ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×





သမီးလေး ၂ ယောက် နံမည်က …









 







 








Aye Chan Min – 095045333

Credit: Apannpyay

#Unicode Version#
သဘာဝဘေး ဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ် ..။

လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ ..ကလေးငယ်လေးတွေရဲ့ မိခင်၊ ဖခင် ၂ ဦးစလုံးကို ..

ရေအောက်ထဲကို ခေါ်သွားခဲ့တယ် ..။

သားကြီးနံမည်က ကောင်းခန့်ပြည့်စုံဦး အခုမှ ဒုတိယတန်း တက်နေတုန်း ..

သမီးလေး ၂ ယောက် နံမည်က …

ဟေမာပြည့်စုံဖြိုး နဲ့ အိအိထွေး ..

KG တန်းလေးတွေပဲ ရှိသေးတယ် ..။

ဖြစ်စဉ်က ၁၅.၈.၁၇ ရက်နေ့ ..နေ့လည် ၁၂:၃၀ ဇလွန် – နန်းတော်ကျွန်း

မြစ်ရေပြင်ကို စက်လှေနဲ့ ဖြတ်အပြန် ..ရာသီဥတုဆိုး ၊ ရေတက် လှိုင်းကြီးပြီး

စက်လှေငယ်လေး တိမ်းမှောက် ..ကလေးတို့ရဲ့ မိဘ ၂ ပါးစလုံး

ရေအောက်ရောက်ရှိပြီးအလောင်းတောင်ရှာမတွေ့တော့ပါဘူး ..

လက်ရှိမှာတော့ ကလေးတို့ရဲ့ အဖိုးနဲ့ ..လေဖြတ်ထားတဲ့ အဖွား ၊ တို့ကနေ

စောင့်ရှောက်ထားရပါတယ် ..။

အရင်ဆုံး သားကြီးနဲ့တွေ့ပြီး ..ကျွန်တော်တို့ အားပေးစကား ပြောတော့ ..

သူ့ညီမလေးတွေကို ဒီအကြောင်းပြောမပြပါနဲ့ အုံးတဲ့ ..

သူ့ညီမလေးတွေကို သူအဖေလို တံငါလုပ်ပြီး စောင့်ရှောက်ပါမယ်တဲ့ ..။

ကြားရတဲ့ ကျွန်တော်တို့အဖို့ ..ရင်ထဲဆို့နင့်ပြီး မျက်ရည်ဝဲမိခဲ့ကြတယ် ..။

ကျွန်တော်တို့ ရွှေပြည်တော်မောင်နှမတွေ ..မိဘမဲ့ ဖြစ်သွားခဲ့တဲ့ ကလေးတို့အတွက်

တတ်စွမ်းသမျှ စုပေါင်းစောင့်ရှောက်ကြပါမယ် ..။

သားသမီးချင်း ကိုယ်ချင်းစာမိသူ

မည်သူမဆိုလဲ ကိုယ်တိုင်သွားရောက်ပြီးဖြစ်စေ၊ကျွန်တော်တို့ ရွှေပြည်တော်သို့ဆုံမှတ် အသင်းဖြင့်

 လက်တွဲ၍ ဖြစ်စေ ပူးပေါင်း ကူညီပေးနိုင်ကြစေဖို့တိုက်တွန်း နိုးဆော်လိုက်ပါရစေခင်ဗျာ ..။

ကလေးတို့ရဲ့ အဖိုးဖြစ်သူနဲ့ ဆက်သွယ်ကူညီချင်ရင်တော့....

အဖိုး ဦးအေးသန်း ၊ နန်းတော်ကျွန်းကျေးရွာ ဇလွန် မြို့နယ် ဖြစ်ပြီး …

ကျွန်တော်တို့ ရွှေပြည်တော်သို့ဆုံမှတ်အသင်းနှင့်ပူးပေါင်းလက်တွဲ ကူညီလိုလျှင်တော့ဦးဆောင်ကော်မတီဝင်များနှင့်ချိတ်ဆက်၍ ပူးပေါင်းပါဝင်ကူညီနိုင်ပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ရဲ့ Share တစ်ချက်နဲ့လဲ ..အခြားသော ကူညီပေးမည့်သူများသိနိုင်စေရန် ကူညီပေးကြပါ ခင်ဗျာ ..

Aye Chan Min – 095045333


ဖိုးသူတော် (www.phothutaw.com)
Credit: Apannpyay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top