Golden City Promotion
×

ခင္မ်ားတို႔ အၿမဲသစၥာရွိရွိ ေသာက္ေနတဲ့ ဘီယာက ခင္မ်ားကို ျပန္ျပီး ေကာင္းက်ိဳးျပဳေနတယ္ဆိုတာ သိေရာသိၾကရဲ႕လားဗ် ! ဘီယာမၾကိဳက္တဲ့သူေတြ ၊ မေသာက္တဲ့သူေတြအတြက္ေတာ့ စိတ္မေကာင္းဘူးဗ်ာ ။ ဒီအက်ိဳးေက်းဇူးေတြ သူတို႔မခံစားရဘူးေပ့ါ.။ ကဲ  ဘီယာကို ၾကိဳက္လို႔ပဲေသာက္ေသာက္ ၊ အေပါင္းအသင္းေၾကာင္ပဲေသာက္ေသာက္ ၊ ဘယ္လိုပဲေသာက္ေသာက္ ကို္ယ္ေသာက္ေနတဲ့ ဘီယာရဲ႕ ေကာင္းက်ိဳးေလးကို သိထားရေတ့ာ ပိုျပီး အဓိပၸါယ္ရွိရွိ ေသာက္ေကာင္းတာေပါ့ဗ်ာ….

၁။ ေလ့လာမႈေတြအရ အျခား အယ္လ္ကိုေဟာ ပါဝင္တဲ့ ေသာက္သံုးဖြယ္ရာေတြထက္ ဘီယာက ပိုျပီး ေက်ာက္ကပ္ကို က်န္းမာေစပါတယ္တဲ့  ။ ဘီယာတစ္ပုလင္းေသာက္တိုင္း ေက်ာက္ကပ္ေက်ာက္တည္မႈ မျဖစ္ေအာင္ ၄၀ ရာခိုင္နႈန္းထိ ေလွ်ာ့ခ်ေပးနိုင္ပါတယ္တဲ့ခမ်ာ ။

၂။ ဘီယာေသာက္ျခင္းက အစာလည္းေၾကေစပါတယ္ ။ အထူးသျဖင့္Dark Beer ေတြမွာ အမွ်င္ဓါတ္ 1g နွင့္အထက္ ပါဝင္လို႔ အစာေျခစနစ္ကို ေကာင္းစြာ အက်ိဳးျဖစ္ထြန္းေစပါတယ္။

၃။ မေကာင္းတဲ့ ကိုလက္္စထေရာေတြကို ေလွ်ာ့ခ်ေပးတယ္ ။ ဘီယာမွာပါဝင္တဲ့ အမွ်င္ဓါတ္ေၾကာင့္ပဲ ခႏၶာကိုယ္တြင္းက မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလွ်ာ့ခ်ေပးနိုင္တာပါ ။

၄။ ဘီယာက သင့္ခႏၶာကိုယ္အတြက္ ဗီတာမင္ဘီကို အျပည့္အဝ ရရွိေစပါတယ္ ။ ဘီယာမွာ ဗီတာမင္ B ၊ B1 ၊ B2 ၊ B6 နွင့္ B12 စသျဖင့္ ဗီတာမင္ ဘီ ဓါတ္အားလံုး ပါဝင္တာေၾကာင့္ ဘီယာေသာက္သံုးသူေတြက မေသာက္တဲ့သူေတြထက္ ဗီတာမင္ဘီ ၃၀ ရာခိုင္နႈန္းထိ ပိုျပီးမ်ားပါတယ္ ။

၅။ ၂၀၀၉ ခုနွစ္ ေလ့လာေတြ႕ရွိခ်က္မ်ားအရ ဘီယာမွာပါဝင္တဲ့ ျမင့္မားတဲ့ silicon အဆင့္ေၾကာင့္ အရိုးမ်ား၏ သိပ္သည္းဆကို ေထာက္ပံ့ေပးျပီး သန္စြမ္းေစတယ္လို႔ ဆိုပါတယ္ ။

၆။ အိပ္မေပ်ာ္တဲ့ ေရာဂါကို ဘီယာေသာက္တဲ့သူေတြ ဘယ္ေတာ့မွ မခံစားရဘူး ။ ဘီယာက ေကာင္းေကာင္းအိပ္ေပ်ာ္ေစဖို႔အတြက္ အရိုးရွင္းဆံုး ကုသနည္းတစ္ခုပါပဲတဲ့ ။

၇။ ရုတ္တရက္ နွလံုးထိခိုက္တဲ့ heart attack ျဖစ္ျခင္းမ်ိဳးကိုလည္း ဘီယာေသာက္ျခင္းက ေလွ်ာ့ခ်ေပးနိုင္ပါတယ္ ။ ဘီယာပံုမွန္ေသာက္ေလ့ရွိသူေတြက မေသာက္တဲ့သူေတြထက္ Heart Attack ျဖစ္နိုင္ေျခ  ၄၀ရာခိုင္နႈန္းမွ ၆၀ရာခိုင္နႈန္းအထိကို ေလ်ာ့က်ေစပါတယ္ ။

၈။ ဘီယာမွာပါဝင္တဲ့ ပါဝင္ပစၥည္းေတြက ေသြးေၾကာမ်ား ခဲျခင္း မျဖစ္ပြါးနိင္ေအာင္ ကာကြယ္ေပးပါတယ္။

၉။ ေလ့လာေတြ႕ရွိခ်က္မ်ားအရ ဘီယာေသာက္သံုးသူေတြဟာ မေသာက္တဲ့သူေတြထက္ အယ္လ္ဇိုင္းမားေရာဂါျဖစ္နိုင္ေျခ ပိုနည္းျပီး မွတ္ဥာဏ္အား ပိုေကာင္းေစပါတယ္ ။ ဘီယာေသာက္တဲ့သူေတြ ဥာဏ္ပိုေကာင္းပါတယ္တဲ့ ခမ် . ^_^ .ေလ့လာမႈေတြကေျပာတာေနာ္..

၁၀။ တစ္ေန႔ကို ဘီယာနွစ္ခြက္ေသာက္မယ္ဆိုရင္ အလုပ္ေၾကာင့္ျဖစ္တဲ့ စိတ္ဖိစီးမႈ ၊ စိတ္ရႈပ္ေထြးမႈေတြကို ေလွ်ာ့ခ်ေပးနိုင္တယ္လို႔ ဆိုပါတယ္ ။

၁၁။ ဘီယာဆိုတဲ့ အမ်ိဳးက ေအးေအးေလးမွ ေသာက္လို႔ေကာင္းတဲ့အမ်ိဳးေလ ။ ဒါေပမယ့္ ပူသြားလို႔ေရာ ဘာမွမျဖစ္ဘူးေန္ာ ။ ပိုျပီးေတာင္ အက်ိဳးမ်ားေသးတယ္ ။ ပူေႏြးတ့ဲ ဘီယာက ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစျပီး အသက္ရွဴၾကပ္တဲ့အခ်ိန္ခါမ်ိဳးဆို အသက္ရွဴစနစ္ကိုလည္း ျပန္ေကာင္းမြန္ေစပါတယ္တဲ့ ။ အေၾကာအဆစ္ နာၾကင္ျခင္းကိုလည္း သက္သာေစျပီး ကိုုယ္ခံအားေကာင္းေစပါတယ္ ။ ပူေႏြးတဲ့ ဘီယာေကာင္းေကာင္း ေသာက္ခ်င္လွ်င္ေတာ့ ေရပြက္ပြက္ဆူထားတဲ့ အိုးထဲကို ဘီယာတစ္ပုလင္းထည့္ျပီး ပ်ားရည္ လက္ဖက္ရည္ဇြန္း ၃ဇြန္းေလာက္ ထည့္ျပီး ေသာက္ၾကည့္လိုက္ပါ ခင္ဗ်ာ ။

၁၂။ ဘီယာက အသားအေရကိုလည္း လွေစတယ္တဲ့ ။ ဘီယာၾကိဳက္တဲ့ မိန္းကေလးေတြအတြက္ သတင္းေကာင္းေပါ့ေလ ။ ဘီယာမွာပါဝင္တဲ့ ဗီတာမင္ဓါတ္ေတြက အသားအေရကို နူးညံ့ေစျပီး က်န္းမာ လွပေစတယ္လို႔ ဆိုထားပါတယ္ ခမ်ာ ။

ကဲ..ဘီယာေသာက္တိုင္း ဒီေကာင္းက်ိဳးေလးေတြကို အာရံုျပဳရင္း.. CHEERS !  !  !

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Shweinnlay

#Unicode Version#

ခင်များတို့ အမြဲသစ္စာရှိရှိ သောက်နေတဲ့ ဘီယာက ခင်များကို ပြန်ပြီး ကောင်းကျိုးပြုနေတယ်ဆိုတာ သိရောသိကြရဲ့လားဗျ ! ဘီယာမကြိုက်တဲ့သူတွေ ၊ မသောက်တဲ့သူတွေအတွက်တော့ စိတ်မကောင်းဘူးဗျာ ။ ဒီအကျိုးကျေးဇူးတွေ သူတို့မခံစားရဘူးပေ့ါ.။ ကဲ  ဘီယာကို ကြိုက်လို့ပဲသောက်သောက် ၊ အပေါင်းအသင်းကြောင်ပဲသောက်သောက် ၊ ဘယ်လိုပဲသောက်သောက် ကိုယ်သောက်နေတဲ့ ဘီယာရဲ့ ကောင်းကျိုးလေးကို သိထားရတေ့ာ ပိုပြီး အဓိပ္ပါယ်ရှိရှိ သောက်ကောင်းတာပေါ့ဗျာ….

၁။ လေ့လာမှုတွေအရ အခြား အယ်လ်ကိုဟော ပါဝင်တဲ့ သောက်သုံးဖွယ်ရာတွေထက် ဘီယာက ပိုပြီး ကျောက်ကပ်ကို ကျန်းမာစေပါတယ်တဲ့  ။ ဘီယာတစ်ပုလင်းသောက်တိုင်း ကျောက်ကပ်ကျောက်တည်မှု မဖြစ်အောင် ၄၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်တဲ့ခမျာ ။

၂။ ဘီယာသောက်ခြင်းက အစာလည်းကြေစေပါတယ် ။ အထူးသဖြင့်Dark Beer တွေမှာ အမျှင်ဓါတ် 1g နှင့်အထက် ပါဝင်လို့ အစာခြေစနစ်ကို ကောင်းစွာ အကျိုးဖြစ်ထွန်းစေပါတယ်။

၃။ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးတယ် ။ ဘီယာမှာပါဝင်တဲ့ အမျှင်ဓါတ်ကြောင့်ပဲ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တာပါ ။

၄။ ဘီယာက သင့်ခန္ဓာကိုယ်အတွက် ဗီတာမင်ဘီကို အပြည့်အဝ ရရှိစေပါတယ် ။ ဘီယာမှာ ဗီတာမင် B ၊ B1 ၊ B2 ၊ B6 နှင့် B12 စသဖြင့် ဗီတာမင် ဘီ ဓါတ်အားလုံး ပါဝင်တာကြောင့် ဘီယာသောက်သုံးသူတွေက မသောက်တဲ့သူတွေထက် ဗီတာမင်ဘီ ၃၀ ရာခိုင်နှုန်းထိ ပိုပြီးများပါတယ် ။

၅။ ၂၀၀၉ ခုနှစ် လေ့လာတွေ့ရှိချက်များအရ ဘီယာမှာပါဝင်တဲ့ မြင့်မားတဲ့ silicon အဆင့်ကြောင့် အရိုးများ၏ သိပ်သည်းဆကို ထောက်ပံ့ပေးပြီး သန်စွမ်းစေတယ်လို့ ဆိုပါတယ် ။

၆။ အိပ်မပျော်တဲ့ ရောဂါကို ဘီယာသောက်တဲ့သူတွေ ဘယ်တော့မှ မခံစားရဘူး ။ ဘီယာက ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် အရိုးရှင်းဆုံး ကုသနည်းတစ်ခုပါပဲတဲ့ ။

၇။ ရုတ်တရက် နှလုံးထိခိုက်တဲ့ heart attack ဖြစ်ခြင်းမျိုးကိုလည်း ဘီယာသောက်ခြင်းက လျှော့ချပေးနိုင်ပါတယ် ။ ဘီယာပုံမှန်သောက်လေ့ရှိသူတွေက မသောက်တဲ့သူတွေထက် Heart Attack ဖြစ်နိုင်ခြေ  ၄၀ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်းအထိကို လျော့ကျစေပါတယ် ။

၈။ ဘီယာမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက သွေးကြောများ ခဲခြင်း မဖြစ်ပွါးနိင်အောင် ကာကွယ်ပေးပါတယ်။

၉။ လေ့လာတွေ့ရှိချက်များအရ ဘီယာသောက်သုံးသူတွေဟာ မသောက်တဲ့သူတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ပိုနည်းပြီး မှတ်ဉာဏ်အား ပိုကောင်းစေပါတယ် ။ ဘီယာသောက်တဲ့သူတွေ ဉာဏ်ပိုကောင်းပါတယ်တဲ့ ခမျ . ^_^ .လေ့လာမှုတွေကပြောတာနော်..

၁၀။ တစ်နေ့ကို ဘီယာနှစ်ခွက်သောက်မယ်ဆိုရင် အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှု ၊ စိတ်ရှုပ်ထွေးမှုတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ် ။

၁၁။ ဘီယာဆိုတဲ့ အမျိုးက အေးအေးလေးမှ သောက်လို့ကောင်းတဲ့အမျိုးလေ ။ ဒါပေမယ့် ပူသွားလို့ရော ဘာမှမဖြစ်ဘူးနေ်ာ ။ ပိုပြီးတောင် အကျိုးများသေးတယ် ။ ပူနွေးတဲ့ ဘီယာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသက်ရှူကြပ်တဲ့အချိန်ခါမျိုးဆို အသက်ရှူစနစ်ကိုလည်း ပြန်ကောင်းမွန်စေပါတယ်တဲ့ ။ အကြောအဆစ် နာကြင်ခြင်းကိုလည်း သက်သာစေပြီး ကိုုယ်ခံအားကောင်းစေပါတယ် ။ ပူနွေးတဲ့ ဘီယာကောင်းကောင်း သောက်ချင်လျှင်တော့ ရေပွက်ပွက်ဆူထားတဲ့ အိုးထဲကို ဘီယာတစ်ပုလင်းထည့်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၃ဇွန်းလောက် ထည့်ပြီး သောက်ကြည့်လိုက်ပါ ခင်ဗျာ ။

၁၂။ ဘီယာက အသားအရေကိုလည်း လှစေတယ်တဲ့ ။ ဘီယာကြိုက်တဲ့ မိန်းကလေးတွေအတွက် သတင်းကောင်းပေါ့လေ ။ ဘီယာမှာပါဝင်တဲ့ ဗီတာမင်ဓါတ်တွေက အသားအရေကို နူးညံ့စေပြီး ကျန်းမာ လှပစေတယ်လို့ ဆိုထားပါတယ် ခမျာ ။

ကဲ..ဘီယာသောက်တိုင်း ဒီကောင်းကျိုးလေးတွေကို အာရုံပြုရင်း.. CHEERS !  !  !


ဖိုးသူတော် (www.phothutaw.com)
Credit:Shweinnlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top