Golden City Promotion
×

ခင္ပြန္းျဖစ္သူ အရက္ ေသစာေသာက္စားမႈကို တားျမစ္ ရာမွ လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ကာ ဇနီးသည္က ဓားျဖင့္ ထိုးသျဖင့္ ခင္ပြန္းျဖစ္သူ ဒဏ္ရာရရွိခဲ့သည္။

ေက်ာက္တံတားၿမိဳ႕နယ္ ဆိပ္ကမ္းသာလမ္း (အထက္ဘ ေလာက္)တြင္ ေနထိုင္ေသာ ကို ေအာင္မင္းသူသည္ အရက္ေသာက္သည့္ ကိစၥျဖင့္ စက္တင္ဘာ ၂၈ ရက္၌ ဇနီးသည္ႏွင့္ စကားမ်ားရာမွ စတင္ျဖစ္ပြား ေၾကာင္း ရန္ကုန္တုိင္းရဲတပ္ဖြဲ႕႐ံုး မွ  ရဲအရာရွိတစ္ဦးက ေျပာသည္။ထုိသို႔ လင္မယားခ်င္းစကား မ်ားရန္ျဖစ္ရာ ကိုေအာင္မင္းသူ က ဇနီးသည္ကို ဆဲဆိုသျဖင့္ ဇနီးမေႏြးသိဂႌလိႈင္က အနီးရွိ ဓားျဖင့္ ထိုးခဲ့ေၾကာင္း ေက်ာက္တံတားၿမိဳ႕ မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ဇနီးသည္က ဓားျဖင့္ ထိုး ေသာေၾကာင့္ ကိုေအာင္မင္းသူ၏ ဘယ္ဘက္နံၾကားတြင္ ဓားဒဏ္ရာ တစ္ခ်က္ရရွိသျဖင့္ ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီးသုိ႔ အတြင္း လူနာအျဖစ္ တင္ပို႔ကုသထားၿပီးအသက္အႏၲရာယ္စိုးရိမ္ရသည့္ အေျခအေနရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။

မေႏြးသိဂႌလိႈင္ကို ေက်ာက္ တံတားၿမိဳ႕မရဲစခန္းက ေဘးျဖစ္ေစေသာလက္နက္ျဖင့္ အျပင္းအထန္နာက်င္ေစမႈပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္စစ္ေဆးေနသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ခင်ပွန်းဖြစ်သူ အရက် သေစာသောက်စားမှုကို တားမြစ် ရာမှ လင်မယားချင်း စကားများ ရန်ဖြစ်ကာ ဇနီးသည်က ဓားဖြင့် ထိုးသဖြင့် ခင်ပွန်းဖြစ်သူ ဒဏ်ရာရရှိခဲ့သည်။

ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း (အထက်ဘ လောက်)တွင် နေထိုင်သော ကို အောင်မင်းသူသည် အရက်သောက်သည့် ကိစ္စဖြင့် စက်တင်ဘာ ၂၈ ရက်၌ ဇနီးသည်နှင့် စကားများရာမှ စတင်ဖြစ်ပွား ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး မှ  ရဲအရာရှိတစ်ဦးက ပြောသည်။ထိုသို့ လင်မယားချင်းစကား များရန်ဖြစ်ရာ ကိုအောင်မင်းသူ က ဇနီးသည်ကို ဆဲဆိုသဖြင့် ဇနီးမနွေးသိင်္ဂီလှိုင်က အနီးရှိ ဓားဖြင့် ထိုးခဲ့ကြောင်း ကျောက်တံတားမြို့ မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဇနီးသည်က ဓားဖြင့် ထိုး သောကြောင့် ကိုအောင်မင်းသူ၏ ဘယ်ဘက်နံကြားတွင် ဓားဒဏ်ရာ တစ်ချက်ရရှိသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အတွင်း လူနာအဖြစ် တင်ပို့ကုသထားပြီးအသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

မနွေးသိင်္ဂီလှိုင်ကို ကျောက် တံတားမြို့မရဲစခန်းက ဘေးဖြစ်စေသောလက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top