လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

🌺 ဗုဒၶႏုႆ တိ ဘာဝနာႏွင့္ အက်ိဳးတရား

🌷 ပါဠိစာေပကို ဖတ္ရံုသာ ဖတ္တတ္၍ ျမန္မာစကား သက္သက္ကိုသာ တတ္သိေသာ ဗုဒၶဘာသာ ျမန္မာသူေတာ္စင္သည္ ေရွ႕၌ ေဖာ္ျပအပ္သည့္အတိုင္း ဘုရားဂုဧ္ေတာ္ ၉ ပါးတို႔ကို ပါဠိျမန္မာ ႏွစ္ဘာသာျဖင့္ အရက်က္ နႈတ္တက္ ေဆာင္ၿပီးလွ်င္ ဂုဏ္ေတာ္ တစ္ရပ္ ရပ္စီအတြက္ ေႏွးလည္း မေႏွးကန္ ျမန္မလည္း မျမန္လြန္းေစဘဲ နႈတ္ႁမြက္ဆိုကာ ထိုပါဠိျမန္မာ စကားရပ္တို႔၌ ပါရွိေသာ ျမတ္စြာဘုရားရွင္၏ အရဟံ အစရွိေသာ ဂုဏ္ေတာ္တို႔ကို ထပ္တလဲလဲ ေအာက္ေမ့ဆင္ျခင္ ပြားမ်ားရာ၏။ ထိုသို႔ ေအာက္ေမ့ဆင္ျခင္ ပြားမ်ားေသာ သူေတာ္စင္၏ သႏၲာန္ဝယ္ ထိုသို႔ ဘုရားဂုဏ္ကို အာရံုျပဳ ေအာက္ေမ့ေသာ အခါ၌ ရာဂ ထႂကြေသာင္းက်န္းေသာစိတ္, ေဒါသ ထႂကြေသာင္းက်န္းေသာစိတ္, ေမာဟ ထႂကြေသာင္းက်န္းေသာစိတ္မ်ား အစဥ္သျဖင့္ မျဖစ္ပြားၾကဘဲ ကမၼ႒ာန္း လမ္းမွန္သို႔ ေရာက္သျဖင့္ တြန္႔ဆုတ္ျခင္း၊ ျပန္႔လြင့္ျခင္းမ်ား ကင္းရွင္းေသာေၾကာင့္ အလယ္အလတ္ျဖစ္ေသာ သမထနိမိတ္ ပဋိပတ္ျဖင့္ အလြန္ေျဖာင့္မတ္ေသာ စိတ္အစဥ္သည္ တသြင္သြင္ ျဖစ္ေလေတာ့၏။

🌷 ထိုသို႔ ေအာက္ေမ့ဆင္ျခင္ ပြားမ်ားဖန္ မ်ားသျဖင့္ ဘုရားဂုဏ္ကို အာရံုျပဳေသာ ဘာဝနာ အဆင့္ဆင့္ ရင့္၍ရင့္၍ လာေသာအခါ နီဝရဏတရားမ်ား ကိုယ္မွ ခြါၿပီးသား ျဖစ္ေလကုန္၏။ ကိေလသာ တရားတို႔သည္လည္း ျဖစ္ပြားမႈ ထႂကြမႈ မရွိဘဲ အနယ္ထိုင္ေနသည့္ပမာ ၿငိမ္၍ ေနကုန္၏။ သဒၶါ အစရွိေသာ ဣေျႏၵတို႔သည္ အလြန္သန္႔ရွင္း ထက္ျမက္၍ လာၾကကုန္၏။ ဗုဒၶါႏုႆ တိ ဘာဝနာ အေလ့အလာ မ်ားေသာေၾကာင့္ ဝိတက္, ဝိစာရတို႔သည္ လြန္လြန္ကဲကဲ မိမိတို႔ ဆိုင္ရာ ကိစၥကို ရြက္ေဆာင္ၾကလ်က္ ျဖစ္ပြားၾကကုန္၏။ ထိုအခါ မိမိ အလုပ္မွန္ကို လြန္စြာ ႏွစ္သက္လ်က္ အားႀကီးေသာ ပီတိတရား တဖြားဖြား ျဖစ္လာေလ ၏။ ယင္းပီတိေၾကာင့္ ကာယပႆ ဒၶိ = ကိုယ္၏ ၿငိမ္းခ်မ္းျခင္း၊ စိတၱ ပႆ ဒၶိ = စိတ္၏ ၿငိမ္းခ်မ္းျခင္း ႏွစ္ပါး အထူးသျဖင့္ ျဖစ္ပြားကာ ကိုယ္စိတ္တို႔၏ ပူပန္မႈ (သိမ္ေမြ႕ေသာ အခိုက္ အတန္႔ ရွိသည့္ ဥဒၶစၥႏွင့္တကြေသာ ကိေလသာ) မ်ားလည္း ၿငိမ္းစဲ အနယ္ထိုင္၍ သြားေလကုန္၏။ ယင္းသို႔ ကိုယ္စိတ္ႏွစ္ျဖာ ၿငိမ္းခ်မ္းလွစြာေသာေၾကာင့္ သမာဓိ၏ အေၾကာင္းရင္းျဖစ္ေသာ သုခတရား ခိုင္ခန္႔သည္ထက္ ခိုင္ခံ့စြာ ျဖစ္ပြားလာေလ၏။ သုချဖင့္ ပြားစည္းစိုေျပ ရကား စိတ္အစဥ္သည္ ကမၼ႒ာန္း အာရံု၌ အလြန္႔အလြန္ တည္ၾကည္၍ ေနေလေတာ့၏။

🌷 ဤသို႔လွ်င္ အစဥ္သျဖင့္ ေရွ႕ပိုင္းဝယ္ ဝိတက္အစရွိေသာ ဘာဝနာ အလုပ္တရားတို႔ တစ္ဆင့္ထက္တစ္ဆင့္ ရင့္က်က္ရင့္က်က္ကာ ထက္ျမက္သည္ထက္ ထက္ထက္ျမက္ ျမက္ ျဖစ္ပြားၾက၍ တြန္႔လည္း မတြန္႔ဆုတ္၊ ျပန္႔လည္း မျပန္႔လြင့္သျဖင့္ အလယ္အလတ္ မဇၩိမ သမထ ပဋိပတ္သို႔ ဆိုက္ေရာက္ကာ သဒၶါ အစရွိေသာ ဣေျႏၵငါးပါးတို႔သည္လည္း မိမိတို႔ ဆိုင္ရာကိစၥတို႔ကို အညီအမွ် ျပဳလုပ္ ေဆာင္ရြက္ၾကသျဖင့္ ေရွးကထက္ အထူး ထက္ျမက္ေသာ ဝိတက္, ဝိစာရ, ပီတိ, သုခ, ဧကဂၢတာ စ်ာန္အဂၤါ ငါးပါးတို႔သည္ ဗုဒၶႏုႆ တီ ကာမာဝါစရ ဘာဝနာ မဟာကုသိုလ္ စိတ္၌ စိတၱကၡဏ တစ္ခ်က္တည္းဝယ္ ၿပိဳင္လ်က္ ျဖစ္ေပၚလာၾက၍ ဥပစာရ စ်ာန္ကိစၥကို ၿပီးေစၾကေလသည္။ ဤသို႔ ေဖာ္ျပရာပါ စ်ာန္ အဂၤါ ငါးပါးတို႔ ကာမာဝါစရ ဘာဝနာ မဟာကုသိုလ္စိတ္ႏွင့္ တြဲယွဥ္လ်က္ ျဖစ္ပြားလာေသာအခါ ထိုေယာဂီ ပုဂၢိဳလ္မွာ "ဗုဒၶါႏုႆ တိ ဥပစာရစ်ာန္ကို ရေသာ ပုဂၢိဳလ္" ဟူ၍ ေခၚဆိုရ ေလသည္။

🌸 ဗုဒၶါႏုႆ တိ ဘာဝနာအက်ိဳး - ဤဗုဒၶါႏုႆ တိ ဘာဝနာကို အခါခါႀကိဳးကုတ္ အားထုတ္ေသာ သူေတာ္စင္သည္ ျမတ္စြာဘုရားရွင္၌ သူမတူတန္ ႐ိုေသက်ိဳးႏြံျခင္း ရွိသူ ျဖစ္ေလ ၏။ ထို႔ေၾကာင့္ပင္ အရိယာပုဂၢိဳလ္တို႔၏ သဒၶါတရားႏွင့္ အလားတူစြာ သဒၶါတရား ႀကီးထြား ျပန္႔ေျပာျခင္းသို႔၎၊ ဘုရားရွင္ ဂုဏ္တို႔ကို အဖန္တလဲလဲ ေအာက္ေမ့ေသာအားျဖင့္ ဘာဝနာတရား ျဖစ္ပြားေသာေၾကာင့္ သတိတရား ႀကီးထြားျပန္႔ေျပာျခင္းသို႔၎၊ ထိုေအာက္ေ့မအပ္ေသာ ဘုရားရွင္ ဂုဏ္ေတာ္တို႔က အလြန္နက္နဲ အထူးထူး အျပားျပား မ်ားလွေသာေၾကာင့္ ပညာတရား ႀကီးထြားျပန္႔ေျပာျခင္းသို႔၎၊ ထိုေအာက္ေမ့အပ္ေသာ ဘုရားရွင္ ဂုဏ္ ေတာ္မ်ား ကိုယ္နိႈက္က အလြန္ျပန္႔ေျပာ ႀကီးျမတ္သည့္ ေကာင္းမႈမ်ိဳးကို စိုက္ပ်ိဳးႀကဲခ်ရာ လယ္ယာေျမေကာင္ႀကီးသဖြယ္ ျဖစ္ေသာေၾကာင့္ ကုသိုလ္တရား တိုးပြားျပန္႔ေျပာျခင္းသို႔၎ ေရာက္ရွိေလ၏။

🌸 ဗုဒၶါႏုႆ တိ ဘာဝနာ ကိုယ္နိႈက္က ပီတိသေမၺာဇၩင္၏ အေၾကာင္းျဖစ္ေသာေၾကာင့္ ႏုေသာပီတိ ရင့္ေသာပီတိတို႔ ေျပာမ်ားေသာသူ ျဖစ္ေလ၏။ ဘုရားရွင္ ဂုဏ္ေတာ္ကို အာ ရံုျပဳေသာ သတိကိုယ္နိႈက္က ေဘးႀကီးေဘးငယ္ ေၾကာက္ျခင္းႀကီး ေၾကာက္ျခင္းငယ္ အ သြယ္သြယ္ကို လႊမ္းမိုးႏိုင္ေသာ တန္ခိုးသတၱိ ရွိေသာေၾကာင့္ ေဘးႀကီးေဘးငယ္ ေၾကာက္ ျခင္းႀကီး ေၾကာက္ျခင္းငယ္ အသြယ္သြယ္ကို သည္းခံပယ္ေဖ်ာက္ႏိုင္သူ ျဖစ္ေလ၏။ ဗုဒၶါႏုႆ တိ ကိုယ္နိႈက္က ပိန္းၾကာဖက္၌ ေရကဲ့သို႔ သာရီရိကဒုကၡ (ကိုယ္၌ က်ေရာက္ ေသာ ဆင္းရဲဒုကၡ) မ်ားကို ပယ္ရွားဆုတ္နစ္ေစတတ္ေသာေၾကာင့္ ဒုကၡကို သည္းခံႏိုင္စြမ္း ေသာသူ ျဖစ္ေလ၏။ ျမတ္စြာဘုရားႏွင့္ အတူတကြ ေနထိုင္ရသည့္ အမွတ္သညာကို ရရွိေလ၏။ ဗုဒၶါႏုႆ တိ ဘာဝနာ ကုသိုလ္တရား၏ ျဖစ္ပြားကိန္းတည္ရာ ထိုေယာဂီပုဂၢိဳလ္၏ ကိုယ္ခႏၶာသည္ ေစတီအိမ္ႀကီးကဲ့သို႔ ပူေဇာ္အထူးကို ခံယူျခင္းငွာ ထိုက္တန္ေလ၏။ ထိုဗုဒၶါႏုသ တိ ဘာဝနာ အလုပ္ကို အားထုတ္ေသာသူ၏ စိတ္သည္ အၿမဲတေစ ဗုဒၶဘူမိ ေခၚေသာ သမၼာသေမၺာဓိဉာဏ္၌ ၫႊတ္၍ ေနေလ၏။

🌸 ဗုဒၶါႏုႆ တိ ဘာဝနာ အလုပ္ကို အားထုတ္ပြားမ်ားေသာသူ၏ အဖို႔ရာ ထိုဘာဝနာ အစြမ္းျဖင့္ပင္ အခါခပ္သိမ္း ဘုရားရွင္၏ ဂုဏ္ေတာ္မ်ားက စိတ္၌ အျပန္ျပန္ အလွန္လွန္ ျဖစ္ေပၚထင္ျမင္၍ ေနရကား သီလပ်က္စီးရန္ လြန္က်ဴးအပ္သည့္ (လြန္က်ဴးရမည့္) ဝီတိကၠမိတဗၺဝတၳဳ အာရံုႏွင့္ ၾကံဳႀကိဳက္ေပါင္းဆံုမိေစကာမူ ျမတ္စြာဘုရားကို မ်က္ဝါးထင္ထင္ ဖူး ျမင္ေနရသူ၏ သႏၲာန္မွာကဲ့သို႔ ဒုစ႐ိုက္မႈမွ ရွက္ျခင္း၊ ထိတ္လန္႔ျခင္း (ဟိရီၾသတၱပၸ) တရားတို႔ အဖန္ဖန္ ျဖစ္ပြားေလ၏။ (ဝီတိကၠမိတဗၺဝတၳဳကို မလြန္က်ဴးမိေတာ့ေခ်) ဤဗုဒၶႏုႆ တိ ဘာဝနာကို အေျခခံ တည္ရာျပဳ၍ ဝိပႆနာတရား ပြားမ်ားအားထုတ္လွ်င္ မဂ္ဖိုလ္ကို အလြယ္ႏွင့္ ရႏိုင္၏။ ပါရမီ မျပည့္စံု မလံုေလာက္ေသး၍ ယခုဘဝ မဂ္ဖိုလ္ကို မရလွ်င္ လည္း ေကာင္းရာသုဂတိ ဘံုဘဝသို႔ လားေရာက္ရ၏။

🌸 ဤကား ဝိသုဒၶိမဂ္က်မ္းလာ ဗုဒၶါႏုႆ တိ ဘာဝနာ၏ အက်ိဳးတည္း။ ထိုမွတစ္ပါး ဗုဒၶါ ႏုသ တိ ဘာဝနာ၏ အက်ိဳးမ်ားကို ပိဋကတ္ေတာ္ ျမန္မာျပန္ ေထရအပါဒါန္က်မ္း သု ဘူတိေထရ အပါဒါန္မွ အက်ယ္ ထုတ္ေဆာင္ မွတ္ယူရာ၏။

🙏🏻🙏🏻🙏🏻 မင္းကြန္းတိပဋက ဆရာေတာ္ ဘုရားႀကီး၏ "မဟာဗုဒၶဝင္" ပဥၥမတြဲ စာမ်က္ႏွာ (၆၃၃) မွ (၆၃၈) ထိ ကူးယူ၍ ဓမၼဒါန ျပဳပါသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးမာနိတ (က်ံဳကဒတ္)

#Unicode Version#
🌺 ဗုဒ္ဓနုဿ တိ ဘာဝနာနှင့် အကျိုးတရား

🌷 ပါဠိစာပေကို ဖတ်ရုံသာ ဖတ်တတ်၍ မြန်မာစကား သက်သက်ကိုသာ တတ်သိသော ဗုဒ္ဓဘာသာ မြန်မာသူတော်စင်သည် ရှေ့၌ ဖော်ပြအပ်သည့်အတိုင်း ဘုရားဂုဧ်တော် ၉ ပါးတို့ကို ပါဠိမြန်မာ နှစ်ဘာသာဖြင့် အရကျက် နှုတ်တက် ဆောင်ပြီးလျှင် ဂုဏ်တော် တစ်ရပ် ရပ်စီအတွက် နှေးလည်း မနှေးကန် မြန်မလည်း မမြန်လွန်းစေဘဲ နှုတ်မြွက်ဆိုကာ ထိုပါဠိမြန်မာ စကားရပ်တို့၌ ပါရှိသော မြတ်စွာဘုရားရှင်၏ အရဟံ အစရှိသော ဂုဏ်တော်တို့ကို ထပ်တလဲလဲ အောက်မေ့ဆင်ခြင် ပွားများရာ၏။ ထိုသို့ အောက်မေ့ဆင်ခြင် ပွားများသော သူတော်စင်၏ သန္တာန်ဝယ် ထိုသို့ ဘုရားဂုဏ်ကို အာရုံပြု အောက်မေ့သော အခါ၌ ရာဂ ထကြွသောင်းကျန်းသောစိတ်, ဒေါသ ထကြွသောင်းကျန်းသောစိတ်, မောဟ ထကြွသောင်းကျန်းသောစိတ်များ အစဉ်သဖြင့် မဖြစ်ပွားကြဘဲ ကမ္မဋ္ဌာန်း လမ်းမှန်သို့ ရောက်သဖြင့် တွန့်ဆုတ်ခြင်း၊ ပြန့်လွင့်ခြင်းများ ကင်းရှင်းသောကြောင့် အလယ်အလတ်ဖြစ်သော သမထနိမိတ် ပဋိပတ်ဖြင့် အလွန်ဖြောင့်မတ်သော စိတ်အစဉ်သည် တသွင်သွင် ဖြစ်လေတော့၏။

🌷 ထိုသို့ အောက်မေ့ဆင်ခြင် ပွားများဖန် များသဖြင့် ဘုရားဂုဏ်ကို အာရုံပြုသော ဘာဝနာ အဆင့်ဆင့် ရင့်၍ရင့်၍ လာသောအခါ နီဝရဏတရားများ ကိုယ်မှ ခွါပြီးသား ဖြစ်လေကုန်၏။ ကိလေသာ တရားတို့သည်လည်း ဖြစ်ပွားမှု ထကြွမှု မရှိဘဲ အနယ်ထိုင်နေသည့်ပမာ ငြိမ်၍ နေကုန်၏။ သဒ္ဓါ အစရှိသော ဣနြေ္ဒတို့သည် အလွန်သန့်ရှင်း ထက်မြက်၍ လာကြကုန်၏။ ဗုဒ္ဓါနုဿ တိ ဘာဝနာ အလေ့အလာ များသောကြောင့် ဝိတက်, ဝိစာရတို့သည် လွန်လွန်ကဲကဲ မိမိတို့ ဆိုင်ရာ ကိစ္စကို ရွက်ဆောင်ကြလျက် ဖြစ်ပွားကြကုန်၏။ ထိုအခါ မိမိ အလုပ်မှန်ကို လွန်စွာ နှစ်သက်လျက် အားကြီးသော ပီတိတရား တဖွားဖွား ဖြစ်လာလေ ၏။ ယင်းပီတိကြောင့် ကာယပဿ ဒ္ဓိ = ကိုယ်၏ ငြိမ်းချမ်းခြင်း၊ စိတ္တ ပဿ ဒ္ဓိ = စိတ်၏ ငြိမ်းချမ်းခြင်း နှစ်ပါး အထူးသဖြင့် ဖြစ်ပွားကာ ကိုယ်စိတ်တို့၏ ပူပန်မှု (သိမ်မွေ့သော အခိုက် အတန့် ရှိသည့် ဥဒ္ဓစ္စနှင့်တကွသော ကိလေသာ) များလည်း ငြိမ်းစဲ အနယ်ထိုင်၍ သွားလေကုန်၏။ ယင်းသို့ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းလှစွာသောကြောင့် သမာဓိ၏ အကြောင်းရင်းဖြစ်သော သုခတရား ခိုင်ခန့်သည်ထက် ခိုင်ခံ့စွာ ဖြစ်ပွားလာလေ၏။ သုခဖြင့် ပွားစည်းစိုပြေ ရကား စိတ်အစဉ်သည် ကမ္မဋ္ဌာန်း အာရုံ၌ အလွန့်အလွန် တည်ကြည်၍ နေလေတော့၏။

🌷 ဤသို့လျှင် အစဉ်သဖြင့် ရှေ့ပိုင်းဝယ် ဝိတက်အစရှိသော ဘာဝနာ အလုပ်တရားတို့ တစ်ဆင့်ထက်တစ်ဆင့် ရင့်ကျက်ရင့်ကျက်ကာ ထက်မြက်သည်ထက် ထက်ထက်မြက် မြက် ဖြစ်ပွားကြ၍ တွန့်လည်း မတွန့်ဆုတ်၊ ပြန့်လည်း မပြန့်လွင့်သဖြင့် အလယ်အလတ် မဇ္ဈိမ သမထ ပဋိပတ်သို့ ဆိုက်ရောက်ကာ သဒ္ဓါ အစရှိသော ဣနြေ္ဒငါးပါးတို့သည်လည်း မိမိတို့ ဆိုင်ရာကိစ္စတို့ကို အညီအမျှ ပြုလုပ် ဆောင်ရွက်ကြသဖြင့် ရှေးကထက် အထူး ထက်မြက်သော ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါ ငါးပါးတို့သည် ဗုဒ္ဓနုဿ တီ ကာမာဝါစရ ဘာဝနာ မဟာကုသိုလ် စိတ်၌ စိတ္တက္ခဏ တစ်ချက်တည်းဝယ် ပြိုင်လျက် ဖြစ်ပေါ်လာကြ၍ ဥပစာရ ဈာန်ကိစ္စကို ပြီးစေကြလေသည်။ ဤသို့ ဖော်ပြရာပါ ဈာန် အင်္ဂါ ငါးပါးတို့ ကာမာဝါစရ ဘာဝနာ မဟာကုသိုလ်စိတ်နှင့် တွဲယှဉ်လျက် ဖြစ်ပွားလာသောအခါ ထိုယောဂီ ပုဂ္ဂိုလ်မှာ "ဗုဒ္ဓါနုဿ တိ ဥပစာရဈာန်ကို ရသော ပုဂ္ဂိုလ်" ဟူ၍ ခေါ်ဆိုရ လေသည်။

🌸 ဗုဒ္ဓါနုဿ တိ ဘာဝနာအကျိုး - ဤဗုဒ္ဓါနုဿ တိ ဘာဝနာကို အခါခါကြိုးကုတ် အားထုတ်သော သူတော်စင်သည် မြတ်စွာဘုရားရှင်၌ သူမတူတန် ရိုသေကျိုးနွံခြင်း ရှိသူ ဖြစ်လေ ၏။ ထို့ကြောင့်ပင် အရိယာပုဂ္ဂိုလ်တို့၏ သဒ္ဓါတရားနှင့် အလားတူစွာ သဒ္ဓါတရား ကြီးထွား ပြန့်ပြောခြင်းသို့၎င်း၊ ဘုရားရှင် ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့သောအားဖြင့် ဘာဝနာတရား ဖြစ်ပွားသောကြောင့် သတိတရား ကြီးထွားပြန့်ပြောခြင်းသို့၎င်း၊ ထိုအောက်ေ့မအပ်သော ဘုရားရှင် ဂုဏ်တော်တို့က အလွန်နက်နဲ အထူးထူး အပြားပြား များလှသောကြောင့် ပညာတရား ကြီးထွားပြန့်ပြောခြင်းသို့၎င်း၊ ထိုအောက်မေ့အပ်သော ဘုရားရှင် ဂုဏ် တော်များ ကိုယ်နှိုက်က အလွန်ပြန့်ပြော ကြီးမြတ်သည့် ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်ကြီးသဖွယ် ဖြစ်သောကြောင့် ကုသိုလ်တရား တိုးပွားပြန့်ပြောခြင်းသို့၎င်း ရောက်ရှိလေ၏။

🌸 ဗုဒ္ဓါနုဿ တိ ဘာဝနာ ကိုယ်နှိုက်က ပီတိသမ္ဗောဇ္ဈင်၏ အကြောင်းဖြစ်သောကြောင့် နုသောပီတိ ရင့်သောပီတိတို့ ပြောများသောသူ ဖြစ်လေ၏။ ဘုရားရှင် ဂုဏ်တော်ကို အာ ရုံပြုသော သတိကိုယ်နှိုက်က ဘေးကြီးဘေးငယ် ကြောက်ခြင်းကြီး ကြောက်ခြင်းငယ် အ သွယ်သွယ်ကို လွှမ်းမိုးနိုင်သော တန်ခိုးသတ္တိ ရှိသောကြောင့် ဘေးကြီးဘေးငယ် ကြောက် ခြင်းကြီး ကြောက်ခြင်းငယ် အသွယ်သွယ်ကို သည်းခံပယ်ဖျောက်နိုင်သူ ဖြစ်လေ၏။ ဗုဒ္ဓါနုဿ တိ ကိုယ်နှိုက်က ပိန်းကြာဖက်၌ ရေကဲ့သို့ သာရီရိကဒုက္ခ (ကိုယ်၌ ကျရောက် သော ဆင်းရဲဒုက္ခ) များကို ပယ်ရှားဆုတ်နစ်စေတတ်သောကြောင့် ဒုက္ခကို သည်းခံနိုင်စွမ်း သောသူ ဖြစ်လေ၏။ မြတ်စွာဘုရားနှင့် အတူတကွ နေထိုင်ရသည့် အမှတ်သညာကို ရရှိလေ၏။ ဗုဒ္ဓါနုဿ တိ ဘာဝနာ ကုသိုလ်တရား၏ ဖြစ်ပွားကိန်းတည်ရာ ထိုယောဂီပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာသည် စေတီအိမ်ကြီးကဲ့သို့ ပူဇော်အထူးကို ခံယူခြင်းငှာ ထိုက်တန်လေ၏။ ထိုဗုဒ္ဓါနုသ တိ ဘာဝနာ အလုပ်ကို အားထုတ်သောသူ၏ စိတ်သည် အမြဲတစေ ဗုဒ္ဓဘူမိ ခေါ်သော သမ္မာသမ္ဗောဓိဉာဏ်၌ ညွှတ်၍ နေလေ၏။

🌸 ဗုဒ္ဓါနုဿ တိ ဘာဝနာ အလုပ်ကို အားထုတ်ပွားများသောသူ၏ အဖို့ရာ ထိုဘာဝနာ အစွမ်းဖြင့်ပင် အခါခပ်သိမ်း ဘုရားရှင်၏ ဂုဏ်တော်များက စိတ်၌ အပြန်ပြန် အလှန်လှန် ဖြစ်ပေါ်ထင်မြင်၍ နေရကား သီလပျက်စီးရန် လွန်ကျူးအပ်သည့် (လွန်ကျူးရမည့်) ဝီတိက္ကမိတဗ္ဗဝတ္ထု အာရုံနှင့် ကြုံကြိုက်ပေါင်းဆုံမိစေကာမူ မြတ်စွာဘုရားကို မျက်ဝါးထင်ထင် ဖူး မြင်နေရသူ၏ သန္တာန်မှာကဲ့သို့ ဒုစရိုက်မှုမှ ရှက်ခြင်း၊ ထိတ်လန့်ခြင်း (ဟိရီသြတ္တပ္ပ) တရားတို့ အဖန်ဖန် ဖြစ်ပွားလေ၏။ (ဝီတိက္ကမိတဗ္ဗဝတ္ထုကို မလွန်ကျူးမိတော့ချေ) ဤဗုဒ္ဓနုဿ တိ ဘာဝနာကို အခြေခံ တည်ရာပြု၍ ဝိပဿနာတရား ပွားများအားထုတ်လျှင် မဂ်ဖိုလ်ကို အလွယ်နှင့် ရနိုင်၏။ ပါရမီ မပြည့်စုံ မလုံလောက်သေး၍ ယခုဘဝ မဂ်ဖိုလ်ကို မရလျှင် လည်း ကောင်းရာသုဂတိ ဘုံဘဝသို့ လားရောက်ရ၏။

🌸 ဤကား ဝိသုဒ္ဓိမဂ်ကျမ်းလာ ဗုဒ္ဓါနုဿ တိ ဘာဝနာ၏ အကျိုးတည်း။ ထိုမှတစ်ပါး ဗုဒ္ဓါ နုသ တိ ဘာဝနာ၏ အကျိုးများကို ပိဋကတ်တော် မြန်မာပြန် ထေရအပါဒါန်ကျမ်း သု ဘူတိထေရ အပါဒါန်မှ အကျယ် ထုတ်ဆောင် မှတ်ယူရာ၏။

🙏🏻🙏🏻🙏🏻 မင်းကွန်းတိပဋက ဆရာတော် ဘုရားကြီး၏ "မဟာဗုဒ္ဓဝင်" ပဉ္စမတွဲ စာမျက်နှာ (၆၃၃) မှ (၆၃၈) ထိ ကူးယူ၍ ဓမ္မဒါန ပြုပါသည်။



ဖိုးသူတော် (www.phothutaw.com)
Credit: ဦးမာနိတ (ကျုံကဒတ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top