ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေဖေရ
တစ္ခ်ိန္က အိုမင္း နုနယ္လြန္းတဲ႔ ေဖေဖ့ရဲ႕ မ်က္နွာဟာ
တစ္ေန႔တစ္ျခား အိုမင္းရြတ္တ တြန္႔ေၾကလာပါျပီ အေဖ…။

ခ်ဥ္စုတ္စုတ္ ညီသိုးသိုး အနံ႔ေဟာက္ပက္
ပုတ္အဲ႔အဲ႔ အဲ႔ဒီအရက္ေတြကို အေဖေန႔စဥ္ေသာက္ခဲ႔ရတဲ႔ အဲ႔ဒီအရက္ေတြဟာ ေဖေဖ့ရဲ႕ က်န္းမာေရးကို
ဘယ္ေလာက္အထိ အက်ိဴးျပဳပါသလဲ အေဖ…
အေဖ့ရဲ႕ က်န္းမာေရးသာ ထိခိုက္လာတယ္ဆိုတာ အေဖသိမွာပါေလ…။

လူေတြအမ်ားစုက ေလ ေသမယ္ဆိုတာ သိၾကပါတယ္…
ဒါေပမဲ႔ ရသေလာက္ အခ်ိန္ေလးတစ္ခုမွာ
အသက္ရွည္ရွည္ ေနခ်င္ၾကတာပဲမလား…
ေသရမွာ စိုးလို႔ ဟိုေဗဒင္ေမး ဟိုယၾတာေခ်
ဟိုဆရာဝန္နဲ႔ျပ ဒီဆရာဝန္ကုေပါ့ေလ…
အခုေတာ့ အေဖက ေသတစ္ေန႔ ေမြးတစ္ေန႔ဆိုေပမဲ႔
ေသမဲ႔ရက္ကို လက္ခ်ိဴးေရတြက္ေစာင့္ေနတာနဲ႔ တူတယ္…
အေဖ့ဗိုက္ထဲ အရက္တစ္ခြက္ ဝင္သြားရင္ အသက္တစ္ရက္ပိုတိုလာပါတယ္ အေဖေရ…။

လူတိုင္း လူတိုင္းဟာ အဓိပၸါယ္ရွိတဲ႔ ေသျခင္းမ်ိဴးနဲ႔သာ ဘဝကိုအဆုံးသတ္ေစခ်င္ၾကသူေတြပါ…
အရက္နာက်လို႔ ေသပဲြဝင္ရမယ္ဆိုတာကေတာ့
အဓိပၸါယ္ရွိနူိင္ပါဦးမလား အေဖေရ…။
အေဖဟာ သားကို အဓိပၸါယ္ရွိတဲ႔ သားတစ္ေယာက္ျဖစ္ေစခ်င္တယ္ေလ…
ဒါေပမဲ႔ သားကဘယ္ေလာက္ေတာ္တယ္ မေတာ္ဘူးဆိုတာ
အေဖကိုၾကည့္ပါတဲ႔…
အခုေတာ့ေလ အေဖဟာ အရက္သမား…
သားက အရက္သမား သားေပါ့…။

အေဖရယ္…
သားလည္း လူလားေျမာက္လို႔ ေခတ္ပညာတတ္တစ္ေယာက္လည္း ျဖစ္ေနပါျပီ…
အခုအခ်ိန္မွာ ငယ္ငယ္က ပုံရိပ္ေတြကို သားျပန္ၾကည့္မိပါတယ္…
သားေလ်ွာက္ခဲ႔ရတဲ႔ ငယ္ဘဝတစ္ေလ်ွာက္မွာ မ်က္ရည္ေတြနဲ႔ျဖတ္သန္းခဲ႔ရပါတယ္အေဖေရ…။

ဟိုးလူမွန္းသိတတ္စ ကေလးဘဝကေပါ့
အေဖ အရက္မူးလာရင္ အေမကေျပာတယ္…
သားေလးေရ မင္းအေဖ အရက္မူးလာျပီ ထြက္မလာနဲ႔ ပုန္းေနဆိုျပီး ေဆြမ်ိဴးေတြအိမ္ မိုးလင္းခဲ႔ရတာေတြ မနည္းပါဘူးအေဖ…။
အေဖအရက္မူးလာတိုင္း သားတို႔မိသားစု မျငိမ္းခ်မ္းခဲ႔ဘူး…
အရက္ေသာက္တတ္ရင္ လူစိတ္ေပ်ာက္ျပီး ေခြးစိတ္ေပါက္လာတယ္တဲ႔ အေဖနဲ႔ရန္ျဖစ္စကားမ်ားတိုင္း အေမကေျပာတယ္…
ေခြးမေသာက္တဲ႔ အရည္ကိုေသာက္တာတဲ႔ အေမေျပာတာ ခဏခဏ ၾကားခဲ႔ဖူးတယ္…
အေဖက ျပန္ေျပာတယ္…
ေခြးကေကာင္းမွန္းမသိလို႔ပါတဲ႔…။

အေဖနဲ႔ရန္ျဖစ္တိုင္း အေမ့ကိုရိုက္တယ္
အေမဟာ ေန႔တိုင္းငိုခဲ႔ရတယ္…
အေမငိုတဲ႔ေန႔ေတြဟာ သားထြက္ေျပးခဲ႔ရတဲ႔ေန႔ေတြပါအေဖ…
သားေလ ဟိုးငယ္ငယ္ေလးကတည္းက
အိမ္ေျပးျဖစ္ခဲ႔ရတာပါ အေဖ…
သားေလ သားတို႔မိသားစု ေလးကို ျပိဳကဲြေအာင္လုပ္တဲ႔ အဲ႔ဒီအရက္ကို သားသိပ္မုန္းတယ္…
သက္ရွိထင္ရွားရွိခဲ႔ရင္ ကြ်န္ေတာ္သတ္မိမွာပါပဲ အေဖရယ္…။

အေဖနဲ႔အေမဟာ က်န္တဲ႔အခ်ိန္မွာေတာ့ တကယ္ၾကင္နာမႈအျပည့္နဲ႔ ခ်စ္အျပနူိင္ဆုံး သူေတြပါ…
ဒါေပမဲ႔ အေဖ အရက္ေသာက္လာတဲ႔ေန႔ေတြဆို ဘာရယ္မသိဘူး…
အိမ္မွာ ဝယ္ထားတဲ႔ပစၥည္းေတြဆိုတာကလည္း အေကာင္းအတိုင္းမရွိေတာ့ဘူး…
အေဖခဲြလို႔ ကဲြသြားၾကတာပါပဲ…
ဒါေတြကလည္း အေဖဝယ္ထားတဲ႔ပစၥည္းေတြပါပဲေလ…
အေဖကေျပာတယ္…
ငါ့ပစၥည္းငါခဲြတာ ဘယ္သု႔ေၾကာက္ရမလဲတဲ႔…
`ခြမ္း´`ဝုန္း´`ဒိုင္း´`ဘုန္း´ဆိုတဲ႔အသံေတြကိုၾကားတိုင္း
အသဲတက္ေအာင္ငိုခဲ႔မိတာ သားပါ အေဖ…။

အဆိုးဆုံးက အေမေပါ့…
အေဖခဲြလိုက္တဲ႔ပစၥည္းေလးေတြကို တယုတယကိုင္ရင္း အျမဲတမ္းငိုခဲ႔ရတယ္…
မိုးလင္းေတာ့ အေဖက ညကျဖစ္ခဲ႔တာေတြကို မသိေတာ့ဘူး…
ေနာက္တစ္ခါက်ေတာ့ အေဖကိုယ္တိုင္ ျပန္ဝယ္ရတာပါပဲေလ…
အေမ့ကိုသနားတယ္ အေဖရယ္…
အေမ့မွာ ေန႔တိုင္းအရိုက္ခံရသလို…သားလည္းေန႔တိုင္းေျပးခဲ႔ရတာပါပဲေလ…
ညေန ေမွာင္လာျပီဆိုတာနဲ႔ သားေၾကာက္လာတယ္ အေဖ…
ညေနေရာက္ရင္ သားေလ အိမ္မွာ မေနခ်င္ေတာ့ပါဘူး…
အိမ္မွာ သားရွိေနရင္လည္း သားကိုပါ အေဖရိုက္တာခဲရတယ္…
အေမနဲ႔အတူေပါ့…
အေဖနဲ႔အေမရန္ျဖစ္စကားမ်ားတိုင္း သားေလ ဘယ္ရင္ခြင္မွာ ခိုလံႈံရမွန္းလည္းမသိေတာ့ဘူး…။

မွတ္မွတ္ရ ရေပါ့…အေမကေျပာထားတယ္…
ဘယ္သူက အရက္ဝယ္ခိုင္းခိုင္း ဝယ္မေပးရဘူးတဲ႔
ေၾသာ္ အေဖက ဝယ္ခိုင္းေတာ့ အေမ့ကိုၾကည့္မိတယ္…
`ဘယ္ေခြးမကိုၾကည့္ေနတာလဲ ေခြးသား´တဲ႔
ေၾသာ္ ကြ်န္ေတာ္ဟာ ေခြးသားေပါ့ေလ…
သားေလ အေဖ့ကို သိပ္မုန္းတာပဲ တစ္ခါတစ္ေလ ရြံတယ္…
အေဖ့ကို မ်က္နွာခ်င္းမဆိုင္ခ်င္ဘူး…
ဒါေပမဲ႔ေလ အေဖ့ကို မုန္းတာမဟုတ္ပါဘူး…
အေဖေသာက္တဲ႔အရက္ကိုပါအေဖေရ…။

အဲ႔ေန႔ကေလ သားက အရက္ဝယ္လာတာ အေဖ့ေရွ႕ေရာက္ေတာ့ သားလက္ထဲက အရက္ပုလင္းက လြတ္က်သြားတယ္ အေဖ…
အိုး သားေလေၾကာက္လိုက္တာ…အဲ႔အခ်ိန္ အေဖ့ရဲ႕မ်က္နွာဟာ မီးက်ည္ခဲလိုပဲ ရဲရဲေတာက္လာျပီး ေဘးနားကတုတ္ကိုဆဲြ သားကိုစုံကိုင္ရိုက္လိုက္တာ ေသျပီလားေတာင္ထင္မိတယ္…
အဲ႔ေန႔က သားေလ တစ္ခ်က္ပဲ အရိုက္ခံလိုက္ရပါတယ္…
က်န္တဲ႔ရိုက္တာေတြကိုေတာ့ အေမက ဝင္ခံသြားတယ္…
သားကိုဖတ္တြယ္ထားတဲ႔ အေမ့ရဲ႕လက္ေတြက ေႏြးေထြးျပီး ၾကင္နာလွပါတယ္ အေဖေရ…
ဒါေပမဲ႔ သားကိုယ္မွာ အေမ့မ်က္ရည္ေတြ ရႊဲလို႔…
အေမ႔ေက်ာျပင္မွာ အစင္းရာေတြ အလ်ိွဴလိ်ွဴနဲ႔ေပါ့…
အေဖရယ္ အေဖ့ကိူ ေမးခ်င္လိုက္တာဗ်ာ…
အေမ့ကို ယူထားတာ အေမ့ကိုရိုက္ဖို႔လားေပါ့..…
သားကိုေမြးထားတာ ရိုက္ဖို႔လား အေဖ…
သားထက္ အေဖက အရက္ကိုသာ ပိုခ်စ္တယ္မလားေလ…။

သားအလယ္တန္းေရာက္ေတာ့…
ဘာ့ေၾကာင့္ရယ္မမွတ္မိေတာ့ပါဘူး အေဖရယ္…
အေဖအရက္မူးျပန္လာေတာ့ သားကိုရိုက္တယ္…
သားပုံနွိပ္ေက်ာင္းစာအုပ္ေတြကိုလည္း မီးရိႈ႕ပစ္တယ္…
သားေလ အဲ႔ေန႔က လူ႔ေလာကထဲကေနထြက္သြားခ်င္ေလာက္ေအာင္ပဲ…
မိုးလင္းေတာ့ ေက်ာင္းသြားစရာစာအုပ္ေတြမရွိေတာ့ဘူး…
သားေျခေထာက္ေတြလည္း လမ္းမေလ်ွာက္နူိင္ပါဘူးအေဖေရ…
အေဖက ပိုသိမွာပါအေဖရယ္…
မိုးလင္းေတာ့ အေဖကေျပာတယ္…
ငါ့သားေက်ာင္းမသြားဘူးလားတဲ႔…
အေမကေျပာတယ္…
ညက မီးရိႈ႕ထားတဲ႔ အၾကြင္းအက်န္ေတြကို ျပတယ္…
ျပီး ကြ်န္ေတာ့္ေျခေထာက္က အမာရြတ္ေတြကို အေဖကိုယ္တ္ုိင္ေဆးလိမ္းေပးတယ္…
ေၾသာ္ အရက္သမားဆိုတာ ဘာမွအေၾကာင္းျပခ်က္မရွိဘဲ အရိုက္အပုတ္ ခံရတာပါပဲေလ…။

သားအထက္တန္းေက်ာင္းမွာ ျမန္မာစာစာစီစာကုံးျပိဳင္ပဲြ…
`ဝမ္းနည္းေသာေန႔´တဲ႔…
သားပထမဆုရခဲ႔တယ္အေဖ…
အေဖဝမ္းသာေနတာပါပဲ…ဘာအေၾကာင္းအရာလဲ အေဖမေမးခဲ႔ဘူး…
ဒီေတာ့ စာေမးပဲြေျဖေတာ့ `အေဖ့ေက်းဇူး´တဲ႔ စာစီစာကုံးေျဖရတယ္…
သားဘဝတစ္ေလ်ွာက္ အေဖ့ေက်းဇူးဆိုတာ ဘာကိုေျပာမွန္းမသိပါဘူး အေဖရယ္…
အဲ႔ေန႔က စာစီစာကုံးကို သားမေရးဘဲ ျခစ္ခ်ခဲ႔မိတယ္ အေဖ…။

အရက္သမား မယားတ္ုိ႕/အရက္သမား သားတို႔ဆိုတာ
ရြာထဲမွာ ေတာ္ေတာ္ေလးမ်က္နွာငယ္ရပါတယ္ အေဖ…
သားကိုလည္းေျပာၾကတယ္…
အေဖအတ္ုိင္း ပဲ လာမွာပဲတဲ႔…
တစ္ေယာက္မွ ကြ်န္ေတာ္တို႔ သားမိနွစ္ေယာက္ကို လူလို႔မထင္ၾကဘူး…
ဟိုလူကေစာ္ကား ဒီလူကေစာ္ကားနဲ႔ပါပဲ…
ေနာက္ဆုံး လူေတြနဲ႔ ကင္းကင္းပဲေနလာေတာ့တယ္…
အေဖက အေဖလိုမေနေတာ့ ကြ်န္ေတာ္တ္ို႔ေတြ သိမ္ငယ္စြာေနရတာ မဆန္းပါဘူး အေဖေရ.…။

အခုအခ်ိန္အထိ အေဖနဲ႔ အေမ ဘယ္သူပိုခ်စ္လဲေမးရင္
အေမ့ကိုပဲ ခ်စ္တာေပါ့…
ကြ်န္ေတာ္ဟာ အေဖ့ကို ဘယ္ေလာက္ပင္မုန္းေနပါေစ…
ကြ်န္ေတာ့္ကိုေမြးထားတဲ႔ အေဖတစ္ေယာက္အျဖစ္ေတာ့
သတ္မွတ္ရမယ္မလား…
ကြ်န္ေတာ္ေလ အေဖအရက္ျဖတ္မဲ႔ေန႔ကို ေမ်ွာ္ေနမိတယ္…
အေမ့ရဲ႕ ေနဝင္ခ်ိန္ေလး ေျဖာင့္ျဖဴးပါေစ ဆုေတာင္းမိတယ္…
အေဖအရက္ျပတ္မဲ႔ နည္းလမ္းေတြ ရွာေနခဲ႔မိတယ္…
ဒါေပမဲ႔ အေဖဟာ တစ္စက္ကေလးမွ မေလ်ွာ့ခဲ႔ပါပဲ
ေန႔စဥ္ေန႔တိုင္း ေသာက္ျမဲပါပဲ…
အေဖလည္း အရက္ရဲ႕ေက်းကြ်န္ ျဖစ္ခဲ႔ရတာ ေနဝင္ခ်ိန္နီးေနျပီ အေဖေရ…
အေဖ့ရဲ႕ ဇရာေတြလည္း တစ္ေန႔တစ္ျခား အိုမင္းလာျပီေပါ့…။

ဒါေပမဲ႕လည္းေလ ကြ်န္ေတာ့္ရင္ထဲမွာေတာ့
အေဖဟာ အေဖပါပဲေလ…။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးဇဲြျပည့္လ်ွံ (ပခုကၠဴပညာေရးေကာလိပ္)

# Unicode Version #
အဖေရေ
တစ်ချိန်က အိုမင်း နုနယ်လွန်းတဲ့ ဖေဖေ့ရဲ့ မျက်နှာဟာ
တစ်နေ့တစ်ခြား အိုမင်းရွတ်တ တွန့်ကြေလာပါပြီ အဖေ…။

ချဉ်စုတ်စုတ် ညီသိုးသိုး အနံ့ဟောက်ပက်
ပုတ်အဲ့အဲ့ အဲ့ဒီအရက်တွေကို အဖေနေ့စဉ်သောက်ခဲ့ရတဲ့ အဲ့ဒီအရက်တွေဟာ ဖေဖေ့ရဲ့ ကျန်းမာရေးကို
ဘယ်လောက်အထိ အကျိူးပြုပါသလဲ အဖေ…
အဖေ့ရဲ့ ကျန်းမာရေးသာ ထိခိုက်လာတယ်ဆိုတာ အဖေသိမှာပါလေ…။

လူတွေအများစုက လေ သေမယ်ဆိုတာ သိကြပါတယ်…
ဒါပေမဲ့ ရသလောက် အချိန်လေးတစ်ခုမှာ
အသက်ရှည်ရှည် နေချင်ကြတာပဲမလား…
သေရမှာ စိုးလို့ ဟိုဗေဒင်မေး ဟိုယတြာချေ
ဟိုဆရာဝန်နဲ့ပြ ဒီဆရာဝန်ကုပေါ့လေ…
အခုတော့ အဖေက သေတစ်နေ့ မွေးတစ်နေ့ဆိုပေမဲ့
သေမဲ့ရက်ကို လက်ချိူးရေတွက်စောင့်နေတာနဲ့ တူတယ်…
အဖေ့ဗိုက်ထဲ အရက်တစ်ခွက် ဝင်သွားရင် အသက်တစ်ရက်ပိုတိုလာပါတယ် အဖေရေ…။

လူတိုင်း လူတိုင်းဟာ အဓိပ္ပါယ်ရှိတဲ့ သေခြင်းမျိူးနဲ့သာ ဘဝကိုအဆုံးသတ်စေချင်ကြသူတွေပါ…
အရက်နာကျလို့ သေပွဲဝင်ရမယ်ဆိုတာကတော့
အဓိပ္ပါယ်ရှိနိူင်ပါဦးမလား အဖေရေ…။
အဖေဟာ သားကို အဓိပ္ပါယ်ရှိတဲ့ သားတစ်ယောက်ဖြစ်စေချင်တယ်လေ…
ဒါပေမဲ့ သားကဘယ်လောက်တော်တယ် မတော်ဘူးဆိုတာ
အဖေကိုကြည့်ပါတဲ့…
အခုတော့လေ အဖေဟာ အရက်သမား…
သားက အရက်သမား သားပေါ့…။

အဖေရယ်…
သားလည်း လူလားမြောက်လို့ ခေတ်ပညာတတ်တစ်ယောက်လည်း ဖြစ်နေပါပြီ…
အခုအချိန်မှာ ငယ်ငယ်က ပုံရိပ်တွေကို သားပြန်ကြည့်မိပါတယ်…
သားလျှောက်ခဲ့ရတဲ့ ငယ်ဘဝတစ်လျှောက်မှာ မျက်ရည်တွေနဲ့ဖြတ်သန်းခဲ့ရပါတယ်အဖေရေ…။

ဟိုးလူမှန်းသိတတ်စ ကလေးဘဝကပေါ့
အဖေ အရက်မူးလာရင် အမေကပြောတယ်…
သားလေးရေ မင်းအဖေ အရက်မူးလာပြီ ထွက်မလာနဲ့ ပုန်းနေဆိုပြီး ဆွေမျိူးတွေအိမ် မိုးလင်းခဲ့ရတာတွေ မနည်းပါဘူးအဖေ…။
အဖေအရက်မူးလာတိုင်း သားတို့မိသားစု မငြိမ်းချမ်းခဲ့ဘူး…
အရက်သောက်တတ်ရင် လူစိတ်ပျောက်ပြီး ခွေးစိတ်ပေါက်လာတယ်တဲ့ အဖေနဲ့ရန်ဖြစ်စကားများတိုင်း အမေကပြောတယ်…
ခွေးမသောက်တဲ့ အရည်ကိုသောက်တာတဲ့ အမေပြောတာ ခဏခဏ ကြားခဲ့ဖူးတယ်…
အဖေက ပြန်ပြောတယ်…
ခွေးကကောင်းမှန်းမသိလို့ပါတဲ့…။

အဖေနဲ့ရန်ဖြစ်တိုင်း အမေ့ကိုရိုက်တယ်
အမေဟာ နေ့တိုင်းငိုခဲ့ရတယ်…
အမေငိုတဲ့နေ့တွေဟာ သားထွက်ပြေးခဲ့ရတဲ့နေ့တွေပါအဖေ…
သားလေ ဟိုးငယ်ငယ်လေးကတည်းက
အိမ်ပြေးဖြစ်ခဲ့ရတာပါ အဖေ…
သားလေ သားတို့မိသားစု လေးကို ပြိုကွဲအောင်လုပ်တဲ့ အဲ့ဒီအရက်ကို သားသိပ်မုန်းတယ်…
သက်ရှိထင်ရှားရှိခဲ့ရင် ကျွန်တော်သတ်မိမှာပါပဲ အဖေရယ်…။

အဖေနဲ့အမေဟာ ကျန်တဲ့အချိန်မှာတော့ တကယ်ကြင်နာမှုအပြည့်နဲ့ ချစ်အပြနိူင်ဆုံး သူတွေပါ…
ဒါပေမဲ့ အဖေ အရက်သောက်လာတဲ့နေ့တွေဆို ဘာရယ်မသိဘူး…
အိမ်မှာ ဝယ်ထားတဲ့ပစ္စည်းတွေဆိုတာကလည်း အကောင်းအတိုင်းမရှိတော့ဘူး…
အဖေခွဲလို့ ကွဲသွားကြတာပါပဲ…
ဒါတွေကလည်း အဖေဝယ်ထားတဲ့ပစ္စည်းတွေပါပဲလေ…
အဖေကပြောတယ်…
ငါ့ပစ္စည်းငါခွဲတာ ဘယ်သု့ကြောက်ရမလဲတဲ့…
`ခွမ်း´`ဝုန်း´`ဒိုင်း´`ဘုန်း´ဆိုတဲ့အသံတွေကိုကြားတိုင်း
အသဲတက်အောင်ငိုခဲ့မိတာ သားပါ အဖေ…။

အဆိုးဆုံးက အမေပေါ့…
အဖေခွဲလိုက်တဲ့ပစ္စည်းလေးတွေကို တယုတယကိုင်ရင်း အမြဲတမ်းငိုခဲ့ရတယ်…
မိုးလင်းတော့ အဖေက ညကဖြစ်ခဲ့တာတွေကို မသိတော့ဘူး…
နောက်တစ်ခါကျတော့ အဖေကိုယ်တိုင် ပြန်ဝယ်ရတာပါပဲလေ…
အမေ့ကိုသနားတယ် အဖေရယ်…
အမေ့မှာ နေ့တိုင်းအရိုက်ခံရသလို…သားလည်းနေ့တိုင်းပြေးခဲ့ရတာပါပဲလေ…
ညနေ မှောင်လာပြီဆိုတာနဲ့ သားကြောက်လာတယ် အဖေ…
ညနေရောက်ရင် သားလေ အိမ်မှာ မနေချင်တော့ပါဘူး…
အိမ်မှာ သားရှိနေရင်လည်း သားကိုပါ အဖေရိုက်တာခဲရတယ်…
အမေနဲ့အတူပေါ့…
အဖေနဲ့အမေရန်ဖြစ်စကားများတိုင်း သားလေ ဘယ်ရင်ခွင်မှာ ခိုလှုံံရမှန်းလည်းမသိတော့ဘူး…။

မှတ်မှတ်ရ ရပေါ့…အမေကပြောထားတယ်…
ဘယ်သူက အရက်ဝယ်ခိုင်းခိုင်း ဝယ်မပေးရဘူးတဲ့
သြော် အဖေက ဝယ်ခိုင်းတော့ အမေ့ကိုကြည့်မိတယ်…
`ဘယ်ခွေးမကိုကြည့်နေတာလဲ ခွေးသား´တဲ့
သြော် ကျွန်တော်ဟာ ခွေးသားပေါ့လေ…
သားလေ အဖေ့ကို သိပ်မုန်းတာပဲ တစ်ခါတစ်လေ ရွံတယ်…
အဖေ့ကို မျက်နှာချင်းမဆိုင်ချင်ဘူး…
ဒါပေမဲ့လေ အဖေ့ကို မုန်းတာမဟုတ်ပါဘူး…
အဖေသောက်တဲ့အရက်ကိုပါအဖေရေ…။

အဲ့နေ့ကလေ သားက အရက်ဝယ်လာတာ အဖေ့ရှေ့ရောက်တော့ သားလက်ထဲက အရက်ပုလင်းက လွတ်ကျသွားတယ် အဖေ…
အိုး သားလေကြောက်လိုက်တာ…အဲ့အချိန် အဖေ့ရဲ့မျက်နှာဟာ မီးကျည်ခဲလိုပဲ ရဲရဲတောက်လာပြီး ဘေးနားကတုတ်ကိုဆွဲ သားကိုစုံကိုင်ရိုက်လိုက်တာ သေပြီလားတောင်ထင်မိတယ်…
အဲ့နေ့က သားလေ တစ်ချက်ပဲ အရိုက်ခံလိုက်ရပါတယ်…
ကျန်တဲ့ရိုက်တာတွေကိုတော့ အမေက ဝင်ခံသွားတယ်…
သားကိုဖတ်တွယ်ထားတဲ့ အမေ့ရဲ့လက်တွေက နွေးထွေးပြီး ကြင်နာလှပါတယ် အဖေရေ…
ဒါပေမဲ့ သားကိုယ်မှာ အမေ့မျက်ရည်တွေ ရွှဲလို့…
အမေ့ကျောပြင်မှာ အစင်းရာတွေ အလျှိူလျှိူနဲ့ပေါ့…
အဖေရယ် အဖေ့ကိူ မေးချင်လိုက်တာဗျာ…
အမေ့ကို ယူထားတာ အမေ့ကိုရိုက်ဖို့လားပေါ့..…
သားကိုမွေးထားတာ ရိုက်ဖို့လား အဖေ…
သားထက် အဖေက အရက်ကိုသာ ပိုချစ်တယ်မလားလေ…။

သားအလယ်တန်းရောက်တော့…
ဘာ့ကြောင့်ရယ်မမှတ်မိတော့ပါဘူး အဖေရယ်…
အဖေအရက်မူးပြန်လာတော့ သားကိုရိုက်တယ်…
သားပုံနှိပ်ကျောင်းစာအုပ်တွေကိုလည်း မီးရှို့ပစ်တယ်…
သားလေ အဲ့နေ့က လူ့လောကထဲကနေထွက်သွားချင်လောက်အောင်ပဲ…
မိုးလင်းတော့ ကျောင်းသွားစရာစာအုပ်တွေမရှိတော့ဘူး…
သားခြေထောက်တွေလည်း လမ်းမလျှောက်နိူင်ပါဘူးအဖေရေ…
အဖေက ပိုသိမှာပါအဖေရယ်…
မိုးလင်းတော့ အဖေကပြောတယ်…
ငါ့သားကျောင်းမသွားဘူးလားတဲ့…
အမေကပြောတယ်…
ညက မီးရှို့ထားတဲ့ အကြွင်းအကျန်တွေကို ပြတယ်…
ပြီး ကျွန်တော့်ခြေထောက်က အမာရွတ်တွေကို အဖေကိုယ်တိုင်ဆေးလိမ်းပေးတယ်…
သြော် အရက်သမားဆိုတာ ဘာမှအကြောင်းပြချက်မရှိဘဲ အရိုက်အပုတ် ခံရတာပါပဲလေ…။

သားအထက်တန်းကျောင်းမှာ မြန်မာစာစာစီစာကုံးပြိုင်ပွဲ…
`ဝမ်းနည်းသောနေ့´တဲ့…
သားပထမဆုရခဲ့တယ်အဖေ…
အဖေဝမ်းသာနေတာပါပဲ…ဘာအကြောင်းအရာလဲ အဖေမမေးခဲ့ဘူး…
ဒီတော့ စာမေးပွဲဖြေတော့ `အဖေ့ကျေးဇူး´တဲ့ စာစီစာကုံးဖြေရတယ်…
သားဘဝတစ်လျှောက် အဖေ့ကျေးဇူးဆိုတာ ဘာကိုပြောမှန်းမသိပါဘူး အဖေရယ်…
အဲ့နေ့က စာစီစာကုံးကို သားမရေးဘဲ ခြစ်ချခဲ့မိတယ် အဖေ…။

အရက်သမား မယားတို့/အရက်သမား သားတို့ဆိုတာ
ရွာထဲမှာ တော်တော်လေးမျက်နှာငယ်ရပါတယ် အဖေ…
သားကိုလည်းပြောကြတယ်…
အဖေအတိုင်း ပဲ လာမှာပဲတဲ့…
တစ်ယောက်မှ ကျွန်တော်တို့ သားမိနှစ်ယောက်ကို လူလို့မထင်ကြဘူး…
ဟိုလူကစော်ကား ဒီလူကစော်ကားနဲ့ပါပဲ…
နောက်ဆုံး လူတွေနဲ့ ကင်းကင်းပဲနေလာတော့တယ်…
အဖေက အဖေလိုမနေတော့ ကျွန်တော်တို့တွေ သိမ်ငယ်စွာနေရတာ မဆန်းပါဘူး အဖေရေ.…။

အခုအချိန်အထိ အဖေနဲ့ အမေ ဘယ်သူပိုချစ်လဲမေးရင်
အမေ့ကိုပဲ ချစ်တာပေါ့…
ကျွန်တော်ဟာ အဖေ့ကို ဘယ်လောက်ပင်မုန်းနေပါစေ…
ကျွန်တော့်ကိုမွေးထားတဲ့ အဖေတစ်ယောက်အဖြစ်တော့
သတ်မှတ်ရမယ်မလား…
ကျွန်တော်လေ အဖေအရက်ဖြတ်မဲ့နေ့ကို မျှော်နေမိတယ်…
အမေ့ရဲ့ နေဝင်ချိန်လေး ဖြောင့်ဖြူးပါစေ ဆုတောင်းမိတယ်…
အဖေအရက်ပြတ်မဲ့ နည်းလမ်းတွေ ရှာနေခဲ့မိတယ်…
ဒါပေမဲ့ အဖေဟာ တစ်စက်ကလေးမှ မလျှော့ခဲ့ပါပဲ
နေ့စဉ်နေ့တိုင်း သောက်မြဲပါပဲ…
အဖေလည်း အရက်ရဲ့ကျေးကျွန် ဖြစ်ခဲ့ရတာ နေဝင်ချိန်နီးနေပြီ အဖေရေ…
အဖေ့ရဲ့ ဇရာတွေလည်း တစ်နေ့တစ်ခြား အိုမင်းလာပြီပေါ့…။

ဒါပေမဲ့လည်းလေ ကျွန်တော့်ရင်ထဲမှာတော့
အဖေဟာ အဖေပါပဲလေ…။ ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဦးဇွဲပြည့်လျှံ (ပခုက္ကူပညာရေးကောလိပ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top