ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

တစ္မိနစ္အတြင္း မ်က္ႏွာသြယ္နည္း ရွိတယ္။ ကၽြန္ေတာ္လုပ္တဲ့နည္းေလးပါ။ အရမ္းလြယ္ၿပီး မ်က္ႏွာတကယ္ထိေရာက္တဲ့နည္းျဖစ္ပါတယ္။ အစကေတာ့ ဝိတ္ခ်နည္းစာအုပ္ထြက္မွ လက္ေဆာင္ထည့္ေပးမလို႔ပဲ။ အခုေတာ့ မေနႏိုင္ဘူး။ အရမ္းေကာင္းတဲ့နည္းေလးမို႔ ေဖာ္ျပလိုက္ပါမယ္။

လုပ္ရမွာက ေလ့က်င့္ခန္း သံုးခုတည္းရယ္၊ ေလ့က်င့္ခန္းတခုကို တခါလုပ္ရင္ ဆယ္စကၠန္႔ေလာက္ စီပဲလုပ္ရံုနဲ႔ရတယ္။ တရက္ကို ႏွစ္ႀကိမ္လုပ္ေပးရံုနဲ႔ သိသိသာသာ မ်က္ႏွာသြယ္လာတဲ့နည္းျဖစ္ပါတယ္။

(၁) မ်က္လံုးကို အေပၚၾကည့္ပါ။ ပါးစပ္ကို တတ္ႏိုင္သမွ် စူထားၿပီး “အို” ပံုစံလုပ္ပါ။ တခါလုပ္ရင္ ၁၀ စကၠန္႔ၾကာ လုပ္ပါ။ တရက္ႏွစ္ႀကိမ္သာ ျပဳလုပ္ပါ။

(၂) မ်က္လံုးကို ျပဴးေနေအာင္ ဖြင့္ထားၿပီး ေရွ႕တည့္တည့္ၾကည့္ပါ။ ပါးစပ္ကို တတ္ႏိုင္သမွ်ဟၿပီး လွ်ာကို ရသေလာက္ထုတ္ပါ။ လွ်ာဖ်ားက ေမးေစ့ကို ရသေလာက္ထိပါ။ ဆယ္စကၠန္႔ၾကာထားပါ။ မနက္တႀကိမ္ ၊ ညမအိပ္ခင္တႀကိမ္ တေန႔ႏွစ္ႀကိမ္ လုပ္ပါ။

(၃) ေခါင္းကို ေနာက္လွန္ခ်ၿပီး မ်က္ႏွာကို မိုးေပၚၾကည့္ပါ။ ပါးစပ္ကိုဟ၍ လွ်ာဖ်ားကို တတ္ႏိုင္သမွ်ထုတ္ၿပီး အေပၚဖက္ ႏွာေခါင္းကို ရႏိုင္သေလာက္ ထိေအာင္ ႀကိဳးစားၾကည့္ပါ။ (ထိမွာေတာ့ မဟုတ္ပါ)။ အထက္ပါအတိုင္း ဆယ္စကၠန္႔ေနပါ။ မနက္တႀကိမ္ ညတႀကိမ္ ျပဳလုပ္ေပးပါ။

နည္းသံုးမ်ဳိးလံုးကို တခါလုပ္ စကၠန္႔သံုးဆယ္၊ တေန႔ ႏွစ္ႀကိမ္ ျပဳလုပ္ေပးရံုနဲ႔ သြယ္လ်လွပတဲ့မ်က္ႏွာမ်ဳိးကို ပိုင္ဆိုင္ႏိုင္မွာျဖစ္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ ေအးမင္းထူး

# Unicode VErsion #
တစ်မိနစ်အတွင်း မျက်နှာသွယ်နည်း ရှိတယ်။ ကျွန်တော်လုပ်တဲ့နည်းလေးပါ။ အရမ်းလွယ်ပြီး မျက်နှာတကယ်ထိရောက်တဲ့နည်းဖြစ်ပါတယ်။ အစကတော့ ဝိတ်ချနည်းစာအုပ်ထွက်မှ လက်ဆောင်ထည့်ပေးမလို့ပဲ။ အခုတော့ မနေနိုင်ဘူး။ အရမ်းကောင်းတဲ့နည်းလေးမို့ ဖော်ပြလိုက်ပါမယ်။

လုပ်ရမှာက လေ့ကျင့်ခန်း သုံးခုတည်းရယ်၊ လေ့ကျင့်ခန်းတခုကို တခါလုပ်ရင် ဆယ်စက္ကန့်လောက် စီပဲလုပ်ရုံနဲ့ရတယ်။ တရက်ကို နှစ်ကြိမ်လုပ်ပေးရုံနဲ့ သိသိသာသာ မျက်နှာသွယ်လာတဲ့နည်းဖြစ်ပါတယ်။

(၁) မျက်လုံးကို အပေါ်ကြည့်ပါ။ ပါးစပ်ကို တတ်နိုင်သမျှ စူထားပြီး “အို” ပုံစံလုပ်ပါ။ တခါလုပ်ရင် ၁၀ စက္ကန့်ကြာ လုပ်ပါ။ တရက်နှစ်ကြိမ်သာ ပြုလုပ်ပါ။

(၂) မျက်လုံးကို ပြူးနေအောင် ဖွင့်ထားပြီး ရှေ့တည့်တည့်ကြည့်ပါ။ ပါးစပ်ကို တတ်နိုင်သမျှဟပြီး လျှာကို ရသလောက်ထုတ်ပါ။ လျှာဖျားက မေးစေ့ကို ရသလောက်ထိပါ။ ဆယ်စက္ကန့်ကြာထားပါ။ မနက်တကြိမ် ၊ ညမအိပ်ခင်တကြိမ် တနေ့နှစ်ကြိမ် လုပ်ပါ။

(၃) ခေါင်းကို နောက်လှန်ချပြီး မျက်နှာကို မိုးပေါ်ကြည့်ပါ။ ပါးစပ်ကိုဟ၍ လျှာဖျားကို တတ်နိုင်သမျှထုတ်ပြီး အပေါ်ဖက် နှာခေါင်းကို ရနိုင်သလောက် ထိအောင် ကြိုးစားကြည့်ပါ။ (ထိမှာတော့ မဟုတ်ပါ)။ အထက်ပါအတိုင်း ဆယ်စက္ကန့်နေပါ။ မနက်တကြိမ် ညတကြိမ် ပြုလုပ်ပေးပါ။

နည်းသုံးမျိုးလုံးကို တခါလုပ် စက္ကန့်သုံးဆယ်၊ တနေ့ နှစ်ကြိမ် ပြုလုပ်ပေးရုံနဲ့ သွယ်လျလှပတဲ့မျက်နှာမျိုးကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ အေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top