ခ်စ္သူသမီးရည္းစားျဖစ္ေစ ၊ အိမ္ေထာင္သည္လင္မယားျဖစ္ေစ တစ္ခါတစ္ေလမွာ Romantic ဆန္တဲ့ အခ်ိန္ေလးေတြ ရွိသင့္ပါတယ္ ။ သာမန္ေတြ႕ေနတာမ်ိဳးထက္ တစ္ခါတစ္ေလ ဒီလိုမ်ိဳး date လုပ္ျခင္းက ခ်စ္သူနွစ္ေယာက္စလံုးရဲ႕ အခ်စ္ေတြကိုလည္း ျပန္လည္နိုးၾကားေစပါတယ္ ။ ေအးစက္ေနတဲ့ relationship ၊ အိမ္ေထာင္ေရးမွာဆိုရင္လည္း ဒီလိုနည္းလမ္းေလးေတြနဲ႕ အခ်စ္ေတြကို ျပန္လည္ေႏႊးေပးဖို႔ လိုပါတယ္ .(သင္သာ အဆံုးသတ္ခ်င္တ့ဲ စိတ္ကူးမ်ိဳးမရွိဘူးဆိုရင္ေပါ့..)။

မိန္းကေလးေတြေလာက္ ေယာက္်ားေလးအမ်ားစုရဲ႕စိတ္က romantic သိပ္မဆန္တတ္ၾကပါဘူး ။ မိန္းကေလးေတြကေတာ့ ကိုယ့္ခ်စ္သူ ၊ ခင္ပြန္း ဆီက စိတ္ကူးယဥ္ဆန္ဆန္ အေတြ႕အၾကံဳမ်ိဳးေတြကို မသိစိတ္က ေမွ်ာ္လင့္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ နွစ္ေယာက္စလံုး ၾကည္နူးေပ်ာ္ရႊင္ျပီး အခ်စ္ေတြ ျပန္လည္ လတ္ဆတ္ေနေစဖို႔အတြက္ ေအာက္မွာေဖာ္ျပထားတဲ့ date လုပ္တဲ့ အစီအစဥ္ေလးေတြကို လုပ္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္ ။

၁။ရုပ္ရွင္ၾကည့္ပါ
ခ်စ္သူစံုတြဲေတြကေတာ့ ရုပ္ရွင္ ခဏခဏ ၾကည့္ျဖစ္ၾကမယ္ထင္ပါတယ္ ။အိမ္ေထာင္က်သြားရင္လည္း ဒီလို ရပ္ရွင္ၾကည့္တဲ့ အက်င့္ေလးကို လံုးဝမစြန္႔လႊတ္လိုက္ပါနွင့္ ။ အနည္းဆံုးေတာ့ တစ္လတစ္ခါေလာက္ ကိုယ့္ရဲ႕ လက္တြဲေဖာ္နဲ႕ ရုပ္ရွင္ရံုသြားျပီး ရုပ္ရွင္ၾကည့္ေပးပါ။ ဒီလို ရုပ္ရွင္ၾကည့္ျပီး ခ်ိန္းေတြ႕တဲ့ ပံုစံမ်ိဳးက ကမၻာေပၚမွာ ေရွးရိုးအက်ဆံုးနဲ႕ ေပၚျပဴလာအျဖစ္ဆံုးပါပဲ ။ ျဖစ္နိုင္ရင္ ရုပ္ရွင္ၾကည့္မယ့္အခါ ဇာတ္လမ္းေရြးျပီး အျငင္းမပြား ၊ရန္မျဖစ္ပါနွင့္ ။ တစ္ေယာက္ကိုတစ္ေယာက္ အေလွ်ာ့ေပးျပီး ၾကည္ၾကင္လင္လင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ၾကည့္ေပးပါ ။

၂။ေပ်ာ္ပြဲစားထြက္ပါ။
လက္တြဲေဖာ္နဲ႕ ေပ်ာ္ပြဲစားထြက္ျခင္းကလည္း တကယ္ကို ၾကည္နူးစရာပါ ။ သာယာတဲ့ ေနရာေလးကို ကိုယ့္ရဲ႕ ခ်စ္သူလက္တြဲေဖာ္နဲ႕ ေပ်ာ္ပြဲစားထြက္ေပးတာ နွစ္ဦးစလံုးအတြက္ စိတ္အနားေပးရာ ေရာက္သလို ေပ်ာ္ရႊင္ဖို႔လည္း ေကာင္းပါတယ္ ။ သာယာေသာ ပန္းၿခံလိုေနရာမ်ိဳးမွာ ေနရာထို္င္ခင္းေလး စီစဥ္ျပီး အစားအစာေတြကုိ ဆိုင္မွာ ဝယ္စားတာထက္ အိမ္မွာခ်က္ျပဳတ္ျပီး ထည့္ခဲ့ပါ ။ ျပီးလွ်င္ ခ်စ္သူနဲ႕ game ကစားတာ ၊ ဂစ္တာတီးျပီးသီခ်င္းဆိုတာ ၊ မိမိနွစ္သက္ရာေလးေတြကို ၾကိဳတင္ plan ဆြဲသြားပါ။

၃။ခရီးထြက္ပါ။
ေန႔ခ်င္းျပန္ ခရီးတိုျဖစ္ေစ ၊ ခရီးရွည္ျဖစ္ေစ နွစ္ေယာက္အတူတူ ထြက္ေပးပါ ။ ကိုယ္တိုင္ကားေမာင္းျပီး နွစ္ေယာက္တည္းသြားတာက ပိုျပီး ေပ်ာ္စရာေကာင္းပါတယ္ ။

၄။ကာရာအိုေကသြားဆိုပါ။
KTV လို ကာရာအိုေကခန္းကို သူငယ္ခ်င္းေတြနဲ႕ သြားၾကသလို တစ္ခါတစ္ရံ ကိုယ့္ရဲ႕ ခ်စ္သူ ၊ လက္တြဲေဖာ္ နဲ႕သြားကာ ဘဝအေမာေတြ ေျဖေဖ်ာက္ျပိး အတူတူေသာင္းက်န္းလိုက္ပါ။

၅။ဘားသြားပါ။
တစ္ခါတစ္ေလ ဘားလိုေနရာမ်ိဳးေတြကို ဖက္ရွင္က်က်ဝတ္ျပီး နွစ္ေယာက္အတူသြားတာမ်ိဳး ၊ ပါတီတက္တာမ်ိဳးေတြ လုပ္ၾကည့္ပါ ။

၆။ဟိုတယ္သြားပါ ။
ဟင္..ဘာၾကီးလဲဟလို႔ ထင္သြားျပီလား ။ ခ်စ္သူသမီးရည္းစားေတြ ဟိုတယ္သြားဖို႔ေတာ့ မသင့္ေတာ္ဘူးေလေနာ္.. ( living together စံုတြဲမ်ားကိုေတာ့ မဆိုလိုပါ ) ။ အဓိက ေျပာခ်င္တာကေတာ့ အိမ္ေထာင္သည္လင္မယားေတြကို ေျပာခ်င္တာပါ ။ အိမ္မွာအၿမဲေနေနရတာက တစ္ခါတစ္ရံ ျငီးေငြ႕လာတတ္ပါတယ္ ။ ဒါ့ေၾကာင့္ တစ္ခါတစ္ရံမွာ ဇနီးေမာင္နွံနွစ္ေယာက္ ဟိုတည္သြားျပီး romantic ဆန္တဲ့ အခင္းအက်င္းေလးေတြနဲ႕ ဝိုင္ေသာက္တာ ၊ အပန္းေျဖတာမ်ိဳးေတြ ျပဳလုပ္လို႔ ရပါတယ္။

၇။လမ္းအတူတူေလွ်ာက္ပါ
နွစ္ေယာက္အတူတူလက္တြဲျပီး လမ္းေလွ်ာက္တာမ်ိဳး မၾကာခဏ လုပ္ေပးပါ။ ဒါမွ သင္တုိ႔ရဲ႕ ရင္းနွီးမႈကို မေဝးသြားေစသလို ေႏြးေထြးမႈေတြလည္း ရရွိမွာပါ ။ ကားေတြေပါလာေတာ့ ကားေပၚမွာပဲ အခ်ိန္ေတြ ကုန္တတ္ၾကပါတယ္ ။ ဒါ့ေၾကာင့္ အခ်ိန္ေပးျပီး ခ်စ္ရတဲ့သူနဲ႕ လက္တြဲကာ လမ္းေလွ်ာက္ေပးပါ ။ ေငြကုန္ေၾကးၾက လံုးဝမရွိဘဲ နွစ္ေယာက္စလံုးအတြက္္လည္း အက်ိဳးရွိေစမယ့္ နည္းလမ္းေလးပါ။

၈။တိရစၦာန္ရံုသြားပါ။
ခ်စ္ရသူနဲ႕အတူတူ တိရစၦာန္ရံုကိုေတာ့ သြားျဖစ္ေအာင္သြားပါ။ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေလးေတြ ရရွိပါလိမ့္မယ္။

၉။ဟင္းခ်က္ေပးပါ။
တစ္ခါတစ္ေလ ကိုယ့္ခ်စ္သူအတြက္ ၊ လက္တြဲေဖာ္အတြက္ ကိုယ္တုိင္ ခ်က္ျပဳတ္ေပးတာမ်ိဳး ျပဳလုပ္ေပးပါ ။ ဒီနည္းလမး္ေလးက တစ္ဖက္လူအတြက္ စိတ္ခ်မ္းသာမႈေတြ အမ်ားၾကီး ရရွိေစပါတယ္။

၁၀။ကမ္းေျခသြားပါ။
ကမ္းေျခကေတာ့ သင္တို႔နွစ္ေယာက္စလံုးကို အပန္းေျပေစမွာ ေသခ်ာပါတယ္ ။ အလုပ္ေတြ ၊ ကိစၥေပါင္းစံုကို လႊတ္ခ်ျပီး နွစ္ေယာက္သား ကမ္းေျခသြားျဖစ္ေအာင္သြားပါ။
ကဲ.အခုပဲ ကိုယ့္ခ်စ္သူနဲ႕ မလုပ္ဖူးေသးတဲ့ စိတ္ကူးယဥ္ဆန္ဆန္ ဒိတ္ေလးေတြကို plan ဆြဲထားလိုက္ေတာ့ေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode Version#
ချစ်သူသမီးရည်းစားဖြစ်စေ ၊ အိမ်ထောင်သည်လင်မယားဖြစ်စေ တစ်ခါတစ်လေမှာ Romantic ဆန်တဲ့ အချိန်လေးတွေ ရှိသင့်ပါတယ် ။ သာမန်တွေ့နေတာမျိုးထက် တစ်ခါတစ်လေ ဒီလိုမျိုး date လုပ်ခြင်းက ချစ်သူနှစ်ယောက်စလုံးရဲ့ အချစ်တွေကိုလည်း ပြန်လည်နိုးကြားစေပါတယ် ။ အေးစက်နေတဲ့ relationship ၊ အိမ်ထောင်ရေးမှာဆိုရင်လည်း ဒီလိုနည်းလမ်းလေးတွေနဲ့ အချစ်တွေကို ပြန်လည်နွှေးပေးဖို့ လိုပါတယ် .(သင်သာ အဆုံးသတ်ချင်တဲ့ စိတ်ကူးမျိုးမရှိဘူးဆိုရင်ပေါ့..)။

မိန်းကလေးတွေလောက် ယောက်ျားလေးအများစုရဲ့စိတ်က romantic သိပ်မဆန်တတ်ကြပါဘူး ။ မိန်းကလေးတွေကတော့ ကိုယ့်ချစ်သူ ၊ ခင်ပွန်း ဆီက စိတ်ကူးယဉ်ဆန်ဆန် အတွေ့အကြုံမျိုးတွေကို မသိစိတ်က မျှော်လင့်တတ်ကြပါတယ်။ ဒါ့ကြောင့် နှစ်ယောက်စလုံး ကြည်နူးပျော်ရွှင်ပြီး အချစ်တွေ ပြန်လည် လတ်ဆတ်နေစေဖို့အတွက် အောက်မှာဖော်ပြထားတဲ့ date လုပ်တဲ့ အစီအစဉ်လေးတွေကို လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ။

၁။ရုပ်ရှင်ကြည့်ပါ
ချစ်သူစုံတွဲတွေကတော့ ရုပ်ရှင် ခဏခဏ ကြည့်ဖြစ်ကြမယ်ထင်ပါတယ် ။အိမ်ထောင်ကျသွားရင်လည်း ဒီလို ရပ်ရှင်ကြည့်တဲ့ အကျင့်လေးကို လုံးဝမစွန့်လွှတ်လိုက်ပါနှင့် ။ အနည်းဆုံးတော့ တစ်လတစ်ခါလောက် ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ရုပ်ရှင်ရုံသွားပြီး ရုပ်ရှင်ကြည့်ပေးပါ။ ဒီလို ရုပ်ရှင်ကြည့်ပြီး ချိန်းတွေ့တဲ့ ပုံစံမျိုးက ကမ္ဘာပေါ်မှာ ရှေးရိုးအကျဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံးပါပဲ ။ ဖြစ်နိုင်ရင် ရုပ်ရှင်ကြည့်မယ့်အခါ ဇာတ်လမ်းရွေးပြီး အငြင်းမပွား ၊ရန်မဖြစ်ပါနှင့် ။ တစ်ယောက်ကိုတစ်ယောက် အလျှော့ပေးပြီး ကြည်ကြင်လင်လင် ပျော်ပျော်ရွှင်ရွှင် ကြည့်ပေးပါ ။

၂။ပျော်ပွဲစားထွက်ပါ။
လက်တွဲဖော်နဲ့ ပျော်ပွဲစားထွက်ခြင်းကလည်း တကယ်ကို ကြည်နူးစရာပါ ။ သာယာတဲ့ နေရာလေးကို ကိုယ့်ရဲ့ ချစ်သူလက်တွဲဖော်နဲ့ ပျော်ပွဲစားထွက်ပေးတာ နှစ်ဦးစလုံးအတွက် စိတ်အနားပေးရာ ရောက်သလို ပျော်ရွှင်ဖို့လည်း ကောင်းပါတယ် ။ သာယာသော ပန်းခြံလိုနေရာမျိုးမှာ နေရာထိုင်ခင်းလေး စီစဉ်ပြီး အစားအစာတွေကို ဆိုင်မှာ ဝယ်စားတာထက် အိမ်မှာချက်ပြုတ်ပြီး ထည့်ခဲ့ပါ ။ ပြီးလျှင် ချစ်သူနဲ့ game ကစားတာ ၊ ဂစ်တာတီးပြီးသီချင်းဆိုတာ ၊ မိမိနှစ်သက်ရာလေးတွေကို ကြိုတင် plan ဆွဲသွားပါ။

၃။ခရီးထွက်ပါ။
နေ့ချင်းပြန် ခရီးတိုဖြစ်စေ ၊ ခရီးရှည်ဖြစ်စေ နှစ်ယောက်အတူတူ ထွက်ပေးပါ ။ ကိုယ်တိုင်ကားမောင်းပြီး နှစ်ယောက်တည်းသွားတာက ပိုပြီး ပျော်စရာကောင်းပါတယ် ။

၄။ကာရာအိုကေသွားဆိုပါ။
KTV လို ကာရာအိုကေခန်းကို သူငယ်ချင်းတွေနဲ့ သွားကြသလို တစ်ခါတစ်ရံ ကိုယ့်ရဲ့ ချစ်သူ ၊ လက်တွဲဖော် နဲ့သွားကာ ဘဝအမောတွေ ဖြေဖျောက်ပြိး အတူတူသောင်းကျန်းလိုက်ပါ။

၅။ဘားသွားပါ။
တစ်ခါတစ်လေ ဘားလိုနေရာမျိုးတွေကို ဖက်ရှင်ကျကျဝတ်ပြီး နှစ်ယောက်အတူသွားတာမျိုး ၊ ပါတီတက်တာမျိုးတွေ လုပ်ကြည့်ပါ ။

၆။ဟိုတယ်သွားပါ ။
ဟင်..ဘာကြီးလဲဟလို့ ထင်သွားပြီလား ။ ချစ်သူသမီးရည်းစားတွေ ဟိုတယ်သွားဖို့တော့ မသင့်တော်ဘူးလေနော်.. ( living together စုံတွဲများကိုတော့ မဆိုလိုပါ ) ။ အဓိက ပြောချင်တာကတော့ အိမ်ထောင်သည်လင်မယားတွေကို ပြောချင်တာပါ ။ အိမ်မှာအမြဲနေနေရတာက တစ်ခါတစ်ရံ ငြီးငွေ့လာတတ်ပါတယ် ။ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ ဇနီးမောင်နှံနှစ်ယောက် ဟိုတည်သွားပြီး romantic ဆန်တဲ့ အခင်းအကျင်းလေးတွေနဲ့ ဝိုင်သောက်တာ ၊ အပန်းဖြေတာမျိုးတွေ ပြုလုပ်လို့ ရပါတယ်။

၇။လမ်းအတူတူလျှောက်ပါ
နှစ်ယောက်အတူတူလက်တွဲပြီး လမ်းလျှောက်တာမျိုး မကြာခဏ လုပ်ပေးပါ။ ဒါမှ သင်တို့ရဲ့ ရင်းနှီးမှုကို မဝေးသွားစေသလို နွေးထွေးမှုတွေလည်း ရရှိမှာပါ ။ ကားတွေပေါလာတော့ ကားပေါ်မှာပဲ အချိန်တွေ ကုန်တတ်ကြပါတယ် ။ ဒါ့ကြောင့် အချိန်ပေးပြီး ချစ်ရတဲ့သူနဲ့ လက်တွဲကာ လမ်းလျှောက်ပေးပါ ။ ငွေကုန်ကြေးကြ လုံးဝမရှိဘဲ နှစ်ယောက်စလုံးအတွက်လည်း အကျိုးရှိစေမယ့် နည်းလမ်းလေးပါ။

၈။တိရစ္ဆာန်ရုံသွားပါ။
ချစ်ရသူနဲ့အတူတူ တိရစ္ဆာန်ရုံကိုတော့ သွားဖြစ်အောင်သွားပါ။ ပျော်စရာကောင်းတဲ့ အချိန်လေးတွေ ရရှိပါလိမ့်မယ်။

၉။ဟင်းချက်ပေးပါ။
တစ်ခါတစ်လေ ကိုယ့်ချစ်သူအတွက် ၊ လက်တွဲဖော်အတွက် ကိုယ်တိုင် ချက်ပြုတ်ပေးတာမျိုး ပြုလုပ်ပေးပါ ။ ဒီနည်းလမ်းလေးက တစ်ဖက်လူအတွက် စိတ်ချမ်းသာမှုတွေ အများကြီး ရရှိစေပါတယ်။

၁၀။ကမ်းခြေသွားပါ။
ကမ်းခြေကတော့ သင်တို့နှစ်ယောက်စလုံးကို အပန်းပြေစေမှာ သေချာပါတယ် ။ အလုပ်တွေ ၊ ကိစ္စပေါင်းစုံကို လွှတ်ချပြီး နှစ်ယောက်သား ကမ်းခြေသွားဖြစ်အောင်သွားပါ။
ကဲ.အခုပဲ ကိုယ့်ချစ်သူနဲ့ မလုပ်ဖူးသေးတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဒိတ်လေးတွေကို plan ဆွဲထားလိုက်တော့နော်…

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top