ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

♥ လူမႈ ဆက္ေရးနဲ႔ ပတ္သက္ရင္( သု႔ိ ) သူငယ္ခ်င္းေတြ နဲ႔ပ တ္သက္ရင္...
အားလုံး ကုိ မွ်တစြာ ဆက္ဆံတယ္ ခဲြျခားဆက္ဆံတာမ်ိဳး မ႐ွိဘူး အယုတ္ဆံုးေျပာရရင္ က်ားမေတာင္ မခဲြျခားၾကဘူး ။

 လူသား အားလုံးအေပၚ ကူညီတတ္တယ္ ေဖာ္ေရြပါတယ္ စကားေျပာေကာင္းၿပီး လူႀကီး လူေကာင္း ဆန္တယ္ ထင္ရေပမဲ့ သူငယ္ခ်င္းေတြ နဲ႔ ေတြ႔ရင္ တကယ့္ အေပါ တစ္ေယာက္လုိဘဲ သူ အကဲဆံုးဘဲ ဟာသ အျမဲ လုပ္တတ္တယ္ ။

 သူ႔ အေၾကာင္း မသိတဲ့ သူေတြဆို ႐ုပ္တည္ႀကီးေနလုိ႔ မာနႀကီးတယ္ ထင္ၿပီး အျမင္ ကတ္တယ္ အခ်ိဳ႕ က ေပါေပါေတာေတာေနလုိ႔ ၾကည့္ မရၾကဘူး ။ ဒါေပမဲ့ တစ္ဖတ္သား အားနည္းခ်က္ ကုိေတာ့ ဟာသ မလုပ္ၾကဘူး အျမဲေ႐ွာင္တယ္ ။

သူတို႔ကုိ တစ္ခါႏုတ္ဆက္ရင္ ဒါမွ မဟုတ္ျပဳံးျပရင္ သူတို႔က ဆယ္ခါႏုတ္ဆက္ ဖို႔ ျပဳံးျပဖို႔ ဝန္မေလးဘူး သူတို႔ကုိ လူရာ မသြင္းသလုိ ခံစား ရရင္ တစ္ေယာက္ထဲ ဝမ္းနည္းေနေရာ ဘယ္ေလာက္ဘဲ သံေယာဇဉ္ ႐ွိခဲ့ ႐ွိခဲ့ မေက်နပ္ေတာ့ဘူး ဆိုရင္ ဓာတ္ေလွကား အတူစီးေနတာေတာင္ မသိခ်င္ေယာင္ေဆာင္ေနတတ္တယ္ ။

အဲ အဲ့ဒီေနရာမွာ အဲဒီလူ တစ္ခုခုျဖစ္ၾကည့့္ပါလား ..  သနားၿပီး ကူညီိတတ္ၾကျပန္ေရာ သူတို႔ဟာ
အေတာ္ေလး နားလည္ရ ခက္တယ္  ။ အရမ္း အားနာတတ္လုိ႔ အေႂကြးေတြ ဆံုးတာမ်ားတယ္ ကုိယ့့္ပစၥည္း ကုိေတာင္ ျပန္မေတာင္း ရက္ၾကဘူး ။   ေအး....သူတို႔ မသဒၶါရင္ေတာ့ ေရေတာင္ မတိုက္ခ်င္ဘူး ။

 ♥ အခ်စ္ေရး နဲ႔ ပတ္သက္ရင္

အခ်စ္ႀကီးတယ္ နည္းနည္း အစြန္းေရာက္ခ်င္တယ္ ။ ဒါေပမဲ့ သူတို႔ေလာက္ ျပန္ မခ်စ္ျပရင္ေန နည္း နည္းေလး ခ်စ္ျပ႐ုံ နဲ႔ ေက်နပ္ေနတတ္တယ္ ။ ေျဖသိမ္႔နိင္တယ္ သစၥာ ေဖာက္ရင္ သတ္ပစ္ဖို႔ ဝန္မေလးဘူး သူတ္ို႔က အခ်စ္ ကုိ တန္ဖိုးထားတယ္ ။ သူတို႔ေပ်ာ္ရႊင္ဖို႔ အတြက္ ခ်စ္တယ္ ဆိုတဲ့ စကားကုိ လြယ္လြယ္ မေျပာ တတ္ၾကဘူး ။

သူတို႔ တစ္ကယ္ခ် စ္မိၿပီ ဆိုလည္း သူတို႔ကုိ အသုံးခ်ေနမွန္း သိရက္ နဲ႔ ခြင့္လြတ္ေနၾကျပန္ေရာ ကဗ်ာ ဆန္ ဆန္ တင္စား ရရင္ ဆရာ လယ္တြင္းသားေစာခ်စ္ရဲ႕`` ...မ်က္လုံးမွာ အလြမ္း ႏုတ္ခမ္းမွာ မာန..." ဆိုတဲ့ ဝတၳဳ  နာမည္ နဲ႔ တူၾကတယ္ အျမဲလြမ္းေနတတ္တယ္ ။

အဲဒီေနာက္မွာ မာန က ကပ္ပါေနတယ္ သူတို႔ ကုိ မလုိေတာ့ဘူး ထင္တဲ့ တစ္ေန႔ တြယ္ကပ္ေနမွာေတာ့ မဟုတ္ဘူး ။ သူတို႔ မာနက ဘဲ ဝမ္းနည္း လြယ္တဲ့ သေဘာတရား ကုိ ဖုံးကြယ္ထားတယ္ ။ သူတို႔ အခ်စ္ က စဲြမက္ဖို႔ေကာင္းသလုိေၾကာက္ဖို႔လည္းေကာင္းတယ္ ။

 ♥ စီးပြားေရး နဲ႔ ပတ္သတ္ရင္...

အကြက္ျမင္တယ္ ။ စနစ္တက် စီမံခန္ ့ခြဲႏိုင္တယ္ ။ သူတစ္ပါး အလုပ္ကုိ လုပ္ရတာထက္ ကုိယ္ပုိင္ အလုပ္ ကုိဘဲ ပုိ စိတ္ဝင္စားၾကတယ္ ။ အေရာင္းအဝယ္ ကုိ ဝါသနာႀကီးတယ္ ကုိယ့္အား ကုိယ္ ကုိးတယ္ ဆိုတာ ထက္ သူမ်ားေအာက္မက်ိဳ႕ခ်င္တဲ့ စိတ္က ပုိအားႀကီးတယ္ ။ သူတို႔က စၿပီးျပဳိင္ရတာကုိ သိပ္ ဝါသနာမပါဘူး ။

 ျဖစ္သလုိေနတတ္သလုိ အပ်င္းလည္းႀကီးခ်င္တယ္ ။ ဒါေပမ့ဲ့ သူတို႔ကုိ သြားျပိဳင္ရင္ေတာ့ လုံးဝ အေၾကာ မခံ ဘူး အဲ့ဒါ ကေတာ့ ေနရာ မေရြးဘူး ။ သူတို႔ကုိ ေျခ တက္နင္းမိရင္ ေခါင္းျပန္ နင္းရမွ ေက်နပ္တယ္ ၿပီးမွ ငါလြန္ သြားသလားေတြးတယ္ ။

♥ ဘဝေနထိုင္မႈ ပုံစံ

သဘာဝတရား ကုိ အျမဲ လက္ခံထားတဲ့သူေတြျဖစ္တဲ့ အတြက္ ေဒါင္က်က် ျပားက်က် ေနတယ္ ။  ဝတ္တယ္ စားတယ္ အသစ္အဆန္း ကုိ စိတ္မဝင္စား လုိ႔ေတာ့ မဟုတ္ဘူး အေဟာင္းေလးေတြ အေပၚ သံေယာဇဥ္ တြယ္ၿပီး ျမတ္ႏိုးေနတဲ့ အတြက္ အသစ္ေပၚတိုင္း ဝယ္ မသုံးၾကဘူး ။ သူငယ္ခ်င္းေတြ မိသားစုဝင္ေတြ အတင္း တိုက္တြန္းမွ ဝယ္ျဖစ္ၾကတယ္ ။

သူတို႔ဟာ စုတ္တံ တစ္ဖက္ ဓားတစ္ဖက္ေတြ ျဖစ္တယ္ ။ ႏုရြၿပီ ဆိုလည္း သိပ္ကုိ အႏုပညာ ဆန္ၿပီး ၾကမ္း တမ္းၿပီ ဆိုရင္ က်ားနာ တစ္ေကာင္လုိ တစ္႐ွဴး႐ွဴး တစ္ဒုိင္းဒုိင္း ဘဲ ။ သူတို႔ ပန္းခ်ီ ဆဲြေနတာ စာေရးေနတာ ကဗ်ာ စပ္ေနတာ ပန္းအလွ ထိုးေနတာ ကုိၾကည့္ၿပီး စိတ္႐ွည္တယ္ လုိ႔ ထင္ရေပမဲ့ တစ္ခါ တစ္ခါ ဘာ မဟုတ္တဲ့ အဆင္မေျပတာေလး န႔ဲ စိတ္တိုေနျပန္ေရာ ဒါေပမဲ့ အမွန္တရား ကုိ နားလည္လြယ္ သူေတြ ျဖစ္ လုိ႔ စိတ္တို လည္း သိပ္မၾကာပါဘူး ။

သူတို႔ လုပ္ခ်င္ရင္ မွန္တယ္ထင္ရင္ ဘယ္သူ႔မွ ဂ႐ု မစုိက္ၾကဘူး တစ္ဇြတ္ထိုးႏိုင္တယ္ သူတို႔ ကုိ ဟိတ္ႀကီး ဟန္ႀကီး န႔ဲ သြားမေျပာနဲ႔ လုံးဝ နာခံမွာ မဟုတ္ဘူး ။ အရြဲ ့တိုက္ၿပီး လုပ္ဖို႔ဘဲ ႐ွိတယ္ ေလွ်ာ့ေျပာၾကည့္ပါလား ၾကဳိက္သလား မေမးနဲ႔ ဘာပဲ လုပ္ရ လုပ္ရဘဲ ။

 ♥ သူတို႔ အေၾကာက္ဆုံးက

ကုိယ္က်င့္ စာရိတၱ နဲ႔ ပတ္သက္ ၿပီး အထင္လဲြမွာ အေၾကာက္ဆုံးဘဲ အသက္ခ်င္းလဲဖို႔ ဝန္မေလးဘူး ။


 .ျပင္ဆင္သင့္သည့္ အခ်က္မ်ား
♡ တစ္အားႀကီး ေတြးၿပီး မပူပါနဲ႔... အခ်ိန္ကာလ အားေလွ်ာ္စြာ သူဟာနဲ႔ သူ အဆင္ေျပသြားမွာပါ

♡ အရမ္းႀကီး အားမနာပါနဲ႔.... အေႂကြးေတြ ဆံုးေပါင္း မ်ားေနၿပိီ အေၾကာခံရေပါင္း မ်ားေနၿပီ ။ သူမ်ားက အ တယ္လုိ႔ အထင္ခံရတဲ့ အထိေပါ့ ။

♡ အာ႐ုံ မမ်ားပါနဲ႔...တစ္စုံ တစ္ခုကုိဘဲ အာ႐ုံစုိက္ၿပီး ၿပီးျပတ္ေအာင္လုပ္ပါ ။ ဟုိမေရာက္ဒီမေရာက္ ျဖစ္တာ ခဏ ခဏဘဲ ။

♡ လူမူေရး နဲ႔ စီးပြားေရး သတ္သတ္ စီထားပါ ... မိမိ ရဲ႕ ခြင္လြတ္ႏိုင္မႈ သီးခံႏိုင္မႈေတြေၾကာင့္လူယုံ အသတ္ ခံရ တတ္တယ္ ။ ဒီတစ္ခု နည္းနည္း စိတ္ခ်ရပါတယ္ ။ မင္းတို႔က ကြက္ေက်ာ္ျမင္တတ္ၿပီး အကင္းပါးလုိ႔ဘဲ ။

♡ အရမ္းၾကီး မခံစားပါနဲ႔... လူတိုင္းဟာ ကုိယ္လုိ မဟုတ္ဘူး တစ္ဖက္လွည့္ၿပီး ေဖ်ာက္ပစ္ပါ မ်က္ရည္ က်ေပါင္း မ်ားေနၿပီ။

♡ ျဖစ္သလုိ မေနပါနဲ႔... ျဖစ္သလုိ ေနရင္  ေနာင္အခါ ေနခ်င္ သလုိ မျဖစ္ေတာ့ဘူး ။

*****  အာ;လုံး ကုိယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာ ၍ လုိရာ ဆႏၵျပည့္ၾကပါေစ..............


 ဖိုးသူေတာ္ (www.phothutaw.com)
Credit: အလြမ္း သံစဥ္

# Unicode Version #
♥ လူမှု ဆက်ရေးနဲ့ ပတ်သက်ရင်( သု့ိ ) သူငယ်ချင်းတွေ နဲ့ပ တ်သက်ရင်...
အားလုံး ကို မျှတစွာ ဆက်ဆံတယ် ခွဲခြားဆက်ဆံတာမျိုး မရှိဘူး အယုတ်ဆုံးပြောရရင် ကျားမတောင် မခွဲခြားကြဘူး ။

 လူသား အားလုံးအပေါ် ကူညီတတ်တယ် ဖော်ရွေပါတယ် စကားပြောကောင်းပြီး လူကြီး လူကောင်း ဆန်တယ် ထင်ရပေမဲ့ သူငယ်ချင်းတွေ နဲ့ တွေ့ရင် တကယ့် အပေါ တစ်ယောက်လိုဘဲ သူ အကဲဆုံးဘဲ ဟာသ အမြဲ လုပ်တတ်တယ် ။

 သူ့ အကြောင်း မသိတဲ့ သူတွေဆို ရုပ်တည်ကြီးနေလို့ မာနကြီးတယ် ထင်ပြီး အမြင် ကတ်တယ် အချို့ က ပေါပေါတောတောနေလို့ ကြည့် မရကြဘူး ။ ဒါပေမဲ့ တစ်ဖတ်သား အားနည်းချက် ကိုတော့ ဟာသ မလုပ်ကြဘူး အမြဲရှောင်တယ် ။

သူတို့ကို တစ်ခါနုတ်ဆက်ရင် ဒါမှ မဟုတ်ပြုံးပြရင် သူတို့က ဆယ်ခါနုတ်ဆက် ဖို့ ပြုံးပြဖို့ ဝန်မလေးဘူး သူတို့ကို လူရာ မသွင်းသလို ခံစား ရရင် တစ်ယောက်ထဲ ဝမ်းနည်းနေရော ဘယ်လောက်ဘဲ သံယောဇဉ် ရှိခဲ့ ရှိခဲ့ မကျေနပ်တော့ဘူး ဆိုရင် ဓာတ်လှေကား အတူစီးနေတာတောင် မသိချင်ယောင်ဆောင်နေတတ်တယ် ။

အဲ အဲ့ဒီနေရာမှာ အဲဒီလူ တစ်ခုခုဖြစ်ကြည့့်ပါလား ..  သနားပြီး ကူညီတတ်ကြပြန်ရော သူတို့ဟာ
အတော်လေး နားလည်ရ ခက်တယ်  ။ အရမ်း အားနာတတ်လို့ အကြွေးတွေ ဆုံးတာများတယ် ကိုယ့့်ပစ္စည်း ကိုတောင် ပြန်မတောင်း ရက်ကြဘူး ။   အေး....သူတို့ မသဒ္ဓါရင်တော့ ရေတောင် မတိုက်ချင်ဘူး ။

 ♥ အချစ်ရေး နဲ့ ပတ်သက်ရင်

အချစ်ကြီးတယ် နည်းနည်း အစွန်းရောက်ချင်တယ် ။ ဒါပေမဲ့ သူတို့လောက် ပြန် မချစ်ပြရင်နေ နည်း နည်းလေး ချစ်ပြရုံ နဲ့ ကျေနပ်နေတတ်တယ် ။ ဖြေသိမ့်နိင်တယ် သစ္စာ ဖောက်ရင် သတ်ပစ်ဖို့ ဝန်မလေးဘူး သူတို့က အချစ် ကို တန်ဖိုးထားတယ် ။ သူတို့ပျော်ရွှင်ဖို့ အတွက် ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ် မပြော တတ်ကြဘူး ။

သူတို့ တစ်ကယ်ချ စ်မိပြီ ဆိုလည်း သူတို့ကို အသုံးချနေမှန်း သိရက် နဲ့ ခွင့်လွတ်နေကြပြန်ရော ကဗျာ ဆန် ဆန် တင်စား ရရင် ဆရာ လယ်တွင်းသားစောချစ်ရဲ့`` ...မျက်လုံးမှာ အလွမ်း နုတ်ခမ်းမှာ မာန..." ဆိုတဲ့ ဝတ္ထု  နာမည် နဲ့ တူကြတယ် အမြဲလွမ်းနေတတ်တယ် ။

အဲဒီနောက်မှာ မာန က ကပ်ပါနေတယ် သူတို့ ကို မလိုတော့ဘူး ထင်တဲ့ တစ်နေ့ တွယ်ကပ်နေမှာတော့ မဟုတ်ဘူး ။ သူတို့ မာနက ဘဲ ဝမ်းနည်း လွယ်တဲ့ သဘောတရား ကို ဖုံးကွယ်ထားတယ် ။ သူတို့ အချစ် က စွဲမက်ဖို့ကောင်းသလိုကြောက်ဖို့လည်းကောင်းတယ် ။

 ♥ စီးပွားရေး နဲ့ ပတ်သတ်ရင်...

အကွက်မြင်တယ် ။ စနစ်တကျ စီမံခန့်ခွဲနိုင်တယ် ။ သူတစ်ပါး အလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင် အလုပ် ကိုဘဲ ပို စိတ်ဝင်စားကြတယ် ။ အရောင်းအဝယ် ကို ဝါသနာကြီးတယ် ကိုယ့်အား ကိုယ် ကိုးတယ် ဆိုတာ ထက် သူများအောက်မကျို့ချင်တဲ့ စိတ်က ပိုအားကြီးတယ် ။ သူတို့က စပြီးပြိုင်ရတာကို သိပ် ဝါသနာမပါဘူး ။

 ဖြစ်သလိုနေတတ်သလို အပျင်းလည်းကြီးချင်တယ် ။ ဒါပေမဲ့ သူတို့ကို သွားပြိုင်ရင်တော့ လုံးဝ အကြော မခံ ဘူး အဲ့ဒါ ကတော့ နေရာ မရွေးဘူး ။ သူတို့ကို ခြေ တက်နင်းမိရင် ခေါင်းပြန် နင်းရမှ ကျေနပ်တယ် ပြီးမှ ငါလွန် သွားသလားတွေးတယ် ။

♥ ဘဝနေထိုင်မှု ပုံစံ

သဘာဝတရား ကို အမြဲ လက်ခံထားတဲ့သူတွေဖြစ်တဲ့ အတွက် ဒေါင်ကျကျ ပြားကျကျ နေတယ် ။  ဝတ်တယ် စားတယ် အသစ်အဆန်း ကို စိတ်မဝင်စား လို့တော့ မဟုတ်ဘူး အဟောင်းလေးတွေ အပေါ် သံယောဇဉ် တွယ်ပြီး မြတ်နိုးနေတဲ့ အတွက် အသစ်ပေါ်တိုင်း ဝယ် မသုံးကြဘူး ။ သူငယ်ချင်းတွေ မိသားစုဝင်တွေ အတင်း တိုက်တွန်းမှ ဝယ်ဖြစ်ကြတယ် ။

သူတို့ဟာ စုတ်တံ တစ်ဖက် ဓားတစ်ဖက်တွေ ဖြစ်တယ် ။ နုရွပြီ ဆိုလည်း သိပ်ကို အနုပညာ ဆန်ပြီး ကြမ်း တမ်းပြီ ဆိုရင် ကျားနာ တစ်ကောင်လို တစ်ရှူးရှူး တစ်ဒိုင်းဒိုင်း ဘဲ ။ သူတို့ ပန်းချီ ဆွဲနေတာ စာရေးနေတာ ကဗျာ စပ်နေတာ ပန်းအလှ ထိုးနေတာ ကိုကြည့်ပြီး စိတ်ရှည်တယ် လို့ ထင်ရပေမဲ့ တစ်ခါ တစ်ခါ ဘာ မဟုတ်တဲ့ အဆင်မပြေတာလေး နဲ့ စိတ်တိုနေပြန်ရော ဒါပေမဲ့ အမှန်တရား ကို နားလည်လွယ် သူတွေ ဖြစ် လို့ စိတ်တို လည်း သိပ်မကြာပါဘူး ။

သူတို့ လုပ်ချင်ရင် မှန်တယ်ထင်ရင် ဘယ်သူ့မှ ဂရု မစိုက်ကြဘူး တစ်ဇွတ်ထိုးနိုင်တယ် သူတို့ ကို ဟိတ်ကြီး ဟန်ကြီး နဲ့ သွားမပြောနဲ့ လုံးဝ နာခံမှာ မဟုတ်ဘူး ။ အရွဲ့တိုက်ပြီး လုပ်ဖို့ဘဲ ရှိတယ် လျှော့ပြောကြည့်ပါလား ကြိုက်သလား မမေးနဲ့ ဘာပဲ လုပ်ရ လုပ်ရဘဲ ။

 ♥ သူတို့ အကြောက်ဆုံးက

ကိုယ်ကျင့် စာရိတ္တ နဲ့ ပတ်သက် ပြီး အထင်လွဲမှာ အကြောက်ဆုံးဘဲ အသက်ချင်းလဲဖို့ ဝန်မလေးဘူး ။


 .ပြင်ဆင်သင့်သည့် အချက်များ
♡ တစ်အားကြီး တွေးပြီး မပူပါနဲ့... အချိန်ကာလ အားလျှော်စွာ သူဟာနဲ့ သူ အဆင်ပြေသွားမှာပါ

♡ အရမ်းကြီး အားမနာပါနဲ့.... အကြွေးတွေ ဆုံးပေါင်း များနေပြီ အကြောခံရပေါင်း များနေပြီ ။ သူများက အ တယ်လို့ အထင်ခံရတဲ့ အထိပေါ့ ။

♡ အာရုံ မများပါနဲ့...တစ်စုံ တစ်ခုကိုဘဲ အာရုံစိုက်ပြီး ပြီးပြတ်အောင်လုပ်ပါ ။ ဟိုမရောက်ဒီမရောက် ဖြစ်တာ ခဏ ခဏဘဲ ။

♡ လူမူရေး နဲ့ စီးပွားရေး သတ်သတ် စီထားပါ ... မိမိ ရဲ့ ခွင်လွတ်နိုင်မှု သီးခံနိုင်မှုတွေကြောင့်လူယုံ အသတ် ခံရ တတ်တယ် ။ ဒီတစ်ခု နည်းနည်း စိတ်ချရပါတယ် ။ မင်းတို့က ကွက်ကျော်မြင်တတ်ပြီး အကင်းပါးလို့ဘဲ ။

♡ အရမ်းကြီး မခံစားပါနဲ့... လူတိုင်းဟာ ကိုယ်လို မဟုတ်ဘူး တစ်ဖက်လှည့်ပြီး ဖျောက်ပစ်ပါ မျက်ရည် ကျပေါင်း များနေပြီ။

♡ ဖြစ်သလို မနေပါနဲ့... ဖြစ်သလို နေရင်  နောင်အခါ နေချင် သလို မဖြစ်တော့ဘူး ။

*****  အာ;လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ၍ လိုရာ ဆန္ဒပြည့်ကြပါစေ..............


 ဖိုးသူတော် (www.phothutaw.com)
Credit: အလွမ်း သံစဉ်

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top