လိင္ဆက္ဆံတဲ့ကိစၥနဲ႔ပတ္သက္ျပီး အေျပာမ်ားတဲ့အေၾကာင္းအရင္းတစ္ရပ္က  အမ်ိဳးသားအဂၤါ
အရြယ္အစားပဲျဖစ္ပါတယ္။

ေလ့လာမႈေတာ္ေတာ္မ်ားမ်ားနဲ႔သေဘာထားစစ္တမ္းေကာက္ယူခ်က္ေတြမွာ အမ်ိဳးသားအဂၤါ အရြယ္အစားနဲ႔ပတ္သက္ျပီး ဇနီးသည္နဲ႔ခ်စ္သူမိန္းကေလးေတြက အထူးတလည္သေဘာထားတာမ်ိဳးမရွိဘူး လို႔ေတြ႔ရပါတယ္။ အရြယ္အစားက စြမ္းေဆာင္နိုင္စြမ္းအေပၚမွာလည္းသက္ေရာက္မႈမရွိပါဘူး။

“ေပ်ာ္ရႊင္ၾကည္ႏူးစရာေကာင္းတဲ့ ဆက္ဆံေရးတစ္ရပ္ကိုဖန္တီးရမယ့္အစား အမ်ိဳးသားအမ်ားစုက အရြယ္အစား အေပၚမွာအာရံုစိုက္လြန္းေနတာေၾကာင့္ အမ်ိဳးသားအဂၤါအရြယ္အစားက ေျဖရွင္းရခက္တဲ့ျပႆနာတစ္ရပ္လို  ေတာင္ျဖစ္လာေနပါတယ္။” လို႔ Chapman( ခ်ပ္မန္း )တကၠသိုလ္စိတ္က်န္းမာေရးဌာနရဲ႕ လက္ေထာက္ပါေမာကၡ David Frederick  (ေဒးဗစ္ဖရက္ဒရစ္ခ္) ကေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသားအဂၤါရဲ႕အရွည္က ပ်မ္းမွ်အားျဖင့္ ၅.၁၆ လက္မရွိတယ္လို႔ဆိုပါတယ္။

မၾကာေသးခင္က ယူေကကသုေတသီေတြလုပ္ေဆာင္ခဲ့တဲ့ေလ့လာမႈ ၂၀ မွာ အရြယ္အစားက အမ်ိဳးသား အမ်ားစုမွာတူညီေလ့ရွိတယ္၊လို႔ေတြ႔ရွိခဲ့ရတယ္၊လို႔ေဖာ္ျပခဲ့ပါတယ္။ က်န္းမာေရးဆိုင္ရာကၽြမ္းက်င္သူေတြက  ေလ့လာမႈေတြမွာပါဝင္ခဲ့သူေတြရဲ႕ အရြယ္အစားနဲ႔အတိုင္းအတာေတြကိုတိုင္းတာခဲ့ေပမယ့္ တစ္ဦးတစ္ေယာက္မွာမွ  ပံုမွန္မဟုတ္တဲ့အေနအထားျဖစ္ေပၚေနတာနဲ႔ အရြယ္အစားအရမ္းေသးလြန္းေနတာ ေတြ႔ရွိရတယ္လို႔ ေျပာၾကားခဲ့တာမ်ိဳးမရွိပါဘူး။

အမ်ိဳးသားေတြက သူတို႔အရြယ္အစားနဲ႔ပတ္သက္ျပီး လိမ္ညာေျပာဆိုတတ္ၾကတယ္။

အရြယ္အစားနဲ႔ပတ္သက္ျပီး ေလ့လာမႈေတာ္ေတာ္မ်ားမ်ားလုပ္ေဆာင္ခဲ့သလို သေဘာထား စစ္တမ္းေကာက္ယူမႈေတြလုပ္ေဆာင္ခဲ့ပါတယ္။ ေလ့လာမႈေတြက အမ်ိဳးသားေတြကို ရွိသင့္တဲ့ ပ်မ္းမွ်အရြယ္အစားနဲ႔ပတ္သက္ျပီး အၾကံဥာဏ္ေကာင္းတစ္ရပ္ေပးႏိုင္မွာပါ။ “သူတို႔က ကိုယ့္ဆိုဒ္ ကိုယ္ေျပာတဲ့အခါ တစ္လက္မေလာက္ေတာ့ ပိုေျပာတတ္ၾကတယ္” လို႔ ပါေမာကၡ Frederick ဖရက္ဒရစ္ခ္ ကေျပာပါတယ္။

အရြယ္အစားက လင္မယားဆက္ဆံေရးပိုေကာင္းေအာင္ အေထာက္အပံ့မေပးႏိုင္ပါဘူး။
Scottish စေကာ့တန္ တကၠသိုလ္ကေက်ာင္းသူ ၃၂၃ ဦးထံကေန လိင္အဂၤါအတိုင္းအတာက သူတို႔ရဲ႕ ဆက္ဆံေရးအေပၚဘယ္လိုသက္ေရာက္ သဘာထားစစ္တမ္းေကာက္ယူမႈကိုအသံုးျပဳလုပ္ေဆာင္ခဲ့တဲ့  ေလ့လာမႈမွာ အတိုင္းအတာကသူတို႔ရဲ႕ဆက္ဆံေရးအေပၚ သက္ေရာက္မႈသိပ္မရွိတာကိုေတြ႔ခဲ့ရျပီး တိတိက်က် သိရွိႏိုင္ဖို႔ဆိုရင္ေတာ့ ေနာက္ထပ္ေလ့လာမႈေတာ္ေတာ္ေလးလုပ္ေဆာင္ဖို႔လိုအပ္မွာျဖစ္ပါတယ္။
လိင္အဂၤါအရြယ္အစားထက္ ကိုယ္အေလးခ်ိန္ကပိုအေရးပါ

ခႏၶာကိုယ္တစ္ခုလံုးမွာ အစိတ္အပိုင္းတစ္ခုအျဖစ္သာ ပါဝင္ေနတဲ့ လိင္အဂၤါက ဆြဲေဆာင္မႈအတြက္သာ သက္ေရာက္မႈတခ်ိဳ႕တဝက္ရွိေနပံုရတယ္လို႔ ၂၀၁၂ ခုႏွစ္က ေလ့လာမႈတစ္ခုမွာ ပါရွိပါတယ္။ တကယ္ေတာ့ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြရဲ႕ အရပ္အနိမ့္အျမင့္နဲ႔ခႏၶာကိုယ္ အခ်ိဳးအဆစ္က်နမႈကို ပိုဂရုစိုက္ၾကတာ ျဖစ္ပါတယ္။

အမ်ိဳးသားေတြအမ်ားစုက လိင္တံအရြယ္အစားအတြက္ စိတ္ပင္ပန္းေန

သုေတသနမ်ားစြာအရ အမ်ိဳးသားအမ်ားစုက လိင္တံအရြယ္အစားနဲ႔ပတ္သက္ျပီး အားမလိုအားမရ ျဖစ္ေနၾကတာေတြ႔ရပါတယ္။အရြယ္အစားေသးတာ၊ၾကီးတာ၊တိုတာရွည္တာကို တိုင္းဆေတြးပူေနတာက ခႏၶာကိုယ္ပံုပန္းသ႑ာန္အေပၚအျမင္နဲ႔ လိင္မႈကိစၥစိတ္ေက်နပ္မႈရရွိနိုင္စြမ္းမွာ ထိခိုက္ေစပါတယ္။ အရြယ္အစား ေတြဆိုတာက တကယ္မွာ တအားကြာျခားသြားတာမ်ိဳးမရွိတာေၾကာင့္ ညစ္ညမ္းဗီဒီယိုေတြမွာ မဟုတ္ရင္ အရြယ္အစားကိုဘယ္သူမွ သိသိသာသာၾကီးျမင္ေနနိုင္တာမဟုတ္ၾကပါဘူး။

ေသးလြန္းေနျပီလို႔ စိတၱဇျဖစ္တဲ့ေရာဂါ (Small penis syndrome)

ကိုယ္ကပံုမွန္အရြယ္အစားရွိေနေပမယ့္ ေသးလြန္းေနျပီလို႔ေတြးပူေနတဲ့ Small penis syndrome ျဖစ္ေနသူေတြ ရွိတတ္ပါတယ္။ ဒီလိုစိတ္ပူပန္ေနျပီး အလိုမက်ျဖစ္ေနတာနဲ႔ပဲ အရြယ္အစားပိုၾကီးေစ၊ ပိုရွည္ေစမယ္ဆိုတဲ့ ထုတ္ကုန္ပစၥည္းေတြကိုအားကိုးၾကပါတယ္။ သံသယရွိေလာက္တဲ့အတိုင္းပဲ ဒီလိုထုတ္ကုန္ေတြ အေတာ္မ်ားမ်ား ဟာ အလိမ္အညာေတြပါဝင္ေနတတ္ပါေသးတယ္။ တခ်ိဳ႕ဆို အႏၱရာယ္ပါျဖစ္ေစနိုင္ပါတယ္။
ဒါ့ေၾကာင့္သိထား သင့္တာက –

ပိုၾကီးဖို႔မျဖစ္မေန လိုအပ္တာမဟုတ္

အရြယ္အစားဆိုတာ လိင္မႈေရးရာ စြမ္းေဆာင္ရည္ကို အဆင့္သတ္မွတ္ဖို႔ မလံုေလာက္တဲ့နည္းလမ္းတစ္ခု ျဖစ္ေနပါျပီ။ လိင္ဆက္ဆံေဖာ္ေတြအတြက္ အေရးၾကီးတဲ့အခ်က္က အရြယ္အစားမဟုတ္ဘဲ ေက်နပ္သာယာမႈသာျဖစ္တယ္လို႔ သုေတသနစစ္တမ္းေတြက ေဖာ္ျပပါတယ္။အမ်ိဳးသားလိင္အဂၤါေတြဟာ ပ်မ္းမွ်အားျဖင့္ မေထာင္မတ္တဲ့အခ်ိန္မွာ ၃ လက္မကေန ၅ လက္မအထိ ရွည္ျပီး ေထာင္မတ္ခ်ိန္မွာ ၅ လက္မကေန ၇ လက္မအထိ ရွိနိုင္တယ္လို႔ University of Michigan Medical Center မစ္ခ်ီကန္ေဆးတကၠသိုလ္ မွ Dr. Mark A. Moyad (ေဒါက္တာ မက္ခ္ေအ.မိုရတ္ဒ္) ကေျပာပါတယ္။

လိင္အဂၤါၾကီးထြားေစတဲ့ ေသာက္ေဆးေတြက အႏၱရာယ္ရွိနိုင္

အလြယ္တကူဝယ္ယူလို႔လည္းရ၊ အမ်ားအားျဖင့္ေစ်းလည္းသင့္တင့္ျပီး သဘာဝပါဝင္ပစၥည္းေတြနဲ့
ေဖာ္စပ္တာေတြ လည္းရွိတာေၾကာင့္ ဒီလိုအားေဆးေတြကို အေတာ္မ်ားမ်ားက အားကိုးၾကပါတယ္။ မေကာင္းတဲ့အခ်က္ကေတာ့ သဘာဝေဆးဖက္ဝင္ပစၥည္းေတြနဲ႔လုပ္တဲ့ေဆးအမ်ားစုဟာ တရားဝင္ခြင့္ျပဳခ်က္နဲ႔ စစ္ေဆးျပီးမွထုတ္ထားတာ မဟုတ္ၾကပါဘူး။ အလြယ္တကူဝယ္လို႔ရေနတဲ့ လိင္အဂၤါေထာင္မတ္ျခင္းနဲ႔ လိင္ကိစၥျပႆနာဆိုင္ရာ ေဆးဝါးေတြ ဟာ ပါဝင္ေၾကာင္းေဖာ္ျပမထားတဲ့ ပစၥည္းေတြထည့္သြင္း
ထားတာေတြ႔ရေလ့ရွိတယ္လို႔ သိရပါတယ္။ ၂၀၀၉ ခုႏွစ္က အင္တာနက္စစ္တမ္းတစ္ခုအရ လိင္အားေဆးေတြရဲ႕သံုးပံုတစ္ပံုဟာ ေဖာ္ျပမထားတဲ့ေဆးဝါးဓာတ္ ပစၥည္းေတြပါဝင္ေနျပီး ၎တို႔က က်န္းမာေရးအႏၱရာယ္ရွိေစနိုင္တဲ့အရာေတြျဖစ္တယ္လို႔ သိရပါတယ္။
 
ႏွလံုးက်န္းမာရင္ ေထာင္မတ္မႈအားေကာင္းနိုင္

လိင္အဂၤါကိုေသြးပို႔လႊတ္ေပးတဲ့ ႏွလံုးေသြးေၾကာက ေကာ္ဖီေဖ်ာ္တဲ့ပိုက္အရြယ္အစားေလာက္နီးနီးရွိပါတယ္။  ႏွလံုးေသြးေၾကာက်န္းမာေရးမေကာင္းရင္ လိင္အဂၤါမွာလည္း ရလဒ္မေကာင္းနိုင္ဘူးလို႔ သုေတသီေတြက ေျပာပါတယ္။ အရင္ဆံုး ႏွလံုးေရာဂါျဖစ္နုိင္ေျခနည္းေအာင္ အတတ္နိုင္ဆံုး ဆင္ျခင္ေနထိုင္ဖို႔ ဂရုစိုက္ရလိမ့္မယ္လို႔ Dr. Mark A. Moyad (ေဒါက္တာ မက္ခ္ေအ.မိုရတ္ဒ္) ကအၾကံျပဳပါတယ္။

ေစ်းခ်ိဳခ်ိဳနဲ႔ရနိုင္တဲ့ သဘာဝေဆးဝါးေလးေသာက္ရံုနဲ႔ အရြယ္အစားပိုၾကီးေစျပီး ပိုေထာင္မတ္ေစဖို႔ဆိုတာ ဆြဲေဆာင္နိုင္ေလာက္တဲ့အခ်က္ျဖစ္ေပမယ့္ လိင္မႈစြမ္းေဆာင္ရည္ပိုေကာင္းေစဖို႔ အေကာင္းဆံုး
နည္းလမ္းကေတာ့ က်န္းမာၾကံံ႔ခိုင္ျပီး ေရာဂါကင္းေအာင္ေနထိုင္ကာ ဆရာဝန္နဲ႔တိုင္ပင္ အၾကံဥာဏ္ ေတာင္းခံတာပဲျဖစ္ပါတယ္။

Hello Health Group သည္ ေဆးပညာအၾကံျပဳခ်က္မ်ား၊ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ားမျပဳလုပ္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: HelloSayarwon

#Unicode Version#
လိင်ဆက်ဆံတဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြောများတဲ့အကြောင်းအရင်းတစ်ရပ်က  အမျိုးသားအင်္ဂါ

အရွယ်အစားပဲဖြစ်ပါတယ်။



လေ့လာမှုတော်တော်များများနဲ့သဘောထားစစ်တမ်းကောက်ယူချက်တွေမှာ အမျိုးသားအင်္ဂါ အရွယ်အစားနဲ့ပတ်သက်ပြီး ဇနီးသည်နဲ့ချစ်သူမိန်းကလေးတွေက အထူးတလည်သဘောထားတာမျိုးမရှိဘူး လို့တွေ့ရပါတယ်။ အရွယ်အစားက စွမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်းသက်ရောက်မှုမရှိပါဘူး။

“ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးတစ်ရပ်ကိုဖန်တီးရမယ့်အစား အမျိုးသားအများစုက အရွယ်အစား အပေါ်မှာအာရုံစိုက်လွန်းနေတာကြောင့် အမျိုးသားအင်္ဂါအရွယ်အစားက ဖြေရှင်းရခက်တဲ့ပြဿနာတစ်ရပ်လို  တောင်ဖြစ်လာနေပါတယ်။” လို့ Chapman( ချပ်မန်း )တက္ကသိုလ်စိတ်ကျန်းမာရေးဌာနရဲ့ လက်ထောက်ပါမောက္ခ David Frederick  (ဒေးဗစ်ဖရက်ဒရစ်ခ်) ကပြောကြားခဲ့ပါတယ်။
အမျိုးသားအင်္ဂါရဲ့အရှည်က ပျမ်းမျှအားဖြင့် ၅.၁၆ လက်မရှိတယ်လို့ဆိုပါတယ်။

မကြာသေးခင်က ယူကေကသုတေသီတွေလုပ်ဆောင်ခဲ့တဲ့လေ့လာမှု ၂၀ မှာ အရွယ်အစားက အမျိုးသား အများစုမှာတူညီလေ့ရှိတယ်၊လို့တွေ့ရှိခဲ့ရတယ်၊လို့ဖော်ပြခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက  လေ့လာမှုတွေမှာပါဝင်ခဲ့သူတွေရဲ့ အရွယ်အစားနဲ့အတိုင်းအတာတွေကိုတိုင်းတာခဲ့ပေမယ့် တစ်ဦးတစ်ယောက်မှာမှ  ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်ပေါ်နေတာနဲ့ အရွယ်အစားအရမ်းသေးလွန်းနေတာ တွေ့ရှိရတယ်လို့ ပြောကြားခဲ့တာမျိုးမရှိပါဘူး။
အမျိုးသားတွေက သူတို့အရွယ်အစားနဲ့ပတ်သက်ပြီး လိမ်ညာပြောဆိုတတ်ကြတယ်။

အရွယ်အစားနဲ့ပတ်သက်ပြီး လေ့လာမှုတော်တော်များများလုပ်ဆောင်ခဲ့သလို သဘောထား စစ်တမ်းကောက်ယူမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုတွေက အမျိုးသားတွေကို ရှိသင့်တဲ့ ပျမ်းမျှအရွယ်အစားနဲ့ပတ်သက်ပြီး အကြံဉာဏ်ကောင်းတစ်ရပ်ပေးနိုင်မှာပါ။ “သူတို့က ကိုယ့်ဆိုဒ် ကိုယ်ပြောတဲ့အခါ တစ်လက်မလောက်တော့ ပိုပြောတတ်ကြတယ်” လို့ ပါမောက္ခ Frederick ဖရက်ဒရစ်ခ် ကပြောပါတယ်။
အရွယ်အစားက လင်မယားဆက်ဆံရေးပိုကောင်းအောင် အထောက်အပံ့မပေးနိုင်ပါဘူး။

Scottish စကော့တန် တက္ကသိုလ်ကကျောင်းသူ ၃၂၃ ဦးထံကနေ လိင်အင်္ဂါအတိုင်းအတာက သူတို့ရဲ့ ဆက်ဆံရေးအပေါ်ဘယ်လိုသက်ရောက် သဘာထားစစ်တမ်းကောက်ယူမှုကိုအသုံးပြုလုပ်ဆောင်ခဲ့တဲ့  လေ့လာမှုမှာ အတိုင်းအတာကသူတို့ရဲ့ဆက်ဆံရေးအပေါ် သက်ရောက်မှုသိပ်မရှိတာကိုတွေ့ခဲ့ရပြီး တိတိကျကျ သိရှိနိုင်ဖို့ဆိုရင်တော့ နောက်ထပ်လေ့လာမှုတော်တော်လေးလုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်။
လိင်အင်္ဂါအရွယ်အစားထက် ကိုယ်အလေးချိန်ကပိုအရေးပါ

ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ပါဝင်နေတဲ့ လိင်အင်္ဂါက ဆွဲဆောင်မှုအတွက်သာ သက်ရောက်မှုတချို့တဝက်ရှိနေပုံရတယ်လို့ ၂၀၁၂ ခုနှစ်က လေ့လာမှုတစ်ခုမှာ ပါရှိပါတယ်။ တကယ်တော့ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ အရပ်အနိမ့်အမြင့်နဲ့ခန္ဓာကိုယ် အချိုးအဆစ်ကျနမှုကို ပိုဂရုစိုက်ကြတာ ဖြစ်ပါတယ်။
အမျိုးသားတွေအများစုက လိင်တံအရွယ်အစားအတွက် စိတ်ပင်ပန်းနေ

သုတေသနများစွာအရ အမျိုးသားအများစုက လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး အားမလိုအားမရ ဖြစ်နေကြတာတွေ့ရပါတယ်။အရွယ်အစားသေးတာ၊ကြီးတာ၊တိုတာရှည်တာကို တိုင်းဆတွေးပူနေတာက ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်အပေါ်အမြင်နဲ့ လိင်မှုကိစ္စစိတ်ကျေနပ်မှုရရှိနိုင်စွမ်းမှာ ထိခိုက်စေပါတယ်။ အရွယ်အစား တွေဆိုတာက တကယ်မှာ တအားကွာခြားသွားတာမျိုးမရှိတာကြောင့် ညစ်ညမ်းဗီဒီယိုတွေမှာ မဟုတ်ရင် အရွယ်အစားကိုဘယ်သူမှ သိသိသာသာကြီးမြင်နေနိုင်တာမဟုတ်ကြပါဘူး။
သေးလွန်းနေပြီလို့ စိတ္တဇဖြစ်တဲ့ရောဂါ (Small penis syndrome)

ကိုယ်ကပုံမှန်အရွယ်အစားရှိနေပေမယ့် သေးလွန်းနေပြီလို့တွေးပူနေတဲ့ Small penis syndrome ဖြစ်နေသူတွေ ရှိတတ်ပါတယ်။ ဒီလိုစိတ်ပူပန်နေပြီး အလိုမကျဖြစ်နေတာနဲ့ပဲ အရွယ်အစားပိုကြီးစေ၊ ပိုရှည်စေမယ်ဆိုတဲ့ ထုတ်ကုန်ပစ္စည်းတွေကိုအားကိုးကြပါတယ်။ သံသယရှိလောက်တဲ့အတိုင်းပဲ ဒီလိုထုတ်ကုန်တွေ အတော်များများ ဟာ အလိမ်အညာတွေပါဝင်နေတတ်ပါသေးတယ်။ တချို့ဆို အန္တရာယ်ပါဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်သိထား သင့်တာက –
ပိုကြီးဖို့မဖြစ်မနေ လိုအပ်တာမဟုတ်

အရွယ်အစားဆိုတာ လိင်မှုရေးရာ စွမ်းဆောင်ရည်ကို အဆင့်သတ်မှတ်ဖို့ မလုံလောက်တဲ့နည်းလမ်းတစ်ခု ဖြစ်နေပါပြီ။ လိင်ဆက်ဆံဖော်တွေအတွက် အရေးကြီးတဲ့အချက်က အရွယ်အစားမဟုတ်ဘဲ ကျေနပ်သာယာမှုသာဖြစ်တယ်လို့ သုတေသနစစ်တမ်းတွေက ဖော်ပြပါတယ်။အမျိုးသားလိင်အင်္ဂါတွေဟာ ပျမ်းမျှအားဖြင့် မထောင်မတ်တဲ့အချိန်မှာ ၃ လက်မကနေ ၅ လက်မအထိ ရှည်ပြီး ထောင်မတ်ချိန်မှာ ၅ လက်မကနေ ၇ လက်မအထိ ရှိနိုင်တယ်လို့ University of Michigan Medical Center မစ်ချီကန်ဆေးတက္ကသိုလ် မှ Dr. Mark A. Moyad (ဒေါက်တာ မက်ခ်အေ.မိုရတ်ဒ်) ကပြောပါတယ်။
လိင်အင်္ဂါကြီးထွားစေတဲ့ သောက်ဆေးတွေက အန္တရာယ်ရှိနိုင်

အလွယ်တကူဝယ်ယူလို့လည်းရ၊ အများအားဖြင့်ဈေးလည်းသင့်တင့်ပြီး သဘာဝပါဝင်ပစ္စည်းတွေနဲ့ဖော်စပ်တာတွေ လည်းရှိတာကြောင့် ဒီလိုအားဆေးတွေကို အတော်များများက အားကိုးကြပါတယ်။ မကောင်းတဲ့အချက်ကတော့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့လုပ်တဲ့ဆေးအများစုဟာ တရားဝင်ခွင့်ပြုချက်နဲ့ စစ်ဆေးပြီးမှထုတ်ထားတာ မဟုတ်ကြပါဘူး။ အလွယ်တကူဝယ်လို့ရနေတဲ့ လိင်အင်္ဂါထောင်မတ်ခြင်းနဲ့ လိင်ကိစ္စပြဿနာဆိုင်ရာ ဆေးဝါးတွေ ဟာ ပါဝင်ကြောင်းဖော်ပြမထားတဲ့ ပစ္စည်းတွေထည့်သွင်းထားတာတွေ့ရလေ့ရှိတယ်လို့ သိရပါတယ်။ ၂၀၀၉ ခုနှစ်က အင်တာနက်စစ်တမ်းတစ်ခုအရ လိင်အားဆေးတွေရဲ့သုံးပုံတစ်ပုံဟာ ဖော်ပြမထားတဲ့ဆေးဝါးဓာတ် ပစ္စည်းတွေပါဝင်နေပြီး ၎င်းတို့က ကျန်းမာရေးအန္တရာယ်ရှိစေနိုင်တဲ့အရာတွေဖြစ်တယ်လို့ သိရပါတယ်။
နှလုံးကျန်းမာရင် ထောင်မတ်မှုအားကောင်းနိုင်

လိင်အင်္ဂါကိုသွေးပို့လွှတ်ပေးတဲ့ နှလုံးသွေးကြောက ကော်ဖီဖျော်တဲ့ပိုက်အရွယ်အစားလောက်နီးနီးရှိပါတယ်။  နှလုံးသွေးကြောကျန်းမာရေးမကောင်းရင် လိင်အင်္ဂါမှာလည်း ရလဒ်မကောင်းနိုင်ဘူးလို့ သုတေသီတွေက ပြောပါတယ်။ အရင်ဆုံး နှလုံးရောဂါဖြစ်နိုင်ခြေနည်းအောင် အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်ဖို့ ဂရုစိုက်ရလိမ့်မယ်လို့ Dr. Mark A. Moyad (ဒေါက်တာ မက်ခ်အေ.မိုရတ်ဒ်) ကအကြံပြုပါတယ်။

ဈေးချိုချိုနဲ့ရနိုင်တဲ့ သဘာဝဆေးဝါးလေးသောက်ရုံနဲ့ အရွယ်အစားပိုကြီးစေပြီး ပိုထောင်မတ်စေဖို့ဆိုတာ ဆွဲဆောင်နိုင်လောက်တဲ့အချက်ဖြစ်ပေမယ့် လိင်မှုစွမ်းဆောင်ရည်ပိုကောင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာကြံံ့ခိုင်ပြီး ရောဂါကင်းအောင်နေထိုင်ကာ ဆရာဝန်နဲ့တိုင်ပင် အကြံဉာဏ် တောင်းခံတာပဲဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: HelloSayarwon 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top