လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

သဘာဝအလင္း ကင္းကာ ညမီး အလင္းေဖ်ာ့ေဖ်ာ့၊ အပင္ငယ္ေလးေတြေအာက္က ေရႊအိုေရာင္အဆင္း မီးအလင္းေရာင္ေလးေတြၾကားမွာ အဆင္အေသြးစုံ၊ ကာလာစုံ၊ ဒီဇိုင္းစုံ၊ ဆံႏြယ္ အတို၊ အရွည္၊ အေမႊးအႀကိဳင္ အနံ့ေပါင္းစုံႏွင့္ ဟိုတစ္စု၊ ဒီတစ္စု အဖြဲ႕လိုက္တစ္မ်ိဳး၊ တစ္ကိုယ္ရည္တစ္ဖုံ၊ ေက်ာ့လို႔ ေမာ့လို႔ ကူးခ်ီသန္းခ်ီႏွင့္ ဟန္ေရးၿပ ေလၽွာက္လွမ္းေနၾကသည္တို႔မွာ စိတ္ဝင္စားစရာေကာင္းလွသည္။

“ဟိုမွာ ဟိုမွာ အဆင္ေလး လာေနၿပီ။ အမိုက္စားေလးေနာ္။ ဟမေလး ရင္ခုန္လိုက္တာ” လို႔ ဆိုလိုက္တဲ့ စကားေၾကာင့္ ေဘးဘီတဝိုက္ မ်က္စိ ကစားၾကည့္လိုက္ေတာ့ ခႏၶာကိုယ္ သြယ္သြယ္လ်လ် ၊ ေျဖာင့္စင္းတဲ့ ဆံပင္အရွည္နဲ႔ ၾကည္ႏူးရႊင္ျမဴး ျပဳံးေပ်ာ္ေနၾကတဲ့ မိန္းမလ်ာေလး ႏွစ္ေယာက္ကို ေတြ႕လိုက္ရသည္။

မႏၲေလးၿမိဳ႕က ထိပ္တန္းဟိုတယ္ႀကီး တစ္ခုရဲ့ေရွ႕ မႏၲေလး က်ဳံးၿမိဳ႕ရိုးႀကီးေဘးမွာ ရွိုးပြဲတစ္ခုအလား ထင္မွတ္မွားရေလာက္ေအာင္ အေရာင္အေသြးစုံ၊ ဖက္ရွင္ဒီဇိုင္း အမိုက္စားေတြႏွင့္အလွအပ ဟန္ေရးျပသူျပ၊ ေမၽွာ္သူကေမၽွာ္၊ သူငယ္ေတြႏွင့္ အၾကည္ဆိုက္သူက ဆိုက္ႏွင့္ ညအေမွာင္က တစ္ျဖည္းျဖည္း ရင့္သထက္ရင့္ မိုက္သထက္ မိုက္လာေနပါသည္။

“ကၽြန္မတို႔ရဲ့ဘဝေတြက ေန႔ပိုင္းမွာ သာယာမွု မရွိပါဘူး။ “ဂြမ္း” တဲ့ အခ်ိန္ေပါ့။ ကၽြန္မတို႔ဆို ေလွာင္ခ်င္ ေျပာင္ခ်င္ၾကတယ္ေလ။ အေျခာက္ေတြနဲ႔ သိပ္ၿပီး ရင္းရင္းႏွီးႏွီး မရွိတာလည္း ပါမယ္။ ညေနခင္း ေရာက္ရင္ေတာ့ တစ္ေနကုန္ ဘယ္ေလာက္ ပင္ပန္းပင္ပန္း၊ မိတ္ကပ္ လိမ္း၊ အဝတ္အစား ျပင္ဆင္ၿပီး ညအခ်ိန္ အျပင္ကို ထြက္ခ်င္ေနၿပီ။ ရင္ခုန္ေနၿပီေပါ့ေနာ္။ ေန႔လည္ခင္း အခ်ိန္ေတြကို အရမ္းမုန္းတယ္” ဟု ပတ္ဝန္းက်င္ကို မ်က္ေတာင္ မခပ္စတမ္း သတိထား ေစာင့္ၾကည့္ၿပီး ကႏြဲ႕ကလ် ရင္ဖြင့္လာသူက ျမန္မာစာ အဓိကႏွင့္ ဘြဲ႕ရထားသူ၊ မိတ္ကပ္ ဖန္တီးရွင္ နန္းေရွ႕ရတီစိုးပင္ ျဖစ္သည္။

“အေျခာက္”လို႔ ေခၚပါက ေသေလာက္ေအာင္ မႏွစ္ၿမိဳ႕၊ ”ေဂး” လို႔ ေခၚပါမူ ဗိုလ္ဆန္သည့္အတြက္ ေက်နပ္ၾကၿပီး၊ မိန္းမလ်ာလို႔ ေခၚပါက အထူးတလည္ ပီတိျဖစ္ၾကရပါသတဲ့။

“အေျခာက္”လို႔ ေခၚပါက ေသေလာက္ေအာင္ မႏွစ္ၿမိဳ႕၊ ”ေဂး” လို႔ ေခၚပါမူ ဗိုလ္ဆန္သည့္အတြက္ ေက်နပ္ၾကၿပီး၊ မိန္းမလ်ာလို႔ ေခၚပါက အထူးတလည္ ပီတိျဖစ္ၾကရပါသတဲ့။ နာမည္အလိုက္ အဖ်ားဆြတ္ ေခၚပါကလည္း အမ်ားစုက သူတို႔ ခံစားခ်က္မ်ားကို ရင္ဖြင့္ေျပာျပၾကသည္။ မိန္းမလ်ာမ်ားတြင္ လုံးလုံးလ်ားလ်ား ပြင့္သူမ်ား ရွိသလို၊ မပြင့္တစ္ပြင့္ (အပုန္း) မ်ားလည္း ရွိသည္ ဆို၏။ မပြင့္တစ္ပြင့္ မိန္းမလ်ာေတြက ေန႔ဘက္မွာ ေယာက္်ား တစ္ေယာက္အသြင္ သြားလာလွုပ္ရွားတတ္ၿပီး ညအခါမွ အမ်ိဳးသမီး တစ္ေယာက္အသြင္ မိတ္ကပ္ျခယ္သ၊ ၿဖီးလိမ္းျပင္ဆင္ကာ သြားလာလွုပ္ရွားတတ္ၾကသည္။ ေန႔ဘက္မွာ ေယာက်ာ္းတစ္ေယာက္အသြင္ျဖင့္ ရတနာပုံ တကၠသိုလ္ ႐ူပေဗဒ ဘာသာ၊ ပထမႏွစ္တြင္ ပညာသင္ၾကားၿပီး ညပိုင္း၌ ပီဘိအမ်ိဳးသမီး တစ္ေယာက္အသြင္ ျပင္ဆင္၍ က်ဳံးေဘးတြင္ စိတ္လွုပ္ရွားခံစားဖို႔ ေပ်ာ္စရာ လာရွာတတ္ေသာ “ေႂကြ႐ုပ္”က “ေန႔ခင္းဘက္ ေက်ာင္း တက္တာကေတာ့ ေယာက္်ားေလးပုံစံ အတိုင္းပဲ။ ဘယ္ေလာက္ပဲ ေယာက္်ားေလးပုံစံ ဝတ္ဝတ္၊ ရင္ထဲ အသည္းထဲမွာေတာ့ မိန္းကေလး တစ္ေယာက္ထက္ကို ႏူးညံ့ေနပါေသးတယ္။

“အခုဆိုရင္ က်ဳံးေဘးမွာ မိန္းမလ်ာေတြ မ်ားလာသလို၊ သူငယ္ေတြလည္း အလာမ်ားလာၾကတယ္။ ဒါေတြက မိန္းမလ်ာေတြကို ခ်စ္တဲ့စိတ္၊ လက္ခံတဲ့စိတ္နဲ႔ သူငယ္ေလးေတြက လာေနၾကတာပါ“ ဟု နဖူးေပၚ ဝဲက်လာေသာ ဆံပင္အရွည္ကို ဟန္ပါပါ လက္ျဖင့္ သပ္တင္ရင္း မခို႔တရို႔အျပဳံးေလးျဖင့္ ရင္ဖြင့္ေျပာျပရွာပါသည္။ ေပ်ာ္ရြင္စရာေကာင္းသည့္ မိသားစုဘဝ ရရွိရန္ မျဖစ္နိုင္မွန္း သိေသာ္လည္း ေနာင္ဘဝမ်ားတြင္လည္း မိန္းမလ်ာဘဝကိုသာ တပ္မက္လိုခ်င္မိေၾကာင္း မိန္းမလ်ာဘဝကို ဂုဏ္ယူစြာျဖင့္ ေႂကြ႐ုပ္ကေလးက ဆက္လက္ရင္ဖြင့္သည္။ မိန္းမလ်ာမ်ားမွာ ႐ုပ္ရည္ေခ်ာေမာသူ ေယာက္်ားေလးကို (အဆင္ေလး)လို႔ သုံးႏွုန္းၾကၿပီး ႐ုပ္ရည္ၾကမ္းတမ္း ႐ုပ္ဆိုးသူကို (႐ုကၡစိုး)ဟူ၍ တင္စားေခၚေဝၚသုံးစြဲၾကေၾကာင္း သူက ရွင္းလင္းေျပာျပသည္။ မိန္းမလ်ာမ်ား စုေပါင္းၿပီး ညအခ်ိန္ အေမွာင္ကို အားျပဳ၍ က်ဳံးေဘး၌ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လာေရာက္ စုစည္းရျခင္း သည္ ေန႔ဘက္၌ ပတ္ဝန္းက်င္ႏွင့္ တစ္သားတည္း မရွိေသးသည့္အတြက္ လြတ္လြတ္လပ္လပ္ ေနထိုင္ၿပီး ေပ်ာ္ရႊင္မွု ရွာၾကရန္ ျဖစ္ေၾကာင္း သူတို႔ ရင္တြင္း ခံစားခ်က္မ်ားကို မိန္းမလ်ာမ်ားက တစ္ညီတစ္ညႊတ္တည္း ဖြင့္ဟၾကသည္။

“ဘုန္းႀကီးလူထြက္ပဲ ရွိတယ္။ မိန္းမလ်ာ လူထြက္ဆိုတာ မရွိေသးဘူး”


“မိန္းမလ်ာေတြကို အထင္အျမင္ မေသးေအာင္ အျပဳအမူ၊ အေျပာအဆိုကအစ သတိထားရတယ္။ ေန႔လည္ခင္းမွာလည္း မိန္းမလ်ာလိုပဲ ဝတ္တယ္။ ငယ္ငယ္ေလးကတည္းက မိန္းကေလး တစ္ေယာက္လိုပဲ ဝတ္ခ်င္ေနခဲ့တာ။ စိတ္ကူးနဲ႔ ဘဝနဲ႔ တစ္ထပ္တည္း က်တယ္လို႔ ေျပာရမယ္”ဟု မိတ္ကပ္ ဖန္တီးရွင္ ပိုးပိုးက သူ႔ခံစားခ်က္ကို ရင္းရင္းႏွီးႏွီး ပြင့္ပြင့္လင္းလင္း ေျပာျပသည္။ သူ႔ဘဝတြင္လည္း ေန႔ခင္းပိုင္းႏွင့္ ညပိုင္းအခ်ိန္တို႔ အလြန္ပင္ ကြာျခားလွၿပီး ေန႔ပိုင္းအခ်ိန္ထက္ ညပိုင္းအခ်ိန္ကိုသာ လြန္စြာမွ ခုံမင္စြဲမက္ ေတာင့္တမိေၾကာင္း ဆက္လက္ ရင္ဖြင့္သည္။

မိန္းမလ်ာ ေလာကတြင္ အပြင့္ဘဝထက္ အပုန္းဘဝျဖင့္ သြားလာလွုပ္ရွားျခင္းသည္ လူမွု ဆက္ဆံေရးမ်ားအတြက္ ပိုမိုအဆင္ေျပသည္ဟု ယူဆသည့္အတြက္ အပုန္းဘဝျဖင့္ လက္ရွိ ျဖတ္သန္းေနေသာ အင္ဂ်င္နီယာ တစ္ေယာက္ျဖစ္သူ “ႏြယ္ပင္”က “ကၽြန္ေတာ့္မွာ အိမ္က သေဘာတူတဲ့ သူလည္း ရွိတယ္။ မိန္းကေလး ခ်စ္သူလည္း ရွိသလို၊ မိန္းမလ်ာ ခ်စ္သူလည္း ရွိတယ္။ ေယာက္်ားေလး ခ်စ္သူလည္း ရွိတယ္။ လိုင္းကေတာ့ စုံတယ္။ ခၽြန္လို႔ရသမၽွ အကုန္ခၽြန္ပစ္လိုက္တယ္။

“မိသားစုဘဝကို လိုခ်င္တဲ့အတြက္ မိန္းမေတာ့ ယူမယ္။ ယူမယ့္ မိန္းမကလည္း ကိုယ့္ကို နားလည္ေပးနိုင္တဲ့ သူပဲ ျဖစ္ရမယ္။

“ဘုန္းႀကီးလူထြက္ပဲ ရွိတယ္။ မိန္းမလ်ာ လူထြက္ဆိုတာ မရွိေသးဘူး”

“ကိုယ့္ဘဝက တျခားသူေတြနဲ႔ မတူေတာ့ နားလည္ေပးနိုင္မယ့္ မိန္းမကိုပဲ ယူမယ္”ဟု ဘဝကို ပြင့္လင္း ရိုးသားစြာ ရယ္ရယ္ေမာေမာႏွင့္ပင္ ရင္ဖြင့္သည္။ ယခုကဲ့သို႔က်ဳံးေဘးသို႔ေရာက္လာျခင္းသည္ ေငြေၾကးကိစၥ၊ ေယာက္်ားေလးမ်ားႏွင့္ ေထြလာေကလာ ကိစၥမ်ားေၾကာင့္ လာျခင္းမဟုတ္ဘဲ လက္ရွိ ျဖတ္သန္းေနရသည့္ ဘဝအတြက္ စိတ္အပန္းေျဖရန္ႏွင့္ မိမိအလွအပမ်ားကို ေဖာ္လွစ္ျပသခ်င္သည့္အတြက္ျဖစ္ေၾကာင္း ႏြယ္ပင္က မရွက္တမ္း ဖြင့္ဟေျပာဆိုသည္။ မိန္းမလ်ာတို႔၏ အလွအပမ်ား ေဖာ္ထုတ္ ျပသရျခင္းသည္ လြယ္လြယ္ကူကူ မဟုတ္ဘဲ ရံဖန္ရံခါ “ရေကာက္” (ရဲကိုကို) မ်ား၏ ဖမ္းဆီးစစ္ေဆး ေမးျမန္းျခင္းမ်ားကိုလည္း ခံရတတ္ေၾကာင္း မ်က္ႏွာအမူအယာ မာေက်ာသြားၿပီး ခံစားမွုအေတြ႕အၾကဳံမ်ားကို ရွင္းလင္းေျပာျပသည္။

ညအေမွာင္ထုက ပိုလို႔ပိုလို႔ သိပ္သည္းလာသည္။ တစ္ေန႔တာ ပင္ပန္းမွုေတြအတြက္ ညဦးပိုင္း သုံး ေလးငါးနာရီမၽွ အပန္းေၿဖ စိတ္အေပ်ာ္ရွာၾကေသာ မိန္းမလ်ာမ်ားသည္ အလၽွိုလၽွို အိမ္ျပန္ၾကေလၿပီ။ အျခား နိုင္ငံမ်ားကဲ့သို႔ ပတ္ဝန္းက်င္ လူ႔အဖြဲ႕အစည္းႏွင့္ မိန္းမလ်ာမ်ား တစ္သားတည္းျဖစ္ေအာင္ အဖြဲ႕အစည္းအားျဖင့္ေသာ္လည္းေကာင္း၊ တစ္ဦးခ်င္းအားျဖင့္ေသာ္လည္းေကာင္း ေဆာင္ရြက္ေနၾကသည္မ်ား ရွိေနေသာ္လည္း အခ်ိန္အထိုက္အေလ်ာက္ ယူရဦးမည္ ျဖစ္သည့္အတြက္ လက္ရွိ၌ မိန္းမလ်ာမ်ားမွာ ေန႔အလင္းကို ပုန္းေရွာင္ၿပီး ညအေမွာင္ကို ေပြ႕ဖက္ေပ်ာ္ေမြ႕ရန္ ႀကိဳးပမ္းအားထုတ္ေနၾကရသည္သာ ျဖစ္ပါေတာ့သည္။

 မူရင္းလင့္ခ္ - http://tawthu.com/?p=939

ဆူးရဲနီ


ဖိုးသူေတာ္ (www.phothutaw.com)
Credit:   Colors Rainbow

#Unicode Version#
သဘာဝအလင်း ကင်းကာ ညမီး အလင်းဖျော့ဖျော့၊ အပင်ငယ်လေးတွေအောက်က ရွှေအိုရောင်အဆင်း မီးအလင်းရောင်လေးတွေကြားမှာ အဆင်အသွေးစုံ၊ ကာလာစုံ၊ ဒီဇိုင်းစုံ၊ ဆံနွယ် အတို၊ အရှည်၊ အမွှေးအကြိုင် အနံ့ပေါင်းစုံနှင့် ဟိုတစ်စု၊ ဒီတစ်စု အဖွဲ့လိုက်တစ်မျိုး၊ တစ်ကိုယ်ရည်တစ်ဖုံ၊ ကျော့လို့ မော့လို့ ကူးချီသန်းချီနှင့် ဟန်ရေးပြ လျှောက်လှမ်းနေကြသည်တို့မှာ စိတ်ဝင်စားစရာကောင်းလှသည်။

“ဟိုမှာ ဟိုမှာ အဆင်လေး လာနေပြီ။ အမိုက်စားလေးနော်။ ဟမလေး ရင်ခုန်လိုက်တာ” လို့ ဆိုလိုက်တဲ့ စကားကြောင့် ဘေးဘီတဝိုက် မျက်စိ ကစားကြည့်လိုက်တော့ ခန္ဓာကိုယ် သွယ်သွယ်လျလျ ၊ ဖြောင့်စင်းတဲ့ ဆံပင်အရှည်နဲ့ ကြည်နူးရွှင်မြူး ပြုံးပျော်နေကြတဲ့ မိန်းမလျာလေး နှစ်ယောက်ကို တွေ့လိုက်ရသည်။

မန္တလေးမြို့က ထိပ်တန်းဟိုတယ်ကြီး တစ်ခုရဲ့ရှေ့ မန္တလေး ကျုံးမြို့ရိုးကြီးဘေးမှာ ရှိုးပွဲတစ်ခုအလား ထင်မှတ်မှားရလောက်အောင် အရောင်အသွေးစုံ၊ ဖက်ရှင်ဒီဇိုင်း အမိုက်စားတွေနှင့်အလှအပ ဟန်ရေးပြသူပြ၊ မျှော်သူကမျှော်၊ သူငယ်တွေနှင့် အကြည်ဆိုက်သူက ဆိုက်နှင့် ညအမှောင်က တစ်ဖြည်းဖြည်း ရင့်သထက်ရင့် မိုက်သထက် မိုက်လာနေပါသည်။

“ကျွန်မတို့ရဲ့ဘဝတွေက နေ့ပိုင်းမှာ သာယာမှု မရှိပါဘူး။ “ဂွမ်း” တဲ့ အချိန်ပေါ့။ ကျွန်မတို့ဆို လှောင်ချင် ပြောင်ချင်ကြတယ်လေ။ အခြောက်တွေနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီး မရှိတာလည်း ပါမယ်။ ညနေခင်း ရောက်ရင်တော့ တစ်နေကုန် ဘယ်လောက် ပင်ပန်းပင်ပန်း၊ မိတ်ကပ် လိမ်း၊ အဝတ်အစား ပြင်ဆင်ပြီး ညအချိန် အပြင်ကို ထွက်ချင်နေပြီ။ ရင်ခုန်နေပြီပေါ့နော်။ နေ့လည်ခင်း အချိန်တွေကို အရမ်းမုန်းတယ်” ဟု ပတ်ဝန်းကျင်ကို မျက်တောင် မခပ်စတမ်း သတိထား စောင့်ကြည့်ပြီး ကနွဲ့ကလျ ရင်ဖွင့်လာသူက မြန်မာစာ အဓိကနှင့် ဘွဲ့ရထားသူ၊ မိတ်ကပ် ဖန်တီးရှင် နန်းရှေ့ရတီစိုးပင် ဖြစ်သည်။

“အခြောက်”လို့ ခေါ်ပါက သေလောက်အောင် မနှစ်မြို့၊ ”ဂေး” လို့ ခေါ်ပါမူ ဗိုလ်ဆန်သည့်အတွက် ကျေနပ်ကြပြီး၊ မိန်းမလျာလို့ ခေါ်ပါက အထူးတလည် ပီတိဖြစ်ကြရပါသတဲ့။

“အခြောက်”လို့ ခေါ်ပါက သေလောက်အောင် မနှစ်မြို့၊ ”ဂေး” လို့ ခေါ်ပါမူ ဗိုလ်ဆန်သည့်အတွက် ကျေနပ်ကြပြီး၊ မိန်းမလျာလို့ ခေါ်ပါက အထူးတလည် ပီတိဖြစ်ကြရပါသတဲ့။ နာမည်အလိုက် အဖျားဆွတ် ခေါ်ပါကလည်း အများစုက သူတို့ ခံစားချက်များကို ရင်ဖွင့်ပြောပြကြသည်။ မိန်းမလျာများတွင် လုံးလုံးလျားလျား ပွင့်သူများ ရှိသလို၊ မပွင့်တစ်ပွင့် (အပုန်း) များလည်း ရှိသည် ဆို၏။ မပွင့်တစ်ပွင့် မိန်းမလျာတွေက နေ့ဘက်မှာ ယောက်ျား တစ်ယောက်အသွင် သွားလာလှုပ်ရှားတတ်ပြီး ညအခါမှ အမျိုးသမီး တစ်ယောက်အသွင် မိတ်ကပ်ခြယ်သ၊ ဖြီးလိမ်းပြင်ဆင်ကာ သွားလာလှုပ်ရှားတတ်ကြသည်။ နေ့ဘက်မှာ ယောကျာ်းတစ်ယောက်အသွင်ဖြင့် ရတနာပုံ တက္ကသိုလ် ရူပဗေဒ ဘာသာ၊ ပထမနှစ်တွင် ပညာသင်ကြားပြီး ညပိုင်း၌ ပီဘိအမျိုးသမီး တစ်ယောက်အသွင် ပြင်ဆင်၍ ကျုံးဘေးတွင် စိတ်လှုပ်ရှားခံစားဖို့ ပျော်စရာ လာရှာတတ်သော “ကြွေရုပ်”က “နေ့ခင်းဘက် ကျောင်း တက်တာကတော့ ယောက်ျားလေးပုံစံ အတိုင်းပဲ။ ဘယ်လောက်ပဲ ယောက်ျားလေးပုံစံ ဝတ်ဝတ်၊ ရင်ထဲ အသည်းထဲမှာတော့ မိန်းကလေး တစ်ယောက်ထက်ကို နူးညံ့နေပါသေးတယ်။

“အခုဆိုရင် ကျုံးဘေးမှာ မိန်းမလျာတွေ များလာသလို၊ သူငယ်တွေလည်း အလာများလာကြတယ်။ ဒါတွေက မိန်းမလျာတွေကို ချစ်တဲ့စိတ်၊ လက်ခံတဲ့စိတ်နဲ့ သူငယ်လေးတွေက လာနေကြတာပါ“ ဟု နဖူးပေါ် ဝဲကျလာသော ဆံပင်အရှည်ကို ဟန်ပါပါ လက်ဖြင့် သပ်တင်ရင်း မခို့တရို့အပြုံးလေးဖြင့် ရင်ဖွင့်ပြောပြရှာပါသည်။ ပျော်ရွင်စရာကောင်းသည့် မိသားစုဘဝ ရရှိရန် မဖြစ်နိုင်မှန်း သိသော်လည်း နောင်ဘဝများတွင်လည်း မိန်းမလျာဘဝကိုသာ တပ်မက်လိုချင်မိကြောင်း မိန်းမလျာဘဝကို ဂုဏ်ယူစွာဖြင့် ကြွေရုပ်ကလေးက ဆက်လက်ရင်ဖွင့်သည်။ မိန်းမလျာများမှာ ရုပ်ရည်ချောမောသူ ယောက်ျားလေးကို (အဆင်လေး)လို့ သုံးနှုန်းကြပြီး ရုပ်ရည်ကြမ်းတမ်း ရုပ်ဆိုးသူကို (ရုက္ခစိုး)ဟူ၍ တင်စားခေါ်ဝေါ်သုံးစွဲကြကြောင်း သူက ရှင်းလင်းပြောပြသည်။ မိန်းမလျာများ စုပေါင်းပြီး ညအချိန် အမှောင်ကို အားပြု၍ ကျုံးဘေး၌ ပျော်ပျော်ရွှင်ရွှင် လာရောက် စုစည်းရခြင်း သည် နေ့ဘက်၌ ပတ်ဝန်းကျင်နှင့် တစ်သားတည်း မရှိသေးသည့်အတွက် လွတ်လွတ်လပ်လပ် နေထိုင်ပြီး ပျော်ရွှင်မှု ရှာကြရန် ဖြစ်ကြောင်း သူတို့ ရင်တွင်း ခံစားချက်များကို မိန်းမလျာများက တစ်ညီတစ်ညွှတ်တည်း ဖွင့်ဟကြသည်။

“ဘုန်းကြီးလူထွက်ပဲ ရှိတယ်။ မိန်းမလျာ လူထွက်ဆိုတာ မရှိသေးဘူး”

“မိန်းမလျာတွေကို အထင်အမြင် မသေးအောင် အပြုအမူ၊ အပြောအဆိုကအစ သတိထားရတယ်။ နေ့လည်ခင်းမှာလည်း မိန်းမလျာလိုပဲ ဝတ်တယ်။ ငယ်ငယ်လေးကတည်းက မိန်းကလေး တစ်ယောက်လိုပဲ ဝတ်ချင်နေခဲ့တာ။ စိတ်ကူးနဲ့ ဘဝနဲ့ တစ်ထပ်တည်း ကျတယ်လို့ ပြောရမယ်”ဟု မိတ်ကပ် ဖန်တီးရှင် ပိုးပိုးက သူ့ခံစားချက်ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောပြသည်။ သူ့ဘဝတွင်လည်း နေ့ခင်းပိုင်းနှင့် ညပိုင်းအချိန်တို့ အလွန်ပင် ကွာခြားလှပြီး နေ့ပိုင်းအချိန်ထက် ညပိုင်းအချိန်ကိုသာ လွန်စွာမှ ခုံမင်စွဲမက် တောင့်တမိကြောင်း ဆက်လက် ရင်ဖွင့်သည်။

မိန်းမလျာ လောကတွင် အပွင့်ဘဝထက် အပုန်းဘဝဖြင့် သွားလာလှုပ်ရှားခြင်းသည် လူမှု ဆက်ဆံရေးများအတွက် ပိုမိုအဆင်ပြေသည်ဟု ယူဆသည့်အတွက် အပုန်းဘဝဖြင့် လက်ရှိ ဖြတ်သန်းနေသော အင်ဂျင်နီယာ တစ်ယောက်ဖြစ်သူ “နွယ်ပင်”က “ကျွန်တော့်မှာ အိမ်က သဘောတူတဲ့ သူလည်း ရှိတယ်။ မိန်းကလေး ချစ်သူလည်း ရှိသလို၊ မိန်းမလျာ ချစ်သူလည်း ရှိတယ်။ ယောက်ျားလေး ချစ်သူလည်း ရှိတယ်။ လိုင်းကတော့ စုံတယ်။ ချွန်လို့ရသမျှ အကုန်ချွန်ပစ်လိုက်တယ်။

“မိသားစုဘဝကို လိုချင်တဲ့အတွက် မိန်းမတော့ ယူမယ်။ ယူမယ့် မိန်းမကလည်း ကိုယ့်ကို နားလည်ပေးနိုင်တဲ့ သူပဲ ဖြစ်ရမယ်။

“ဘုန်းကြီးလူထွက်ပဲ ရှိတယ်။ မိန်းမလျာ လူထွက်ဆိုတာ မရှိသေးဘူး”

“ကိုယ့်ဘဝက တခြားသူတွေနဲ့ မတူတော့ နားလည်ပေးနိုင်မယ့် မိန်းမကိုပဲ ယူမယ်”ဟု ဘဝကို ပွင့်လင်း ရိုးသားစွာ ရယ်ရယ်မောမောနှင့်ပင် ရင်ဖွင့်သည်။ ယခုကဲ့သို့ကျုံးဘေးသို့ရောက်လာခြင်းသည် ငွေကြေးကိစ္စ၊ ယောက်ျားလေးများနှင့် ထွေလာကေလာ ကိစ္စများကြောင့် လာခြင်းမဟုတ်ဘဲ လက်ရှိ ဖြတ်သန်းနေရသည့် ဘဝအတွက် စိတ်အပန်းဖြေရန်နှင့် မိမိအလှအပများကို ဖော်လှစ်ပြသချင်သည့်အတွက်ဖြစ်ကြောင်း နွယ်ပင်က မရှက်တမ်း ဖွင့်ဟပြောဆိုသည်။ မိန်းမလျာတို့၏ အလှအပများ ဖော်ထုတ် ပြသရခြင်းသည် လွယ်လွယ်ကူကူ မဟုတ်ဘဲ ရံဖန်ရံခါ “ရကောက်” (ရဲကိုကို) များ၏ ဖမ်းဆီးစစ်ဆေး မေးမြန်းခြင်းများကိုလည်း ခံရတတ်ကြောင်း မျက်နှာအမူအယာ မာကျောသွားပြီး ခံစားမှုအတွေ့အကြုံများကို ရှင်းလင်းပြောပြသည်။

ညအမှောင်ထုက ပိုလို့ပိုလို့ သိပ်သည်းလာသည်။ တစ်နေ့တာ ပင်ပန်းမှုတွေအတွက် ညဦးပိုင်း သုံး လေးငါးနာရီမျှ အပန်းဖြေ စိတ်အပျော်ရှာကြသော မိန်းမလျာများသည် အလျှိုလျှို အိမ်ပြန်ကြလေပြီ။ အခြား နိုင်ငံများကဲ့သို့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းနှင့် မိန်းမလျာများ တစ်သားတည်းဖြစ်အောင် အဖွဲ့အစည်းအားဖြင့်သော်လည်းကောင်း၊ တစ်ဦးချင်းအားဖြင့်သော်လည်းကောင်း ဆောင်ရွက်နေကြသည်များ ရှိနေသော်လည်း အချိန်အထိုက်အလျောက် ယူရဦးမည် ဖြစ်သည့်အတွက် လက်ရှိ၌ မိန်းမလျာများမှာ နေ့အလင်းကို ပုန်းရှောင်ပြီး ညအမှောင်ကို ပွေ့ဖက်ပျော်မွေ့ရန် ကြိုးပမ်းအားထုတ်နေကြရသည်သာ ဖြစ်ပါတော့သည်။

 မူရင်းလင့်ခ် - http://tawthu.com/?p=939



ဆူးရဲနီ



ဖိုးသူတော် (www.phothutaw.com)
Credit:   Colors Rainbow
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top