပေးရာ မရောက်ပါဘူး။
တကယ်တမ်း သတ္တဝါတွေကို ဘေးမဲ့ပေးရာရောက်အောင် ပြုလုပ်ချင်တယ်ဆိုရင် ငါးပါးသီလထဲက ပါဏာတိပါတသိက္ခာပုဒ်အရ သူတစ်ပါးအသက် မသတ်ပဲ ရှောင်ကြဉ်လိုက်ရုံပါပဲ။
ဒါဆိုရင် ဘေးမဲ့ပေးရုံမက သီလစောင့်ထိန်းတဲ့အတွက် ကုသိုလ်တောင် ရပါသေးတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားသော
ဆိုဒ်မှာတစ်ဆင့်

ပြန်လည်ကူးယူပြီး
စာဖတ်သူ ဓမ္မမိတ်ဆွေများကို မျှဝေလိုက်ခြင်း ဖြစ်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: Than Than Khine
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top