မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝဘ်ဆိုက်
×




Credit: todaybago

#Unicode Version#
ကိုရီးယားChannel တစ်ခုရဲ့သတင်းအရ SHINee အဖွဲ့ဝင် Onew ကို ကလပ်မှာ အမျိုးသမီးတစ်ဦးက လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဖြင့် စွပ်စွဲခဲ့ပါတယ်။ အဆိုပါသတင်းထုတ်ပြန်ချက်မှာ သူ့ကို တရားစွဲဆိုခံရခြင်းမရှိဘဲ ရဲတပ်ဖွဲ့ကခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့သည် ဂမ်နမ်က ကလပ်တစ်ခုမှာ အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးကို ထိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

ရဲက Onewကို လိင်ပိုင်းဆိုင်ရာ အတင်းဓမ္မနှောက်ယှက်ခဲ့တယ်လို့ တရားစွဲဆိုပေမယ့် ထိန်းသိမ်းထားခြင်းမရှိဘဲ သူအပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဆုံးအဖြတ်ပြီးနောက် တရားရုံးကို အမှုလွဲပြောင်းပေးဖို့ စီစဉ်ထားပါတယ်။ Onewသည် သူ့သူငယ်ချင်းများနဲ့အတူ 11ရက်နေ့ညက ကလပ်မှာ ရှိခဲ့ပါတယ်။

သူမကို တစ်စုံတစ်ယောက်က ထိလိုက်တာ ခံစားရတယ်လို့ တရားစွဲဆိုသူ အမျိုးသမီးက ပြောပါတယ်။ SHINee Onew ကထိကိုင်လိုက်တာ သူမမြင်လိုက်တယ်လို့ တရားလိုရဲ့သူငယ်ချင်းက ပြောပါတယ်။ SM Entertainmentကတော့ SHINeeရဲ့ပရိတ်သတ်များအားလုံးကို တောင်းပန်ခဲ့ပြီး အရက်မူးပြီး ကခုန်ရင်း တစ်ဦးနဲ့ တစ်ဦးနားလည်မှု လွဲခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: todaybago
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top