Golden City Promotion
×

ႏိုင္းဝမ္းတုိ႕စံုတြဲကေတာ့  ဘာလီကၽြန္းေပၚမွာရွိတဲ့ အျမင့္ဆံုးနဲ႕ အႀကီးဆံုးေသာ Batur မီးေတာင္ထိပ္အထိ တက္ႏိုင္ခဲ့ၿပီတဲ့။မီးေတာင္ဆိုလို႕ ပုပၸါးေတာင္လို မီးေတာင္အေသမဟုတ္ပဲ မီးေတာင္အရွင္ကို တက္ခဲ့တာပါတဲ့။

၂၀၀၂ခုႏွစ္ကမွ ေနာက္ဆံုးအႀကိမ္ ေပါက္ထားတဲ့ မီးေတာင္အရွင္ျဖစ္တယ္လို႕ ဆုိပါတယ္။ မီးခိုးတလူလူနဲ႕ ေခ်ာ္ခဲေတြ အျပည့္ျဖစ္ေနလို႕ ေတာ္ေတာ္ေလး တက္ရခက္တယ္လို႕ ႏိုင္းဝမ္းက ေျပာျပထားပါေသးတယ္။

အဲ့ဒီမီးေတာင္ကို တက္ဖို႕ မနက္(၂)နာရီကတည္းက ေတာင္ေျခကိုသြားရၿပီး မနက္(၃)နာရီခြဲ သရဲအင္မတန္ေျခာက္တဲ့အခ်ိန္မ်ိဳးမွာ ဘာမွမျမင္ရတဲ့ေတာင္ကို ဓာတ္မီးတစ္ခုစီကိုင္ၿပီး တက္ၾကရတာဆိုၿပီးေတာ့ မီးေတာင္တက္ခဲ့ရတဲ့ အခက္အခဲ ေတြကိုလည္း သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာျပထားသလို ခံစားခဲ့ရတဲ့ ရသေလးေတြကိုလည္း ေနာက္လူေတြ သိႏုိင္ေအာင္ ေရးသားထား တာကိုလည္း ေတြ႕ရပါတယ္။

ႏိုင္ဝမ္းတုိ႕ ခ်စ္သူႏွစ္ဦးကေတာ့ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကၽြန္းကို ေရာက္ေနၾကတာ ျဖစ္ပါတယ္။

အခုလက္ရွိ တြဲေနတဲ့ ခ်စ္သူဟာ ႏိုင္းဝမ္းရဲ႕ ငယ္ရည္းစားလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြသိခဲ့ၾကတဲ့ အရင္ေကာင္မေလးနဲ႕ လမ္းခြဲၿပီး ေနာက္မွာ တစ္ေယာက္တည္း ျဖစ္ေနခဲ့တဲ့ ႏိုင္းဝမ္းတစ္ေယာက္ သူ႕ရဲ႕ ငယ္ခ်စ္ေဟာင္းနဲ႕ ျပန္လည္လက္တြဲေနတာကို ေတြ႕ရပါတယ္။

ယခုလက္ရွိေကာင္မေလးနဲ႕ တကၠသိုလ္ေက်ာင္းသားဘဝကတည္းက ခ်စ္သူေတြျဖစ္ခဲ့ၾကတာျဖစ္တယ္လို႕လည္း သိရပါတယ္။ အရာရာကို နားလည္းေပးခဲ့ၿပီး မိုက္ရူးရဲဆန္ခဲ့တာေတြကို ခြင့္လႊတ္ေပးခဲ့တဲ့ ေကာင္းမေလးေၾကာင့္ ႏိုင္းဝမ္းတစ္ေယာက္ ေပ်ာ္ေနပါတယ္။

ႏိုင္းဝမ္းကေတာ့ လက္ရွိမွာ "တစ္ကိုယ္ေတာ္"လို႕ နာမည္ေပးထားတဲ့ စီးရီသစ္ကို ျပင္ဆင္ေနၿပီး သႀကၤန္ၿပီးေလာက္ ထြက္ႏိုင္ဖုိ႕ ျပင္ဆင္ ေနတယ္လို႕လည္း သိရပါတယ္။

ႏိုင္းဝမ္း(Nine One)ဟာ ဂီတေလာကထဲသုိ႕ ၂၀၀၂ ခုႏွစ္ေလာက္က စတင္ဝင္ေရာက္လာၿပီး ပရိသတ္အား ေပးမႈ ရရွိထားတဲ့ အဆုိေတာ္တစ္ဦးျဖစ္ၿပီး တစ္ခ်ိန္က ယြန္းမီွမွီေက်ာ္နဲ႕ ခ်စ္သူျဖစ္ခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။

ႏိုင္းဝမ္းဟာ နင္သာရွိရင္ သီခ်င္းနဲ႕လည္း ေရႊ FM ရဲ႕ အေကာင္းဆုံး ကုိယ္ပုိင္ သံစဥ္ေတးျပဳ စာဆုိဆုကုိလည္း ရရွိထားသူ တစ္ဦး ျဖစ္ပါတယ္။

Photo : ႏိုင္းဝမ္း ေဖ့စ္ဘြတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
နိုင်းဝမ်းတို့စုံတွဲကတော့  ဘာလီကျွန်းပေါ်မှာရှိတဲ့ အမြင့်ဆုံးနဲ့ အကြီးဆုံးသော Batur မီးတောင်ထိပ်အထိ တက်နိုင်ခဲ့ပြီတဲ့။မီးတောင်ဆိုလို့ ပုပ္ပါးတောင်လို မီးတောင်အသေမဟုတ်ပဲ မီးတောင်အရှင်ကို တက်ခဲ့တာပါတဲ့။

၂၀၀၂ခုနှစ်ကမှ နောက်ဆုံးအကြိမ် ပေါက်ထားတဲ့ မီးတောင်အရှင်ဖြစ်တယ်လို့ ဆိုပါတယ်။ မီးခိုးတလူလူနဲ့ ချော်ခဲတွေ အပြည့်ဖြစ်နေလို့ တော်တော်လေး တက်ရခက်တယ်လို့ နိုင်းဝမ်းက ပြောပြထားပါသေးတယ်။

အဲ့ဒီမီးတောင်ကို တက်ဖို့ မနက်(၂)နာရီကတည်းက တောင်ခြေကိုသွားရပြီး မနက်(၃)နာရီခွဲ သရဲအင်မတန်ခြောက်တဲ့အချိန်မျိုးမှာ ဘာမှမမြင်ရတဲ့တောင်ကို ဓာတ်မီးတစ်ခုစီကိုင်ပြီး တက်ကြရတာဆိုပြီးတော့ မီးတောင်တက်ခဲ့ရတဲ့ အခက်အခဲ တွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားသလို ခံစားခဲ့ရတဲ့ ရသလေးတွေကိုလည်း နောက်လူတွေ သိနိုင်အောင် ရေးသားထား တာကိုလည်း တွေ့ရပါတယ်။

နိုင်ဝမ်းတို့ ချစ်သူနှစ်ဦးကတော့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ရောက်နေကြတာ ဖြစ်ပါတယ်။

အခုလက်ရှိ တွဲနေတဲ့ ချစ်သူဟာ နိုင်းဝမ်းရဲ့ ငယ်ရည်းစားလည်း ဖြစ်ပါတယ်။ ပရိသတ်တွေသိခဲ့ကြတဲ့ အရင်ကောင်မလေးနဲ့ လမ်းခွဲပြီး နောက်မှာ တစ်ယောက်တည်း ဖြစ်နေခဲ့တဲ့ နိုင်းဝမ်းတစ်ယောက် သူ့ရဲ့ ငယ်ချစ်ဟောင်းနဲ့ ပြန်လည်လက်တွဲနေတာကို တွေ့ရပါတယ်။

ယခုလက်ရှိကောင်မလေးနဲ့ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ အရာရာကို နားလည်းပေးခဲ့ပြီး မိုက်ရူးရဲဆန်ခဲ့တာတွေကို ခွင့်လွှတ်ပေးခဲ့တဲ့ ကောင်းမလေးကြောင့် နိုင်းဝမ်းတစ်ယောက် ပျော်နေပါတယ်။

နိုင်းဝမ်းကတော့ လက်ရှိမှာ "တစ်ကိုယ်တော်"လို့ နာမည်ပေးထားတဲ့ စီးရီသစ်ကို ပြင်ဆင်နေပြီး သင်္ကြန်ပြီးလောက် ထွက်နိုင်ဖို့ ပြင်ဆင် နေတယ်လို့လည်း သိရပါတယ်။

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အား ပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး တစ်ချိန်က ယွန်းမှီမှီကျော်နဲ့ ချစ်သူဖြစ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : နိုင်းဝမ်း ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top