Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မလိုလားတဲ့ အေမႊးေတြကို ဖယ္ရွားဖို႔ ေအာက္မွာေဖာ္ျပထားတဲ့ နည္းလမ္းေတြဟာ လိုက္လုပ္ဖို႔လြယ္ကူပါတယ္။ ဘယ္နည္းလမ္းက သင့္အတြက္ အဆင္အေျပဆံုး ျဖစ္မလဲဆိုတာ ရွာၾကည့္ပါ။

မ်က္ႏွာေပၚမွ အေမႊးအမွ်င္မ်ားအတြက္ သၾကားသံပုရာအေရာ

သၾကားကိုေရနဲ႔ သံပုရာေရာထားတာဟာ သင့္မ်က္ႏွာေပၚက အညစ္အေၾကးေတြကို ဖယ္ရွားေပးနိုင္တဲ့အျပင္ သဘာ၀အတိုင္း အေရာင္ခၽြတ္ေပးနိုင္ပါတယ္။ အသံုးျပဳလိုက္တဲ့ သံပုရာရာရည္က သင့္မ်က္ႏွာေပၚက အေမႊးေတြကို အေ၇ာင္ေဖ်ာ့သြားေစပါတယ္။ ပါ၀င္ပစၥည္းသံုးမ်ိဳးလံုးကိုေရာလိုက္ျခင္းကေတာ့ မ်က္ႏွာေပၚက အေမႊးေတြအျပင္ အျခားအစိတ္အပိုင္းက အေမႊးေတြကိုပါ ေကာင္းေကာင္းဖယ္ရွားေပးနိုင္ပါတယ္။ ထိခိုက္လြယ္တဲ့ အစိတ္အပိုင္းေတြကိုေတာ့ ဒီအရာေတြ အသံုးမျပဳသင့္ပါဘူး။

လိုအပ္ေသာပစၥည္းမ်ား

သၾကားစားပြဲတင္ဇြန္း ၂ဇြန္း
ေရစားပြဲတင္ဇြန္း ၁၀ဇြန္း
သံပုရာရည္ လက္ဖက္ရည္ဇြန္း၂ဇြန္း
ခြက္ေသးေလးတစ္ခြက္
နည္းလမ္း

ခြက္ထဲမွာ သၾကားနဲ႔ေရကို ေရာလိုက္ပါ။
သၾကားေပ်ာ္ရည္ အသင့္ျဖစ္ျပီဆိုရင္ သံပုရာရည္ထပ္ထည့္ျပီ းေသခ်ာေမႊေပးပါ။
ဒီအေရာက ိုမ်က္ႏွာေပၚမွာ အေမႊးေပါက္ရာ လမ္းေၾကာင္းအတိုင္ းလိမ္းေပးပါ။
၁၅မိနစ္မွ မိနစ္၂၀ထိထားပါ။
မိနစ္၂၀ၾကာျပီးတဲ့ေနာက္ အေရာေတြကို လက္နဲ႔ေသခ်ာနူးညံ့စြာ ပြတ္သပ္ေပးျပီး ေရေဆးခ်ပါ။
မ်က္ႏွာေပၚကအေမႊးေတြ ေလ်ာ့နည္းသြားဖို႔အတြက္ တစ္ပတ္ကို ၂ၾကိမ္ မွ ၃ၾကိမ္ လုပ္ေပးနိုင္ပါတယ္။
ေျခေထာက္နွင့္လက္မွ အေမႊးမ်ားအတြက္ သၾကား၊ ပ်ားရည္နွင့္ သံပုရာအေရာ

သၾကားကိုေရ၊ပ်ားရည္၊သံပုရာ စတာေတြနဲ႔ေရာထားတာဟာ သင့္ခႏၶာကိုယ္ေပၚက မလိုအပ္တဲ့ အေမႊးအမွ်င္မ်ားအတြက္ အလြန္ေကာင္းမြန္ပါတယ္။ ေျခေထာက္နဲ႔လက္မွာ ေပါက္ေနတဲ့မလိုလားတဲ့ အေမႊးအမွ်င္ေတြကို ဖယ္ရွားတဲ့ေနရာမွာ ဖေယာင္းလိုပါပဲ။ ဒီနည္းကို လုပ္တဲ့အခ်ိန္မွာ အလွျပင္ဆိုင္ေတြမွာ ဖေယာင္းကပ္ခြာသံုးျပီး အေမႊးနႈတ္တာနဲ႔ ဆင္တူတာေၾကာင့္ အနည္းငယ္ေတာ့ နာက်င္နိုင္ပါတယ္။

လိုအပ္ေသာပစၥည္းမ်ား

သၾကား စားပြဲတင္ဇြန္း၁ဇြန္း
သံပုရာရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္း
သဘာ၀ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္း
ေရ (အေရာကိုအနည္းငယ္ၾကဲေစရန္)
ေျပာင္းဖူးမႈန္႔ သို႔မဟုတ္ ဂ်ံဳမႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္းမွ ၂ဇြန္း
အ၀တ္စ သို႔မဟုတ္ ဖေယာင္းကပ္ခြာ
Waxing(ဖေယာင္းသြင္း)လုပ္ရာတြင္သံုးေသာ spatula (ထိပ္ကားဇြန္းျပား)သို႔မဟုတ္ ေထာပတ္သုတ္ဓား
လုပ္နည္းအဆင့္ဆင့္

ခြက္ငယ္ေလးထဲမွာ သၾကား၊ သံပုရာနဲ႔ ပ်ားရည္ကိုထည့္ျပီး ေသခ်ာေမႊေပးပါ။
၃မိနစ္ခန ္႔အပူေပးျပီး ေခ်ာေခ်ာေမြ႕ေမြ႕ လြတ္လြတ္လပ္လပ္သြားနုိင္တဲ့ အေရာျဖစ္ပါေစ။
အေရာက အနည္းငယ္ပ်စ္ေနတယ္လို႔ထင္ရင္ ေရထည့္ျပီး ေသခ်ာေရာေပးပါ။ ဒီအေရာ (paste)ကို အခန္္းအပူခ်ိန္မွာအေအးခံပါ။
သင္ ဒီအေရာကိုလိမ္းမယ့္ ခႏၶာကိုယ္အစိတ္အပိုင္းေတြကိုသန္႔စင္ပါ။ ျပီးရင္ ေျပာင္းဖူးမႈန္႔သို႔မဟုတ္ ဂ်ံဳမႈန္႔ကိုသုတ္ထားပါ။
Waxing spatula ကိုသံုးျပီးသင္အေမႊးဖယ္ရွားခ်င္တဲ့ေနရာမွာအေရာကိုညင္သာစြာလိမ္းေပးပါ။
အေမႊးေပါက္ရာ လမ္းေၾကာင္းအတိုင္း လိမ္းေပးျပီး အ၀တ္စနဲ႔ကပ္လိုက္ပါ။ Paste နဲ႔ ကပ္သြားေအာင္ဖိေပးပါ။
မလိုအပ္တဲ့အေမႊးေတြကိုေသခ်ာဖယ္ရွားနိုင္ေအာင္ အ၀တ္စကို အေမႊးေပါက္ရာလမ္းေၾကာင္းနဲ႔ ေျပာင္းျပန္ဆြဲခြာလိုက္ပါ။
ဒါကိုေတာ့ သင့္လက္နဲ႔ေျခေထာက္မွာ အေမႊးေတြရွိေနတာ သတိထားမိတိုင္း လုပ္ေပးနိုင္ပါတယ္။
မ်က္နွာေပၚမွ အေမႊးမ်ားဖယ္ရွားရန္အတြက္ ၾကက္ဥမ်က္နွာဖံုး (mask)

ၾကက္ဥအကာဟာ သၾကား၊သံပုရာ၊ပ်ားရည္ maskလိုမ်ိဳး ကပ္ေစးေစးနိုင္တဲ့အရာပါ။ သင့္မ်က္နွာေပၚမွာ ၎ေျခာက္သြားျပီဆိုတာနဲ႔ ဆြဲခြာဖို႔လြယ္ကူျပီး သင္ခြာလိုက္တာနဲ႔ မလိုအပ္တဲ့အေမႊးေတြပါ တစ္ခါတည္း ပါလာမွာပါ။ ဒါေပမဲ့ ေျခာက္ေနတဲ့ ၾကက္ဥ mask ကိုဆြဲခြာတဲ့အခ်ိန္မွာနာက်င္ေစနိုင္ပါတယ္။

လိုအပ္ေသာပစၥည္းမ်ား

ေျပာင္းဖူးဂ်ံဳ စားပြဲတင္ဇြန္းတစ္၀က္
ၾကက္ဥတစ္လံုး
သၾကားစားပြဲတင္ဇြန္းတစ္ဇြန္း
ေရာရန္အတြက္ ခြက္တစ္လံုး
နည္းလမ္း

ၾကက္ဥကိုခြဲျပီး အကာက ိုခြက္ထဲထည့္ပါ။
ေျပာင္းဖူးဂ်ံဳနဲ႕ သၾကားကို ေရာထည့္ပါ။ေခ်ာေမြ႕တဲ့ paste တစ္ခုျဖစ္ေအာင္ ေသခ်ာေမႊေပးပါ။
မ်က္နွာကပ္ mask အျဖစ္ သံုးလိုက္ပါ။ သင့္မ်က္နွာေပၚမွာေျခာက္သြားဖို႔ မိနစ္ ၂၀မွ ၂၅မိနစ္ထိထားပါ။
လံုး၀ေျခာက္သြားတဲ့အခါက်ရင္ေတာ့ ၾကက္ဥမ်က္ႏွာဖံုးထူထူေလးျဖစ္ေနမွာပါ။
Mask ကိုလက္နဲ႔ တင္းတင္းကိုင္ျပီးဆြဲခြာပါ။ ဒီလိုလုပ္မွသာမ်က္ႏွာေပၚကအေမႊးေတြအကုန္ပါမွာပါ။
မ်က္ႏွာေပၚက အေမႊးေတြကိုအျပီးတိုင္ရွင္းလင္းပစ္ဖို႔ တစ္ပတ္ကို၂ၾကိမ္ သို႔မဟုတ္ ၃ၾကိမ္ျပဳလုပ္နုိင္ပါတယ္။

သေဘၤာသီး

ဒါကေတာ့ အသားအရည္အမ်ိဳးအစား အားလံုးအတြက္သင့္ေလ်ာ္တဲ့အျပင္ ထိခုိက္လြယ္ေသာ အေရျပားအတြက္ပါ အဆင္ေျပပါတယ္။ သေဘၤာသီးမွာ papain လို႔ေခၚတဲ့ အင္ဇိုင္းပါျပီး သူကေမႊးညွင္းေပါက္ေတြကို ပိတ္လိုက္ျခင္းအားျဖင့္ အေမႊးေတြရဲ႕ၾကီးထြားမႈကိုကန္႔သတ္ေပးပါတယ္။ သေဘၤာသီးဟာ အသားအရည္မွာရွိတဲ့ ဆဲလ္ေသေတြနဲ႔ အညစ္အေၾကး ေတြကို ဖယ္ရွားေပးတဲ့အတြက္လည္း နူးညံ့ေခ်ာေမြ႕တဲ့အထိအေတြ႕ကို ပိုင္ဆိုင္နုိင္ေစမွာပါ။

နည္းလမ္း -၁ (သေဘာၤသီးနဲ႔ နႏြင္း)

ျပဳလုပ္ပံု

အခြံခြားထားျပီးတဲ့ သေဘၤာသီးကိုယူျပီး အတံုးေသးေသးေလးေတြ တံုးပါ။
အနွစ္ရလာသည္အထိေျခလိုက္ပါ။
ဒီအႏွစ္ကို စားပြဲတင္ဇြန္း၂ဇြန္းခန္႔ယူျပီး နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္းတစ္၀က္နဲ႔ေရာေမႊပါ။
ဒီအေရာကိုမ်က္ႏွာ သို႔မဟုတ္ ေျခေထာက္ သို႔မဟုတ္ အျခားအစိတ္အပိုင္းေတြမွာရွိတဲ့ မလိုလားတဲ့ အေမႊး ေတြေနရာမွာ လိမ္းေပးပါ။
၁၅မိနစ္မွ မိနစ္၂၀ထိ ဒီအေရာကို အသားထဲစိမ့္၀င္ေအာင္ နွိပ္ေပးျပီးေရနဲ႔ ေဆးခ်လိုက္ပါ။
ခႏၶာကိုယ္နဲ႔ မ်က္ႏွာမွာရွိတဲ့ မလိုအပ္တဲ့အေမႊးေတြကိုဖယ္ရွားေပးနိုင္ဖို႔ တစ္ပတ္ကိုနွစ္ၾကိမ္ အနည္းဆုးံ လုပ္ေပးပါ။
နည္းလမ္း -၂ (သေဘၤာသီးနွင့္ ရွားေစာင္းလက္ပတ္)

လိုအပ္ေသာပစၥည္းမ်ား

သေဘၤာသီးအႏွစ္ သို႔မဟုတ္ အမႈန္႔ စားပြဲတင္ဇြန္း၁ဇြန္း
ရွားေစာင္းလက္ပတ္ဂ်ယ္ စားပြဲတင္ဇြန္း၃ဇြန္း
မံုညင္းဆီ စားပြဲတင္ဇြန္း၁ဇြန္း
Gram flour စားပြဲတင္ဇြန္းေလးပံုတစ္ပံု
နႏြင္းမႈန္႕ စားပြဲတင္ဇြန္းေလးပံုတစ္ပံု
Essential oil ၂စက္
သန္႔ရွင္းေျခာက္ေသြ႕ေသာ အ၀တ္စ
Moisturizer တစ္မ်ိဳးသို႔မဟုတ္ သံလြင္ဆီလက္ဖက္ရည္ဇြန္းတစ္ဇြန္း
လုပ္ေဆာင္ပံု

သေဘၤာသီးအႏွစ္၊ gram flour, ရွားေစာင္းဂ်ယ္လ္နဲ႔ နႏြင္းမႈန္႔၊ မံုညွင္းဆီနဲ႔ essential oilေတြကိုေရာျပီးအနွစ္ပ်စ္ပ်စ္တစ္ခုရေအာင္လုပ္ပါ။
ဒီအေရာကို အေမႊးေပါက္ရာလမ္းေၾကာင္းနဲ႔ ေျပာင္းျပန္လိမ္းပါ။
၁၅မိနစ္ မိနစ္၂၀ခန္႔ထားပါ။
အ၀တ္စကိုယူျပီး ေျခာက္သြားတဲ့ အနွစ္ေတြကို အေမႊးေပါက္ရာလမ္းေၾကာင္းနဲ႔ေျပာင္းျပန္ပြတ္ေပးပါ။
ေရေဆးခ်လိုက္ျပီး ေျခာက္သြားေအာင္ သဘက္နဲ႔သုတ္ေပးပါ။
သံလြင္ဆီအနည္းငယ္၊ baby oil အနည္းငယ္ သို႔မဟုတ္ Moisturizer အနည္းငယ္သံုးျပီး နွိပ္နယ္ေပးပါ။
တစ္ပတ္ကို ၃-၄ၾကိမ္ ၃လေလာက္လုပ္ျပီးရင္ မလိုအပ္တဲ့အေမႊးေတြအားလံုးရွင္းသြားပါလိမ့္မယ္။

နႏြင္း

နႏြင္းကို ရာစုႏွစ္ေပါင္းမ်ားစြာ အသားအရည္ ျပႆနာေတြအတြက္ အသံုးျပဳလာၾကပါတယ္။ ပိုးမႊားေတြကို ေသေစနုိင္တဲ ့ဂုဏ္သတၱိရွိတဲ့အျပင္ကို နႏြင္းဟာ အေမႊးေတြၾကီးထြားမႈကို ကာကြယ္ေပးနိုင္ပါေသးတယ္။ ဒီနည္းလမ္းဟာ အေမႊးေတြ ဖယ္ရွားဖို႔အတြက္ လြယ္ကူရိုးရွင္းေပမဲ့ ထိေရာက္ပါတယ္။ အေမႊးပါးပါးကို ဖယ္ရွားတာနဲ႔ အေမႊးထူထူကို ဖယ္ရွားတာ အတြက္ မတူညီတဲ့နည္းလမ္းေတြကို သံုးရပါတယ္။

အေမႊးပါးမ်ားအတြက္ လုပ္နည္းအဆင့္ဆင့္

နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္းသို႔မဟုတ္ ၂ဇြန္း သို႔မဟုတ္ လုပ္လိုေသာေနရာကိုဖံုးအုပ္နိုင္မယ့္လုံေလာက္တဲ့ ပမာဏကိုယူပါ။
နွင္းဆီရည္၊ ႏြားနို႔ သို႔မဟုတ္ ေရလံုေလာက္တဲ့ပမာဏထဲထည့္ကာေခ်ာေမြ႕ျပီးမ်က္နွာေပၚအဆင္ေျပေျပတင္လို႔ရနိုင္မယ့္ အႏွစ္တစ္ခုျပဳလုပ္ပါ။
Paste ကို မ်က္နွာေပၚသို႔မဟုတ္ လုပ္လိုတဲ့ေနရာမွာ ၁၅မိနစ္မွ မိနစ္၂၀ခန္႔ထိထားေပးပါ။ သို႔မဟုတ္ ေျခာက္သြားသည္အထိထားေပးပါ။
မိနစ္၂၀ ျပည့္ျပီးေနာက္ ေရေႏြးနဲ႔ေဆးခ်ပါ။
အေမႊးမ်ားေသာ ေနရာမ်ားအတြက္ ျပဳလုပ္နည္း

နႏြင္းမႈန္႔ကို gram flour သို႔မဟုတ္ ဆန္မႈန္႔ သို႔မဟုတ္ ground oat တို႔နွင့္ေပါင္းစပ္ျပီး ႏြားနို႔နွင့္ေရာပါ။ အထက္တြင္ေဖာ္ျပထားသည့္ အေမႊးပါးသည့္ေနရာမ်ားကို ျပဳလုပ္သည့္ နည္းလမ္းမ်ားအတိုင္း ဆက္လက္ျပဳလုပ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima

# Unicode Version #
မလိုလားတဲ့ အမွှေးတွေကို ဖယ်ရှားဖို့ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေဟာ လိုက်လုပ်ဖို့လွယ်ကူပါတယ်။ ဘယ်နည်းလမ်းက သင့်အတွက် အဆင်အပြေဆုံး ဖြစ်မလဲဆိုတာ ရှာကြည့်ပါ။

မျက်နှာပေါ်မှ အမွှေးအမျှင်များအတွက် သကြားသံပုရာအရော

သကြားကိုရေနဲ့ သံပုရာရောထားတာဟာ သင့်မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သဘာဝအတိုင်း အရောင်ချွတ်ပေးနိုင်ပါတယ်။ အသုံးပြုလိုက်တဲ့ သံပုရာရာရည်က သင့်မျက်နှာပေါ်က အမွှေးတွေကို အရောင်ဖျော့သွားစေပါတယ်။ ပါဝင်ပစ္စည်းသုံးမျိုးလုံးကိုရောလိုက်ခြင်းကတော့ မျက်နှာပေါ်က အမွှေးတွေအပြင် အခြားအစိတ်အပိုင်းက အမွှေးတွေကိုပါ ကောင်းကောင်းဖယ်ရှားပေးနိုင်ပါတယ်။ ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတွေကိုတော့ ဒီအရာတွေ အသုံးမပြုသင့်ပါဘူး။

လိုအပ်သောပစ္စည်းများ

သကြားစားပွဲတင်ဇွန်း ၂ဇွန်း
ရေစားပွဲတင်ဇွန်း ၁၀ဇွန်း
သံပုရာရည် လက်ဖက်ရည်ဇွန်း၂ဇွန်း
ခွက်သေးလေးတစ်ခွက်
နည်းလမ်း

ခွက်ထဲမှာ သကြားနဲ့ရေကို ရောလိုက်ပါ။
သကြားပျော်ရည် အသင့်ဖြစ်ပြီဆိုရင် သံပုရာရည်ထပ်ထည့်ပြီ းသေချာမွှေပေးပါ။
ဒီအရောက ိုမျက်နှာပေါ်မှာ အမွှေးပေါက်ရာ လမ်းကြောင်းအတိုင် းလိမ်းပေးပါ။
၁၅မိနစ်မှ မိနစ်၂၀ထိထားပါ။
မိနစ်၂၀ကြာပြီးတဲ့နောက် အရောတွေကို လက်နဲ့သေချာနူးညံ့စွာ ပွတ်သပ်ပေးပြီး ရေဆေးချပါ။
မျက်နှာပေါ်ကအမွှေးတွေ လျော့နည်းသွားဖို့အတွက် တစ်ပတ်ကို ၂ကြိမ် မှ ၃ကြိမ် လုပ်ပေးနိုင်ပါတယ်။
ခြေထောက်နှင့်လက်မှ အမွှေးများအတွက် သကြား၊ ပျားရည်နှင့် သံပုရာအရော

သကြားကိုရေ၊ပျားရည်၊သံပုရာ စတာတွေနဲ့ရောထားတာဟာ သင့်ခန္ဓာကိုယ်ပေါ်က မလိုအပ်တဲ့ အမွှေးအမျှင်များအတွက် အလွန်ကောင်းမွန်ပါတယ်။ ခြေထောက်နဲ့လက်မှာ ပေါက်နေတဲ့မလိုလားတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့နေရာမှာ ဖယောင်းလိုပါပဲ။ ဒီနည်းကို လုပ်တဲ့အချိန်မှာ အလှပြင်ဆိုင်တွေမှာ ဖယောင်းကပ်ခွာသုံးပြီး အမွှေးနှုတ်တာနဲ့ ဆင်တူတာကြောင့် အနည်းငယ်တော့ နာကျင်နိုင်ပါတယ်။

လိုအပ်သောပစ္စည်းများ

သကြား စားပွဲတင်ဇွန်း၁ဇွန်း
သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
သဘာဝပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရေ (အရောကိုအနည်းငယ်ကြဲစေရန်)
ပြောင်းဖူးမှုန့် သို့မဟုတ် ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းမှ ၂ဇွန်း
အဝတ်စ သို့မဟုတ် ဖယောင်းကပ်ခွာ
Waxing(ဖယောင်းသွင်း)လုပ်ရာတွင်သုံးသော spatula (ထိပ်ကားဇွန်းပြား)သို့မဟုတ် ထောပတ်သုတ်ဓား
လုပ်နည်းအဆင့်ဆင့်

ခွက်ငယ်လေးထဲမှာ သကြား၊ သံပုရာနဲ့ ပျားရည်ကိုထည့်ပြီး သေချာမွှေပေးပါ။
၃မိနစ်ခန့်အပူပေးပြီး ချောချောမွေ့မွေ့ လွတ်လွတ်လပ်လပ်သွားနိုင်တဲ့ အရောဖြစ်ပါစေ။
အရောက အနည်းငယ်ပျစ်နေတယ်လို့ထင်ရင် ရေထည့်ပြီး သေချာရောပေးပါ။ ဒီအရော (paste)ကို အခန်းအပူချိန်မှာအအေးခံပါ။
သင် ဒီအရောကိုလိမ်းမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသန့်စင်ပါ။ ပြီးရင် ပြောင်းဖူးမှုန့်သို့မဟုတ် ဂျုံမှုန့်ကိုသုတ်ထားပါ။
Waxing spatula ကိုသုံးပြီးသင်အမွှေးဖယ်ရှားချင်တဲ့နေရာမှာအရောကိုညင်သာစွာလိမ်းပေးပါ။
အမွှေးပေါက်ရာ လမ်းကြောင်းအတိုင်း လိမ်းပေးပြီး အဝတ်စနဲ့ကပ်လိုက်ပါ။ Paste နဲ့ ကပ်သွားအောင်ဖိပေးပါ။
မလိုအပ်တဲ့အမွှေးတွေကိုသေချာဖယ်ရှားနိုင်အောင် အဝတ်စကို အမွှေးပေါက်ရာလမ်းကြောင်းနဲ့ ပြောင်းပြန်ဆွဲခွာလိုက်ပါ။
ဒါကိုတော့ သင့်လက်နဲ့ခြေထောက်မှာ အမွှေးတွေရှိနေတာ သတိထားမိတိုင်း လုပ်ပေးနိုင်ပါတယ်။
မျက်နှာပေါ်မှ အမွှေးများဖယ်ရှားရန်အတွက် ကြက်ဥမျက်နှာဖုံး (mask)

ကြက်ဥအကာဟာ သကြား၊သံပုရာ၊ပျားရည် maskလိုမျိုး ကပ်စေးစေးနိုင်တဲ့အရာပါ။ သင့်မျက်နှာပေါ်မှာ ၎င်းခြောက်သွားပြီဆိုတာနဲ့ ဆွဲခွာဖို့လွယ်ကူပြီး သင်ခွာလိုက်တာနဲ့ မလိုအပ်တဲ့အမွှေးတွေပါ တစ်ခါတည်း ပါလာမှာပါ။ ဒါပေမဲ့ ခြောက်နေတဲ့ ကြက်ဥ mask ကိုဆွဲခွာတဲ့အချိန်မှာနာကျင်စေနိုင်ပါတယ်။

လိုအပ်သောပစ္စည်းများ

ပြောင်းဖူးဂျုံ စားပွဲတင်ဇွန်းတစ်ဝက်
ကြက်ဥတစ်လုံး
သကြားစားပွဲတင်ဇွန်းတစ်ဇွန်း
ရောရန်အတွက် ခွက်တစ်လုံး
နည်းလမ်း

ကြက်ဥကိုခွဲပြီး အကာက ိုခွက်ထဲထည့်ပါ။
ပြောင်းဖူးဂျုံနဲ့ သကြားကို ရောထည့်ပါ။ချောမွေ့တဲ့ paste တစ်ခုဖြစ်အောင် သေချာမွှေပေးပါ။
မျက်နှာကပ် mask အဖြစ် သုံးလိုက်ပါ။ သင့်မျက်နှာပေါ်မှာခြောက်သွားဖို့ မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ။
လုံးဝခြောက်သွားတဲ့အခါကျရင်တော့ ကြက်ဥမျက်နှာဖုံးထူထူလေးဖြစ်နေမှာပါ။
Mask ကိုလက်နဲ့ တင်းတင်းကိုင်ပြီးဆွဲခွာပါ။ ဒီလိုလုပ်မှသာမျက်နှာပေါ်ကအမွှေးတွေအကုန်ပါမှာပါ။
မျက်နှာပေါ်က အမွှေးတွေကိုအပြီးတိုင်ရှင်းလင်းပစ်ဖို့ တစ်ပတ်ကို၂ကြိမ် သို့မဟုတ် ၃ကြိမ်ပြုလုပ်နိုင်ပါတယ်။
သင်္ဘောသီး

ဒါကတော့ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်တဲ့အပြင် ထိခိုက်လွယ်သော အရေပြားအတွက်ပါ အဆင်ပြေပါတယ်။ သင်္ဘောသီးမှာ papain လို့ခေါ်တဲ့ အင်ဇိုင်းပါပြီး သူကမွှေးညှင်းပေါက်တွေကို ပိတ်လိုက်ခြင်းအားဖြင့် အမွှေးတွေရဲ့ကြီးထွားမှုကိုကန့်သတ်ပေးပါတယ်။ သင်္ဘောသီးဟာ အသားအရည်မှာရှိတဲ့ ဆဲလ်သေတွေနဲ့ အညစ်အကြေး တွေကို ဖယ်ရှားပေးတဲ့အတွက်လည်း နူးညံ့ချောမွေ့တဲ့အထိအတွေ့ကို ပိုင်ဆိုင်နိုင်စေမှာပါ။

နည်းလမ်း -၁ (သဘောၤသီးနဲ့ နနွင်း)

ပြုလုပ်ပုံ

အခွံခွားထားပြီးတဲ့ သင်္ဘောသီးကိုယူပြီး အတုံးသေးသေးလေးတွေ တုံးပါ။
အနှစ်ရလာသည်အထိခြေလိုက်ပါ။
ဒီအနှစ်ကို စားပွဲတင်ဇွန်း၂ဇွန်းခန့်ယူပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ရောမွှေပါ။
ဒီအရောကိုမျက်နှာ သို့မဟုတ် ခြေထောက် သို့မဟုတ် အခြားအစိတ်အပိုင်းတွေမှာရှိတဲ့ မလိုလားတဲ့ အမွှေး တွေနေရာမှာ လိမ်းပေးပါ။
၁၅မိနစ်မှ မိနစ်၂၀ထိ ဒီအရောကို အသားထဲစိမ့်ဝင်အောင် နှိပ်ပေးပြီးရေနဲ့ ဆေးချလိုက်ပါ။
ခန္ဓာကိုယ်နဲ့ မျက်နှာမှာရှိတဲ့ မလိုအပ်တဲ့အမွှေးတွေကိုဖယ်ရှားပေးနိုင်ဖို့ တစ်ပတ်ကိုနှစ်ကြိမ် အနည်းဆုးံ လုပ်ပေးပါ။
နည်းလမ်း -၂ (သင်္ဘောသီးနှင့် ရှားစောင်းလက်ပတ်)

လိုအပ်သောပစ္စည်းများ

သင်္ဘောသီးအနှစ် သို့မဟုတ် အမှုန့် စားပွဲတင်ဇွန်း၁ဇွန်း
ရှားစောင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်း၃ဇွန်း
မုံညင်းဆီ စားပွဲတင်ဇွန်း၁ဇွန်း
Gram flour စားပွဲတင်ဇွန်းလေးပုံတစ်ပုံ
နနွင်းမှုန့် စားပွဲတင်ဇွန်းလေးပုံတစ်ပုံ
Essential oil ၂စက်
သန့်ရှင်းခြောက်သွေ့သော အဝတ်စ
Moisturizer တစ်မျိုးသို့မဟုတ် သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း
လုပ်ဆောင်ပုံ

သင်္ဘောသီးအနှစ်၊ gram flour, ရှားစောင်းဂျယ်လ်နဲ့ နနွင်းမှုန့်၊ မုံညှင်းဆီနဲ့ essential oilတွေကိုရောပြီးအနှစ်ပျစ်ပျစ်တစ်ခုရအောင်လုပ်ပါ။
ဒီအရောကို အမွှေးပေါက်ရာလမ်းကြောင်းနဲ့ ပြောင်းပြန်လိမ်းပါ။
၁၅မိနစ် မိနစ်၂၀ခန့်ထားပါ။
အဝတ်စကိုယူပြီး ခြောက်သွားတဲ့ အနှစ်တွေကို အမွှေးပေါက်ရာလမ်းကြောင်းနဲ့ပြောင်းပြန်ပွတ်ပေးပါ။
ရေဆေးချလိုက်ပြီး ခြောက်သွားအောင် သဘက်နဲ့သုတ်ပေးပါ။
သံလွင်ဆီအနည်းငယ်၊ baby oil အနည်းငယ် သို့မဟုတ် Moisturizer အနည်းငယ်သုံးပြီး နှိပ်နယ်ပေးပါ။
တစ်ပတ်ကို ၃-၄ကြိမ် ၃လလောက်လုပ်ပြီးရင် မလိုအပ်တဲ့အမွှေးတွေအားလုံးရှင်းသွားပါလိမ့်မယ်။
နနွင်း

နနွင်းကို ရာစုနှစ်ပေါင်းများစွာ အသားအရည် ပြဿနာတွေအတွက် အသုံးပြုလာကြပါတယ်။ ပိုးမွှားတွေကို သေစေနိုင်တဲ့ဂုဏ်သတ္တိရှိတဲ့အပြင်ကို နနွင်းဟာ အမွှေးတွေကြီးထွားမှုကို ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒီနည်းလမ်းဟာ အမွှေးတွေ ဖယ်ရှားဖို့အတွက် လွယ်ကူရိုးရှင်းပေမဲ့ ထိရောက်ပါတယ်။ အမွှေးပါးပါးကို ဖယ်ရှားတာနဲ့ အမွှေးထူထူကို ဖယ်ရှားတာ အတွက် မတူညီတဲ့နည်းလမ်းတွေကို သုံးရပါတယ်။

အမွှေးပါးများအတွက် လုပ်နည်းအဆင့်ဆင့်

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းသို့မဟုတ် ၂ဇွန်း သို့မဟုတ် လုပ်လိုသောနေရာကိုဖုံးအုပ်နိုင်မယ့်လုံလောက်တဲ့ ပမာဏကိုယူပါ။
နှင်းဆီရည်၊ နွားနို့ သို့မဟုတ် ရေလုံလောက်တဲ့ပမာဏထဲထည့်ကာချောမွေ့ပြီးမျက်နှာပေါ်အဆင်ပြေပြေတင်လို့ရနိုင်မယ့် အနှစ်တစ်ခုပြုလုပ်ပါ။
Paste ကို မျက်နှာပေါ်သို့မဟုတ် လုပ်လိုတဲ့နေရာမှာ ၁၅မိနစ်မှ မိနစ်၂၀ခန့်ထိထားပေးပါ။ သို့မဟုတ် ခြောက်သွားသည်အထိထားပေးပါ။
မိနစ်၂၀ ပြည့်ပြီးနောက် ရေနွေးနဲ့ဆေးချပါ။
အမွှေးများသော နေရာများအတွက် ပြုလုပ်နည်း

နနွင်းမှုန့်ကို gram flour သို့မဟုတ် ဆန်မှုန့် သို့မဟုတ် ground oat တို့နှင့်ပေါင်းစပ်ပြီး နွားနို့နှင့်ရောပါ။ အထက်တွင်ဖော်ပြထားသည့် အမွှေးပါးသည့်နေရာများကို ပြုလုပ်သည့် နည်းလမ်းများအတိုင်း ဆက်လက်ပြုလုပ်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top