ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×




Photos : YBS 20
Credit: Duwun

#Unicode Version#
လှိုင်သာယာမြို့နယ်ကနေ သခင်မြပန်းခြံကိုပြေးဆွဲနေတဲ့ YBS ၂၀ ယာဉ်လိုင်းကို လူနှစ်ဦးက တုတ်ကိုင်ဆောင်ပြီး ငွေပုံးထဲက ငွေတွေကိုလုယက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၆ နာရီလောက်မှာ လူနှစ်ဦးက တုတ်ကိုင်ဆောင်ပြီး ကားပေါ်ကိုတက်ရောက်ကာ ပိုက်ဆံတွေကို တောင်းယူသွားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ယာဉ်လိုင်းတာဝန်ရှိသူတွေက သက်ဆိုင်ရာရဲစခန်းမှာ ဗီဒီယိုဖိုင်နဲ့အတူ အကြောင်းကြား တိုင်တန်းထားပေမယ့် လက်ရှိအချိန်အထိ အဆိုပါ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။

အခုဖြစ်စဉ်က ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးကို တိုက်ရိုက် ထိခိုက်နိုင်လို့ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ Omni Focus General Services Co.,Ltd က တောင်းဆိုထားတယ်လို့ သိရပါတယ်။

Photos : YBS 20

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top