ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

မေလးရွားဆီးဂိမ္းတြင္ Squash ကစားနည္းၿပိဳင္ပြဲ ယွဥ္ၿပိဳင္ရန္ အတြက္ ၿပိဳင္ပြဲက်င္းပသည္႕ ဘူခက္ဂ်ာလီ အမ်ိဳးသား အားကစား ရုံ သို႕ သြားသည္႕လမ္း၌ ျမန္မာအသင္းလိုက္ပါလာသည္႕ ကား မွာ မေတာ္တဆမႈျဖစ္ပြားခဲ့ေၾကာင္း သတင္း ရရိွသည္။

ယေန႕ (ၾသဂုတ္လ ၂၁ ရက္ ) မေလးရွားစံေတာ္ခ်ိန္ နံနက္ ကိုးနာရီ အခ်ိန္တြင္ အမ်ိဳးသမီးနွစ္ေယာက္ပြဲ ၿပိဳင္ပြဲ၌ ျမန္ မာႏွင့္ ထိုင္းအသင္းတို႕ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး ယင္းၿပိဳင္ပြဲသို႕ သြားေရာက္စဥ္ ျမန္မာအသင္း လိုက္ပါလာသည္႕ ကားမွာ အျခားကား တစ္စီး ကို ဝင္တိုက္မိ သည္။

ကစားသမားမ်ား ႏွင့္နည္းျပအဖြဲ႔ဝင္တစ္ခ်ိဳ႕ ထိခုိက္ဒဏ္ရာ ရ႐ွိခဲ့ျခင္းေၾကာင့္ ၿပိဳင္ပြဲကုိ ဝင္ၿပိဳင္ေတာ့မည္မဟုတ္ေၾကာင္း အားကစားႏွင့္ကာယပညာဦးစီး ဌာနမွတာဝန္႐ွိသူတစ္ဦးကေျပာသည္။

ဓာတ္ပုံ – ျမန္မာ Squash
သတင္း – ခ်စ္ဝိုင္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခ်စ္ဝိုင္း


#Unicode Version#
မလေးရှားဆီးဂိမ်းတွင် Squash ကစားနည်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် အတွက် ပြိုင်ပွဲကျင်းပသည့် ဘူခက်ဂျာလီ အမျိုးသား အားကစား ရုံ သို့ သွားသည့်လမ်း၌ မြန်မာအသင်းလိုက်ပါလာသည့် ကား မှာ မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ယနေ့ (သြဂုတ်လ ၂၁ ရက် ) မလေးရှားစံတော်ချိန် နံနက် ကိုးနာရီ အချိန်တွင် အမျိုးသမီးနှစ်ယောက်ပွဲ ပြိုင်ပွဲ၌ မြန် မာနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲသို့ သွားရောက်စဉ် မြန်မာအသင်း လိုက်ပါလာသည့် ကားမှာ အခြားကား တစ်စီး ကို ဝင်တိုက်မိ သည်။

ကစားသမားများ နှင့်နည်းပြအဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ပြိုင်ပွဲကို ဝင်ပြိုင်တော့မည်မဟုတ်ကြောင်း အားကစားနှင့်ကာယပညာဦးစီး ဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဓာတ်ပုံ – မြန်မာ Squash
သတင်း – ချစ်ဝိုင်း


ဖိုးသူတော် (www.phothutaw.com)
Credit: ချစ်ဝိုင်း


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top