ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

 YBS ၆၁ ခရီးသည္တင္ ယာဥ္တစ္စီးေပၚတြင္ လုိက္ပါလာသည့္ အသက္ (၅၀) အရြယ္ ခရီးသည္အမ်ိဳးသားတစ္ဦး ယာဥ္ ေပၚ၌ ေသဆံုးမႈျဖစ္ပြားခဲ့ေၾကာင္း လိႈင္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆုိသည္။

ေသဆံုးသူအမ်ိဳးသားသည္ ၾသဂုတ္ ၁၄ ရက္ နံနက္ ၉ နာရီ ခန္႔တြင္ ရန္ကုန္ၿမိဳ႕တြင္းမွတ္တိုင္ တစ္ခုမွ YBS ၆၁ ခရီးသည္တင္ ယာဥ္ေပၚသို႔ စတင္လိုက္ပါလာ ခဲ့ၿပီး ေရႊဂံုတိုင္မွတ္တိုင္သို႔ အ ေရာက္တြင္ ထိုင္ခံုေနရာရသျဖင့္ အဆုိပါခံု၌ အိပ္ေပ်ာ္လ်က္လုိက္ပါလာခဲ့ေၾကာင္း ရဲအရာရွိက ရွင္းျပသည္။

ထိ႔ုေနာက္ အင္းစိန္လမ္းမ ေပၚရွိ သုခလမ္းကားမွတ္တိုင္အ ေရာက္တြင္ အျခားခရီးသည္မ်ား က အဆုိပါအမ်ိဳးသားအိပ္ေပ်ာ္ ေနသည္ကို မသကၤာသျဖင့္ ယာဥ္ အကူအား ေျပာဆိုရာ ယာဥ္အကူ က ႏိႈးၾကည့္စဥ္ ႏိႈးမရသျဖင့္ အင္း စိန္ေဆး႐ံုသို႔ ပို႔ခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

‘‘သူက ႏွစ္ေယာက္ထိုင္ခံု မွန္ဘက္အျခမ္းမွာ မွန္ကိုမွီၿပီး အိပ္ေနတာ။ အခ်ိန္ၾကာၾကာ မလႈပ္မယွက္ဘဲအိပ္ေနတာဆုိ ေတာ့ သူ႔ေဘးမွာထိုင္တဲ့သူက စပယ္ယာကို ေျပာလိုက္လို႔ စပယ္ယာလာၾကည့္ေတာ့မွ ေသ ေနမွန္းသိတာ။ အခုထိေတာ့ ေသ တဲ့သူနဲ႔ပတ္သက္တဲ့ အခ်က္အ လက္ေတြ စံုစမ္းေနတုန္းပါပဲ’’ဟု လိႈင္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ ဦးက ဆုိသည္။

YBS (၆၁) ခရီးသည္တင္ ယာဥ္ေပၚတြင္ လုိက္ပါစီးနင္းလာ ရင္း ေသဆံုးခဲ့သည့္ အသက္ (၅၀) အရြယ္ အမ်ိဳးသားႏွင့္ပတ္ သက္ၿပီး လိႈင္ၿမိဳ႕မရဲစခန္းက ေသ မႈေသခင္းျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖဲြ႕႐ံုးမွ သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 YBS ၆၁ ခရီးသည်တင် ယာဉ်တစ်စီးပေါ်တွင် လိုက်ပါလာသည့် အသက် (၅၀) အရွယ် ခရီးသည်အမျိုးသားတစ်ဦး ယာဉ် ပေါ်၌ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

သေဆုံးသူအမျိုးသားသည် သြဂုတ် ၁၄ ရက် နံနက် ၉ နာရီ ခန့်တွင် ရန်ကုန်မြို့တွင်းမှတ်တိုင် တစ်ခုမှ YBS ၆၁ ခရီးသည်တင် ယာဉ်ပေါ်သို့ စတင်လိုက်ပါလာ ခဲ့ပြီး ရွှေဂုံတိုင်မှတ်တိုင်သို့ အ ရောက်တွင် ထိုင်ခုံနေရာရသဖြင့် အဆိုပါခုံ၌ အိပ်ပျော်လျက်လိုက်ပါလာခဲ့ကြောင်း ရဲအရာရှိက ရှင်းပြသည်။

ထိ့ုနောက် အင်းစိန်လမ်းမ ပေါ်ရှိ သုခလမ်းကားမှတ်တိုင်အ ရောက်တွင် အခြားခရီးသည်များ က အဆိုပါအမျိုးသားအိပ်ပျော် နေသည်ကို မသင်္ကာသဖြင့် ယာဉ် အကူအား ပြောဆိုရာ ယာဉ်အကူ က နှိုးကြည့်စဉ် နှိုးမရသဖြင့် အင်း စိန်ဆေးရုံသို့ ပို့ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘သူက နှစ်ယောက်ထိုင်ခုံ မှန်ဘက်အခြမ်းမှာ မှန်ကိုမှီပြီး အိပ်နေတာ။ အချိန်ကြာကြာ မလှုပ်မယှက်ဘဲအိပ်နေတာဆို တော့ သူ့ဘေးမှာထိုင်တဲ့သူက စပယ်ယာကို ပြောလိုက်လို့ စပယ်ယာလာကြည့်တော့မှ သေ နေမှန်းသိတာ။ အခုထိတော့ သေ တဲ့သူနဲ့ပတ်သက်တဲ့ အချက်အ လက်တွေ စုံစမ်းနေတုန်းပါပဲ’’ဟု လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ဆိုသည်။

YBS (၆၁) ခရီးသည်တင် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာ ရင်း သေဆုံးခဲ့သည့် အသက် (၅၀) အရွယ် အမျိုးသားနှင့်ပတ် သက်ပြီး လှိုင်မြို့မရဲစခန်းက သေ မှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top