လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ယာဥ္တိုက္ခံရ၍ ေသဆံုးသူအမ်ိဳးသားအား ၀ိုင္း၀န္းၾကည့္႐ႈေနသည္ကို ေတြ႕ရစဥ္

ကမာရြတ္ၿမိဳ႕နယ္ လွည္း တန္းဘူတာခုံးေက်ာ္တံတားေပၚ တြင္ အမ်ဳိးသားတစ္ဦးသည္ YBS(၁၄)ယာဥ္တစ္စီး ၀င္တုိက္မႈ ေၾကာင့္ ေသဆုံးသြားၿပီး ယာဥ္ ေမာင္းထြက္ေျပးခဲ့ေၾကာင္း ကမာရြတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ရဲမွဴးသိန္းဟန္က ေျပာသည္။

YBS (၁၄)ယာဥ္သည္ လွည္း တန္းေစ်းမွတ္တုိင္မွ ဆင္မလုိက္မွတ္တုိင္သုိ႔အသြား လွည္းတန္းခုံးေက်ာ္တံတားေပၚ၌ တုိက္မိခဲ့ ေၾကာင္း ၎ကေျပာသည္။

‘‘ကားသမားကေတာ့ ကား တုိက္မႈျဖစ္ၿပီးတာနဲ႔ ကားထားၿပီး ထြက္ေျပးသြားတယ္။ ေသဆုံးသူ ကေတာ့ အသက္(၅၀) ေက်ာ္အ ရြယ္ေလာက္ရွိတယ္။ အမွတ္(၆) ရပ္ကြက္ ျပည္ရိပ္မြန္တုိက္ ၁၁၂ မွာေနတဲ့ သူလုိ႔ေတာ့ သိရတယ္။ ကားသမားကိုေတာ့ လုိက္ဖမ္းေန တုန္းပဲ မမိေသးပါဘူး’’ဟု ရဲမွဴး သိန္းဟန္က ေျပာသည္။

ယာဥ္တုိက္မႈက်ဴးလြန္သည့္ YBS(၁၄)ယာဥ္သည္ အျခား ကားတစ္စီးကိုေက်ာ္တက္ရာ တစ္ဖက္မွ လမ္းေလွ်ာက္လာသည့္ အမ်ဳိးသားတစ္ဦးကို ကားျဖင့္၀င္တုိက္ခဲ့ေၾကာင္း မ်က္ျမင္ေတြ႕သူ အမ်ဳိး သမီးတစ္ဦးက ေျပာသည္။

‘‘ကားတုိက္ခံရတဲ့ ဦးေလး ႀကီးက ဒီဘက္ကားလမ္းမွာ လမ္း ေလွ်ာက္ေနတာ။ ပလက္ေဖာင္း ေပၚက မေလွ်ာက္ဘူး။ ကားက ေက်ာ္တက္လာၿပီး သူ႔ကိုတည့္ တည့္၀င္တုိက္သြားတာပါ။ ကား သမားထြက္ေျပးသြားတာေတာ့ မျမင္လုိက္မိဘူး’’ဟု ၎ကေျပာ သည္။

ယာဥ္တုိက္မႈက်ဴးလြန္ၿပီး ေနာက္ ကားကိုထားကာ ထြက္ေျပးသည့္ ခရီးသည္တင္ယာဥ္ေမာင္း ကို ကမာရြတ္ၿမိဳ႕မ ရဲစခန္းက ပုဒ္မ ၃၀၄ (က)/၂၀၂/၂၇၉ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရ သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicdoe Version#
ယာဉ်တိုက်ခံရ၍ သေဆုံးသူအမျိုးသားအား ဝိုင်းဝန်းကြည့်ရှုနေသည်ကို တွေ့ရစဉ်

ကမာရွတ်မြို့နယ် လှည်း တန်းဘူတာခုံးကျော်တံတားပေါ် တွင် အမျိုးသားတစ်ဦးသည် YBS(၁၄)ယာဉ်တစ်စီး ဝင်တိုက်မှု ကြောင့် သေဆုံးသွားပြီး ယာဉ် မောင်းထွက်ပြေးခဲ့ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ စခန်းမှူး ရဲမှူးသိန်းဟန်က ပြောသည်။


YBS (၁၄)ယာဉ်သည် လှည်း တန်းဈေးမှတ်တိုင်မှ ဆင်မလိုက်မှတ်တိုင်သို့အသွား လှည်းတန်းခုံးကျော်တံတားပေါ်၌ တိုက်မိခဲ့ ကြောင်း ၎င်းကပြောသည်။

‘‘ကားသမားကတော့ ကား တိုက်မှုဖြစ်ပြီးတာနဲ့ ကားထားပြီး ထွက်ပြေးသွားတယ်။ သေဆုံးသူ ကတော့ အသက်(၅၀) ကျော်အ ရွယ်လောက်ရှိတယ်။ အမှတ်(၆) ရပ်ကွက် ပြည်ရိပ်မွန်တိုက် ၁၁၂ မှာနေတဲ့ သူလို့တော့ သိရတယ်။ ကားသမားကိုတော့ လိုက်ဖမ်းနေ တုန်းပဲ မမိသေးပါဘူး’’ဟု ရဲမှူး သိန်းဟန်က ပြောသည်။

ယာဉ်တိုက်မှုကျူးလွန်သည့် YBS(၁၄)ယာဉ်သည် အခြား ကားတစ်စီးကိုကျော်တက်ရာ တစ်ဖက်မှ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို ကားဖြင့်ဝင်တိုက်ခဲ့ကြောင်း မျက်မြင်တွေ့သူ အမျိုး သမီးတစ်ဦးက ပြောသည်။

‘‘ကားတိုက်ခံရတဲ့ ဦးလေး ကြီးက ဒီဘက်ကားလမ်းမှာ လမ်း လျှောက်နေတာ။ ပလက်ဖောင်း ပေါ်က မလျှောက်ဘူး။ ကားက ကျော်တက်လာပြီး သူ့ကိုတည့် တည့်ဝင်တိုက်သွားတာပါ။ ကား သမားထွက်ပြေးသွားတာတော့ မမြင်လိုက်မိဘူး’’ဟု ၎င်းကပြော သည်။

ယာဉ်တိုက်မှုကျူးလွန်ပြီး နောက် ကားကိုထားကာ ထွက်ပြေးသည့် ခရီးသည်တင်ယာဉ်မောင်း ကို ကမာရွတ်မြို့မ ရဲစခန်းက ပုဒ်မ ၃၀၄ (က)/၂၀၂/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top