လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×







Credit: 7Day Daily


#Unicode Version#
 YBS (၇) ယာဉ်ပေါ်တွင် ကျောင်းဆရာမတစ်ဦး ကို မဖွယ်မရာပြုလုပ်ကာ ညစ်ညမ်းဗီဒီယိုပြသသော အမျိုးသားကို ဖမ်းဆီးအရေးယူထားကြောင်း တောင် ဒဂုံမြို့မရဲစခန်းမှ စခန်းမှူးမောင်မောင်ဦးက ပြောသည်။

မဖွယ်မရာ ပြုလုပ်ခံရသည့် အသက် (၂၅) နှစ် အရွယ် အမျိုးသမီးသည် မူလတန်းပြဆရာမဖြစ်ပြီး ဆူးလေမှ တောင်ဒဂုံမြို့နယ်သို့အပြန် ခရီးသည်တင် ယာဉ်ပေါ်တွင် ပြုလုပ်ခံရကြောင်း ၎င်းရဲအရာရှိကပြော ကြားသည်။

‘‘အမျိုးသမီးက ကာားဆရာကို အကူအညီတောင်း ပြီး ရဲစခန်းကို ရောက်လာတယ်။ ကားကတော့ စံပြဈေး မှတ်တိုင်ကနေ ရဲစခန်းအထိ တံခါးပိတ်ပြီး မောင်းလာ တာပါ။ ကားမှာတော့ ခရီးသည် ၂၀ ခန့်ပါတယ်’’ ဟု ဒုရဲမှူး မောင်မောင်ဦးက ပြောသည်။

ကျောင်းဆရာမကို ကိုယ်ထိလက်ရောက် ပွတ်သပ် ကိုင်တွယ်ကာ လက်ကိုင်ဖုန်းအတွင်းရှိ ညစ်ညမ်းဗီဒီယို များပြသသော အသက် (၂၆) နှစ်အရွယ် တင်နိုင်ဝင်း (ခ)အရှားဘက်ကို သြဂုတ် ၁၉ ရက် မွန်းလွဲ  ၂ နာရီ ကျော်တွင် တောင်ဒဂုံရဲစခန်း၌ ဖမ်းဆီးစစ်ဆေးနေ သည်။

‘‘သူ့လိပ်စာကတော့ တောင်ဥက္ကလာပါ။ နေတာ တော့ တာမွေမြို့နယ်မှာနေတယ်လို့ သိရတယ်။ သူ့ကို ရှာဖွေစစ်ဆေးတော့ လက်ကိုင်ဖုန်း ခုနစ်လုံးလောက်မိ တယ်။ ဘယ်ကဖုန်းတွေဆိုတာလည်း ဆက်ပြီးစစ်ဆေး နေတယ်’’ ဟု ဒုရဲမှူးမောင်မောင်ဦးက ပြောသည်။

အဆိုပါအမျိုးသားကို ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ပုဒ်မ ၃၅၄ နှင့် ညစ်ညမ်းသောပုံ (သို့မဟုတ်) အရာဝတ္ထုကို ပြသခြင်း ပုဒ်မ ၂၉၂ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top