လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ဇလြန္ျပည္ေတာ္ျပန္ ဘုရားသမိုင္း ***
++++++++++++++++

ေရွးလြန္ခဲ့ေသာ ရခိုင္ျပည့္ရွင္ ဘုရင္စႏၵသူရိယမင္း ပင့္ေလွ်ာက္ခ်က္အရ မဟာသကၠရာဇ္ (၁၁၃) ခုႏွစ္တြင္ သဗၺညဳတ ျမတ္စြာဘုရားသခင္သည္ ရခိုင္ျပည္သို႕ ၾကြေရာက္ၿပီး သရဏဂံု သီလျဖင့္ ခ်ီးျမွင့္ကာ ဓညဝတီတိုင္းျပည္ တစ္ခုလံုး ဗုဒၶဘာသာ၀င္ ဥပါသကာ ဥပါသာကီမ်ား အျဖစ္လို႕ ေရာက္ရွိခဲ့ၾကပါတယ္။

ဓညဝတီမွ ျမတ္စြာဘုရားရွင္ ျပန္လည္ၾကြခ်ီရာတြင္ စႏၵသူရိယမင္း၏ ေတာင္းပန္ေလွ်ာက္ထားခ်က္အရ ကိုယ္စားေတာ္ ပံုသြင္းကိုသြန္းလုပ္ကိုးကြယ္ခြ င့္ျပဳၿပီး ရင္ေငြ႕ေတာ္ ခုႏွစ္ႀကိမ္ေပးခဲ့သျဖင့္ မဟာမုနိဘုရားဟု ဘြဲ႕ေတာ္ထင္ရွားခဲ့ပါတယ္။ ကိုယ္စားေတာ္ မဟုမုနိသြန္းလုပ္ၿပီး ၾကြင္းက်န္ေသာ ေၾကး-ေငြ-ေရႊရတနာတို႕ကို သြန္းလုပ္ၾကရာ (ရွင္ေက်ာ္) (ေရႊဘံုသာ) (ရန္ေအာင္ျမင္) ဟူေသာ ရုပ္ပြားေတာ္ငယ္သံုးဆူ သြန္းလုပ္ကိုးကြယ္ခဲ့ပါတယ္။

အထက္ေဖာ္ျပပါ ဆင္းတုေတာ္ သံုးဆူအနက္မွ ရန္ေအာင္ျမင္ရုပ္ပြားေတာ္မွာ မဟာမုနိရုပ္ပြားေတာ္၏ လက္ယာဘက္တြင္ ထားၿပီး ကိုးကြယ္ ပူေဇာ္ေသာေၾကာင့္ လက္ယာ ရုပ္ပြားေတာ္ဟု ေခၚတြင္ခဲ့ ပါတယ္။ သကၠရာဇ္ ၁၁၄၆ ခုႏွစ္တြင္ အမရပူရ ေရႊနန္းရွင္ ဘိုးေတာ္ဘုရား၏ သားေတာ္အိမ္ေရွ႕ ဥပရာဇာက ဓည၀တီရခိုင္ျပည္ကို သိမ္းယူၿပီး မဟာမုနိရုပ္ပြားေတာ္ႏွင္ ့အရံရုပ္ပြားေတာ္ (၃) ဆူပါပင့္ေဆာင္လာခဲ့ၿပီး မဟာမုနိရုပ္ပြားေတာ္ကို ဂႏၶကုဋိတိုက္ေတာ္ႏွင့္ထားၿပီး က်န္ (၃) ဆူကို ေရႊနန္းေတာ္ဦးတြင္ ကိုးကြယ္ထားခဲ့ပါတယ္။

သကၠရာဇ္ ၁၂၁၄ ခုႏွစ္ ၊ ပုဂံမင္းလက္ထက္ ဇလြန္ၿမိဳ႕သူႀကီး ဦးေရႊပြင့္သည္ ၿမိဳ႕သူ-ၿမိဳ႕သားမ်ား ကိုးကြယ္ရန္ ရုပ္ပြားေတာ္ တစ္ဆူသြန္းလုပ္ရန္ တစ္ၿမိဳ႕လံုး လွဴဒါန္းေသာ ေရႊေငြေၾကးသံ တို႕ကို (ရန္လြင့္) ေခၚ ေလွႀကီးႏွင့္တင္ၿပီး အမရပူရသို႕ေရာက္ရွိလာၿပီး အစ္မဝမ္းကြဲေတာ္သူ ပုဂံမင္း မိဖုရားႀကီးထံ ဝင္ေရာက္ခစားကာ ပန္းပဲဖိုဆရာ ေမာင္ေမာင္လပ္အား ေခၚယူၿပီး မိဖုရားႀကီးက ရုပ္ထုေတာ္ သြန္းလုပ္ေစခဲ့ပါတယ္။

ထိုအခ်ိန္တြင္ ပုဂံမင္းႏွင့္ မင္းတုန္း၊ ကေနာင္မင္းတို႕ မသင့္မတင့္ျဖစ္ကာ ေနျပည္ေတာ္တြင္ အေရးအခင္းမ်ားေပၚေပါက္လာသျဖင့္ ရုပ္ပြားေတာ္သြန္းလုပ္မႈမ်ား မၿပီးစီးသျဖင့္ သိမ္းယူရာ ဇလြန္ၿမိဳ႕ မာရ္ေအာင္ျမင္ ဘုရားကိုပါသိမ္းယူၿပီး ဆာဂၽြန္ဆင္ဆိုသူ ကုလားျဖဴဗိုလ္က (ေရႊဆင္) ဆိုေသာ သေဘၤာျဖင့္ တင္ယူသြားခဲ့ပါတယ္။ ဘံုဘိုင္ၿမိဳ႕သို႕ေရာက္ေသာအခါ ေၾကးဆင္းတုမ်ားကို က်ိဳၿပီး ေၾကးပိုက္ဆံ က်ည္ဆံလုပ္ခဲ့ၾကပါတယ္။

မာရ္ေအာင္ျမင္ ဆင္းတုေတာ္မွာမူ မီးႏွင့္ႀကိဳရာ အရည္မေပ်ာ္ပဲ မိုးႀကီးေလႀကီးမ်ား က်ေရာက္ကာ မီးက်ိဳသူ ကုလား (၆၄) ဦး ေသြးအန္ ဝမ္းေလွ်ာ ေသဆံုးကုန္ၾကတယ္လို႕ဆိုပါတယ္။ ထိုအခ်ိန္တြင္ ဝိတိုရိယဘုရင္မႀကီးမွာ ေခါင္းကိုက္ေဝဒနာ ျပင္းထန္စြာ ျဖစ္ၿပီး
ေဒါက္တာမ်ား ဆရာဝန္မ်ားကုသမရပဲရွိသျဖင့္ (တစ္ညတြင္ ဘံုဘိုင္ရွိ ဗမာဘုရားကိုမူလေနရပ္သို႕ ျပန္ပို႕မွ ေရာဂါေပ်ာက္ကင္းမည္
ျပန္မပို႔ပါက နတ္ရြာစံမည္။) ဟု အိမ္မက္ ျမင္မက္သျဖင့္ ဘံုေဘရွိ ဂိုေဒါင္အတြင္းရွာေဖြၿပီး ျမန္မာျပည္သို႔ ျပန္ပို႕မွသာ
ေရာဂါေပ်ာက္ကင္းသြားသည္ဟု ဆိုခဲ့ ပါတယ္။

ထိုေၾကာင့္ ဇလြန္မာရ္ေအာင္ျမင္ျပည္ေတာ္ျပန္ ဘုရားဟုဘြဲ႕အမည္ျဖင့္ ဟသၤာတၿမိဳ႕အနီး ဇလြန္ၿမိဳ႕ရွိ စံေက်ာင္းေတာ္တြင္ ကိန္းဝပ္စံပါယ္ေတာ္မူလွ်က္ရွိရာ ျပည္နယ္အရပ္ရပ္မွ ဘုရားဖူးခရီးသည္မ်ားျဖင့္စည္ကား သိုက္ၿမိဳက္လွ်က္ရွိပါတယ္။

#ဓမၼရတနာ




ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာ့ရိုးရာယဥ္ေက်းမႈနွင့္ဗုဒၶေစတီေတာ္မ်ား

#Unicode Version#
ဇလွန်ပြည်တော်ပြန် ဘုရားသမိုင်း ***

++++++++++++++++

ရှေးလွန်ခဲ့သော ရခိုင်ပြည့်ရှင် ဘုရင်စန္ဒသူရိယမင်း ပင့်လျှောက်ချက်အရ မဟာသက္ကရာဇ် (၁၁၃) ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသခင်သည် ရခိုင်ပြည်သို့ ကြွရောက်ပြီး သရဏဂုံ သီလဖြင့် ချီးမြှင့်ကာ ဓညဝတီတိုင်းပြည် တစ်ခုလုံး ဗုဒ္ဓဘာသာဝင် ဥပါသကာ ဥပါသာကီများ အဖြစ်လို့ ရောက်ရှိခဲ့ကြပါတယ်။

ဓညဝတီမှ မြတ်စွာဘုရားရှင် ပြန်လည်ကြွချီရာတွင် စန္ဒသူရိယမင်း၏ တောင်းပန်လျှောက်ထားချက်အရ ကိုယ်စားတော် ပုံသွင်းကိုသွန်းလုပ်ကိုးကွယ်ခွ င့်ပြုပြီး ရင်ငွေ့တော် ခုနှစ်ကြိမ်ပေးခဲ့သဖြင့် မဟာမုနိဘုရားဟု ဘွဲ့တော်ထင်ရှားခဲ့ပါတယ်။ ကိုယ်စားတော် မဟုမုနိသွန်းလုပ်ပြီး ကြွင်းကျန်သော ကြေး-ငွေ-ရွှေရတနာတို့ကို သွန်းလုပ်ကြရာ (ရှင်ကျော်) (ရွှေဘုံသာ) (ရန်အောင်မြင်) ဟူသော ရုပ်ပွားတော်ငယ်သုံးဆူ သွန်းလုပ်ကိုးကွယ်ခဲ့ပါတယ်။

အထက်ဖော်ပြပါ ဆင်းတုတော် သုံးဆူအနက်မှ ရန်အောင်မြင်ရုပ်ပွားတော်မှာ မဟာမုနိရုပ်ပွားတော်၏ လက်ယာဘက်တွင် ထားပြီး ကိုးကွယ် ပူဇော်သောကြောင့် လက်ယာ ရုပ်ပွားတော်ဟု ခေါ်တွင်ခဲ့ ပါတယ်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် အမရပူရ ရွှေနန်းရှင် ဘိုးတော်ဘုရား၏ သားတော်အိမ်ရှေ့ ဥပရာဇာက ဓညဝတီရခိုင်ပြည်ကို သိမ်းယူပြီး မဟာမုနိရုပ်ပွားတော်နှင့်အရံရုပ်ပွားတော် (၃) ဆူပါပင့်ဆောင်လာခဲ့ပြီး မဟာမုနိရုပ်ပွားတော်ကို ဂန္ဓကုဋိတိုက်တော်နှင့်ထားပြီး ကျန် (၃) ဆူကို ရွှေနန်းတော်ဦးတွင် ကိုးကွယ်ထားခဲ့ပါတယ်။

သက္ကရာဇ် ၁၂၁၄ ခုနှစ် ၊ ပုဂံမင်းလက်ထက် ဇလွန်မြို့သူကြီး ဦးရွှေပွင့်သည် မြို့သူ-မြို့သားများ ကိုးကွယ်ရန် ရုပ်ပွားတော် တစ်ဆူသွန်းလုပ်ရန် တစ်မြို့လုံး လှူဒါန်းသော ရွှေငွေကြေးသံ တို့ကို (ရန်လွင့်) ခေါ် လှေကြီးနှင့်တင်ပြီး အမရပူရသို့ရောက်ရှိလာပြီး အစ်မဝမ်းကွဲတော်သူ ပုဂံမင်း မိဖုရားကြီးထံ ဝင်ရောက်ခစားကာ ပန်းပဲဖိုဆရာ မောင်မောင်လပ်အား ခေါ်ယူပြီး မိဖုရားကြီးက ရုပ်ထုတော် သွန်းလုပ်စေခဲ့ပါတယ်။

ထိုအချိန်တွင် ပုဂံမင်းနှင့် မင်းတုန်း၊ ကနောင်မင်းတို့ မသင့်မတင့်ဖြစ်ကာ နေပြည်တော်တွင် အရေးအခင်းများပေါ်ပေါက်လာသဖြင့် ရုပ်ပွားတော်သွန်းလုပ်မှုများ မပြီးစီးသဖြင့် သိမ်းယူရာ ဇလွန်မြို့ မာရ်အောင်မြင် ဘုရားကိုပါသိမ်းယူပြီး ဆာဂျွန်ဆင်ဆိုသူ ကုလားဖြူဗိုလ်က (ရွှေဆင်) ဆိုသော သင်္ဘောဖြင့် တင်ယူသွားခဲ့ပါတယ်။ ဘုံဘိုင်မြို့သို့ရောက်သောအခါ ကြေးဆင်းတုများကို ကျိုပြီး ကြေးပိုက်ဆံ ကျည်ဆံလုပ်ခဲ့ကြပါတယ်။

မာရ်အောင်မြင် ဆင်းတုတော်မှာမူ မီးနှင့်ကြိုရာ အရည်မပျော်ပဲ မိုးကြီးလေကြီးများ ကျရောက်ကာ မီးကျိုသူ ကုလား (၆၄) ဦး သွေးအန် ဝမ်းလျှော သေဆုံးကုန်ကြတယ်လို့ဆိုပါတယ်။ ထိုအချိန်တွင် ဝိတိုရိယဘုရင်မကြီးမှာ ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာ ဖြစ်ပြီး
ဒေါက်တာများ ဆရာဝန်များကုသမရပဲရှိသဖြင့် (တစ်ညတွင် ဘုံဘိုင်ရှိ ဗမာဘုရားကိုမူလနေရပ်သို့ ပြန်ပို့မှ ရောဂါပျောက်ကင်းမည်
ပြန်မပို့ပါက နတ်ရွာစံမည်။) ဟု အိမ်မက် မြင်မက်သဖြင့် ဘုံဘေရှိ ဂိုဒေါင်အတွင်းရှာဖွေပြီး မြန်မာပြည်သို့ ပြန်ပို့မှသာ
ရောဂါပျောက်ကင်းသွားသည်ဟု ဆိုခဲ့ ပါတယ်။

ထိုကြောင့် ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန် ဘုရားဟုဘွဲ့အမည်ဖြင့် ဟင်္သာတမြို့အနီး ဇလွန်မြို့ရှိ စံကျောင်းတော်တွင် ကိန်းဝပ်စံပါယ်တော်မူလျှက်ရှိရာ ပြည်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်များဖြင့်စည်ကား သိုက်မြိုက်လျှက်ရှိပါတယ်။


#ဓမ္မရတနာ


ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတီတော်များ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top