တစ္ခါတစ္ေလ သင့္အေနနွင့္ လိင္မဆက္ဆံလိုတဲ့ အခ်ိန္ေတြရွိနိုင္တယ္။ သင္ႏွင့္ သင့္အေဖာ္ၾကားမွာ လိင္ဆက္ဆံဖို႔ စိတ္မပါတဲ့အခ်ိန္မ်ိဳး ရွိတတ္တယ္။ သင့္လိင္စိတ္ကိုေလ်ာ့နည္းေစတဲ့ အခ်က္ေတြမ်ားစြာရွိိတယ္။ ဒီထဲက အျဖစ္မ်ားတဲ့ ၁၀ခ်က္ကို ေအာက္တြင္ေဖာ္ျပထားပါသည္။
 
စိတ္ဖိစီးမွဳ

အလုပ္အကိုင္၊ ေငြေၾကး၊ အိမ္ႏွင့္ အိမ္နီးခ်င္းေတြေျကာင့္ စိတ္ဖိစီးမႈဳျဖစ္ေပၚတတ္တယ္။ စိတ္ဖိစီးမွဳမ်ားေနခ်ိန္တြင္ သင္ဟာ အရာရာကို အဆိုးျမင္ေနတတ္တယ္။
ဒါေၾကာင့္ စိတ္ဖိစီးမွဳ ျဖစ္ေနခ်ိန္မွာ သင္ဟာလိင္မွဳကိစၥမွ ေရွာင္ဖယ္ေနတတ္တယ္။ သင့္စိတ္ဖိစီးမွဳကို ထိန္းခ်ဳပ္နိုင္ဖို႔ အေရးျကီးတယ္။ ဒီလိုအေျခအေနမွာ သင့္က်န္းမာေရး ေစာက္ေရွာက္သူနွင့္ ေဆြးေႏြးဖို့လိုအပ္တယ္။
 
အိပ္ေရးပ်က္ျခင္း

သင္ဟာ လံုေလာက္စြာအိပ္မေပ်ာ္ရင္ ပင္ပန္းႏြယ္နယ္ျခင္းကို ခံစားရနိုင္တယ္။ ပင္ပန္းႏြယ္နယ္ေနတဲ့အခါ လိင္စိတ္က်ေစနိုင္တယ္။ သင္အရမ္းပင္ပန္းေနတဲ့အခ်ိန္မွာ အိပ္တာကလြဲျပီး တျခားအရာေတြကို စိတ္မ၀င္စားနိုင္ေတာ့ပါဘူး။
 
ကေလးရွိျခင္း

သင့္မွာကေလးရိွတဲ့အခါ သူတို႔ကိုျပဳစုဖို႔၊ သူတို႔နဲ႔ကစားေပးဖို႔၊ အစားအေသာက္ေက်ြးဖို႔အတြက္ သင့္အခ်ိန္ေတြကို သံုးရပါတယ္။ ထို႔ေျကာင့္ သင့္မွာလိင္ဆက္ဆံဖို႔အတြက္ အခ်ိန္မေပးနိ္ုင္တာျဖစ္သြားတတ္္ပါတယ္။ ကေလးထိန္းေခၚတာက အၾကံေကာင္းျဖစ္ပါတယ္။ ကေလးကို ကေလးထိန္းကၾကည့္ေပးျခင္းျဖင့္ သင္ႏွင့္သင့္အေဖာ္ၾကား လိင္ဆက္ဆံခ်ိန္ပိုရနိုင္ပါတယ္။
 
ေဆး၀ါးမ်ား

တခ်ိဳ႕ေဆးေတြဟာ လိင္စိတ္ကိုေလ်ာ့နည္းေစတတ္တယ္။ ဒီေဆးေတြကေတာ့
• ေသြးေပါင္ခ်ိန္ ထိန္းညွိေပးတဲ့ေဆးမ်ား
• ကင္ဆာေဆးသြင္းကုသမွဳမ်ား
• ေဟာ္မုန္းကုထံုးအတြက္ ေဆးနည္းမ်ား
• HIV အတြက္ေဆးမ်ား
• စိတ္က်ေရာဂါေသာက္ေဆးမ်ား
• သေႏၶတားေဆးကဒ္မ်ား

ေဆးေသာက္ျပီးျပီးခ်င္း လိင္စိတ္က်သြားတယ္ဆိုလွ်င္ ဆရာ၀န္နွင့္ ျပသသင့္တယ္။ ေဆးေသာက္ရမယ့္ ပမာဏနွင့္ ေသာက္ေဆးေတြကို ေျပာင္းလဲနိ္ုင္ပါတယ္။ ဒါေပမယ့္ ေသာက္ရမယ့္ေဆးေျပာင္းလဲျခင္းႏွင့္ ရပ္လိုက္ျခင္းကို ဆရာ၀န္ညႊန္ျကားခ်က္ မပါဘဲမလုပ္သင့္ပါဘူး။

အ၀လြန္ျခင္း

တခိ်ဳ႔ေသာ ေလ့လာမွဳအရ ကိုယ္အေလးခ်ိန္မ်ားျခင္းနွင့္ အ၀လြန္ျခင္းက လိင္စိတ္ကိုထိခိုက္ေစနိ္ုင္ပါတယ္။ သင္ဟာ ကိုယ္အေလးခ်ိန္မ်ားျခင္းနဲ႔ အ၀လြန္ျခင္းေျကာင့္ သင့္ကိုယ္သင္ယံုျကည္မွဳက်ဆင္းေနနို္င္ပါတယ္။ ကိုယ္အေလးခ်ိန္မ်ားျခင္းနဲ႔ အ၀လြန္ျခင္းေျကာင့္ျဖစ္တဲ့ စိတ္ေရာဂါေတြကလည္း လိင္စိတ္က်ေစတဲ့ အေျကာင္းရင္းတစ္ခ်က္ပဲျဖစ္တယ္။ က်န္းမာတဲ့အစားအေသာက္မ်ားစားျခင္း၊ ေလ့က်င့္ခန္းပံုမွန္လုပ္ျခင္းျဖင့္ ကိုယ္အေလးခ်ိန္ေလ်ွာ့ခ်နုိင္တယ္။
 
အရက္ေသာက္ျခင္း

တစ္ခြက္၊ နွစ္ခြက္ေလာက္ေသာက္ျခင္းဟာ ျပႆနာမဟုတ္ပါဘူူး။ သို့ေသာ္ အရက္ေသာက္တာမ်ားလြန္းပါက လိင္စိတ္က်ေစပါတယ္။ သင့္အေဖာ္ကလည္း အရက္ေသာက္ထားသူနွင့္ လိင္မဆက္ဆံခ်င္ပါဘူး။ ဒါ့ေၾကာင့္ ေသာက္တဲ့အရက္ပမာဏကို ခ်င့္ခ်ိန္ပါ။

စိတ္ဓါတ္က်ျခင္း

သင္ဟာစိတ္က်ေ၀ဒနာခံစားေနရပါက စိတ္က်ေရာဂါသက္သာေဆးေတြ ေသာက္ရပါတယ္။ စိတ္က်ေရာဂါေပ်ာက္ေဆးေတြဟာ လိင္စိတ္ကိုက်ေစပါတယ္။ အျပန္အလွန္အားျဖင့္ လိင္စိတ္က်ပါက စိတ္ဓါတ္ကိုလည္းက်ေစပါတယ္။ သင့္အေျခအေနအတြက္ ဆရာ၀န္ႏွင့္ ေဆြးေႏြးျပီး အေကာင္းဆံုးအၾကံဥာဏ္ကို ရယူပါ။
 
ေသြးဆံုးျခင္း

သင္ဟာေသြးဆံုးခ်္ိန္ေရာက္ေနတဲ့အခါ မိန္းမကိုယ္ေျခာက္ေသြ႔ျခင္း၊ လိင္ဆက္ဆံလ်ွင္နာက်င္ျခင္းတို့ကို ခံစားရနိုင္တယ္။ ဒီအေျခအေနေတြက လိင္ဆက္ဆံရာတြင္ သာယာမွဳကိုေလ်ာ့က်ေစတယ္။ ဒါ့အျပင္ အသက္ၾကီးလာေသာအခါ မိမိအလွတရားနွင့္ပတ္သက္ျပီး ယံုၾကည္မွဳေလ်ာ့နည္းေနတတ္တယ္။ ဒါ့ေျကာင့္ သင့္အေဖာ္ေရွ႔မွာ တက္ၾကြတဲ့ လွဳပ္ရွားမွဳကိုျပဖို႔ ၀န္ေလးေနတတ္တယ္။
အဖိုေဟာ္မုန္း(Testosterone)နည္းျခင္း

Testosterone ဟာလိင္စိတ္ကိုတက္ၾကြေစတဲ့ ေဟာ္မုန္္းျဖစ္တယ္။ အမ်ိဳးသားေတြ အသက္ၾကီးလာေသာအခါ testosterone ပမာဏေလ်ာ့နည္းျပီး လိင္စိတ္က်ဆင္း သြားတတ္တယ္။ Testosterone ပမာဏေလ်ာ့နည္းျခင္းဟာ အမ်ိဳးသားေရာ အမ်ိဳးသမီးမ်ားေရာအေပၚတြင္ သက္ေရာက္မွဳရွိတယ္။
သင့္ႏွင့္ သင့္အေဖာ္ရဲ႕ဆက္ဆံေရး ျပႆနာ

အကယ္၍သင္တို႔ ဆက္ဆံေရးတြင္ျပသနာတစ္ခုရွိပါက သင္တို့၂ေယာက္လံုး လိင္ဆက္ဆံလိုစိတ္ရွိမွာမဟုတ္ပါဘူး။ ေျပလည္ေအာင္ၾကိဳးစားၾကည့္ပါ။ သင္နွင့္သင့္အေဖာ္ၾကား ေျပလည္ေအာင္အျပန္အလွန္ၾကိဳးစားျခင္းဟာ ျပႆနာေတြကိုေျပလည္ေစနို္င္ပါတယ္။ အေတြးအေခၚေတြႏွင့္ ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းေဆြးေႏြးပါ။

ကိုယ္ႏွင့္ စိတ္အေျခအေနအားလံုးဟာ သင့္လိင္ကိစၥအေပၚသက္ေရာက္မွဳရွိနိုင္ပါတယ္။ ဒီအခ်က္ ၁၀ခ်က္ကို သိျခင္းျဖင့္ သင့္ရဲ႔သာယာေပ်ာ္ရႊင္စရာေကာင္းတဲ့ လိင္ဆက္ဆံမွဳကို ရရွိနိုင္ပါတယ္။

Hello Health Group သည္ ေဆးပညာအၾကံျပဳခ်က္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ားကို မျပဳလုပ္ေပးပါ ။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: HelloSayarwon

#Unicode Version#
တစ်ခါတစ်လေ သင့်အနေနှင့် လိင်မဆက်ဆံလိုတဲ့ အချိန်တွေရှိနိုင်တယ်။ သင်နှင့် သင့်အဖော်ကြားမှာ လိင်ဆက်ဆံဖို့ စိတ်မပါတဲ့အချိန်မျိုး ရှိတတ်တယ်။ သင့်လိင်စိတ်ကိုလျော့နည်းစေတဲ့ အချက်တွေများစွာရှိတယ်။ ဒီထဲက အဖြစ်များတဲ့ ၁၀ချက်ကို အောက်တွင်ဖော်ပြထားပါသည်။


စိတ်ဖိစီးမှု

အလုပ်အကိုင်၊ ငွေကြေး၊ အိမ်နှင့် အိမ်နီးချင်းတွေကြောင့် စိတ်ဖိစီးမှုုဖြစ်ပေါ်တတ်တယ်။ စိတ်ဖိစီးမှုများနေချိန်တွင် သင်ဟာ အရာရာကို အဆိုးမြင်နေတတ်တယ်။
ဒါကြောင့် စိတ်ဖိစီးမှု ဖြစ်နေချိန်မှာ သင်ဟာလိင်မှုကိစ္စမှ ရှောင်ဖယ်နေတတ်တယ်။ သင့်စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးတယ်။ ဒီလိုအခြေအနေမှာ သင့်ကျန်းမာရေး စောက်ရှောက်သူနှင့် ဆွေးနွေးဖို့လိုအပ်တယ်။


အိပ်ရေးပျက်ခြင်း

သင်ဟာ လုံလောက်စွာအိပ်မပျော်ရင် ပင်ပန်းနွယ်နယ်ခြင်းကို ခံစားရနိုင်တယ်။ ပင်ပန်းနွယ်နယ်နေတဲ့အခါ လိင်စိတ်ကျစေနိုင်တယ်။ သင်အရမ်းပင်ပန်းနေတဲ့အချိန်မှာ အိပ်တာကလွဲပြီး တခြားအရာတွေကို စိတ်မဝင်စားနိုင်တော့ပါဘူး။


ကလေးရှိခြင်း

သင့်မှာကလေးရှိတဲ့အခါ သူတို့ကိုပြုစုဖို့၊ သူတို့နဲ့ကစားပေးဖို့၊ အစားအသောက်ကျွေးဖို့အတွက် သင့်အချိန်တွေကို သုံးရပါတယ်။ ထို့ကြောင့် သင့်မှာလိင်ဆက်ဆံဖို့အတွက် အချိန်မပေးနိုင်တာဖြစ်သွားတတ်ပါတယ်။ ကလေးထိန်းခေါ်တာက အကြံကောင်းဖြစ်ပါတယ်။ ကလေးကို ကလေးထိန်းကကြည့်ပေးခြင်းဖြင့် သင်နှင့်သင့်အဖော်ကြား လိင်ဆက်ဆံချိန်ပိုရနိုင်ပါတယ်။


ဆေးဝါးများ


တချို့ဆေးတွေဟာ လိင်စိတ်ကိုလျော့နည်းစေတတ်တယ်။ ဒီဆေးတွေကတော့
• သွေးပေါင်ချိန် ထိန်းညှိပေးတဲ့ဆေးများ
• ကင်ဆာဆေးသွင်းကုသမှုများ
• ဟော်မုန်းကုထုံးအတွက် ဆေးနည်းများ
• HIV အတွက်ဆေးများ
• စိတ်ကျရောဂါသောက်ဆေးများ
• သန္ဓေတားဆေးကဒ်များ


ဆေးသောက်ပြီးပြီးချင်း လိင်စိတ်ကျသွားတယ်ဆိုလျှင် ဆရာဝန်နှင့် ပြသသင့်တယ်။ ဆေးသောက်ရမယ့် ပမာဏနှင့် သောက်ဆေးတွေကို ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် သောက်ရမယ့်ဆေးပြောင်းလဲခြင်းနှင့် ရပ်လိုက်ခြင်းကို ဆရာဝန်ညွှန်ကြားချက် မပါဘဲမလုပ်သင့်ပါဘူး။


အဝလွန်ခြင်း

တချို့သော လေ့လာမှုအရ ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်ခြင်းက လိင်စိတ်ကိုထိခိုက်စေနိုင်ပါတယ်။ သင်ဟာ ကိုယ်အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်းကြောင့် သင့်ကိုယ်သင်ယုံကြည်မှုကျဆင်းနေနိုင်ပါတယ်။ ကိုယ်အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ စိတ်ရောဂါတွေကလည်း လိင်စိတ်ကျစေတဲ့ အကြောင်းရင်းတစ်ချက်ပဲဖြစ်တယ်။ ကျန်းမာတဲ့အစားအသောက်များစားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်တယ်။


အရက်သောက်ခြင်း

တစ်ခွက်၊ နှစ်ခွက်လောက်သောက်ခြင်းဟာ ပြဿနာမဟုတ်ပါဘူူး။ သို့သော် အရက်သောက်တာများလွန်းပါက လိင်စိတ်ကျစေပါတယ်။ သင့်အဖော်ကလည်း အရက်သောက်ထားသူနှင့် လိင်မဆက်ဆံချင်ပါဘူး။ ဒါ့ကြောင့် သောက်တဲ့အရက်ပမာဏကို ချင့်ချိန်ပါ။


စိတ်ဓါတ်ကျခြင်း

သင်ဟာစိတ်ကျဝေဒနာခံစားနေရပါက စိတ်ကျရောဂါသက်သာဆေးတွေ သောက်ရပါတယ်။ စိတ်ကျရောဂါပျောက်ဆေးတွေဟာ လိင်စိတ်ကိုကျစေပါတယ်။ အပြန်အလှန်အားဖြင့် လိင်စိတ်ကျပါက စိတ်ဓါတ်ကိုလည်းကျစေပါတယ်။ သင့်အခြေအနေအတွက် ဆရာဝန်နှင့် ဆွေးနွေးပြီး အကောင်းဆုံးအကြံဉာဏ်ကို ရယူပါ။


သွေးဆုံးခြင်း

သင်ဟာသွေးဆုံးချိန်ရောက်နေတဲ့အခါ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ လိင်ဆက်ဆံလျှင်နာကျင်ခြင်းတို့ကို ခံစားရနိုင်တယ်။ ဒီအခြေအနေတွေက လိင်ဆက်ဆံရာတွင် သာယာမှုကိုလျော့ကျစေတယ်။ ဒါ့အပြင် အသက်ကြီးလာသောအခါ မိမိအလှတရားနှင့်ပတ်သက်ပြီး ယုံကြည်မှုလျော့နည်းနေတတ်တယ်။ ဒါ့ကြောင့် သင့်အဖော်ရှေ့မှာ တက်ကြွတဲ့ လှုပ်ရှားမှုကိုပြဖို့ ဝန်လေးနေတတ်တယ်။
အဖိုဟော်မုန်း(Testosterone)နည်းခြင်း

Testosterone ဟာလိင်စိတ်ကိုတက်ကြွစေတဲ့ ဟော်မုန်းဖြစ်တယ်။ အမျိုးသားတွေ အသက်ကြီးလာသောအခါ testosterone ပမာဏလျော့နည်းပြီး လိင်စိတ်ကျဆင်း သွားတတ်တယ်။ Testosterone ပမာဏလျော့နည်းခြင်းဟာ အမျိုးသားရော အမျိုးသမီးများရောအပေါ်တွင် သက်ရောက်မှုရှိတယ်။
သင့်နှင့် သင့်အဖော်ရဲ့ဆက်ဆံရေး ပြဿနာ

အကယ်၍သင်တို့ ဆက်ဆံရေးတွင်ပြသနာတစ်ခုရှိပါက သင်တို့၂ယောက်လုံး လိင်ဆက်ဆံလိုစိတ်ရှိမှာမဟုတ်ပါဘူး။ ပြေလည်အောင်ကြိုးစားကြည့်ပါ။ သင်နှင့်သင့်အဖော်ကြား ပြေလည်အောင်အပြန်အလှန်ကြိုးစားခြင်းဟာ ပြဿနာတွေကိုပြေလည်စေနိုင်ပါတယ်။ အတွေးအခေါ်တွေနှင့် ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။

ကိုယ်နှင့် စိတ်အခြေအနေအားလုံးဟာ သင့်လိင်ကိစ္စအပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီအချက် ၁၀ချက်ကို သိခြင်းဖြင့် သင့်ရဲ့သာယာပျော်ရွှင်စရာကောင်းတဲ့ လိင်ဆက်ဆံမှုကို ရရှိနိုင်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ ။



ဖိုးသူတော် (www.phothutaw.com)
Credit: HelloSayarwon  
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top