Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဆရာက်န္းမာပါေစ။ က်မ အာထရာေဆာင္းအေျဖရပါၿပီဆရာ။ အလံုး ၄ လံုးသားအိမ္မွာ႐ွိတယ္။ ခြဲၿပီးထုတ္ရမယ္ ေျပာပါတယ္။ ေမလ ၁၈ ရက္ေန႔ခြဲရမယ္ဆရာ။ က်မ အလုပ္တဖက္နဲ႔ ခြဲရမယ္ဆိုေတာ့ စိတ္ဓာတ္ လဲက်ပါတယ္။ မခြဲခင္အတြင္း ဘယ္လိုေနရမယ္၊ ဘာေတြစားရမယ္ အၾကံေလးေပးပါဆရာ။

ေဒလီမွာေနခဲ့တုန္းက ယမုန္နာေဆးခန္းေလးမွာ ထုတ္ေပးခဲ့ရတဲ့ သားအိမ္ အလံုး က အခ်င္းမ်ဥ္း ၇႕၅ စင္တီမီတာ ရွိတယ္။ ေမ့ေဆးဆရာဝန္လဲ မရွိပါ။ အေရးထဲ ေမ့ေဆးက မေလာက္လို႔ အိပ္ေဆးနဲ႔ဆက္ျပီး ခက္ခက္ခဲခဲခြဲတယ္။ ခက္တယ္ဆိုတာက အက်ိတ္က သားအိမ္ ေနာက္ဖက္မွာေနလို႔ လက္ဝင္ရခက္တယ္။ လူနာ က ကေလး တေယာက္ ရထားျပီး အိမ္ေထာင္နဲ႔ ကြဲသြားတာတဲ့။ ကေလးလဲ ယူႏိုင္ေသးေတာ့ အလံုးသပ္သပ္ရေအာင္၊ သားအိမ္ လည္း အေကာင္းအတိုင္း က်န္ႏိုင္ေအာင္ မရမက ထုတ္ေပးလိုက္ပါတယ္။ မၾကာပါဘူး၊ အိမ္ေထာင္ထပ္က်ျပီး ေနာက္ ကေလး ကို ၃-၁-၂ဝ၁၁ ရက္က ေဆးခန္းမွာဘဲ လာေမြးသြားျပီ။ ခြဲလူနာနံပါတ္ ၄၈၂ နဲ႔ ေမြးလူနာနံပါတ္ ၁၆၅ ျဖစ္တယ္။ မိခင္ ေရာ ကေလးပါ က်န္းမာလ်က္ပါ။ အခုေတာ့ အေမရိကကို (ဆရာဝန္အရင္) ေရာက္သြားျပီ။

(၁) Surgery သမားရိုးက် ခြဲစိတ္နည္းမ ဟုတ္တာနဲ႔လဲ ကုသႏိုင္တာေတြရွိပါေသးတယ္။

(၂) Uterine Fibroid Embolization (UFE) သားအိမ္မဆံုးဘဲ အလံုးေပ်ာက္ေစနည္းအေၾကာင္း သပ္သပ္ ေရးထားပါတယ္။

(၃) Hormonal ေဟာ္မုန္းေပးနည္း
ခြဲစိတ္တာမဟုတ္ဘဲ တခ်ိဳ႕ကို ေဟာ္မုန္းေပးနည္း နဲ႔ သဘာဝေဆးနည္းေတြ လုပ္ႏိုင္တယ္။ လံုးဝေပ်ာက္မွာေတာ့ မဟုတ္ပါ။ ေဟာ္မုန္းရဲ႕ အလိုခ်င္တဲ့ အက်ိဳးေတြလဲ ရွိလို႔ ခြဲစိတ္ကုသတာ အေကာင္းဆံုး ျဖစ္တယ္။ Laser surgery နည္းလဲ တခ်ိဳ႕အတြက္ သံုးလို႔ရတယ္။ အထက္မွာေရးခဲ့သလို (UFE) နည္းကိုလဲ လုပ္ႏိုင္တယ္။ ခြဲစိတ္ကုသရာမွာ အလံုးသပ္သပ္ထုတ္တာ နဲ႔ သားအိမ္ကိုပါ ထုတ္တာဆိုျပီး ၂ နည္းရွိတယ္။ အေကာင္းဆံုးနည္းက ဗိုက္ဖြင့္ျပီး အလံုးသပ္သပ္ ထုတ္နည္း ျဖစ္တယ္။ ေဆးရံုတိုင္းမွာ လုပ္ႏိုင္ျပီး အကုန္အက်လဲ မမ်ားဘူး။

(၄) Laser Treatment သာအိမ္ အက်ိတ္ အား ေလးဆာနည္းျဖင့္ကုသျခင္း
ခြဲစိတ္ဓါးမသံုးလို႔ ဓါးရာနဲ႔ အမာရြတ္မရွိပါ။ ေသြးထြက္တာနည္းတယ္။ ရိုးရိုးခြဲစိတ္နည္းထက္ ေနာက္ဆက္တြဲျဖစ္တတ္တာ ပိုနည္းတယ္။ ေနာင္မွာ ကေလးမရ ျဖစ္ႏိုင္တဲ့ အခြင့္အလမ္း ပိုနည္းတယ္။ သားအိမ္က အတိုင္းသားက်န္ေနမယ္။ ေဆးရံုေနရတာနအခ်ိန္တိုတယ္။ နလံထျမန္မယ္။

ကုသနည္းက အသစ္ျဖစ္ေနလို႔ ေလ့လာမႈ မစံုလွေသးပါ။ ဘယ္ေလာက္အထိ ပိုသလဲ၊ နည္းသလဲေျပာဘို႔ ေစာပါေသးတယ္။ သားအိမ္အက်ိတ္ကေန ကင္ဆာျဖစ္မွ အခြင့္အလမ္း အင္မတန္နည္းေပမဲ့ လိုလိုမယ္မယ္ ကင္ဆာ ဆဲလ္ေတြ ရွိ-မရွိ စစ္ေဆးဘို႔ အသားစ မရႏိုင္ပါ။ ခြဲျပီးတာနဲ႔ ၆ လ အတြင္း ၄ဝ% ေသးငယ္သြားေစမယ္။ ျပန္မျဖစ္ဘူးလို႔ မေျပာႏိုင္ပါ။ ေနာက္ကေလးရႏိုင္တယ္။

သားအိမ္အလံုးေရာဂါကို ခြဲရာမွာလဲ သားအိမ္ပါထုတ္တာလဲ တခ်ိဳ႕လူနာေတြကို လုပ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေဒါက္တာတင့္ေဆြ။


#Unicode Version#


ဆရာကျန်းမာပါစေ။ ကျမ အာထရာဆောင်းအဖြေရပါပြီဆရာ။ အလုံး ၄ လုံးသားအိမ်မှာရှိတယ်။ ခွဲပြီးထုတ်ရမယ် ပြောပါတယ်။ မေလ ၁၈ ရက်နေ့ခွဲရမယ်ဆရာ။ ကျမ အလုပ်တဖက်နဲ့ ခွဲရမယ်ဆိုတော့ စိတ်ဓာတ် လဲကျပါတယ်။ မခွဲခင်အတွင်း ဘယ်လိုနေရမယ်၊ ဘာတွေစားရမယ် အကြံလေးပေးပါဆရာ။

ဒေလီမှာနေခဲ့တုန်းက ယမုန်နာဆေးခန်းလေးမှာ ထုတ်ပေးခဲ့ရတဲ့ သားအိမ် အလုံး က အချင်းမျဉ်း ရ့၅ စင်တီမီတာ ရှိတယ်။ မေ့ဆေးဆရာဝန်လဲ မရှိပါ။ အရေးထဲ မေ့ဆေးက မလောက်လို့ အိပ်ဆေးနဲ့ဆက်ပြီး ခက်ခက်ခဲခဲခွဲတယ်။ ခက်တယ်ဆိုတာက အကျိတ်က သားအိမ် နောက်ဖက်မှာနေလို့ လက်ဝင်ရခက်တယ်။ လူနာ က ကလေး တယောက် ရထားပြီး အိမ်ထောင်နဲ့ ကွဲသွားတာတဲ့။ ကလေးလဲ ယူနိုင်သေးတော့ အလုံးသပ်သပ်ရအောင်၊ သားအိမ် လည်း အကောင်းအတိုင်း ကျန်နိုင်အောင် မရမက ထုတ်ပေးလိုက်ပါတယ်။ မကြာပါဘူး၊ အိမ်ထောင်ထပ်ကျပြီး နောက် ကလေး ကို ၃-၁-၂ဝ၁၁ ရက်က ဆေးခန်းမှာဘဲ လာမွေးသွားပြီ။ ခွဲလူနာနံပါတ် ၄၈၂ နဲ့ မွေးလူနာနံပါတ် ၁၆၅ ဖြစ်တယ်။ မိခင် ရော ကလေးပါ ကျန်းမာလျက်ပါ။ အခုတော့ အမေရိကကို (ဆရာဝန်အရင်) ရောက်သွားပြီ။

(၁) Surgery သမားရိုးကျ ခွဲစိတ်နည်းမ ဟုတ်တာနဲ့လဲ ကုသနိုင်တာတွေရှိပါသေးတယ်။

(၂) Uterine Fibroid Embolization (UFE) သားအိမ်မဆုံးဘဲ အလုံးပျောက်စေနည်းအကြောင်း သပ်သပ် ရေးထားပါတယ်။

(၃) Hormonal ဟော်မုန်းပေးနည်း
ခွဲစိတ်တာမဟုတ်ဘဲ တချို့ကို ဟော်မုန်းပေးနည်း နဲ့ သဘာဝဆေးနည်းတွေ လုပ်နိုင်တယ်။ လုံးဝပျောက်မှာတော့ မဟုတ်ပါ။ ဟော်မုန်းရဲ့ အလိုချင်တဲ့ အကျိုးတွေလဲ ရှိလို့ ခွဲစိတ်ကုသတာ အကောင်းဆုံး ဖြစ်တယ်။ Laser surgery နည်းလဲ တချို့အတွက် သုံးလို့ရတယ်။ အထက်မှာရေးခဲ့သလို (UFE) နည်းကိုလဲ လုပ်နိုင်တယ်။ ခွဲစိတ်ကုသရာမှာ အလုံးသပ်သပ်ထုတ်တာ နဲ့ သားအိမ်ကိုပါ ထုတ်တာဆိုပြီး ၂ နည်းရှိတယ်။ အကောင်းဆုံးနည်းက ဗိုက်ဖွင့်ပြီး အလုံးသပ်သပ် ထုတ်နည်း ဖြစ်တယ်။ ဆေးရုံတိုင်းမှာ လုပ်နိုင်ပြီး အကုန်အကျလဲ မများဘူး။

(၄) Laser Treatment သာအိမ် အကျိတ် အား လေးဆာနည်းဖြင့်ကုသခြင်း
ခွဲစိတ်ဓါးမသုံးလို့ ဓါးရာနဲ့ အမာရွတ်မရှိပါ။ သွေးထွက်တာနည်းတယ်။ ရိုးရိုးခွဲစိတ်နည်းထက် နောက်ဆက်တွဲဖြစ်တတ်တာ ပိုနည်းတယ်။ နောင်မှာ ကလေးမရ ဖြစ်နိုင်တဲ့ အခွင့်အလမ်း ပိုနည်းတယ်။ သားအိမ်က အတိုင်းသားကျန်နေမယ်။ ဆေးရုံနေရတာနအချိန်တိုတယ်။ နလံထမြန်မယ်။

ကုသနည်းက အသစ်ဖြစ်နေလို့ လေ့လာမှု မစုံလှသေးပါ။ ဘယ်လောက်အထိ ပိုသလဲ၊ နည်းသလဲပြောဘို့ စောပါသေးတယ်။ သားအိမ်အကျိတ်ကနေ ကင်ဆာဖြစ်မှ အခွင့်အလမ်း အင်မတန်နည်းပေမဲ့ လိုလိုမယ်မယ် ကင်ဆာ ဆဲလ်တွေ ရှိ-မရှိ စစ်ဆေးဘို့ အသားစ မရနိုင်ပါ။ ခွဲပြီးတာနဲ့ ၆ လ အတွင်း ၄ဝ% သေးငယ်သွားစေမယ်။ ပြန်မဖြစ်ဘူးလို့ မပြောနိုင်ပါ။ နောက်ကလေးရနိုင်တယ်။

သားအိမ်အလုံးရောဂါကို ခွဲရာမှာလဲ သားအိမ်ပါထုတ်တာလဲ တချို့လူနာတွေကို လုပ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:  ဒေါက်တာတင့်ဆွေ။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top