Golden City Promotion
×

႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဇရဲထက္တစ္ေယာက္ ရိုက္ကြင္းေပၚက သူ႔ရဲ့ သ႐ုပ္ေဆာင္ေနတဲ့ ဓါတ္ပုံမ်ားနဲ႔ ေလွာင္ေျပာင္ခံရတဲ့အေပၚ အနည္းငယ္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ဆိုပါတယ္။

တစ္ခါတေလက်ေတာ့လည္း ကၽြန္ေတာ္တစ္ေယာက္တည္းပဲ ေျပာစရာရွိတာလားမသိဘူး။ ဒါေပမဲ့ ကၽြန္ေတာ္က ကၽြန္ေတာ့ရဲ့ စီနီယာ အစ္မေတြ၊ ဂ်ဴနီယာ ညီမေလးေတြကို အကုန္လုံးကို ေမာင္ႏွမလိုပဲ စိတ္ထဲရွိတယ္။
အခုခ်ိန္ထိ ကၽြန္ေတာ္စိတ္ထဲမွာ သူတို႔ကို ပစ္မွားေစာ္ကားျခင္းမ်ိဳး တစ္ခုမွမရွိဘူး။ သ႐ုပ္ေဆာင္ျဖစ္တဲ့အတြက္ က်န္ေတာ္က ကာရိုက္တာအတိုင္းပဲ ရေအာင္သြားမယ္။ ဒီကားမွာ သူ႔ရဲ့ ကာရိုက္တာကဘာလဲ။ အဲဒီကားကို မလုပ္နိုင္ဘူး ဆိုရင္ေတာင္ ဇာတ္ညႊန္းအႀကိမ္ႀကိမ္ဖတ္တယ္။
အျပင္မွာ အဲဒီလူ မရွိေသးဘူးဆိုရင္ေတာင္ ကာရိုက္တာကို ရေအာင္ေလ့လာတယ္။ အစြမ္းကုန္ေလ့လာတယ္။ ရိုင္ကြင္းေပၚေရာက္ရင္ ဒါရိုက္တာေတြ၊ စီနီယာေတြေမးျမန္းၿပီး ရိုက္တယ္။ ဟာသလုပ္ခံရတာက ကင္မရာေဘာင္ အယူအဆအရ ေအာက္ကပင့္ရိုက္ရင္ ထိမွာပဲ။

လူတစ္ေယာက္ကို ေခ်ာ္လဲလို႔ ဖက္လိုက္တဲ့အခါက်ရင္ ဒီေကာင္မေလး ျပဳတ္က်မသြားဖို႔ အေရးႀကီးတယ္။ ျပဳတ္ မက်ေအာင္ လွမ္းကိုင္လိုက္ရင္ေတာ့ ထိခ်င္လည္းထိမွာပဲ။ ဒါေပမဲ့ က်န္ေတာ္တို႔သည္ ျမန္မာ့ယဥ္ေက်းမွုနဲ႔ မကိုက္ညီေအာင္ေတာ့ အခုခ်ိန္ထိ ဘာတစ္ခုမွ မဟုတ္တာမလုပ္ေသးဘူး။

သူဟာ ဇာတ္လမ္းသေဘာအရ ဇာတ္ေကာင္စရိုက္ပီျပင္ဖို႔ကိုသာ ႀကိဳးစားၿပီး ျမန္မာ့ယဥ္ေက်းမွုနဲ႔ မကိုက္ညီတဲ့ လု္ရပ္ေတြကို အခုခ်ိန္ထိ ဘာတစ္ခုမွ မလုပ္ေသးေၾကာင္း ဖြင့္ဟလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay.com

#Unicode Version#
ရုပ်ရှင်သရုပ်ဆောင် ဇေရဲထက်တစ်ယောက် ရိုက်ကွင်းပေါ်က သူ့ရဲ့ သရုပ်ဆောင်နေတဲ့ ဓါတ်ပုံများနဲ့ လှောင်ပြောင်ခံရတဲ့အပေါ် အနည်းငယ် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

တစ်ခါတလေကျတော့လည်း ကျွန်တော်တစ်ယောက်တည်းပဲ ပြောစရာရှိတာလားမသိဘူး။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့ရဲ့ စီနီယာ အစ်မတွေ၊ ဂျူနီယာ ညီမလေးတွေကို အကုန်လုံးကို မောင်နှမလိုပဲ စိတ်ထဲရှိတယ်။
အခုချိန်ထိ ကျွန်တော်စိတ်ထဲမှာ သူတို့ကို ပစ်မှားစော်ကားခြင်းမျိုး တစ်ခုမှမရှိဘူး။ သရုပ်ဆောင်ဖြစ်တဲ့အတွက် ကျန်တော်က ကာရိုက်တာအတိုင်းပဲ ရအောင်သွားမယ်။ ဒီကားမှာ သူ့ရဲ့ ကာရိုက်တာကဘာလဲ။ အဲဒီကားကို မလုပ်နိုင်ဘူး ဆိုရင်တောင် ဇာတ်ညွှန်းအကြိမ်ကြိမ်ဖတ်တယ်။
အပြင်မှာ အဲဒီလူ မရှိသေးဘူးဆိုရင်တောင် ကာရိုက်တာကို ရအောင်လေ့လာတယ်။ အစွမ်းကုန်လေ့လာတယ်။ ရိုင်ကွင်းပေါ်ရောက်ရင် ဒါရိုက်တာတွေ၊ စီနီယာတွေမေးမြန်းပြီး ရိုက်တယ်။ ဟာသလုပ်ခံရတာက ကင်မရာဘောင် အယူအဆအရ အောက်ကပင့်ရိုက်ရင် ထိမှာပဲ။

လူတစ်ယောက်ကို ချော်လဲလို့ ဖက်လိုက်တဲ့အခါကျရင် ဒီကောင်မလေး ပြုတ်ကျမသွားဖို့ အရေးကြီးတယ်။ ပြုတ် မကျအောင် လှမ်းကိုင်လိုက်ရင်တော့ ထိချင်လည်းထိမှာပဲ။ ဒါပေမဲ့ ကျန်တော်တို့သည် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီအောင်တော့ အခုချိန်ထိ ဘာတစ်ခုမှ မဟုတ်တာမလုပ်သေးဘူး။

သူဟာ ဇာတ်လမ်းသဘောအရ ဇာတ်ကောင်စရိုက်ပီပြင်ဖို့ကိုသာ ကြိုးစားပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ လု်ရပ်တွေကို အခုချိန်ထိ ဘာတစ်ခုမှ မလုပ်သေးကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay.com


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top